ဖျာပုံမြို့သို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်

(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း (ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။
ဖျာပုံမြို့ရဲ့ နာမည်ကျော်ကြားတဲ့ ရှေးဟောင်းသမိုင်းဝင် သာစည်ဘုရားကြီးဝင်းအတွင်းမှာ (ဘ၀အလှဆင် ဓမ္မသဘင်အဖွဲ့) ကနေ တပေါင်းလဆုတ် (၁) (၂) (၃) ရက်များမှာ ကြီးမှူး ကျင်းပမယ့် ဆရာတော် ဦးကောဝိဒတရားပွဲအတွက် ပြင်ဆင်ထားတဲ့ တရားဟော မဏ္ဍပ်ကို ဖျက်သိမ်းခိုင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီ တရားဟောမဏ္ဍပ်ဟာ အခုမှ စတင်ဆောက်လုပ် တာမဟုတ်ဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ) တရားပွဲ အတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ နောက်ထပ် တရားပွဲတစ်ခု ထပ်မံကျင်းပဖို့ရှိတာကြောင့် ဖျက်သိမ်းခြင်း မပြုဘဲ ဒီအတိုင်းထားခဲ့တာဖြစ်ပါတယ်။
ကြံ့ဖွံ့ပါတီကနေ လွှတ်တော်အမတ်ဖြစ်သွားခဲ့တဲ့ ဦးလှဝင်းဗိုလ်က ဦးဆောင်ပြီးတော့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကို လာရောက်ပြောဆို ဖျက်သိမ်းခိုင်းခြင်းဖြစ်ပါတယ်။ မဏ္ဍပ်တစ်ခုလုံး ကို ဖျက်သိမ်းခိုင်းတာမျိုးမဟုတ်ဘဲ ကြမ်းခင်းတွေကို ခွာပေးထားဖို့ လာရောက်ပြောဆို သွားခြင်းဖြစ်ပါတယ်။ ဘာကိစ္စကြောင့် အခုလိုလုပ်ခိုင်းတယ်ဆိုတာကိုတော့ ပြောဆိုသွားခဲ့ခြင်း မရှိဘူး လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲခရီးစဉ်အတွင်းမှာ နေရာအခက်တွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ ဒီလုပ်ရပ်ဟာ မရိုးသားမှုတွေရှိနေတယ်ဆိုတာ ထင်ရှား ပေါ်လွင် နေပါတယ်။ တရားပွဲဖြစ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူတွေကလည်း ဒီကိစ္စအပေါ်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေကြတာကို ကြားသိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုမှာ အခုလိုအဖြစ်အပျက်တွေ (တရားဓမ္မကို ပိတ်ပင်သလိုဖြစ်နေတဲ့ လုပ်ရပ်တွေ) ဖြစ်ပေါ်နေတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး လို့လည်း ပြောဆို နေကြပါတယ်။
ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့
'' ကျွန်တော်တို့ NLD အနေနဲ့ ဒီလို ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဟောပြောပွဲတွေ ပြုလုပ်ဖို့ ကြိုတင်စီစဉ်ထားခြင်းမရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်လို ထောက်ခံအားပေးမှု အလွန်များတဲ့ လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ဒီလို နေရာကျဉ်းကျဉ်းလေးမှာ ဟောပြောပွဲပြုလုပ်ဖို့အတွက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး " လို့ ဖြေကြားပါတယ်။
ဖျာပုံမြို့ခံ ပြည်သူလူထုတွေကတော့ ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ ကို အတတ်နိုင်ဆုံး နှောက်ယှက်မယ်ဆိုတဲ့ မသမာတဲ့ အကြံအစည်မျိုးနဲ့ လုပ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ ယူဆ ပြောဆိုနေကြကြောင်းပါဗျာ ... ... .... ။
Bryan Adams
ဖျာပုံမြို့သို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ် ဖျာပုံမြို့သို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ် Reviewed by သစ်ထူးလွင် on 21:31 Rating: 5

8 comments:

သူရိယ said...

အော်လှဝင်းဗိုလ်...လှဝင်းဗိုလ် မင်းလဲခွေးသရေပုရပိုက်မှာမှတ်တမ်းတင်ခံရပါပကောလား... ကြံဖွတ်ရယ်အောက်တန်းကျချက်ကတော့ ပြောစမှတ်ပါဘဲ။ ကိုသစ်ထူးလွင်ရေ ဖြစ်နိုင်ရင် အခုလိုသတင်းလေးတွေမှာ လှဝင်းဗိုလ်ဓာတ်ပုံလေးများရရင် တွဲတင်ပေးစေချင်ပါတယ်။ လူနဲ့နာမည်တွဲမိအောင်လို့ပါ။ ကျေးဇူးပါ။

U Thar said...

အထက်ကခွင့်ပြုတယ် အောက်ခြေကလိုက်ပိတ်တယ်
နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့ လူကြီးက ဘာဖြစ်နေပြီ
လဲ ကြည့်လဲလုပ်ကြပါအုံး တကယ်ေ၇ာသန့်၇ှင်းတဲ့ရွေး
ကောက်ပွဲ ဖြစ်လာနိုင်မလား လူကြီး၇ဲ့အမိန့်အာဏာ
မထိေ၇ာက်တာတွေလား သမာဓိမ၇ှိတဲ့လူကြီးတွေဆို
တော့ ဘယ်လိုမှကိုပြောမ၇တော့ဘူးနဲ့တူတယ် ဘာမှ
ကိုထိေ၇ာက်မှုမ၇ှိတော့ဘူး တနေ၇ာတမျိုးစီဖြစ်ကုန်ပြီ
လူကြီး၇ဲ့ အမိန့်က မထိေ၇ာက်တော့ဘူးနဲ့တူတယ်
ကလေးတွေလိုဘဲ လုပ်ကွပ်တွေကလဲ အံ့သြစ၇ာဘဲ
အဲ့ဒါဘဲလေ ၇ာထူးလေး၇ထားတော့ ၇ူးတာတွေဖြစ်
ကုန်တာ တိုင်းပြည်အတွက်နစ်နာတယ် တကယ်တာ
စစ်မှန်တဲ့ဒီမိုကေ၇စီနဲ့ နိုင်ငံကိုပြောင်လဲချင်တယ်ဆို၇င်
ကိုကိုတိုင်လဲဝင်အေ၇ွးခံလို့၇နေတာပဲ သိပြီ အိမ်က
မိန်းမကြီးမိန်မငယ် သားသမီးများနဲ့ဆွေမျိုးများ ပစပ်
ပေါက်တွေပြုပြင်ဖို့အတွက် မပြီးသေးဘူးထင်တယ်
ဘာမှနိုင်ငံအတွက်အကျိုးမပြုတဲ့ကောင်တွေ

အမြင်သစ် said...

ကိုသစ်ထူးလွင်ရေ ကျွန်တော်တို့ရဲ့ ကောမန့်လေးတွေကို ဦးသိန်းစိန်တို့၊ ဦးသူရရွှေမန်းတို့ကို ဖတ်စေချင်တယ်ဗျာ၊ ဘယ်လိုလုပ်ရမလဲ။

ဖိုးထူး said...

လှဝင်းဗိုလ်ဆိုတဲ့ကောင်က တော်တော်မိုက်ရိုင်းပါလားကွ
မင်းတော့သေရင် လူ့ပြည်ပြန်တက်ဖို့မပြောနဲ့ ဒီဘ၀တောင်
မင်းဒီနေရာကနေဘယ်တော့ပြုတ်ကျမလဲစောင့်ကြည့်ရသေးတာပေါ့ကွာ
ငရဲမကျခင်မင်းအရင်ဒီနေရာကပြုတ်ကျတော့မှာပါ...ဟားဟားဟား...

micromyo said...

belive it or not this is myanmar democracy journey.

micromyo said...

it is terible.they don't know what they are and who they are.

kyaw said...

သေချာတာတစ်ခုကတော့..
အဖွဲ့ကွဲနေတာဖြစ်၇င်ဖြစ်...
မဟုတ်ရင်တော့.သမ္မတကိုယ်တိုင်ကိုက..
မရိုးသားတာပဲဖြစ်မယ်...

ktd said...

NLD နဲ့ ဒေါ်စု ဘယ်ကိုသွားသွား ဘာလုပ်လုပ်၊ ရင်ဆိုင်ရမှာက အာဏာမရှိတရှိ ကြံ့ဖွံ့ဘဲ၊ ကြိုတင်ကြံစည်မယ်၊ ပက်ပင်းကျကျကြံစည်မယ်။ ဒါပဲပေါ့၊ လုပ်နိုင်သလိုလုပ် မှတ်တမ်းတင်ထားမယ်။ တစ်နေ့ကျရင် . . .မင်းတို့ အလှည့် မနွဲ့စတမ်းပေါ့။ ။ ။ ကြံ့ဖွံ့တွေရဲ့ဘ၀ ရင်လေးစရာကြီးပါဗျာ။ ပြည်သူထဲလဲ ၀င်မရ၊ တောခိုလို့လည်းမရ၊ ပြည်ပြေးလို့လည်းမရ၊ သူဘကြီးနေတဲ့ နေပူတော်ကိုဘဲ သွားခိုကြည့်ပါလား။ သူ့ဘကြီးက လက်ခံမလားလို့။ ။ ။

Powered by Blogger.