ဒေါ်​အောင်ဆန်း​စုကြည် မတ်လဆန်း​တွင် မန္တ​လေး​သွား​မည်


ဒေါ် ​အောင်ဆန်း​စုကြည် လာမယ့်​ မတ်လဆန်း​ပိုင်း​မှာ မန္တ​လေး​ကို ပါတီစည်း​ရုံး​ရေး​ ခရီး​ထွက်မယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ပြောပါတယ်။
နဂိုက မန္တ​လေး​ခရီး​စဉ်ကို ဒီလ ၄ ရက်၊​ ၅ ရက်​နေ့​တွေမှာ စီစဉ်ထား​ပေမယ့်​ ဗထူး​အား​ကစား​ကွင်း​နဲ့​ မန္တ​လေး​တောင်​ခြေမှာရှိတဲ့​ အား​ကစား​ကွင်း​တွေ ငှား​ရမ်း​တာကို မြန်မာနိုင်ငံ ​ဘောလုံး​အဖွဲ့​ချုပ်နဲ့​ တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်တို့​က ခွင့်​မပြုတဲ့​အတွက် ​ရွှေ့​ဆိုင်း​ထား​ရတာပါ။
ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က မန္တ​လေး​ကို သွား​ရောက်ခဲ့​ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ခရီး​စဉ်အတွက် စီစဉ်ခဲ့​တဲ့​ မန္တ​လေး​တိုင်း​ ​ဒေသကြီး​၊​ မပာ​အောင်​မြေ မဲဆန္ဒနယ် ကိုယ်စား​လှယ်​လောင်း​ ဦး​အုန်း​ကြိုင်က အခုတ​ခေါက် ​နေရာကိစ္စက ညှိနှိုင်း​နေတာနဲ့​ ပတ်သက်လို့​ ဒီရက်ပိုင်း​မှာ အတိအကျ သိရမယ်လို့​ ​ပြောပါတယ်။
ဇန်နဝါရီလကုန်ပိုင်း ​က​နေ အခုအချိန်ထိ အဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ တနင်္သာရီတိုင်း​ ထား​ဝယ်၊​ ဧရာဝတီတိုင်း​ ပုသိမ်နဲ့​ ​မြောင်း​မြ၊​ ရန်ကုန်တိုင်း​ ​ကော့​မှူး​ နဲ့​ လှည်း​ကူး​မြို့​တွေကို ပါတီစည်း​ရုံး​ရေး​နဲ့​ ​ရွေး​ကောက်ပွဲ မဲဆွယ်တဲ့​ ခရီး​တွေ ထွက်ခဲ့​ပြီး​ လူသိန်း​ချီ ကြိုဆိုခဲ့​ကြပါတယ်။ 
DVB
ဒေါ်​အောင်ဆန်း​စုကြည် မတ်လဆန်း​တွင် မန္တ​လေး​သွား​မည် ဒေါ်​အောင်ဆန်း​စုကြည် မတ်လဆန်း​တွင် မန္တ​လေး​သွား​မည် Reviewed by သစ်ထူးလွင် on 17:06 Rating: 5

3 comments:

Htet said...

Good.

micromyo said...

ah may su you go or stop,you show or hide,you speak or silence is not important .you are alway in our heart.safty first.

thuthu said...

Ok do come mandalay...we will gladly welcome and wave.

We will come and join Daw Su's public speech... and we will show how much we love you in Mandalay...Please do come to Mandalay and take care for security.

Powered by Blogger.