တိုက်တွန်း လိုက်ပါတယ်။ ပြည်သူလူထု သောင်းနဲ့ချီ တက်ရောက်လာခဲ့တဲ့ သုံးခွမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်
ဟာ သုံးခွမြို့ဘုရင့်နောင် အားကစားကွင်း အစား ခွင့်ပြုထားတဲ့ လယ်ကွင်းနေရာမှာပဲ လူထုနဲ့ တွေ့ဆုံ ခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၆
ရက်နေ့ မွန်းလွဲ ၂ နာရီခွဲကနေ စတင်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရာသီဥတု ပူပြင်းတဲ့အတွက် ပြည်သူတွေ အပူသက်သာ
စေဖို့ ညနေပိုင်း အချိန်ကို ရွေးချယ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သုံးခွမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့ ကိုယ်စားလှယ်
လောင်း ဒေါ်စုစုလွင် အတွက် မဲဆွယ် စည်းရုံး ပေးခဲ့တာ ဖြစ်ပါတယ်။
ဘားမားဗီဂျေ
ပြည်သူတွေ နေပူမှာစိုးလို့ နေညိုချိန်မှာ မဲဆွယ်ခဲ့တဲ့ သုံးခွ ခရီးစဉ် (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
07:25
Rating:
5 comments:
အမေစုက နိုင်ငံအတွက် စတေးလာတာ ကြာပါပြီ
ဒါက အသေးအဖွဲပါ
မြန်မာပြည်အတွက်ပဲ အသက်ရှင်နေတာပါ
အမေ အသက် ရာကျော်ရှည်ပါစေ
For My Country Mother Su Bya
For My Country Mother Su Bya
သြော်..အမေရယ် ..
ပြည်သူတွေကို ထားတဲ့ အမေ့ရဲ့စေတနာ၊ မေတ္တာတွေက တကယ်မွန်မြတ်လှပါတယ်။ ဒါကို အားလုံးသော၊ တစ်နိုင်ငံလုံးသော တိုင်းရင်းသား ပြည်သူ လူထုအားလုံးကလည်း သိပါတယ်။ အမေ့ကိုဆို အားလုံးက ချစ်ကြပါတယ်။ တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာဆိုတဲ့ စကားလိုပဲပေါ့ အမေရယ်။ ဘာတွေ ပေးပါ့မယ်။ ဘာတွေလုပ်ပေးပါမယ်လို့ ပြောစရာမလိုပါဘူးဗျာ။ တကယ်ရင်ထဲက ရိုးရိုးသားသားသာရှိရင် အားလုံးက ယုံကြည်နေတယ်.. အမေ ကျန်းမာ ချမ်းသာ ဘေးရန်အန္တရယ်ကင်း ဘေးရှင်းပြီး အမေမျှော်လင့်တဲ့ ရည်ရွယ်ချက်တွေ အမြန်ပြည့်ပါစေလို့ ဆုတောင်းပါတယ် ခင်ဗျား..။
Post a Comment