ညစာစားပြီးနောက် မပြန်မီ ဒေါ်အောင်ဆန်းစုကြည်က တစ်ဦး ချင်းစီကို လက်ဆောင်များပေးခဲ့ပါသည်။ကိုဝင်းမော်က မိမိ၏ဂီတ အနုပညာဖြင့် အကူအညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါသည်။
ယနေ့ (၅.၂.၂၀၁၂) ညနေ ၅း၀၀ နာရီက ဒေါ်အောင်ဆန်းစု ကြည်၏နေအိမ်တွင်ရွှေသံစဉ်တေးဂီတအ
ဖွဲ့ခေါင်းဆောင်ဂီတမှူး ကိုဝင်းမော်နှင့်သူ၏သမီးငယ်ဒုတိယနှစ်ဥပဒေကျောင်းသူခင်စုကြည်ကိုမင်းဇေယျနှင့်ဇနီး၊ကိုပြုံးချိုနှင့်ဇနီး၊ကိုဂျင်မီနှင့်ဇနီး၊ မနီလာသိန်း နှင့်သမီးငယ်လေးတို့နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ နွေးထွေးရင်း နှီးစွာ တွေ့ဆုံစကားပြောကြသည်။ဒေါ်အောင်ဆန်းစုကြည်က ည နေစာဖြင့်ဧည့်ခံခဲ့သည်။ညနေစာကိုအကျဉ်းထောင်အတွင်းတွင် ဘ၀တူရဲဘော်များကိုဟင်းချက်ရေးတာဝန်ယူခဲ့ဖူးသူ သုံးရောင်ခြယ် အဖွဲ့မှကိုကျော်ဆန်းကပင် ကိုယ်တိုင်ချက်ပြုတ်ပေးခဲ့ပါသည်။
ည ၈း၀၀ နာရီအထိ ရင်းနှီးခင်မင်စွာဖြင့် လူမှုရေး၊နိုင်ငံရေးကိစ္စများ
ကိုလွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ၁၉၉၆ ခုနှစ်က
ဒေါ်အောင်ဆန်းစုကြည်အတွက် ‘ခွပ်ဒေါင်းဝိညာဉ်’ နှင့် ‘၈၈တော်
လှန်ရေးနှင့်စွန့်လွှတ်ခြင်း’ သီချင်းနှစ်ပုဒ် ဖန်တီးပေးခဲ့မှုဖြင့်
ထောင်အတွင်းတွင် ၆ နှစ်ကျော်နေခဲ့ရပြီး ချိန်မှစပြီး ယခုအကြိမ်ပြန်
လွတ်လာသည့်ကာလအထိ ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုဝင်းမော် တို့ပြန်လည်ဆုံတွေ့ခွင့်ရသည်မှာယခုပထမဦးဆုံးအကြိမ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲရလဒ်သည် သမိုင်းတွင်အလွန်အရေးပါကြောင်းနှင့်
ယခုနှစ်ဧပြီလတွင်ပြုလုပ် မည့်ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးသည်လည်း
အလွန်အ ရေးကြီးကြောင်း ပြောပြခဲ့သည်။ ညစာစားပြီးနောက် မပြန်မီ
ဒေါ်အောင်ဆန်းစုကြည်က တစ်ဦး ချင်းစီကို လက်ဆောင်များပေးခဲ့ပါသည်။ကိုဝင်းမော်က မိမိ၏ဂီတ အနုပညာဖြင့် အကူအညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါသည်။
4 comments:
ကိုမင်းကိုနိုင်၊ ကိုဇာဂနာနဲ့ တစ်ခြား ၈၈ မျိုးဆက်များ အမေစုကို ၀န်းရံပေးရင် ဒီ့ထက်ပို အရှိန်မြှင့်နိုင်လို့ လုပ်ရတာပိုကောင်းမယ်ထင်တယ်......
ဇာဂနာကို လုံးဝမယုံတော့ပါ........
Ko Win Maw, your the hero of one of the burmese musicians.
Like Bono of U2.....
အော် အမေရယ် ...အမေလို့ ခေါ်ထိုက်ပါတယ် ...ဘာဟိတ်ဟန်မှမရှိ ပကတိ အရှိတိုင်း စိတ်ရင်းစေတနာနဲ့  ထမင်းဝိုင်းလေး...ရွှေနားကွပ် ကျွန်းကုလားထိုင် မဟုတ်ဘူး ပလပ်စတစ်ခုံလေးနဲ့  ....အမေ့ထိုင်ခုံ က သူများ ထိုင်ခုံတွေ နဲ့ တန်းတူပဲ....ဗိုလ်ချုပ်ရဲ့  စိတ်ရင်းလေးအတိုင်း နိုင်ငံသားတိုင်းတန်းတူ အခွင့်အရေးရ ရှိရမည်ဆိုတာ....ပြန်အမှတ်ရမိစေပါတယ် အမေ....
Post a Comment