ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက်

မန္တလေး၌ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ကြံ့ဖွတ်က ခြိမ်းခြောက်

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (၂၀၁၂၊ မန္တလေး) ဖေဖော်ဝါရီ ၆ ရက်နေ့ မြင်ကွင်း

မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။

ဦးကျော်မိုးသာ နေအိမ်ကို ကြံ့ဖွတ်မြမောင် လာရောက်ချိန်၌ ဦးကျော်မိုးသာသည် ၄င်း၏ နေအိမ်၌ မရှိပေ။ ဦးကျော်မိုးသာ၏ သားဖြစ်သူနှင့်သာ တွေ့ဆုံသွားပြီး အဆိုပါ ကြံ့ဖွတ်မြမောင်က ပြောဆိုသည်မှာ...
၁။ " ဒီကောင်မပုံတွေပဲ နေရာတကာတွေ့နေရတယ်။ မော်ဒယ်လ်ကျနေတာပဲ " ဟု နေအိမ်တွင်းချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ပိုစတာများကို ကြည့်ပြီး ပြောဆိုခဲ့သည်ဆို၏။
၂။ အဆိုပါ ကြံ့ဖွတ် မြမောင်ကပင် ဆက်လက်၍ -
"ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှာ ဦးကျော်မိုးသာ၏ ပန်းချီကားရောင်းရသည်ကြားကြောင်း။ ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲမှာ ရောင်းရသည့် ပန်းချီဆရာများ၏ နာမည်များစာရင်းနှင့် ၄င်းရောင်းရသည့်ပန်းချီကားများကို ၀ယ်ယူသွားသော ပန်းချီကားဝယ်ယူသူများစာရင်းနှင့် ၀ယ်ယူသူများ၏ နေရပ်လိပ်စာအတိအကျများ ရယူလိုကြောင်း"
ဆက်ပြောပြန်သည်ဆို၏။

အဆိုပါ ကြံ့ဖွတ်မြမောင်သည် ၄င်းနှင့် မသက်ဆိုင်ဘဲ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှ ပန်းချီကားရောင်းရသူ ပန်းချီဆရာများနှင့် ပန်းချီးကားဝယ်ယူသူများစာရင်း(နေရပ်လိပ်စာအပါအ၀င်) တောင်းယူရသည့် အကြောင်းရင်းမှာ မည်သည့်ကြောင့်နည်း။

ပန်းချီဆရာများနှင့် ပန်းချီကားဝယ်ယူသူများကို ၄င်းတို့ ကြံ့ဖွတ်ပါတီက တစ်ခုခု လုပ်ပစ်ရန် ကြံစည်နေသလော...။ စဉ်းစားစရာ များစွာရှိလာရပေပြီ။
ဒီပဲယင်း နှင့် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများတွင် ကြံ့ဖွတ်များ အသုံးပြုခဲ့သည့် လူသတ်၊ဖမ်း၊ခြိမ်းခြောက်သည့်နည်းလမ်းများကို ယခုလို လင်းပွင့်ရမည့် ခေတ်ရောက်သည်အထိ ကြံ့ဖွတ်ပါတီက အသုံးပြုနေသည်ကို မန္တလေးမှ အဆိုပါ ကြံ့ဖွတ်မြမောင်တို့လို လူစားမျိုးကိုကြည့်ကာ အကဲဖြတ်နိုင်ကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု ။      ။

မန္တလေးမှ ပန်းချီချစ်သူတစ်ဦး

http://bigbbrown.blogspot.com/2012/02/blog-post.html
ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ  (မန္တလေး)  ကို ကြံ့ဖွတ်က ခြိမ်းခြောက် Reviewed by သစ်ထူးလွင် on 08:19 Rating: 5

14 comments:

Future Generation said...

သွားပြီး... ဒီလူတွေအရှက်လည်းမရှိ၊ အသိဥာဏ်လည်းမရှိ ကြတော့ပါလား။
မြန်မာပြည် ကြီးပြန်အသက်သွင်းလို့ရပါတော့မလား။

SN said...

မြမောင်ဓါတ်ပုံရှိတဲ့လူ ရှယ်ပေးကြပါ.......

myomintun said...

အောက်တန်းကျတဲ့ခွေးတွေရှိနေတာဟာတိုင်းပြည်နစ်နာတယ်။ဒီလိုကောင်တွေတိုင်းပြည်မှာမရှိမှအေးမယ်။

zinzin said...

ဘာတွေ လဲ? ဘာလုပ်နေကြတာလဲ? ပြောတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နေကြတာဆို! အဲ့ဒီကြံဖွံဆိုတဲ့ အကောင်တွေက နေရာတကာဘာလို့ လိုက်ပါနေတာလဲ? လိုက်တားနေတာလဲ?
ပြည်သူတွေကို ခြိမ်းလား ခြောက်လား လုပ်ရအောင် သူတို့ကိုယ် သူတို့ဘာထင်နေလဲ?
ဒီလိုအချိန်မှာတောင် ဒီလိုအရှက်မရှိ လုပ်ရပ်တွေကို လုပ်နေကြသေးတယ်...ထွီ....ကြံဖွံဆိုတဲ့အသံ ကြားတာနဲ့ တင်ရွံတယ်...ဝေါ့...

yannaung said...

ကြံ့ ဖွတ်ကလူတွေမတရားအနိုင်ကျင့်တာရှိရင်တိုင်ပါ၊အရေးယူမယ်လို့  ဦးရွှေမန်း ပြောထားတာရှိပါတယ်။အကယ်အရေးယူမှုရှိမရှိစမ်းသပ်ရန်အချိန်ရောက်ပါပြီ။တိုင်ကြပါကုန်လော့........

Mg Nyi Zin said...

မင်းအဆင့်လောက်နဲ့ မမိုက်ချင်စမ်းပါနဲ့ “မြမောင်” ။ နိုင်ငံတော် president ကတောင် အရေးတယူ ပြုရတဲ့ အမေစုပါ။

NawNaw said...

အဲဒီမကောင်းဆိုးဝါးကြံ့ဖွတ်တွေကို...ဖွတ်သရက်ရက်ကြေအောင် လုပ်မှရတော့မယ် အဆင့်မရှိတဲ့အာဏာနဲ့ ပါဝါပြချင်ရင် လဲသေလိုက်ပါ မြမောင်....

ရာရာ said...

သြော်..ကြံ့ဖွတ်က ခြိမ်းခြောက်တယ်ဆိုလို့ အဟုတ်မှတ်ပါတယ်..ဘယ်မှာတုန်းခြိမ်းခြောက်တာ...အမှန်က လာပြီး စောက်ရူးထသွားတာပါ...ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲသို့ အူကြောင်ကြောင်ကြံ့ဖွတ်တစ်ကောင် ၀င်ရောက် အရူးထ ဆိုရင်ပိုမှန်မှာပါ။

Anonymous said...

အလကားကောင် အရူး.....

aung aung said...

ခွေးရူးကောင်းစား တစ်မွန်းတည့် တဲ့ မြန်မာစကားပုံ ရှိတယ်လေ ...
အခု အမေစုနဲ့ပြည်သူတွေရဲ့ကောင်းစားချိန်ကိုရောက်လာတော့မယ်ဆိုတာကို သိလာတော့ မျောက်ကမီးခဲကို ဖင်ထိုင်မိသလို ထိုင်ရမလို ထ ရမလို ပြေးရမလို ဖြစ်နေလို့ပါဗျာ ..
နဲနဲလေးလောက်တော့ နားလည်ပေးကြပါနော် ..သနားလို့ပါဗျာ ဟီးဟီးဟီး
အဲဒီ မြမောင် ဆိုတဲ့သူ တော်တော်ကို အရှက်မရှိတဲ့သူ ..အမေစုကိုမယှဉ်နိုင်လို့ အခြားသူတွေကို ရှုံးမဲ မဲ နေတာပါ ..
အသားထဲက လောက် ထွက်တဲ့ အကောင် ...
ချီး(မစင်)ထက် ရွံဖို့ကောင်းတဲ့ အမျိုးယုတ်...ဒင်းတို့လို စိတ်ဓါတ်မကောင်းတဲ့အကောင်တွေ တူ သော အကျိုးကို မကြာခင် ခံစားရပါလိမ့်မယ်နော် ...

tko said...

မြမောင်ဆိုတာဘာကောင်လဲကွ.....

Ko Win said...

မြမောင် ဆိုတာ ညဟောင်တဲ့ကောင်ကွ.....

nang thu zar said...

အသက် ၆၀ ကျော်မေအို ကို သူကြောက်နေတယ် အပေါင်းအသင်း နဲ့ ၀ိုင်းဖို့ ကြိုးစားနေတယ်ပေါ့

mg kyant said...

မြမောင်တွေ ညဟောင်တွေ စကားထဲထည့်ပြောနေရတာ ပါးစပ် သနတယ်...ကို yannaung ပြောတဲ့စကားသဘောကျတယ်..လုပ်သင့်တယ်..ကျွန်တော်လဲ အခွင့်သင့်ရင်လုပ်မယ်....

Powered by Blogger.