တစ်နာရီ တစ်ဆယ်ကျပ်သာတိုးရသေးတဲ့ တိုင်ရီ ၄ ရက်မြောက်ဆန္ဒပြပွဲ (ရုပ်/သံ)

လှိုင်သာယာ စက်မှုဇုံ (၃) မှာ ရှိတဲ့ တိုင်ရီဖိနပ်စက်ရုံမှာ ဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမားတွေကို ဒီကနေ့မှာတော့ အခြေခံလစာငွေ ၇၅ ကျပ်မှ ၈၅ ကျပ်တိုးပေးပြီး ရက်မှန်ကြေး ၁၀၀၀ ကျပ် တိုးပေးတဲ့ အမိန့်ကြေညာစာကို တိုင်ရီရုံးချုပ်မှ မန်နေဂျာ ဦးထွန်းအောင်ကျော်မှ ထုတ်ပြန်လိုက်ပါတယ်။ တိုင်ရီစက်ရုံမန်နေဂျာ ဒေါ်အေးမိလှိုင်မှလည်း လာမယ့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ အလုပ်မဆင်းရင် မိမိသဘောဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်သည်ဆိုတဲ့ အမိန့်ကြော်ငြာစာကိုလည်း ပူးတွဲ ထုတ်ပြန်ထားပါတယ်။ အလုပ်သမားရေးရာဝန်ကြီးဌာနမှ ဒီဆန္ဒပြမှုတွေကို လာရောက်ဖြေရှင်းပေးခဲ့ပေမယ့်လည်း အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကိုတော့ ထိရောက်တဲ့ ဖြေရှင်းမှုမျိုး မပေးနိုင်ခဲ့ပါဘူး။

တိုင်ရီစက်ရုံမှာ လုပ်သက်ကြာလာပြီဖြစ်တဲ့ အလုပ်သမားတွေက လျော်ကြေးတစုံတရာမရဘဲ အလုပ်က ထွက်ရမယ်ဆိုရင် စားဝတ်နေရေးအတွက် အခက်အခဲရှိနိုင်တယ်လို့ သိရပါတယ်။ တိုင်ရီဖိနပ်စက်ရုံအလုပ်သမားတွေက လစာငွေ မညီမျှမှုပြဿနာတွေကို အလုပ်သမားတွေ ကိုယ်စား ဖြေရှင်းဆောင်ရွက်ပေးဖို့အတွက် အထက်တန်းရှေ့နေ ဒေါ်တင်ဇာလွင်ကို လက်မှတ်ရေးထိုးထားတဲ့ စာရွက်တွေ ပေးအပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ဇန်န၀ါရီလအတွက် ပေးရမယ့် လုပ်ခလစာတွေ ဖြတ်တောက်ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်သမားတွေ၂၅၀၀ခန့်က အလုပ်ခွင်မဝင်ဘဲ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ရီလ (၉) ရက်နေ့မှာတော့ လေးရက်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
 ဘားမားဗီဂျေ
တစ်နာရီ တစ်ဆယ်ကျပ်သာတိုးရသေးတဲ့ တိုင်ရီ ၄ ရက်မြောက်ဆန္ဒပြပွဲ (ရုပ်/သံ) တစ်နာရီ တစ်ဆယ်ကျပ်သာတိုးရသေးတဲ့ တိုင်ရီ  ၄ ရက်မြောက်ဆန္ဒပြပွဲ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 23:09 Rating: 5

No comments:

Powered by Blogger.