၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော

နှစ်ပေါင်းများစွာ ဆွေးနွေး ပြုစုထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်တွေထဲမှာ လောလောဆယ် ပြင်ဆင်စရာ သိပ်မပါဝင်ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦး ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
Photo: AFP)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောက်တိုဘာ ၂၇ ရက်က ကျင်းပသော ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ရှင်းလင်းပြောကြားနေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးသည် စစ်အစိုးရ၏ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးလည်း ဖြစ်သည်။ (Photo: AFP)

လာမယ့် ဧပြီ ၁ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလားအလာတွေကို အာအက်ဖ်အေက သီးသန့် ဆက်သွယ် မေးမြန်းစဉ်မှာ ပါတီအထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ခုလိုပြောတာပါ။ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေတဲ့ အမတ် ၄၈ နေရာမှာ ၀င်ပြိုင်ဖို့ မနေ့က စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ဒေသတွင်း မဲဆွယ်ရာမှာ လျှပ်စစ်မီး ရရှိရေးအပြင် လမ်းပြင်ပေးမယ် တံတား ဆောက်ပေးမယ် စတဲ့ မက်လုံး တွေပေးပြီး မဲဆွယ်နေတာနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကွဲကွဲပြားပြား ရှိပါသလားလို့ အာအက်ဖ်အေက မေးမြန်းရာမှာ ဦးဌေးဦးက“အစိုးရ မဟုတ်ပါဘူး။ အစိုးရ မပါပါဘူး။ တချို့ကိစ္စတွေကျတော့ ဥပမာအားဖြင့် လမ်းမီးတွေ ဘာတွေဆွဲတာ လိုင်းတွေ ဘာတွေ ပြင်ကြတော့လည်း ကျွန်တော်တို့ တိုက်တွန်းပေးတာပေါ့။ အစိုးရသိအောင် တင်ပြတဲ့ အချိန်ကျတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သူတို့ ဆောင်ရွက်တဲ့ အချိန်ကျတော့ ဒီအချက်ကလေးတွေ သိတယ်ဆိုရင် သူတို့လည်း စဉ်းစားပြီး လုပ်ပေးတာတွေ ရှိတာပေါ့”။ ဦးဌေးဦးက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ လူထု သဘောကျမယ့်သူတွေကို ရွေးချယ်ထားပြီး ပြည်သူနဲ့ ဒေသအပေါ် စေတနာကောင်းနဲ့ ဆောင်ရွက်သူတွေကို အဓိကထားကြောင်း ပြောဆိုပါတယ်။
RFA
၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော Reviewed by သစ်ထူးလွင် on 11:14 Rating: 5

15 comments:

Ko Win said...

အစိုးရနဲ့ ပြည်ခိုင်ဖြိုးအတူတူပါဘဲ။ ကလိန်စေ့ငြမ်းဆင်မဟုပ်ပါနဲ့။ အရင်က ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုတဲ့ အသင်းက အခုနိုင်ငံရေးပါတီဖြစ်နေပြီ။ ပြည်ခိုင်ဖြိုးနံမည်ခံပြီး အရင်ရွေးကောက်ပွဲကာလက လမ်းတွေဖောက်ပေးခဲ့တာလည်း ဘယ်ကပိုက်ဆံနဲ့လည်း။ ရှင်းနေတာဘဲ။ ရုံးအဆောက်အဦတွေကလည်း နိုင်ငံတော်အစီအစဉ်နဲ့ဘဲ ဆောက်ခဲ့တာဘဲ။ ဘယ်ကမှောင်ခိုရတဲ့ပိုက်ဆံလဲ။ ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံတော်အစိုးရ အတူတူဖြစ်ကြောင်းကို သမ္မတကြီးကိုယ်တိုင်က သက်သေခံခဲ့တာ သိခဲ့ရတယ်။ အညာရေးဘေးကယ်ဆယ်ရေးသွားတော့ ပြည်သူတွေကိုနှုတ်ဆက်တဲ့အချိန်မှာ သမ္မတက “ ခင်ဗျားတို့ မဲပေးလိုက်တဲ့ပါတီက ဘာတွေလာပေးသွားလဲတဲ့...” မကွေးတိုင်း (၂၅) မြို့နယ်မှာ ဆိပ်ဖြူတစ်မြို့နယ်ဘဲ ပြည်ခိုင်ဖြိုးက ရှုံးနိမ့်ခဲ့တာလေ။ သမ္မတက နိုင်ငံတော်သမ္မတအနေနဲ့ လာတာမဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်အနေနဲ့ စည်းရုံးရေးဆင်းတာကိုး..... အံ့ပါ့။

kyaw soe ko ko said...

ကိုယ်ကျိုးကြည့် ကိုယ့်အကြိုက် ရေးဆွဲထားတာကို ခင်ဗျားတို့ အတွက်တော့ ပြင်စရာဘယ်သိပ်ရှိမလဲ.....ပြင်စရာသိပ်မရှိဆိုတော့ ပြင်စရာတော့ ရှိအုံးမယ်ပေါ့ ...ဒါတောင်နှစ်နဲ့  ချီ ပြီး တဘက်သတ်ရေးဆွဲ ခဲ့တာ...၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ ရန်ကုန်တိုင်းမှာ နှစ်ခါပြန်လုပ်ရတယ်...မတရားလို့ ဆိုပြီး သိကြားမင်းက လေပြင်းမိုးကြီးတိုက်ပေးလိုက်တာ...ပွဲပျက်ရော....

kyaw soe ko ko said...

Ko Win ရေ ကြောင်လက်သဲဝှက်တွေ ဗျ....

SN said...

ဌေးဦးရေ..မင်းတို့ကြီးမိုက်တစ်စု ရှက်တတ်ရင် လူတောင် လုပ်ဖို့မကောင်းဘူး.....လိမ်နေတာတွေက မင်းတို့ မိဘတွေ သင်ပေးထားလား......ဗြောင်လိမ်ဗြောင်စားနဲ့ေ-ာက်ရှက်ကို မရှိတဲ့ မျက်ခွက်နဲ့ ရွံစရာကောင်းသေး

Ko Win said...

ဖွဲ့စည်းပုံဥပဒေရေးဆွဲတဲ့ ညီလာခံက ကိုယ်စားလှယ်တွေက တပ်မတော်အစိုးရက သူတို့ကိုယ်တိုင် သေချာရွေးခြယ်ထားတဲ့ လက်ဝေခံတပည့်တွေဘဲ။ သက်ဆိုင်ရာ တယက၊ တိုင်းမှူးတွေကိုယ်တိုင် လူတွေ့စစ်ဆေးပြီးမှ ပြည်ခိုင်ဖြိုးက လူတွေကို အဓိကထားပြီးရွေးထားတာ။ အထူးသဖြင့် ဘာဘဲပြောပြော ခေါင်းငြိမ့်တတ်တဲ့သူတွေပေါ့။ ပြည်သူကို လူလို့မထင်တဲ့ စစ်ဘီလူးတွေက သူတို့အာဏာတည်မြဲဖို့ ဆွဲထားတာဘဲ။ ဘယ်ပြင်ချင်ပါ့မလဲ။ နိုင်ငံတကာမှာ စစ်တပ်က လေးပုံတစ်ပုံပါတဲ့ ပါလီမန်စနစ် ဘယ်မှာရှိလဲ။ လက်ညှိုးထိုးပြပါ။ ဒီမိုကရေစီနိုင်ငံကိုပြောတာ။ ပုလင်းတူ ဗူးဆို့ စစ်အာဏာရှင်နိုင်ငံတွေကို ပြောတာမဟုတ်ဘူး။ တစ်ခုထပ်ပြောချင်တာက စစ်အာဏာရှင်နိုင်ငံတွေ ဘယ်နိုင်ငံမှ မငြိမ်းချမ်းဘူး။ မချမ်းသာဘူး။ ခုလည်း အသွင်ပြောင်းတပ်မတော်ဖြစ်တဲ့ ဦးသိန်းစိန်အစိုးရလည်း ကျဆုံးခန်းရောက်ဦးမှာပါ။ သူတို့စိတ်ဋ္ဌကိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူပေါ့။

koko heav said...

ဒေါ်အောင်ဆန်းစုကြည်ကိုဘာလို့စည်းရုံးရေးပျက်အောင်လုပ်ရတာလဲ ကြံ့ဖွတ်အဖွဲ့ကခုကတည်းကဒေါ်အောင်စုကြည်ကိုကြောက်ပြီး အမျိုးမျိုးနှောင့် ယှက်နေကြတယ် ကြံ့ဖွတ်တွေကအဖွဲတောင့်တော့ လုပ်ချင်ရာလုပ်တယ် လူမိုက်တွေမွေးတယ် အနိုင်မရခင်အမျိုးမျိုးပြောတယ် နိုင်ပြီးရင်လုပ်ချင်သ လိုလုပ်တယ် သတ္တိရှိရင် ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်လပ်စွာစည်းရုံးခွင့် ပေးလိုက်ပါ

Android Myanmar said...

မျက်နှာကို ကြည့်ရုံနဲ့တင် အမတန် ရွံစရာကောင်း၊ ကျက်သရေမဲ့ပြီး ကောက်ကျစ်စဉ်းလဲမှု အပြည့်ရှိကြောင်း သာမန် မျက်စိဖြင့်ပင် မြင်တွေ့နေရပါသည်။
"နှစ်ပေါင်းများစွာ ဆွေးနွေး ပြုစုထားတဲ့ ဥပဒေ" တဲ့ ဘာလဲ ကိုယ်ကျိုးအတွက် စပယ်ရှယ် နှစ်ပေါင်းများစွာ စဉ်းစားပြီး အဘက်ဘက် ဘယ်နေရာ ကြည့်ကြည့် မင်းတို့နဲ့ မင်းတို့ အပေါင်းအပါတွက် ရှယ်ရေးဆွဲပေးထားတာ မဟုတ်လား။
ဦးဌေးဦး ဆိုတဲ့လူ မျက်နှာကိုက မြေခွေးလိုလို မြွေပွေးလိုလို။

DeDe said...

စစ်အစိုးရစိတ်ကြိုက် အချိန်ယူရေးဆွဲပြီး ကလိန်ကကျစ် အတည်ပြုခဲ့တဲ့ အခြေခံဉပဒေဆိုတာ ပြည်သူတွေအားလုံး သိပြီးသားပါ။ လူထုရဲ့ နိုင်ငံရေးအသိကို သုညဖြစ်အောင် ပိတ်ဆို့ပြီးမှ ရေးဆွဲအတည်ပြုထားတဲ့ အခြေခံဉပဒေကို အစအဆုံး ပြန်ဆွဲရမှာပါ။ တိုင်းရင်းသားတွေလည်း အစုံအညီပါရမယ်။ လူကရေးတာ၊ မှားနေတာတွေ့ရင် လူကပဲ ပြင်ရမှာပေါ့။ ဘုရားဟောဒေသနာ မှမဟုတ်တာ။

ရာရာ said...

ကိုဝင်းပြောထားတဲ့"အညာရေးဘေးကယ်ဆယ်ရေးသွားတော့ ပြည်သူတွေကိုနှုတ်ဆက်တဲ့အချိန်မှာ သမ္မတက “ ခင်ဗျားတို့ မဲပေးလိုက်တဲ့ပါတီက ဘာတွေလာပေးသွားလဲတဲ့...” မကွေးတိုင်း (၂၅) မြို့နယ်မှာ ဆိပ်ဖြူတစ်မြို့နယ်ဘဲ ပြည်ခိုင်ဖြိုးက ရှုံးနိမ့်ခဲ့တာလေ။ သမ္မတက နိုင်ငံတော်သမ္မတအနေနဲ့ လာတာမဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်အနေနဲ့ စည်းရုံးရေးဆင်းတာကိုး..... အံ့ပါ့။"..ဆိုတဲ့စကား အမှန်သာဆိုရင်တော့ တော်တော်လေးကိုကျက်သရေတုန်းသွားပြီဗျ။..ဒါက နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့လုံးဝ ပြောမထွက်သင့်တဲ့စကားပဲ။

အမြင်သစ် said...

ပြည်ခိုင်ဖြိုးကလူတွေရဲ့ ရုပ်တွေကိုကြည့်ပါ၊ စိတ်နဲ့လိုက်ဖက်စွာ လူရုပ်တောင်မပေါက်တော့ပါဘူး။

Anonymous said...

ရုပ်ကိုက လူမလေးခွေမခန့် ကြွက်ကတိုးရုပ် မျက်စိပေါက်က ကျဉ်းကျဉ်းစုပ်ချွန်းချွန်းနဲ့ ကောက်ကျစ်မဲ့ေ-ာက်ရုပ် ပါးစပ်ကချွန်ချွန် နှုတ်သီးကောင်းလျှာပါး ပြောပြီးကတိမတည်မဲ့ပါးစပ်
မျက်ခုံးက အနားမညီတော့တဲ့ ခွေးချေးလှည်းထားတဲ့ တံမျက်စည်းမျက်ခုံး
နှာခေါင်းက တဏှာစိတ် အမြဲမွှံနေပြီး နှာဘူးနေချင်တဲ့နှာခေါင်း
ဂေါင်းက အမြဲကလိမ်ကကျစ် ဆင်ကြံကြံနေတတ်တဲ့ ဖွန်ဂေါင်း
စတဲ့ မသတီစရာဂုဏ်တို့ဖြင့် ပြည့်စုံပါသော ကြံ့ဖွတ်ငဌေးဦး

gawleee said...

ရိုးရိုးသားသားနဲ့ ကလိမ်ကကျစ်/ ခွေးကျင့်ခွေးကြံမပါဘဲနဲ့ ကြံ့ဖွတ်ကနိုင်ရင် ကျုပ်ကိုယ်တိုင် ခင်များတို့ရှေ့မှာသေပြမယ်

ဘကြီးမောင် said...

ကိုဂေါ်လီရေ....
အမှန်အတိုင်းသာပြိုင်မယ်ဆိုရင် ..အမေစုကို ကြံဖွတ်ဟာ..နောက်ဘုရားသာပွင့်သွားမယ် မနိုင်ရေးချမနိုင်..မြင့်မိုရ်တောင်နဲ့သဲပွင့်၊ကေသရာဇာခြင်္သေနဲ့ခွေးအ၊ ဒေါင်းနဲ့ လင်းတ၊ ဂေါ်ဇီလာနဲ့ ပ၇ွက်ဆိတ်၊နံသာဆီနဲ့အီး၊ ပဲကြီးလှော်နဲ့ butter cake ၊ လောက်ကို ကွာပါတယ်ဗျာ....ခင်ဗျားဘယ်တော့မှ သတ်သေဖြစ်မှာ မဟုတ်ဘူး...

မြန်မာပြည်သား said...

ဟုတ်ပနောင်ကြီးတိုရာ.....တော်တော်ဟုတ်တဲ့သူတွေ....ရုပ်ကအရက်သမားရုပ်နဲ့ ..အက်လိုပြောရင်တောင်အရက်သမာသိပ်ခါကျတယ်....သူကဘယ်လောက်နာလည်လို့ ပြင်စရာမလိုဘူလိုပြောရတာလည်....စစ်ခေါင်စောင်စိတ်ကြိုက်ရေးသွားတဲ့....ဟာကို....စာမတက်တဲ့လူက..၀ထကလသ..ကိုရေးသွားခိုင်တာတွေကို.....ဦးဌေးဦးကော်ဘယ်အတန်ထိအောင်ခဲ့တာလည်......လွတ်တော်ထည်မှာကိုနာမည်တော့ကိုရေးတက်မှာပါနော်.....ပြည်ခိုင်ဖြိုးအဖွဲဝင်တွေရေး............မင်တိုမှန်မှန်ကန်ကန်သာလုပ်..မဲအပြက်အသက်နဲ့ အမေစုနိုင်ကိုနိုင်တယ်......စည်းရုံစရာမလိုဘူး.....မင်တိုနိုင်ဖိုကိုလမ်းခင်ပေးမယ်...မဲထည်ပါ..ဆိုပီအခုထိငါတိုဒဂုံကလမ်းသွယ်တွေကိုမခင်းသေးဘူး....အခုတော့စာပီနာမလည်လုပ်နေပီမင်တိုကြံဖွံတွေနိုင်သွားတော့.....အရှက်မရှိတဲ့မျက်နာနဲ့ မင်တိုမို့ ပြောရတြယ်ကွာ...ဟောင်ကောင်တိုင်စွတ်ဟောင်မနေနဲ့ ဦးဌေးဦးရေး........ရုးတိုင်တိုင်းကိုက်မနေနဲ့ ......

ပုဂံစစ်သည် said...

မဲပေးလို့ကတာ့ ခြင်္သေ့ဘာလို့ပေးရမှာတုံး၊ ဒီသတာဝါ သွားမဲထည့်လို့ကတော့ အဟိန်းအဟောက်ကခံရသေး၊ သတာဝါတွေ ဖွဲ့စည်းထားတာဆိုတော့ ကြောက်ကကြောက်ရသေး၊ သူ့မဲပေးမယ့်အစား NLD ပဲထည့်မှာပေါ့ ၊ ပုံစံကိုကကြွက်စုပ်၊ သေချာပါတယ် သတာဝါတွေနဲ့ဖွဲ့စည်းထားတာ။

Powered by Blogger.