မဂ္ဂင်ကျောင်းအား တိုင်းသာသနာရေးမှ ပြန်လည် ချိတ်ပိတ်

၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းအပြီးတွင် စစ်အစိုးရ၏ ချိတ်ပိတ်ခြင်းခံခဲ့ရကာ ယခင်လ ၁၃ ရက်နေ့ တွင်လွတ်မြောက်လာသည့် သံဃာအချို့က ဖွင့်လှစ်သီတင်းသုံး လျှက်ရှိသည့်  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်အား တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှ ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြန်လည် ချိတ်ပိတ်ခဲ့သည်။

အစိုးရမှ ချိတ်ပိတ်ထားသော ကျောင်းအား တရားမ၀င် ပြန်လည်ဖွင့်လှစ်သီတင်းသုံးခြင်းကြောင့် တရားဝင်ဖြစ်စေရန် ချိတ်ပိတ်ခြင်းဖြစ်၍ လာမည့် ဆယ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း တိုင်းသာသနာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက အား လျှောက်ထားခဲ့သည်ဟု သိရှိရသည်။

ယနေ့နေ့လည် ၁၂ နာရီက မဂ္ဂင်ကျောင်းတွင် တိုင်းသာသနာရေး ဦးစီးဋ္ဌာနမှ အရာရှိ ချိတ်ပိတ်ရန် လာရောက်စဉ်

မဂ္ဂင်ကျောင်းဆရာတော် ဦးဣန္ဒကက '' ဖြစ်ခဲ့တာတွေက အရင်အစိုးရလက်ထက်မှာဖြစ်ခဲ့တာတွေ၊ အားလုံးကိုသင်ပုန်းချေနိုင်ရမယ်၊ ဒါမှ နိုင်ငံကောင်းစားမယ်၊ အခုလို ပြန်ဖွင့်ပေးမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ် '' ဟုမိန့်ကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သံဃာ့အရေးအခင်းတွင်ပါဝင်ခဲ့ပြီး အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးဇင်းဦးဂမ္ဘီရကမူ '' ဘာကို တရားဝင်လို့ဆိုတာလဲ။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး သီတင်းသုံးတာ တရားမ၀င်ဘူးလား။ ဒီလိုဆို ဘယ်နားသွား သီတင်းသုံးပေးရမလဲ '' ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။


၎င်းက ယခုကဲ့သို့ပြုလုပ်ချင်းမှာ နိုင်ငံတော်သံဃမဟာနာယကနှင့် မြန်မာနိုင်ငံ သံဃတပ်ပေါင်းစုတို့ကို အစိုးရမှ တိုက်ပေးခြင်းဖြစ်ပြီး သံဃာကို သင်းခွဲရာရောက်ကြောင်း မိန့်ကြားသည်။

ယခုကဲ့သို့ မဂ္ဂင်ကျောင်းအား ချိတ်ပိတ်ခဲ့သဖြင့် ယင်းကျောင်းနေ သံဃာတော် ၆ ပါးမှာ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားအနီးရှိ လယ်တီကျောင်းသို့ ပြောင်းလဲ သီတင်းသုံးရမည်ဖြစ်ကြောင်း မဂ္ဂင်ကျောင်းဆရာတော်က မိန့်ကြားသည်။

မဂ္ဂင်ကျောင်းတွင် သီတင်းသုံးလျက်ရှိသော သံဃာတော်များအားလုံးမှာ ၂၀၀၇ သံဃာ့အရေးအခင်းတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း များဖြစ်ကာ ယခုကဲ့သို့ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း အာဏာပိုင်များမှ အစဉ်စောင့်ကြည့်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒါယိကာ၊ ဒါယိကာမ များမှာ ကျောင်းသို့ လာရန် စိုးရိမ်မှုများဖြစ်နေရကြောင်း မဂ္ဂင်ကျောင်းဆရာတော ဦးဣန္ဒက က မိန့်ကြားသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းတွင် သံဃာအပါးတစ်ထောင်ကျော် အဖမ်းခံခဲ့ရကာ ယင်းတို့အနက်မှ ရာဂဏန်းနှင့်ချီသည့် သံဃာများမှာ သာသနာငြိုးနွမ်းစေမှု အစရှိသည့် ပုဒ်မများဖြင့် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရသည်။        ။
ဖေဖေါ်ဝါရီ ၄၊ ၂၀၁၂ (YPI)
မဂ္ဂင်ကျောင်းအား တိုင်းသာသနာရေးမှ ပြန်လည် ချိတ်ပိတ် မဂ္ဂင်ကျောင်းအား တိုင်းသာသနာရေးမှ ပြန်လည် ချိတ်ပိတ် Reviewed by သစ်ထူးလွင် on 19:00 Rating: 5

7 comments:

sirimingala said...

ယုတ်လုံးတွေပေါ်လာပြီ။ သာသနာရေးကပိတ်မယ်။ငွေပေးရင်ပြန်ဖွင့်ပေးမယ်ဆိုတဲ့
သဘောပဲ။ တော်တော်ရင်နာစရာကောင်းပါတယ်။ ထောင်လည်းကျ။ ကိုယ့်
ကျောင်းကိုပြန်နေတော့ ဒုက္ခရောက်အောင်လုပ်။ လူစုပ်တွေမြန်မြန်သေပါစေဗျို့။

kyaw soe ko ko said...

တောက်....

Anonymous said...

မြတ်စုမွန်သီချင်းခုလေးတင်နားထောင်နေတာ...ဒီသတင်းဖတ်၇တာစိတ်ထဲမကောင်းဘူး...(ဗုဒွဘု၇ားဟောကြားသော်ဗြာဒိပ်တိုင်းတည်ပါစေနော်...သာသနာတ၀က်၇ာဇာတချပ်တည်တန့်ခိုင်မြဲရှည်ကြာစေနော်...ဘု၇ားမြတ်ရှင်သက်တော်ထင်ရှားဗြာဒိပ်တော်များတည်ပါစေနော်...2500 တ၀က် 5000 နဲ့ရှည်ပါစေနော်)စာသားလေးနားထောင်ပြီး...ငါတို့ဗုဒွဘာသာတိုင်းပြည်ကြာရှည်တည်တန့်နိုင်ပါအုံးမလား၊၊?????၇င်မောတယ်သစ်ထူးလွင်ေ၇၊၊

fujiman said...

သာသနာရေးဦးစီးဌာနဆိုတာ ရှိဖို့တောင်မလိုဘူး ဘုရားလက်ထက်ကစပြီး သာသနာသန့်စင်အောင် ပြုပြင်ခဲ့တာ ဘုရားရဲ့ ပညတ်ချက်တွေ အစဉ်လာအတိုင်း အဆင်ပြေခဲ့တာ.. ဒီခေတ်အချိန် သာသနာရေးဦးစီးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ဖို့လိုပြီ သာသနာရေးတွက်လား အထက်အစိုးရအမိန့်အတွက်လား ဘာအလုပ်ကိုလုပ်တာလဲ ဟင်း..သာသနာအတွက် ရင်လေးတယ်

mohpha said...

၎င်းက ယခုကဲ့သို့ပြုလုပ်ချင်းမှာ နိုင်ငံတော်သံဃမဟာနာယကနှင့် မြန်မာနိုင်ငံ သံဃတပ်ပေါင်းစုတို့ကို အစိုးရမှ တိုက်ပေးခြင်းဖြစ်ပြီး သံဃာကို သင်းခွဲရာရောက်ကြောင်း မိန့်ကြားသည်။

အထက်ပါ စကားလေးကတော့ စိတ်မကောင်းဘူးဗျာ .. ဘုန်းကြီးလည်း ဘုန်းကြီး အလုပ်လုပ်ကြပါ .. ဘုန်းကြီးနဲ့ နိုင်ငံရေး ဘယ်လိုမှ မအပ်စပ်ပါဘူး လို့ ထင်ပါတယ် ..

ထီလာမောင်မောင် said...

မဟန နဲ့ သာသနာရေးဝန်ုကီးဌာနခင်ဗျာ........ခေတ်ပြောင်း စနစ်ပြောင်းနေပါပြီ မနာလို ၀န်တိုစိတ်တွေလျော့ပါတော့။ ငရဲအိုမှာရှေ့ဆုံးကနေ ပန်းဝင်ချင်နေတာလား။

san san said...

ဘုန်းကြီးကျောင်းကို ချိတ်ပိတ်တာ အဓိပ္ပါယ်မရှိဘူးလို့ခံစားမိတယ်။ကြည့်လုပ်ကြပါကွယ်။သာသနာတော်ညိုးနွမ်းအောင်လုပ်နေကြတယ်။ဗုဒ္ဒဘာသာနိုင်ငံမှဟုတ်ရဲ့လား။

Powered by Blogger.