"နိုင်ငံခြားဖုန်းခေါ်ဆိုခ ဖေဖော်ဝါရီလကုန် လျှော့ချမည်"

ဓါတ်ပုံ ဂျေမောင်မောင် (အမရပူရ)
 နိုင်ငံခြားဖုန်းခေါ်ဆိုခ နှုန်းထားများကို ဖေဖော်ဝါရီလကုန်တွင် လျှော့ချသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ဈေးနှုန်းမည်မျှ လျှော့ချမည်ကို ညှိနှိုင်းဆဲဟု ၄င်းကပြောသည်။
''မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေနဲ့ လက်ရှိအနေအထား အရ လူတိုင်းနီးပါးအလွယ်တကူ ဖုန်းကိုင်ဆောင်နိုင်အောင် မလုပ် နိုင်သေးပေမယ့် ဖုန်းအလွယ်တကူ ကိုင်ဆောင်နိုင်ဖို့နဲ့ ခေါ်ဆိုခနှုန်းထား တွေ လျှော့ချဖို့အတွက်တော့ အဆင့်ဆင့်ဆောင်ရွက်ထားပါတယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်လက် ပြောသည်။
လက်ရှိတွင် နိုင်ငံခြားခေါ်ဆို မှုနှုန်းထားများမှာ နိုင်ငံအပေါ် မူ တည်၍ ဈေးနှုန်း ကွာခြားခြင်းများ ရှိပြီး အနိမ့်ဆုံးခေါ်ဆိုခနှုန်းထားမှာ တစ်မိနစ်လျှင် ကျပ်သုံးထောင်နီးပါး ရှိကြောင်းဆက်သွယ်ရေးမှသိရသည်။
ယင်းသို့ ခေါ်ဆိုခမြင့်မားနေမှု ကြောင့် တရားဝင်ဖုန်းခေါ်ဆိုခွင့် မပြု ထားသော်လည်း ဈေးနှုန်းသက်သာ သော Pfingo ၊ Skype စသည့် အင်တာနက်ဖုန်းခေါ်ဆိုမှုများကို သုံး စွဲလာကြောင်း ၄င်းကပြောသည်။
''အင်တာနက် ဖုန်းခေါ်ဆိုမှု အတွက်လည်း ရတနာပုံတယ်လီပို့ နဲ့ပူးပေါင်းပြီး Y-talk စနစ်ကို စီစဉ် ဆောင်ရွက်ထားပါတယ်။ လာမည့် ဖေဖော်ဝါရီလအတွင်းမှာပဲ အပြီး သတ်ဆောင်ရွက်သွားမှာပါ''ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြော သည်။
အဆိုပါ Y-talk စနစ် အပြီးသတ် ဆောင်ရွက်ပြီးပါက လက်ရှိ နှုန်းထား များထက် လျော့နည်းမည် ဖြစ်ကြောင်း၊ ၄င်းအပြင် မိုဘိုင်း ဖုန်း ဖြင့် ခေါ်ဆိုသည့် နှုန်းထားကိုလည်း နိုင်ငံတကာနှုန်းထား များနည်းတူ အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။
နိုင်ငံတကာ ဖုန်းခေါ်ဆိုခတွေ လျှော့ချပေးမယ်ဆိုတာကတော့ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ တော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ လက်ရှိ နှုန်းထားထက် ဘယ် လောက်လျှော့ချသွားမှာလဲ။ ထက် ဝက်နှုန်းလျှော့ချပေးမယ်ဆိုတာ တောင် အသုံးပြုဖို့ခက်ခဲနေမှာပါ'' ဟု ပုဇွန်တောင်မြို့နယ်ရှိ ဖုန်းသုံးစွဲ သူကိုစည်သူက ပြောသည်။
ပေါ်ပြူလာဂျာနယ်
"နိုင်ငံခြားဖုန်းခေါ်ဆိုခ ဖေဖော်ဝါရီလကုန် လျှော့ချမည်" "နိုင်ငံခြားဖုန်းခေါ်ဆိုခ ဖေဖော်ဝါရီလကုန် လျှော့ချမည်" Reviewed by သစ်ထူးလွင် on 06:09 Rating: 5

6 comments:

John Paul said...

ခွေးသူတောင်းစား ဆက်သွယ်ရေးကကောင်တွေ၊ ၅၀၀၀ တန်ဖုန်းကြောင့် မျက်လုံးပြူး မျက်ဆန်ပြူးတွေဖြစ်နေပြီလား။ အခုမှ ပြောဆိုခကိုချပေးမှာလား။ နောက်ထွက်မယ့် မင်းတို့ရဲ့ တန်ဖိုးနည်းဖုန်းကရော ဘယ်လိုလဲ ဈေးမချပေးဘူးလား။ အမြတ်ကြီးစား ခွေးသူတောင်းစား ဆက်သွယ်ရေးကကောင်တွေ မင်းတို့ကောင်တွေ မြန်မြန်အလုပ်ထွက်ရင်ကောင်းမယ်။ ဒီလောက်ပြည်သူတွေ မေတ္တာပို့နေတာတောင် အရှက်မရှိ ဆက်အလုပ်နေသေးတာ အံ့ပါရဲ့။

ဘကြီးမောင် said...

ဘယ်လောက်လျော့မှာလဲဟင်..တစ်မိနစ် (၃ ဒေါ်လာ) အစား (၂.၉၉) ဒေါ်လာကိုလျော့မှာလား.....

Unknown said...

Y talk????
:S

သားငယ်လေး said...

ပြည်တွင်းခေါ်ဆိုခကော မလျော့ဘူးလား။ ပြည်သူတွေကို ထည့်စဉ်းစားတယ်ဆိုရင် ငါးထောင်တန်ဖုန်းချပေး။ ဖုန်းပြောခတွေ လျော့ပေး။ အခု ဆယ်မိနစ်ပြောရင်ကို ၅၀၀ ပေးနေရတာ။ ကြိုတင်ငွေတောင် များများ မထည့်ရဲဘူး။ မပြောဘဲနဲ့ ကုန်နေလို့ အကြွေးတင်ခံပြီးမှ ပြန်ဆပ်နေရတယ်။

Anonymous said...

မြန်မာ့ဆက်သွယ်ရေး လူလိမ်တွေ ၅၀၀၀ တန်ဖုန်းကြောင့် အလိမ်တွေပေါ်ပြီး ရှက်ရမ်းရမ်းပြီး ရှောက်လုပ်နေတာပါ။
တန်ဘိုးနည်းဖုန်းလို့လည်းဆိုသေး သုံးသိန်းတန်ဆိုပြီး သတင်းလွင့်ထားတာ
၅၀၀၀ တန်ဖုန်း ထုတ်မဲ့ လူစွမ်းကောင်းပေါ်လာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လိမ်ထားတာတွေပေါ်ကုန်ပြီး ဟိုရက်ရွှေ့ဒီရက်ရွှေ့ လုပ်နောကတာ၊ အခုတော့ သူတို့ရဲ့ဖုန်းကို ဘယ်ဈေးနဲ့ ပြည်သူတွေကို ရောင်းရမှန်းတောင် သူတို့ မသိကြတော့ဘူး
ရောင်းလဲမရောင်းရဲဘူး ရောင်းပြန်ရင်လည်းမျက်နှာပြောင်တိုက် ရောင်းရမှာ ဆိုတော့ ရှက်သလို ရွံ့သလိုကြီးဖြစ်နေကြတာ လူလိမ်တွေ လူလိမ်တွေဗျို့။
သူတို့ရောင်းတဲ့ ဖုန်းကို မဝယ်ကြပဲနဲ့ ကန့်ကွက်ကြပါဗျို့။

ktd said...

ဒို့ကတော့ Gtalk , VZO နဲ့ဘဲ သုံးတော့၊ မင်းတို့ ဘယ်လောက်လုပ်လုပ် ဂရုမစိုက်ဘူး။ တခြားနိုင်ငံတွေမှာ ဒို့မြန်မာထက်သာတဲ့ Internet access တွေရှိနေတာဘဲ။ ဘာဖြစ်လို့ ဈေးကြီးတဲ့ ဖုန်းခကို ဆက်ဆံနေဦးမှာလဲ။

Powered by Blogger.