ပညာရေ၀န်ကြီးသမီး မင်္ဂလာဆောင်လက်ဖွဲ့ ခြိမ်းခြောက်ကောက်ခံ




ပညာရေးဝန်ကြီးဒေါက်တာမြအေး ရဲ့ သမီး မမြစုမွန် မင်္ဂလာဆောင်ကို တက္ကသိုလ် ၊ ဒီဂရီကောလိပ် ရှိ
ဆရာ၊ ဆရာမများအားလုံးကိုဖိတ်ပြီး လက်ဖွဲ့ ကို အနဲဆုံး ငါးထောင်ကျပ် မထည်မနေရ ပါမောက္ခချုပ်
နှင့် ပါမောက္ခများက အတင်းအကျပ်ထည့်ခိုင်းကြောင်းသိရပါသည်။

မထည့်လျှင်အရေးယူမည်ဟု ခြိမ်းခြောက်ကာ ထည့်ခိုင်းသဖြင့် တက္ကသိုလ် နှင့် ဒီဂရီကောလိပ်
ကျောင်းဆရာ၊ ဆရာမ များ မကျေမနပ်ဖြစ်နေကြကြောင်း Myanmar News Now မှ သိရှိရပါတယ်။
By: သစ်ထူးလွင်

အဆိုပါ သတင်း နှင့် ဆက်စပ်သတင်း Myanmar News Now မှဖော်ပြခဲ့ပြီးဖြစ်တဲ့ ပေးစာတစောင်ကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။

လူကြီးမင်္ဂလာဆောင်အတွက်ဆရာဆရာမတွေအားလုံးကိုတယောက် ကျပ် ၃၀၀၀ နူန်းကောက်ခံနေ (ပေးစာ)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မှ ပါမောက္ခက လူကြီးမင်္ဂလာဆောင်အတွက်နိုင်ငံ
တကာဆက်ဆံရေးဆရာဆရာမတွေအားလုံးကိုတယောက် ၃၀၀၀ နူန်းကောက်ခံနေတယ်။


ကျွန်မပြောတောမပြောခြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်သမတ ဦးသိန်းစိန်က Good
Governance and Clean Government အကောင်အထည်ဖေါ်မည်လိုပြောခဲ့ေ
ပမယ့်
အောက်ခြေမှရှိတဲ့ တစ်ချို့သောအရာရှိတွေကြောင့်
ဆွမ်းဆန်ထဲမှာကြက်ချေးရောသလိုဖြစ်တဲ့အတွက်ကြောင့်ဒီစာကိုပို့
လိုက်တာပါ။
တစ်ခါမှလည်းမပို့ဘူးပါဘူး။ အဲ့သည့်အတွက်အမှားပါရင်ခွင့်လွှ
တ်ပါ။
 
ဖြစ်စဉ်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ
ဖြစ်ခဲ့တာပါ။ ပါမောက္ခချုပ်
ဦးကျော်ရဲထွန်းရဲ့လုပ်ပုံကိုန
ိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
သိအောင်တင်ပြခြင်တာပါ။ 
 
30-1-2012 ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းမှာရှိတဲ့
ဘာသာရပ်ဆိုင်ရာဌာနအသီးသီးကိုမင်္ဂ
လာဖိတ်စာ တွေရောက်လာတယ်။ ဖိတ်စာက ပညာရေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးရဲ့သမီး (ရတနာပုံ၊ ဓာတုဗေဒဌာနမှာ
သရုပ်ပြလုပ်နေတဲ့ သူ) ရဲ့ မင်္ဂလာဆောင်ပါ။ ကထိက ရာထူးနဲ့အထက်ကိုပို့တာပါ။
ကထိကအားလုံးကိုပေါင်းပြီးတော့ဖိ
တ်စာတစ်စောင်နှင့် တွဲဖက်ပါမောက္ခ၊
ပါမောက္ခများ၊ ဌာနမှူးများကိုတော့ ဖိတ်စာတစ်စောင်စီ ပို့ပြီး
ဖိတ်စာအိတ်မှာလည်း အဲ့သည့်တွဲဖက်ပါမောက္ခ၊ ပါမောက္ခများ၊
ဌာနမှူးများရဲ့နာမည်ကို ကွန်ပျူတာနဲ့ အသေအချာရိုက်ထားပါတယ်။
 
အဲ့သည့်ဖိတ်စာတွေနဲ့ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းရဲ နှုတ်မိန့်အရ
ကထိကတစ်ဦးကို 3000 ကျပ်၊ တွဲဖက်ပါမောက်ခတစ်ဦးကို 5000 ကျပ်၊
ပါမောက်ခများနဲ့ ဌာနမှူးများကို တစ်ဦးလျှင် အနည်းဆုံး 10000
ကျပ်စီထည့်ရမည်ဟု ဆပ်ကြေးကောက်သလို အတင်းအကြပ်ကောက်ခံခဲ့ပါတယ်။
 
ဆရာ/ဆရာမများကလည်း ပါမောက္ခချုပ်ရဲ့အမိန့်ကိုမလွန်
ဆန်ရဲတာကြောင့်ရော၊
အခြားသော အကြောင်းကြောင်းတွေကြောင့် ရော စိတ်စေတနာမပါဘဲ
အောင့်သက်သက်နဲ့ထည့်ခဲ့ရပါတယ်။ ဆရာဆရာမအများစုက လုံးဝမကျေနပ်ပေမဲ့လည်း
ဘာမှပြန်မပြောရဲခဲ့ကြဘူး။ 
 
အဲ့သည်လိုကောက်ခံတာ ပညာရေးဝန်ကြီးဒေါက်တာမြအေးက
ကောက်ခိုင်းတာလား။ ဒါမှမဟုတ် ပါမောက္ခချုပ် ဦးကျော်ရဲထွန်းကဘဲ
ဖော်လံဖားချင်တာနဲ့ဘဲ ကောက်တာလာတော့မသိဘူး။ ဒါပေမယ့်
ပိုဖြစ်နိုင်ခြေတစ်ခုကတော့ ဦးကျော်ရဲထွန်းကဖော်လံဖားချင်
တာနဲ့ဘဲ
ဆရာဆရာမတွေရဲ့ လည်မျိုကိုတက်နင်တာဘဲဖြစ်လိမ့်
မယ်။ ဘာကြောင့်လဲဆိုတော့
အခြားကျောင်းတွေကိုစုံစမ်းကြည့်
တော့
မည့္သည့္ဆရာဆရာမမွ်ထိုကဲ့သိုအေ
တာင်းမခံရကြောင်း။
 
 
ဒီဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတော်အစိုးရကမှန်ကန်တဲ့
လမ်းစဉ်တွေချပြီး
ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ေ
အာင်ကြိုးပမ်းနေတဲ့အတွက် ဆရာဆရာမတွေအပါအ၀င်
ပြည်သူတစ်ရပ်လုံးက ၀မ်းမြောက် ၀မ်းသာဖြစ်နေချိန်မှာ
ဦးကျော်ရဲထွန်းရဲ့လုပ်ရပ်က အလွန်အရုပ်ဆိုးလွန်းလှပါတယ်။
 
သမ္မတကြီးလက်နဲ့ခက်ခက်ခဲခဲရေးထား
ကို ခြေနဲ့အလွယ်တကူဖျက်လိုက်တာနဲ့တူပါတယ်။
အစိုရရဲ့ချမှတ်အကောင်အထည်ဖော်ေ
နတဲ့Good Governance and Clean Government
လုပ်ငန်းစဉ်ကိုဆန်ကျင်တိုက်ခို
က်တဲ့သဘောလည်းဆောင်နေပါတယ်။ သူ
ဦးကျော်ရဲထွန်းရဲ့လုပ်ရပ်ကတော့ ယခင်အမိန့်ခေတ်၊
ဖော်လံဖားခေတ်ကိုပြန်သွားချင်တဲ
့ပုံပါဘဲ။
 
ဝန်ကြီးဒေါက်တာမြအေးလည်း
မိမိလက်အောက်မှာ အဲ့သည်လိုဖော်လံဖား ပါမောက်ခချုပ်တစ်ယောက် ရှိနေခြင်းဟာ
မိမိကို အထောက်အကူမပြုပါဘူးဆိုတာသတိပြုေ
စချင်တယ်။
မိမိကိုကုလားထိုင်ပေါ်ကဆွဲချနို
င်တဲ့သူဆိုတာ စေတနာရှေ့ထားပြီးသတိပေးပါရစေ။
အဲ့သည်လို ပါမောက္ခချုပ် ဦးကျော်ရဲထွန်း က မိမိ၏မျက်နှာရရေးအတွက်
ဆရာဆရာမတွေကို မိမိ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး
ပညာရေးဝန်ကြီးဒေါက်တာမြအေးသမီး
ဆိုသူမင်္ဂဆောင်လက်ဖွဲ့အတွက်ဟုဆိုကာ
ဆရာဆရာမတွေကို အနိုင်အထက်ပြုတရားမ၀င်ငွေကြေးေ
ကာက်ခံနေမှုများကို
အရေးယူပေးပါရန် လေးစားစွာဖြင့် သမ္မတကြီးအားတင်ပြအပ်ပါသည်။

အရှေ့ပိုင်းမှ သင်ကြားရေးဝန်ထမ်းတစ်ဦး
ပညာရေ၀န်ကြီးသမီး မင်္ဂလာဆောင်လက်ဖွဲ့ ခြိမ်းခြောက်ကောက်ခံ ပညာရေ၀န်ကြီးသမီး မင်္ဂလာဆောင်လက်ဖွဲ့ ခြိမ်းခြောက်ကောက်ခံ Reviewed by သစ်ထူးလွင် on 01:54 Rating: 5

51 comments:

Tri Asian Taste said...

မကျေမနပ်မဖြစ်ကြပါနဲ့ ဆရာ၊ ဆရာမတို့ရယ် ကူငွေလို့ဘဲသဘောထား လိုက်ပေါ့

U Thar said...

အော် သူ့သမီး ဗိုလ်ကြီးနဲယူမှာဆိုတော့
ဗိုလ်ကြီးအ၇ှိန်ဝါလေးသုံးခြင်လို့နေမှာပေါ့
ဒီလိုခြိမ်းခြောက်ပြီးအာဏာတွေသုံးချင်လို့
သူ့သမီးကို ဗိုလ်ကြီးနဲ့ မနဲ၇ှာပေးစားထား
၇တာထင်တယ် ပေးလိုက်ကြပါ မတထာ
ေ၇စာလေး သူ့သမီးအ၀ှာပြုဖို့အေ၇း နော
က်ထပ်သမီး၇ှိသေး၇င်တော့ မပေးချင်၇င်
အလုပ်ထွက်ဖို့ပြင်ထား ဗိုလ်ကြီးဘဲလျှော့
မှာတော့မဟုတ်ဘူး ဗိုလ်ကြီးကောင်းမှန်း
သိတာနောက်ကြနေပြီ

SN said...

ဒီလို မကောင်းတဲ့ စနစ်ဆိုးတွေက အခုထိကိုရှိနေသေးတာပါလား

Anonymous said...

Clean Government

kyaw said...

အင်း ဒီလိုဖြစ်ရပ်တွေကသိပ်မဆန်းတော့ပါဘူးလေ။ ၀န်ထမ်းတွေတတ်နိုင်သလောက်ဘဲ ထည့်သင့်ပါတယ်။

Snap said...

Karyakan shin twe ka taung tar ma phyit naing bu.
Par Choke twe ka thar a htet ko phar chin loe a tin kauk tar. ku chain hti a paw phar out phi sate twe ka ma pyauk kya thay bu.

12345678 said...

ဘာဖြစ်လို့များအဲဒီလိုလုပ်ချင်ကြပါလိမ့်

Anonymous said...

ဝန်ကြီးကခိုင်းလို့ ပါမောက္ခချုပ် တွေကလုပ်ရတာလား? ကိုယ့်ဘာကိုယ်မနေနိုင် မထိုင်နိုင် အကျင့်ဟောင်းအတိုင်း ဖားချင်လို့ ပါချုပ်တွေက စီစဉ်ပြီးခိုင်းထားလားဆိုတာ စဉ်းစားမတက်တော့ပါဘူး။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အောက်က Tutor တွေနဲ့ ဆရာတွေကိုတော့ ဟင်း...သနားမိပါတယ်။

kyawtan said...

One of the Professor told me that they received that wedding invitation card but they were not told by anyone to give wedding present by force.

phyo lin said...

ကာယကံရှင်မင်္ဂလာမောင်နှံ့ နဲ့ မိသားစုတွေကတော့ ကောက်ခိုင်းတာဖြစ်မယ်မထင်ပါဘူး။ ပါမောက္ခချုပ်နဲ့ ပါမောက္ခတွေကသာ မျက်မနှာလိုမကျနှရလုပ်လိုမှု၊
ဖားလိုမှုကြောင့်သာ ဝန်ထမ်းတွေကိုအတင်းအကြပ်ကောက်ခံတာနေမှာပါ။

Myo Aung said...

ဗမာလူမျိုးဝန်ထမ်းတွေ လူကြီးပိုင်းကိုရောက်လေ အရှက်မရှိလေဖြစ်နေတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့၊ အကြောက်တရားကင်းဝေးရေး ပညာပေးဟောပြောပွဲတွေလုပ်တဲ့အပြင် အရှက်တရားရှိရေး ပညာပေးဟောပြောပွဲလည်း လုပ်ပေးပါအုံး။

Kingdavid said...

ကိုသစ်ထူးလွင် ဒီသတင်းမှာက လက်ဖွဲ့ ကို အနဲဆုံး ငါးထောင်ကျပ် မထည်မနေရ ပါမောက္ခချုပ်
နှင့် ပါမောက္ခများက အတင်းအကျပ်ထည့်ခိုင်းကြောင်း နောက်တခုက မထည့်လျှင်အရေးယူမည်ဟု ခြိမ်းခြောက်ကာ ထည့်ခိုင်းတာ ဒါကဘယ်ဖြစ်နိုင်မှာလဲ ပညာရေးဝန်ကြီးရဲ.သမီးဖြစ်တော. မထည်.ရင်လဲမကောင်းဘူးလေ ကိုယ်.ဌာနကြီးရဲ.အကြီးအကဲဆိုတော. မျက်နှာလုပ်ကြမှာပါ နောက် ပြီးလက်ဖွဲ.ငွေ ထည်.တယ်ဆိုတာကလဲ ကို. ဆရာ သမားဖြစ်နေတာမို.လို.လဲဆိုင်ပါတယ် ဘာလို.လဲဆိုတော. ကျနော် သိသလောက် ဒေါက်တာမြအေး ကဌာနမှုး တာဝန်ထမ်းဆောင်တုန်းကရော ပါချုပ် (မန်းလေး) တာဝန်ထမ်းဆောင်တုန်းကရော လာဘ်ပေးလာဘ်ယူတာတွေကင်းတယ် လို. ပညာရေးအသိုင်းအ၀ိုင်း ကပြောကြတယ် စာလဲတော်တယ် ရွေးကောက်ပွဲတုန်းက လဲ မဟာအာင်မြေမြို.နယ် ကနေ ကြံ./ဖွံ. ပါတီ ပြည်သူ.လွှတ်တော်ကိုယ်စားလှယ် ကနေ ၀င်ပြိုင်တာကနေ မဲ နိုင်လို. အခုလို ပြည်ထောင်စုဝန်ကြိး ဖြစ်လာတာပါဘဲ ကျနော် ကတော. ယုံတယ်ဒေါက်တာမြအေးကို ဘာလို.လဲဆိုတော.ပညာတတ်တယ်စာတတ်တယ် သူ.မိန်.ခွန်းတွေ မှာပြောပြောနေတဲ.နာယကဂုဏ် နဲ. သူလဲနေမှာပါ ဆရာကြီး လို လူတွေ အတွက် သတင်းအမှား တွေ ရေးတာကတော. လက်မခံနိုင်ပါဘူး ဖြစ်လဲမဖြစ်နိုင်ပါဘူး ဘာလို.လဲဆိုတော.သတင်းဖတ်ပြီးဒီလိုလူကို အဲလိုဘဲထင်မှားစိုးလို. ယခုလိုပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။(မှတ်ချက် - အမှန်အတိုင်းသားေ၇းပါသည် ) မည်သူ.ကိုမျှကိုယ်စားမပြုပါ

အဆင့်ရှိပြည်သူများ said...

ပညာရေးဝန်ကြီး သမီးဖြစ်ပြီးတော့ မေးခွန်းရတဲ့ အဖေ့ ဓါတုဗေဒ ဘာသာ ကို Ph.D ဖွတ်ဒီ ရထားတာကိုများ
ဖိတ်စာမှာ ထည့်ရေးရတယ်လို့

Toe Gyi said...

ယို့ယွင်းနေတဲ့ ပညာရေး စနစ်ကြီးကို ပြန်ပြင်မရအောင် ထပ်လုပ် နေကြတာ ကျူငုတ်လက်ကျန်တွေ လွှတ်တော် မှာ မထားသင့်တော့ဘူ အဲဒါတွေ ရှိနေသမျှ ကောင်းမွန်သော အစိုးရသစ် ဘယ်တော့မှမဖြစ်လာနိုင်ပါ။

soecyclone said...

နာရေးကူငွေလို့သာသဘောထား ကူလိုက်ကြပါဗျာ........

Myanmar said...

ဒီငွေလောက်နဲ့နာမည်ပျက်ခံမယ်မထင်။ အောက်ကကောင်တွေအသုံးမကျတာနဲ့ မောင်မြအေး အစား ငါ့မျက်နှာတောင် ဘယ်နားထား၇မှန်းမသိဘူး။ ။

Unchange in Manner said...

ဒေါက်တာမြအေးရဲ့သမီးဖြစ်တဲ့ သတို့သမီး မမြစုမွန် (သရုပ်ပြ၊ ဓာတုဗေဒဌာန၊ ရတနာပုံ) အတွက်တော့စိတ်မကောင်းပါဘူး။ မမြစုမွန်က ရာထူးနဲ့အသက်အရွယ်အရဆိုရင် သည်လောကမှာအများကြီးကျင်လည်ရဦးမှာပါ။ ၀န်ကြီးသက်တမ်းက အပြစ်အနာအဆာကင်းမှ နောက်ထပ် လေးနှစ်ထက်မပိုပါဘူး။ မိမိရဲ့အရှက်ကို အသက်ထက်တန်ဘိုးထားတယ်ဆိုရင်တော့ အဖေ၀န်ကြီးရာထူးကထွက်ရင် သည်လောကကအနားယူလိုက်ပါလို့စေတနာရှေ့ထားပြီးအကြံပေးပါရစေ။ ကျန်တာကကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါ။ အစပထမက Kingdavid ပြောသလို ဒေါက်တာမြအေးလို့လုံးဝသံသယမရှိပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပထမဦးဆုံးသတင်းတက်လာတာက ရန်ကုန်အရှေ့ပိုင်းကပါ။ အရှေ့ပိုင်းကဦးကျော်ရဲထွန်းကဘဲ မျက်နှာလုပ် ဖော်လံဖားလုပ်ပြီး ကောက်တယ်ဆိုပြီးဒီသစ်ထူးလွင်ဆိုဒ်မှာဘဲတက်လာတာပါ။ အသေစိတ်ဖတ်ချင်ရင်တော့ http://www.thithtoolwin.com/2012/01/blog-post_3709.html ကို click
နှိပ်လိုက်ပါ။ အဲ့သည်မှာကြည့်ရင် ကျောင်းတစ်ကျောင်းတည်း မဟုတ်ဘဲ အထက်မြန်မာပြည်ရော အောက်မြန်မာပြည် နှစ်ခုစလုံးမှာရှိတဲ့ ကျောင်းအားလုံးနီးပါးမှာကောက်ခဲ့တာတွေ့ရမယ်။ အချို့သောပါချုပ်တွေက UEY ကအကြောင်း Internet မှာတက်လာတော့ နဲနဲအရှိန်သတ်ပြီး အခြေအနေစောင့်ကြည့်နေခဲ့ပါတယ်။ အစပထမမှာတော့ ကျောင်းအားလုံးကကောက်ဖို့စီစဉ်ထားတာတွေ့ရတယ်။ သည်မှာတစ်ခုစဉ်းစားရမှာက ဒီမင်္ဂလာဆောင်ဖိတ်စာအမြောက်အမြားကို ဘယ်သူကပို့လိုက်တာလဲ? ဖိတ်စာအားလုံးပေါင်း (ထက်/အောက်)တစ်သောင်းကျော်တယ်။ ၀န်ကြီးဒေါက်တာမြအေးကပို့တာလား? ဒါမှမဟုတ် ၀န်ကြီးမသိဘဲ အဆည ညွှန်ချုပ်နှစ်ယောက်(ထက်/အောက်)က ၀န်ကြီးကိုမျက်နှာလိုမျက်နှာရလုပ်ရင်း ၀န်ကြီးမသိအောင်ပါချုပ်တွေနဲ့လက်ဝါရိုက်ပြီးလုပ်တာလား? တော်တော်လေးတော့စိတ်ဝင်စားစရာကောင်းနေပြီး။ ပညာရေးအသိုင်းအ၀ိုင်းမှာရော၊ ပြင်ပမှာပါ အရမ်းကို hot နေတဲ့သတင်းပါ။ အားလုံကစိတ်ဝင်တစားနဲ့စောင့်ကြည့်နေပါတယ်။ သည်ပြသနာမှာ ၀န်ကြီး၊ အဆညညွှန်ချုပ်နှစ်ယောက် နဲ့ ကျောင်းအသီးသီးကသက်ဆိုင်ရာပါချုပ်များ အားလုံးမှာတာဝန်ရှိပါလိမ့်မယ်။ ဒါအဆင့်မြင့်ကအကြောင်းဘဲသိသေးတာ၊ အခြေခံကအကြောင်းကိုမသိသေးဘူး။ သေချာတာတစ်ခုက အခြေခံလဲလွတ်မှာမဟုတ်ပါဘူ။ နိုင်ငံရဲရှေ့ဆက်သွာရမည့်လမ်းကြောင်းမှာ စနစ်ဟောင်းကိုဖက်တွယ်ချင်သေးတဲ့ ဒီလိုလူမျိုးတွေမရှိသင့်တော့ပါဘူး။ နိုင်ငံရဲ့အနာဂတ်အတွက်အလွန်နစ်နာလှပါတယ်။ ထိရောက်တဲ့ တုံ့ပြန်အရေးယူမှုတွေကို ထိထိရောက်ရောက်ဆောင်ရွက်သင့်ပါကြောင်းကို နိုင်ငံအနာဂတ်အကျိုးကိုမျှော်ကိုပြီးအကြံပြုတင်ပြလိုက်ပါသည်။

ကိုယ်တိုင်ခံစားခဲ့ရသူတစ်ဦး။

mgyupa said...

အဖြစ်မှန်ကို သိစေချင်လို့ပါ။
....(ပညာရေးဝန်ကြီး ဒေါက်တာမြအေးရဲ့သမီး မင်္ဂလာဆောင်ကို တက္ကသိုလ်၊ဒီဂရီကောလိပ်ရှိ ဆရာ၊ဆရာမများအားလုံးကို ဖိတ်ပြီး လက်ဖွဲ့ကို အနည်းဆုံး ငါးထောင်ကျပ် မထည့်မနေရ။ ပါမောက္ခချုပ်နှင့် ပါမောက္ခများက အတင်းအကျပ်ထည့်ခိုင်းကြောင်း။ မထည့်လျှင် အရေးယူမည်ဟု ခြိမ်းခြောက်ကာ ထည့်ခိုင်းသဖြင့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ် ကျောင်းဆရာ၊ဆရာမများ မကျေမနပ်ဖြစ်နေကြောင်း......)စသည်ဖြင့် မုံရွာတက္ကသိုလ် လက်ဖွဲ့ငွေစာရင်းနှင့်တစ်ကွ ဖော်ပြရေးသားထားတာတွေကို တွေ့ရတော့(လုံးဝ)လွဲမှားနေပြီဆိုတာ သိလိုက်ရပါတယ်။လက်ဖွဲ့ငွေစာရင်းကို သေချာဖတ်ကြည့်တော့...(ရာထူးတူ ဆရာ/မ များ တစ်ဦးနှင့်တစ်ဦး လက်ဖွဲ့ထားတဲ့ ငွေမတူကြတာကို ကြည့်ရင်ပဲ)...အနည်းဆုံး ငါးထောင်ကျပ် မထည့်မနေရဆိုတဲ့စကား မှားနေပြီဆိုတာ သိနိုင်ပါတယ်။ပိုပြီးသေချာသိချင်ကြရင်တော့...(မုံရွာတက္ကသိုလ်မှာ ၂-၂-၂၀၁၂ ကြာသပတေးနေ့က ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှတ်တမ်းကို ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။)...မုံရွာတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတာမို့...ကျွန်တော် တက်ရောက်ပညာသင်ကြားခဲ့တဲ့ တက္ကသိုလ်ဖြစ်တာမို့...မုံရွာတက္ကသိုလ်က ကျွန်တော့်အစ်ကို ဆရာ ဦးကျော်မိုးဝင်းသန့်ကို မေးကြည့်ပြီးမှ...ဖြစ်ရပ်မှန်ကို အမှန်အတိုင်းသိစေချင်လို့ ဖော်ပြရေးသားလိုက်တာပါ
တွေးတွေးဆဆလေး ရေးကြပါလားခင်ဗျာ။
— with Dagonmedia Group.

paukhlange said...

ကျနော်လဲကျွန်တော်တို့ရဲ့ဝန်ကြီးကိုယုံကြည်ပါတယ်။ဒီကိစ္စကိုသူဘာမှသိမှာမဟုတ်ပါဘူး။ ဆရာကြီးဝန်ကြီးမဖြစ်ခင်မန္ထလေးတက္ကသိုလ် ပါမောက္ခချုပ်ဘ၀က ရန်ကုန်ကိုအစည်းအဝေးတွေလာတက်ရင် ကျနော်တို့ရဲ့ရန်ကုန်ကကထိကဆရာတွေနဲ့ ဆရာကြီးနဲ့က မန္တလေးသားချင်းဆိုတော့ သူတို့နဲ့အတူ ၃ခါလောက်အတူတူထမင်းစားကြရင်းသိခဲ့ရတာပါ။ အဲဒီတုန်းကကျနော်ကသရုပ်ပြပဲရှိပါသေးတယ်။ ဆရာကြီးရဲ့စိတ်ဓါတ်က သန့်ရှင်းပါတယ်။ ကျွန်တော်တို့ပညာရေးလောကမှာ သန့်ရှင်းမွန်မြတ်တဲ့ ဆရာ၊ဆရာမကြီးတွေ အများကြီးရှိပါတယ်။ လူတိုင်းကိုတော့မဆိုလိုပါဘူး။ တစ်ကယ့်ကိုမာန်မာနမထားပဲ သူတစ်ပါးအကျိုးကိုလိုလားတဲ့ ဆရာကြီး၊ဆရာမကြီးတွေအများကြီးရှိပါတယ်။

Unknown said...

**sigh**
bad,,,
bad...
bad..anyway....

ko pwa said...

ဘယ်ဝန်ကြီးနဲ့မှ တော့ မပတ်သက်ပါဘူး။ ဒါပေမယ့် လူကြီးတစ်ယောက်နဲ့ ပတ်သက်တဲ့ မဂ်လာဆောင်ဆိုတော့ ၀ိုင်းပြီးထည့်လိုက်ကြတာဖြစ်မှာပါ။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုတစ်ခုလို့ ထင်ပါတယ်။ ၀ိုင်းရေးနေကြတာတွေက အရမ်းကို အဆိုးမြင်လွန်းနေတယ်။ ပြီးတော့ ပညာတတ်တစ်ယောက်ရဲ့ သား၊ သမီး တွေ ပညာတတ်ဖြစ်တာ မဆန်းပါဘူး။ ဒါပါလိုက်ကဲ့ရဲ့နေမယ် ဆိုရင် တော့ ကျွန်တော်တို့ တိုင်းပြည်ကို ဘယ်လိုမှ ပြန်ထူထောင်နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဆရာ၊ ဆရာမတွေ ကို မစော်ကားစေချင်ပါဘူး။ အခုက ထိပ်ဆုံးက ၀န်ကြီးအဆင့်ကို စော်ကားတာပါ။ ပါချုပ်တွေကိုပါ ထိခိုက်တာတွေ ပါနေပါတယ်။ ဒီသတင်းက ဘယ်လောက်ထိ မှန်ကန်တယ်ဆိုတာကို တင်တဲ့သူကလဲ သတိပြုသင့်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုပြီး လုပ်ချင်တာ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ကို ဖျက်ဆီးတဲ့အဆင့် ရောက်သွားပါမယ်။ တချို့ comment တွေက အရမ်းရုပ်ဆိုးလွန်းလို့ ရေးဖြစ်တာပါ။ ကျေးဇူးပါ။

kyaw said...

ရေးချင်သလောက်ရေးကြပါစေ စေတနာမှန်ရင်အကျိုးပေးပါမယ်
လူကြီးလူကြီးမှန်းမသိတဲ့ကောင်တွေ

Kingdavid said...

ပါမောက္ခချုပ် ဦးကျော်ရဲထွန်း ကိုသိစေချင်တာက အစိုးရ ကဒီလောက်မူဝါဒတွေပြောင်းပြီး ခေတ်ပြောင်းစနစ်ပြောင်း နေတဲ.အချိန်မှာ ပါချုပ်တယောက်အနေနဲ. နှုတ်မိန်.သုံးပြီး စေတနာဘဲထည်.ရမှာကို ကြေးတခုအနေနဲ.သတ်မှတ်လိုက်တာ အလွန်ရုပ်ဆိုးပါတယ် အဲလိုမစဉ်းစားဘဲနဲ.မျက်နှာလုပ်ချင်တာတခုထဲကြောင်. ဆရာကြီးဒေါက်တာမြအေး နာမည်ပျက်ရပါတယ် နောက်ဆရာရဲ.သမီး လဲထိခိုက်တာဘဲ နောက်နောင် သတိထားပြီးစဥင်္းစားစေချင်ပါတယ် ပါမောက္ခချုပ် ဦးကျော်ရဲထွန်း ရဲ.လုပ်ရပ်ကြောင်.မကျေနပ်လို.လဲ ပေးစာတွေတတ်လာတာပါဘဲ လူကြီးတွေလဲ မင်္ဂလာဆောင်ရင် စဉ်းစားစေချင်တယ် ကျနော်.စိတ်ကူးအတိုင်းဆို ကိုယ်.ဌာန က ၀န်ထမ်းတွေကို လက်ဖွဲ.မပေးရ ဆိုပြီး ဖိတ်စာထဲမှာ ရေးထားမယ် ဒီခေတ် က နေရာတကာစီးပွားရေးဆန်တယ် အသုဘ ၊ မင်္ဂလာဆောင် ၊အိမ်တက် စသည်ဖြင်.ပေါ့ဗျာ ( Dr.မြအေးကိုဆိုလိုတာမဟုတ်ပါ ) စဉ်းစားကြပါ မလိုလားအပ်တဲ.ပြသနာတွေ နဲ. သမိုင်းမှာ မပါစေချင်လို.ပါ

mg kyant said...

စားဖားတွေ...စားဖားတွေ...တစ်ကောင် ပြား သုံးဆယ်.ဗျို့

နဂါးမျက်လုံး said...

သိပ်မဆိုးသေးပါဘူးဗျာ....
ကျုပ်တို့ ဌာနမှာ တော့.....
တစ်ယောက် (၅)သိန်းထက် ပိုလက်မဖွဲ့ရဘူးဆိုလို့....
ထည့်ထားတဲ့ (၁)သိန်းထုပ်လေး ပြန်သိမ်းပြီး သူပြောတဲ့ပမာဏ
ပြောင်းထည့်လိုက်ရကြောင်းပါ....
အမြဲထိတွေ့နေရတာ.... အမုန်းခံမနေတော့ဘူး....
အလုပ်မှာ ထိခိုက် ကုန်မှာလေ...

sky said...

ဒီသတင်းကို လုံးဝရှုံ့ချတယ်ဗျာ.. ကိုယ်လိုချင်တာကိုဆွဲရေးထားပြီး ပြည်သူနဲ့ အစိုးရ၀န်ထမ်းတွေကြား ရန်တိုက်သလိုဖြစ်နေတယ်.. ဒီအသက်အရွယ်ထိ ခြိမ်းခြောက်ပြီးလက်ဖွဲ့ငွေထည့်ခိုင်းတဲ့မင်္ဂလာဆောင်တခါမှ မကြုံဖူးဘူး ဖြစ်လည်းမဖြစ်နိုင်ဘူး ဖြစ်လည်းမဖြစ်သင့်ပါဘူး.. စတုတ္ထမဏ္ဍိုင်တွေ လုပ်ချင်တိုင်းလုပ် ရေးချင်းတိုင်းရေးနေတော့မှာလား နောက်ဆိုဘာကိုယုံလို့ဘာကိုဖတ်ရတော့မှာလဲ.. လခွီးမှပဲ ပိုက်ဆံရပြီးရောလုပ်နေတဲ့ကောင် မင်းတို့ပဲဖျက်နေတာ တိုင်းပြည်ကို..

Wai Lar Ko Ko said...

သူတို့ကတော့ဗီဇာမလိုဘူး
ဒယ်အိုးကိုတန်းနေတာပဲ

peace said...

အော်ဒီလိုကျတော့လဲလွယ်သားပဲနော်

ရာရာ said...

နဂါးမျက်လုံးရေ..(အမလေး..ခေါ်ရတာကြက်သီးထလိုက်တာ..အချောင်ပြာကျနေဦးမယ်..မျက်စောင်းထိုးလိုက်ရင်)..ကျုပ်တို့ဆီမှာတော့ အဲ့လိုလာလုပ်ရင် တစ်ထောင်တန်၊ ငါးရာတန်တွေပဲ ရသွားမှာဗျို့ ၊ ကျုပ်တို့ဆီက တိကျမှကြိုက်တာလား..ဒါ့ကြောင့်..လေးသိန်းကိုးသောင်းကိုးထောင့်ကိုးရာကျပ် အနည်းဆုံးနှင့် ငါးသိန်းသာအများဆုံးလက်ဖွဲ့ကြပါရန်...ဆိုပြီးပြောမှရမှာဗျ..နေပါဦး..ခင်ဗျားကဘယ်ဌာနကတုန်းဟင်...ဆက်သွယ်ရေးဌာနကလား..ဟဲဟဲ..နောက်တာနော်..ချိတ်အချိုးနဲ့ ...

shan lay said...

Very bad and very sad

friend said...

သူများအပုတ်ချချင်တာနဲ့ပဲ ဘာအဓိပ္ပာယ်နဲ့ရေးလည်းတော့မသိဘူး။ အခု အမှုပေါင်း ၃၀၀ ကျော် ပြန်စိစစ်မယ်ကြားတယ်။ တော်ကြာ ကိုယ်ပါ နောက်ဆက်တွဲထဲ ပါသွားဦးမယ်။ သတိပေးတာနော

Unknown said...

အမယ်သတိပေးတဲ့သူကလဲ ၀ါးစေအဖွဲ့ကထင်ပ မင်းလဲဒီလိုကြောင်ဖားဖြစ်မယ် ထင်တယ်နော်။

ဒီမိုခရေဇီ said...

ဒီသတင်းဖတ်ပြီး comment ရေးမယ်လုပ်တော့ စိတ်ထဲမတင်မကျဖြစ်နေတယ်။ အောက်က စားဖားတွေကို အဓိကထားပြောချင်တာဆိုရင်တော့ ဒီသတင်းက အရမ်းကောင်းတယ်။ ဒါပေမယ့် ပေးထားတဲ့ ခေါင်းစဉ်က စားဖားတွေကို ဒွိဟဖြစ်စေတယ် .. ကိုသက်ထူးလွင် ..။ ပညာရေးဝန်ကြီးတစ်ယောက်အနေနဲ့ အဲလို ရုပ်ပျက်ဆင်းပျက် နာမည်ပျက်ရုံလောက်တော့ မလုပ်ဘူးလို့ တကယ်ယုံကြည်တယ် ..။ သတင်းဆိုပေမယ့် စာဖတ်သူတွေဘယ်လို ဖြစ်သွားစေနိုင်တယ် (၀ါ) ပြည်သူတွေစိတ်ထဲမှာ ဘယ်လိုတွေ ခံစားသွားနိုင်တယ်ဆိုတာလောက်တော့ နဲနဲထည့်စဉ်းစားရင် ကောင်းမယ်ထင်တယ်။ အဲဒါက ရိုးရိုးသားသား အကြံပြုတာပါ ...။ သတင်းထဲမှာပါသလို အောက်ကစားဖားတွေကတော့ ဆက်ရှိနေဦးမှာပါပဲ ...။ နည်းပါးသွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကတော့ တရားဥပဒေ တကယ်စိုးမိုးတဲ့အချိန်ရောက်ရင်တော့ ဖြစ်လာမယ်ထင်တာပဲ ..။ ပြည်သူ့လွတ်တော်ဥက္ကဌကတော့ လာဘ်ပေးလာဘ်ယူတွေကို အမြစ်ဖြုတ်ပစ်မယ်လို့ ကတိပေးထားတာပဲ ..။ စောင့်ကြည့်ပေးပါ ကိုသက်ထူးလွင် ..။ ပြီးတော့ (ပြည်သူအတွက် အကျိုးရှိမယ့်)သတင်းကို အမြန်ဆုံးတင်ပေးပါလို့ ...။ ကျေးဇူးတင်ပါတယ် ..။

Positive Thinker said...

ဒီနေရာမှာ ဝန်ကြီး(မိသားစု) ကော၊ ပါချုပ်တွေကော မှားတာဖြစ်နိုင်ပါတယ်။
(၁)။ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလောက်အထိလက်ဖွဲ့ကောက်ခိုင်းမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ဖိတ်စာတွေ ထောင်သောင်းချီအောင်ပို့ဖိတ်ရတာလဲ။(အရင်လုပ်ဖော်ကိုင်ဖက်၊ တပည့်တပန်းတွေ ဖြစ်နေရင်တောင် မသင့်တော်)။ပါချုပ်တွေက ကိုယ့်ဘာသာ ဖိတ်စာထပ်ရိုက်တာတော့ မဖြစ်နိုင်ဘူး။ ဒီလိုဖိတ်တဲ့အတွက် လက်ဖွဲ့တောင်းတယ်လို့ ရည်ရွယ်ချက် ဖြစ်သွားပါတယ်။
(၂)။ ပါချုပ်တွေက ကျောင်းအလိုက် မျက်နှာလုပ်ချင်တော့ ငါ့ကျောင်းက ပိုတယ်ဆိုတာဖြစ်အောင် ဖိအားပေးကောက်ခံကြတာပေါ့။ အမှန်ဖြစ်သင့် တာကတော့ အကယ်လို့ ဖိတ်ခဲ့ရင်တောင် လက်ဖွဲ့သတ်မှတ်တာမျိုး၊ လက်ဖွဲ့ငွေစာရင်းထုတ်ပြန်တာမျိုး မလုပ်ပဲ စေတနာရှိသလောက် ထည့်ဝင်စေရင်တောင် ပညာတတ် ဆရာ၊ဆရာမတွေ အနေနဲ့ မျက်နှာပျက်အောင် လုပ်မှာမဟုတ်ပါဘူး။
ခုကတော့ ဖြစ်သွားပြီးနောက်မှာ ရှင်းပြရင် ပိုဆိုးသွားနိုင်တာမို့ မျက်နှာပြောင်ပြောင်နဲ့ပဲ ဆက်နေရမှာပေါ့။ နိုင်ငံခြားမှာဆိုရင်တော့ လုပ်ပုံကိုင်ပုံ မှားတာ တာဝန်ယူတဲ့အနေနဲ့ ရာထူးကနှုတ်ထွက်လောက်ပြီ။ ဒီမှာကတော့ ဒီလိုလူတွေချည်းပဲဆိုတော့ ........

ကျော်မျိုးနိုင် said...

ဘာဘဲပြောပြော လူတိုင်းက ပညာတတ်နေဖို့လိုပါတယ်။ ပညာတတ်တယ် ဆိုတာ အသိပညာကိုပြောတာပါ။ ချင့်ချိန်ပြီး ယုံကြဖို့ပါ။ တစ်ဖက်သတ် မတွေးဘဲ မျှမျှတတ တွေးတွေးဆဆ တွေးတတ်ကြဖို့ပါ။ ဒီမိုကရေစီနဲ့ ထိုက်တန်ဖို့ အများကြီးလိုပါသေးတယ်။ အောက်တန်းစား စိတ်ဓာတ်တွေ ဖျောက်ကြပါ။ တကယ်တမ်း ပြောရရင် ပညာမတတ်ကြခြင်း က အခြေခံကျနေပါတယ်။ အရင်ခေတ်လိုမဟုတ်ပါဘူး။ စေတနာမပါရင် မထည့်ကြနဲ့ပေါ့။ ဘာ ကြောက်နေစရာ လိုလို့လဲ။ ဘာကြောင့် ကြောက်ရတာတုန်း။ မတန်မရာဘွဲ့ကို ယူထားမိလို့လား။ ပညာတတ်နေရင် လောကမှာ ဘာကိုမှ ကြောက်နေစရာမလိုပါဘူး။

Set Htun said...

Thank You Blog owner and informer cos of I see old teachers and friend's list from monywa Univ. here.
Please post some other lists if possible.

Be Gyaw said...

စကထဲက ဘာလို့ အောက်ကလူတွေ အများကြီးကို ဖိတ်ရတာလဲဆိုတာကို စဉ်းစားဖို့ ကောင်းပါတယ်။ မင်္ဂလာဆောင်ဆိုတာ ဘယ်မှာဘဲလုပ်လုပ် အလွန်ဆုံး လူ ၁၀၀၀ လောက်ဆံ့မှာပေါ့။ တစ်နိုင်ငံလုံးက မလာနိုင်မှန်းသိလျက်နဲ့ ဖိတ်စာတွေ ပို့တာကိုက ရည်ရွယ်ချက်က ရှင်းပါတယ်။
ဝန်ကြီးကတော့ သိချင်မှသိမှာပါ။ သမီးမင်္ဂလာဆောင်တာ ဖအေလုပ်တဲ့သူက အသေးစိတ် ၀င်ပါမယ် မထင်ပါဘူး။ ဒါပေမယ့် ၀န်ကြီးကတော်နဲ့ PA လိုမျိုးသူတွေက စီစဉ်နေတာလဲ ဖြစ်နိုင်တာဘဲလေ။ ဘယ်အဆင့်အထိ ဖိတ်စာပို့... ဘာ၊ညာပေါ့နော်.... လူကြီးလုပ်တဲ့သူတွေ သတိထားဖို့လိုပါတယ်...။ ဘယ်လိုဘဲ မသိဘူးဆိုဆို ပြသနာဖြစ်လာတော့ကိုယ်ကနာမည် အရင်ပျက်ရတာကိုး.....

Hla Kyaw Nay said...

ခက်တယ်။ မတရား တစ်ပွဲစား တစ်နပ်စား အော်ဂျောကြီးလှန်ချင်တာကိုးဗျ။ ပညာရေးနယ်ပယ်ကလူတွေဖြစ်ပြီး ဥာဏ်တွေက တုံးချက်ရယ်။

တစ်တိုင်းပြည်လုံး အနယ်နယ်အရပ်ရပ် ပညာရေးဝန်ကြီးဌာန လက်အောက် ၀န်ထမ်းပေါင်း ဘယ်လောက်ရှိမလဲ။

တော်ပြီပေါ့ အားလုံးကိုဖိတ်ပြီး တစ်ယောက် တစ်ထောင်ထက် ပိုမထည့်ရဆို။ ကဲ။

ဝန်ကြီးလည်း သဘောကောင်းလိုက်တာလို့ မျက်နှာရမယ်။ သမီးလည်း မျက်နှာရမယ်။ တစ်ထောင် နဲ့ ပညာရေးဝန်ကြီးဌာနက ၀န်ထမ်းအားလုံးပေါင်းနဲ့ မြောက်ကြည့်ပေါ့။

တုံးချက် .. မတရားချမ်းသာချင်ကြတာကိုး။

micromyo said...

this is kleen garbarment.

john said...

မုံရွာတက္ကသိုလ် လက်ဖွဲ့စာရင်းဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ
ပါလာလို့ ဦးကျော်မြင့်သိန်း တာဝန်ခံ ပါချုပ်က ဌာနအသီးသီးကို
ဖြန့်ဝေထားတဲ့ အထက်ဖော်ပြပါစာကို ပါမောက္ခ(ဌာနမှူး)များထံမှ ချက်ခြင်းလိုက်လံသိမ်းဆည်းတယ်
အခုအင်တာနက်ပေါ်မှာ ပေါ်နေတဲ့ စာရွက်ကိုတော့ ဘယ်အချိန်
လာသိမ်းမလဲတော့ မသိဘူး မြန်မြန်ဖတ်ထားကြဗျို့ ပါချုပ်က
ရုံးလုပ်ငန်းလုပ်တာတိကျတယ် ရုံးတံဆိပ်ကြီးလဲ အတိအကျရိုက်ထားတယ် ဒီဇာတ်လမ်းမှာ တက္ကသိုလ်က ပါချုပ်တွေဆိုတာ သားကောင်လေးတွေပါ အဓိက ကတော့
အဆင့်မြင့်ပညာဦးစီးဌာန(အထက်၊အောက်)ကညွှန်ချုပ်နှစ်ယောက်ရယ် ၀န်ကြီးရုံးက ရုံးအဖွဲ့မှူးရယ် ကိုယ်ရေးအရာရှိရယ်
စီမံဌာန(၁)အဆည ရုံးချုပ်က ဖြစ်တယ်။ မန္ထလေးမှာဆိုရင်
ဒေါက်တာစိုးဝင်းညွှန်ချုပ်၊ ဒေါက်တာသိန်းဝင်း ဒုညွှန်ချုပ်၊ဦးလှရွှင် ညွှန်ကြားရေးမှူးစီမံ(၁)(ယခင်မန္တလေးတက္ကသိုလ်ညစောင့်လုပ်သား)တို့သုံးဦးစီစဉ်တာဖြစ်တယ်၊ဦးလှရွှင်ညွှန်မှူးစီမံ (၁)ကအဆညအထက် ရုံးချုပ်ရဲ့ ကွန်ပျူတာ ဌာနမှာ ဆရာဆရာမတွေရဲ့ အမည်၊ရာထူး၊တက္ကသိုလ် တို့ကို ဖိတ်စာပေါ်၇ိုက်ပြီးတော့
တက္ကသိုလ်အားလုံးကို ပေးပို့တယ်။ နောက်ပြီးအဲဒီလူက
တယ်လီဖုန်းနဲ့ကျောင်းတွေကိုဆက်တယ်။ ဒါဒီမိုကရေစီစနစ်ရဲ့
အသစ်အသစ်သော ရုံးလုပ်ငန်းလုပ်ထုံးလုပ်နည်းတစ်ခုပေါ့၊
အပြင်မှာကြတော့ ပါချုပ်တွေပဲ နာမည်ပျက်တယ် ၀န်ကြီး ဒေါက်တာမြအေးကျတော့လည်း ကျောင်းကလုပ်တာပါလျို့
ညွှန်ချုပ်(ပညာရေးအခေါ်ကျွန်စုတ်)နှစ်ဦးက ၀န်ကြီးကို
လိမ်ပြီးတော့ ပြောတယ်။ အောက်ကျတော့ ဒီညွှန်ချုပ်နှစ်ယောက်က ဒေါက်တာမြအေးတော့ ဒုက္ခရောက်စေဆိုပြိးတော့ ဖိတ်စာတွေကို နာမည်နဲ့တကွ
ကျောင်းအားလုံး၊တက္ကသိုလ်အားလုံးကို ပေးပို့တယ်။ မဖြစ်မနေ
လက်ဖွဲ့ငွေကောက်ခံခိုင်းတယ်။ဖိတ်စာပေးပို့ပုံကလည်း
ပါမောက္ခ(ဌာနမှူး)နှင့် ဆရာဆ၇ာမများဟု ဌာနတစ်ခုကို
တစ်စောင်ပို့ရင် လုံလောက်ပါပြီိ။ခုကျတော့ ပါမောက္ခ၊တွဲပါမောက္ခ၊ကထိကအဆင့်ပဲပို့တယ်။အောက်က
လက်ထောက်ကထိက၊နည်းပြသရုပ်ပြတွေကိုချန်ထားတယ်။
ဒါဘာသဘောလဲ ဆရာဆရာမတွေရဲ့ စည်းလုံးညီညွှတ်မှုကို
ဖြိုခွဲတာပဲဖြစ်တယ်။ဆရာဆရာမဆိုတာ ခင်ဗျားတို့ ရုံဝန်ထမ်းထက်သာပါတယ်။ ဒလ၀မ်လည်းမလုပ်ခဲ့ရပါဘူး သမ္မတကြီးက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး လုပ်နေချိန်မှာ အထက်ဖော်ပြပါ လူသုံးဦးကတော့ ၀န်ကြီးလည်း ဒုက္ခရောက်စေ ဆရာဆရာမတွေလည်း စိတ်ဝမ်းကွဲစေ၊ ဗျူရိုဂရက်ဝါဒလည်း ဆက်လက်ရှင်သန်စေ ပါချုပ်တွေလည်း ဒုက္ခရောက်စေ ရည်ရွယ်ချက်တွေကို အောက်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ပါချုပ်တွေအနေနဲ့ကတော့ ယခုမင်္ဂလာကိစ္စမှာ ၀န်ကြီးအမြင်စောင်းတာကို ခံခဲ့ရတယ် တကယ်တော့ ကျောင်းတွေတက္ကသိုလ်တွေက ဒီလူသုံးဦးခိုင်းတာလုပ်ရတာပါ
ခုကျတော့ဝန်ကြီးစိတ်ဆိုးတော့ ဒီလူတွေကပဲ ကျောင်းတွေက လုပ်တာပါ ကျွန်တော်တို့မခိုင်းပါဘူး ဆိုပြီးလိမ်ပြန်ရော။ ကိုင်းခင်ဗျားတို့ ဒေါက်တာမြအေးလက်ထက်မှာ လုပ်ခဲ့သမျှ မသမာမှု၊အဂတိလိုက်စားမှု ၀န်ထမ်းထုတွင်း စိတ်ဝမ်းကွဲအောင် အထင်မှား အမြင်မှားဖြစ်အောင် ပြုလုပ်ခဲ့တာတွေ (1-4-2012)ရွေးကောက်ပွဲနောက်ပိုင်းမှာ
လွှတ်တော်ထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းကြတောပေါ့။ NLD ပါတီကလည်း ရွေးကောက်ပွဲ ၀င်မှာဆိုတော့ နိုင်ဦးမှာပါ။အဲဒီအခါကျရင် ဒီအမတ်တွေ မေးတာကို ဖြေရတော့မှာပါ မင်းတို့အခုမှ ဒုက္ခရောက်တာ သမ္မတကြီးက နောက်ကြောင်းပြန်မလှည့်ပါဘူး ကမ္ဘာကိုကြေငြာခဲ့သော်လည်း
အဆညကတော့ နောက်လှည့်သွားတာ တော်တော်ဝေးဝေးရာက်နေပြီ။ ဒါ ဒီကိစ္စကိုတာဝန်ရှိပါတယ် ဆိုပြီးတော့ ဘယ်သူနှုတ်ထွက်စာတင်မှာလဲ စောင့်ကြည့်ရဦးမှာပေါ့ ပညေ၇းရဲ့အနာဂတ်ကို ကောင်းအောင်
ဝိုင်းဝန်းကြိုါ်ပမ်းပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Nge Lay said...

ဒီဘ၀မှာယူခဲ့သမျှနောင်ကျထားခဲ့ရမှာပါ....ဒီဘ၀မှာပေးခဲ့သမျှနောင်ကျယူသွားရမှာပါ........

kk said...

သြော် သူတို့တောင်းနိုင်တုန်းတောင်းကြပါစေ။

kk said...

သြော် သူတို့တောင်းနိုင်တုန်းတောင်းကြပါစေ။

မိုးချစ်သူ said...

ဒီသတင်းကို မှားတယ်လို့လဲ မပြောချင်သလို၊ မှန်တယ်လို့လဲ မဆိုနိုင်ပါဘူး။ ငါလုံးက ထင်ကြေးတွေပဲလေ.. ကာယကံရှင်ကိုယ်တိုင်ပဲ သိမှာပေါ့။ ဒါပေမယ့် အဖွဲ့အစည်းတိုင်းမှာတော့ အခုလိုကိစ္စတွေရှိတယ်ဆိုတာ မဆန်းပါဘူး။ ကိုယ်တိုင်က ၀န်ထမ်းဖြစ်နေတဲ့အတွက် ခံစားဖူးပါတယ်။ အထက်လူကြီးတွေက ကိုယ့်အောက်က ၀န်ထမ်းကို ကိုယ်ချင်းစာတယ်ဆိုတာ ရှားပါတယ်။ "ဆင်ကတော့ ရူးရူးပေါက်လိုက်တာပဲ ပုရွတ်ဆိတ်ခဗျာ ပင်လယ်ကိုဝေလို့ " ဆိုသလိုပေါ့...... တခါကလဲ အထက်က လူကြီးတစ်ယောက်ပေါ့.... ကိုယ့်အသက်အရွယ်ကိုမှ အားမနာ ၅၀ နီးပါးရှိမှ မွေးနေ့ထလုပ်တယ်တဲ့။ကျွေးတာကလဲ ဟိုပစ္စည်းအလှူခံ ဒီပစ္စည်းအလှူခံနဲ့ရတဲ့ မုန့်ဟင်းခါးတဲ့။ အောက်လက်ငယ်သားတွေက မသွားရင်လဲ မကောင်း သွားပြန်ရင်လဲ တစ်သောင်းမကျော်ရင် အမြင်ကတ်ပုဒ်မ နဲ့ အလုပ်တွေ ရောပစ်မှာစိုးလို့ အောင့်အီးပြီး လစာငွေလဲ ၃ ပုံပုံ ၁ပုံကို သွားပြီး ထည့်လိုက်ရတယ်လေ။ ပြီးတော့ ကတော်တွေကလဲ ဈေးမှာ ပေါပေါများများရနေတဲ့ပစ္စည်းတွေကိုပဲ ထက်ဝက်ကျော်မက ဈေးတင်ပြီး အောက်လက်ငယ်သားတွေကို ရောင်းတယ်။ သူတို့က တကယ့်စီးပွားရေးသမားတွေထက်တောင် ခိုင်မာသေး။ ၁၀၀ ကို ၁၅ ကျပ်တိုးနဲ့ အမြတ်တင်ရောင်းတာတဲ့။ ကလန်ကဆန်လုပ်ရင်လဲ နယ်အဝေးကို ပို့ပစ်လိုက်ရမလား ဘာလား စသလိုနောက်သလို ခြိမ်းခြောက်ခံရသေးတယ်။ အထက်လူကြီး အပေါင်းတို့ ကိုယ်ချင်းစာတရားလေးများရှိရင် ၀န်ထမ်းအားလုံး စိတ်ချမ်းသာမိမှာ အမှန်ပါ။ ဒါကတော့ ကိုယ်တွေ့အဖြစ်အပျက်လေးထဲက အနည်းအကျင်းလေးပါ။ ပေါ့သွားမလားလို့ ရင်ဖွင့်လိုက်တာ ။ ကျေးဇူးတင်ပါတယ်

မိုးချစ်သူ said...

ဒီသတင်းကို မှားတယ်လို့လဲ မပြောချင်သလို၊ မှန်တယ်လို့လဲ မဆိုနိုင်ပါဘူး။ ငါလုံးက ထင်ကြေးတွေပဲလေ.. ကာယကံရှင်ကိုယ်တိုင်ပဲ သိမှာပေါ့။ ဒါပေမယ့် အဖွဲ့အစည်းတိုင်းမှာတော့ အခုလိုကိစ္စတွေရှိတယ်ဆိုတာ မဆန်းပါဘူး။ ကိုယ်တိုင်က ၀န်ထမ်းဖြစ်နေတဲ့အတွက် ခံစားဖူးပါတယ်။ အထက်လူကြီးတွေက ကိုယ့်အောက်က ၀န်ထမ်းကို ကိုယ်ချင်းစာတယ်ဆိုတာ ရှားပါတယ်။ "ဆင်ကတော့ ရူးရူးပေါက်လိုက်တာပဲ ပုရွတ်ဆိတ်ခဗျာ ပင်လယ်ကိုဝေလို့ " ဆိုသလိုပေါ့...... တခါကလဲ အထက်က လူကြီးတစ်ယောက်ပေါ့.... ကိုယ့်အသက်အရွယ်ကိုမှ အားမနာ ၅၀ နီးပါးရှိမှ မွေးနေ့ထလုပ်တယ်တဲ့။ကျွေးတာကလဲ ဟိုပစ္စည်းအလှူခံ ဒီပစ္စည်းအလှူခံနဲ့ရတဲ့ မုန့်ဟင်းခါးတဲ့။ အောက်လက်ငယ်သားတွေက မသွားရင်လဲ မကောင်း သွားပြန်ရင်လဲ တစ်သောင်းမကျော်ရင် အမြင်ကတ်ပုဒ်မ နဲ့ အလုပ်တွေ ရောပစ်မှာစိုးလို့ အောင့်အီးပြီး လစာငွေလဲ ၃ ပုံပုံ ၁ပုံကို သွားပြီး ထည့်လိုက်ရတယ်လေ။ ပြီးတော့ ကတော်တွေကလဲ ဈေးမှာ ပေါပေါများများရနေတဲ့ပစ္စည်းတွေကိုပဲ ထက်ဝက်ကျော်မက ဈေးတင်ပြီး အောက်လက်ငယ်သားတွေကို ရောင်းတယ်။ သူတို့က တကယ့်စီးပွားရေးသမားတွေထက်တောင် ခိုင်မာသေး။ ၁၀၀ ကို ၁၅ ကျပ်တိုးနဲ့ အမြတ်တင်ရောင်းတာတဲ့။ ကလန်ကဆန်လုပ်ရင်လဲ နယ်အဝေးကို ပို့ပစ်လိုက်ရမလား ဘာလား စသလိုနောက်သလို ခြိမ်းခြောက်ခံရသေးတယ်။ အထက်လူကြီး အပေါင်းတို့ ကိုယ်ချင်းစာတရားလေးများရှိရင် ၀န်ထမ်းအားလုံး စိတ်ချမ်းသာမိမှာ အမှန်ပါ။ ဒါကတော့ ကိုယ်တွေ့အဖြစ်အပျက်လေးထဲက အနည်းအကျင်းလေးပါ။ ပေါ့သွားမလားလို့ ရင်ဖွင့်လိုက်တာ ။ ကျေးဇူးတင်ပါတယ်

Yoe said...

အပေါ်က john ပြောသလို အဆညကလူတွေ ဖိတ်စာ လည်ပြီးဝေလို့ ဖြစ်ရတဲ့ပြသနာလို့ သိရပါတယ်။ ၀န်ကြီးဒေါက်တာမြအေးကို ဖားတာလား။ နာမည်ဖျက်တာလားတော့ သေချာမသိပေမဲ့ အခုပြသနာက ဒေါက်တာမြအေးနဲ့ သူ့သမီးကိုပဲ ဂယက်ရိုက်စေပါတယ်။ တကယ်ပြသနာရှာတဲ့ အဆညက လူတွေကတော့ ခေါင်းရှောင်လို့ရနေပါတယ်။ အခုဟာ အဆင့်မြင့်တင်မဟုတ်ဘဲ အခြေခံထိပါ ဖိတ်စာတွေ ဝေတယ်လို့ သိရပါတယ်။ တက္ကသိုလ်တိုင်းတော့ ဒီလိုပြသနာဖြစ်တယ်လို့ မကြားရပါဘူး။ မုံရွာကပါချုပ်ကပဲ ဖားချင်တာနဲ့ လုပ်တယ်ထင်ပါတယ်။ အကြီးအကဲကို ဖားချင်တာ ကျွန်တော်တို့နိုင်ငံရဲ့ အလေ့အထလို့တောင် ပြောလို့ရနေပြီထင်ပါ့။

monson said...

အော်ဝန်ကြီးကလဲဗိုလ်ကြီးမှသဘောကျပါလားနော်

Dr.Swar said...

ဖိတ်စာက တမင်ဝန်ကြီးကို ဒုက္ခရောက်အောင်လုပ်နေတာပါ။ သမိုင်း နောက်ကြောင်းလှန်ရင် တစ်ချိန်က ဒေါက်တာ မြအေးက ပါမောက္ခချုပ် မန္တလေးတက္ကသိုလ် ဒေါက်တာ စိုးဝင်းက တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ အဆည(အထက်မြန်မာပြည်)ထက်/အောက် တာဝန်ထမ်ဆောင်ခဲ့စဉ်က ဒေါက်တာ စိုးဝင်းက အထက်ဌာနဆိုပြီး ကိုမြအေးလို့ ခေါ်ခဲ့တယ်၊ အဲဒီလို ပြောပြီး ခိုင်းခဲ့တယ်၊ ဒေါက်တာ သိန်းဝင်း၊ ဒုညွှန်ချုပ်၊ အဆည(အထက်)ကလည်း ဒေါက်တာ မြအေးကို နှစ်ပြားမတန်အောင် ကွယ်ရာမှာ ရှုတ်ချခဲ့တယ်၊ ဒေါက်တာ မြအေး ရွေးကောက်ပွဲ ပြိုင်တာ တောင်မှ မရနိုင်ဘူးလို့ ပြောခဲ့တယ်၊ ဒေါက်တာ မြအေး ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်ရန်အတွက် ပါမောက္ခချုပ် ရာထူးကနေပြီးတော့ ပင်စင်ယူရတယ်။ အဲဒီအချိန်မှာ ဒေါက်တာ စိုးဝင်း နှင့် ဒေါက်တာ သိန်းဝင်းတို့က ဒေါက်တာ မြအေးအိမ်ကို တယ်လီဖုန်းကို ဖြုတ်သိမ်းပစ်တယ်၊ ဦးထွန်းအောင်၊ အင်ဂျင်နီယာ၊ မန္တလေးတက္ကသိုလ် ကလည်း ဒေါက်တာ မြအေး၏ ယာဉ်မောင်းကို ပြန်လည်သိမ်းပစ်တယ်၊ ဒေါက်တာ မြအေးကို ၀ိုင်းပြီးတော့ တွယ်ကြတာ အင်အားအကုန်သုံးပြီး လုပ်ကြတယ်၊ အခု ဒေါက်တာ မြအေး၊ ၀န်ကြီးဖြစ်တော့လည်း ၀န်ကြီးဌာန အမိန့်တွေကို တမင်မှားအောင် လုပ်တယ်၊ ပြီးတော့ ၀န်ကြီးက လုပ်ခိုင်းတာလို့ပြောတယ်၊ ဆရာ/မတွေနှင့် ၀န်ကြီးကြားမှာ ပြသနာဖြစ်အောင် ဖန်တီးတယ်၊ အခု မင်္ဂလာဆောင်ဖိတ်စာလည်း တမင် ပြသနာတက်အောင် သူတို့ဘဲ လုပ်ခဲ့တာ၊ ဦးဇော်ဌေးနှင့် ဒေါက်တာ စိုးဝင်း၊ ညွှန်ချုပ်(၂)ယောက်က ဒေါက်တာ မြအေးအထက်မှာ တစ်ချိန်က နေခဲ့တယ်၊ အခု ဒေါက်တာ မြအေးအောက်ရောက်တော့ ဘယ်ကျေနပ်မလဲ၊ နောင်လည်း အမျိုးမျိုး ပြသနာတက်အောင် လုပ်နေအုံး မှာဘဲ အခုလည်း ဒေါက်တာ လွဏ်းဆွေ ၀ဘ်ဆိုဒ်မှာ ဒေါက်တာ မြအေး ခိုင်းလို့ဆိုပြီး ဒေါက်တာ စိုးဝင်းက တက္ကသိုလ် ကောလိပ်တွေကို မီဒီယာနဲ့ပတ်သက်တဲ့ အမိန့်စာကြီး ဒေါက်တာ စိုးဝင်း လက်မှတ်နဲ့ တင်ထားတာတွေ့ရတယ်၊ မီဒီယာနဲ့ ဒေါက်တာ မြအေးကို ရန်တိုက်တာ ဖြစ်တယ်၊ ဦးလှရွှင်၊ ညွှန်ကြားရေးမှူး စီမံ-1၊ အဆည(အထက်)၊ ယခင် မန္တလေးတက္ကသိုလ် ရုံးအကူကလည်း ဆရာ/မတွေကို ပိုက်ဆံရရင်တစ်မျိုး၊ မရရင်တစ်မျိုး လုပ်တယ်၊ ဆရာ/မ တွေရဲ့ အပြောင်းအရွှေ့ကိစ္စတွေမှာ သူ့ထံ ၀င်ရင်တော့ အဆင်ပြေတယ်၊ မ၀င်ရင်တော့ အဆင်မပြေဘူး၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ သန့်ရှင်းတဲ့အစိုးရ၊ မူဝါဒကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာ တက္ကသိုလ်ဆရာ/မတိုင်း သိပါတယ်၊ ဒီပုဂ္ဂိုလ်တွေဟာ ပညာရေးလောက မှာ ရာထူးသာရှိပြီး သိက္ခာမရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ အဲဒီပုဂ္ဂိုလ်တွေ နေရာမှာ တက္ကသိုလ်အသီးသီးမှာ အစားထိုးစရာ ပါမောက္ခတွေ အများကြီး ရှိပါတယ်၊ ဒီကိစ္စက နိုင်ငံခြားမှ မှာယူသော ကိစ္စမဟုတ်ပါ၊ ဒီလူတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်အုံးမယ်ဆိုရင် အစိုးရလည်း သိက္ခကျ ဆရာ/မတွေလည်း နိုင်ငံတော်အပေါ် အထင်မှား အမြင်မှား မှုတွေ ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ဧကန်အမှန်ပင် ဖြစ်ပါတယ်၊

mgyupa said...

Ko Thit Htoo Lwin,In your original post,you write as
တက္ကသိုလ်၊ ဒီဂရီကောလိပ်ရှိ ဆရာဆရာမများအားလုံးကိုဖိတ်ပြီး Which university and Degree College? All 44 universities and Degree College from upper and lower myanmar? Scanning posts and writing posts are not matching.What is your target? Minister? Monywa University? If you dare and want to know true facts and figure honestly, I invite you to come and inquire anytime at Monywa University.

kogyikyaw said...

ဖွတာတွေ…အပုပ်ချတာတွေ..၀ါးလုံးမစင်သုတ်ရမ်းတာတွေ…ရပ်သင့်ပါပြီ..။ တစ်ယောက်က စလိုက်တာတစ်ရာမပြည့်ခင်မှာပဲ ညွှန်မှူး၊ ဒုညွှန်ချုပ်၊ ညွှန်ချုပ်၊ ပါချုပ်၊ ၀န်ကြီးတို့လဲ ရစရာမရှိတော့ပါဘူး၊ဒီဘလော့ပေါ်စပြီး တင်ကတည်းက သဘာဝမကျတာတွေ့ရပါတယ်။ အပေါ်က စာရွက်နှစ်ရွက်က မုံရွာတက္ကသိုလ်ကဆရာ။ဆရာမများသူတို့သဘောဆန္ဒအလျောက် လက်ဖွဲ့ကြတဲ့လက်ဖွဲ့စာရင်းပါ။ရာထူးတူဆရာ၊ဆရာမများရဲ့ လက်ဖွဲ့ငွေပမာဏကိုကြည့်ခြင်းအားဖြင့် မည်ရွေ့ မည်မျှဆိုပြီး အတင်းအကြပ် ကြေးပစ်ကောက်ခံတာမဟုတ်ကြောင်း ဦးနှောက်ရှိသူတိုင်း စဉ်းစားကြည့်နိုင်ပါတယ်။ အထောက်အထားအနေနဲ့ (ကျော်စွာဝင်းသန့် ရဲ့ဖေ့စ်ဘုတ် မှာ ဒါနဲ့ပတ်သက်တဲ့ အစည်းအဝေးမှတ်တမ်းကိုပါ ပူးတွဲတင်ထားတာကိုတွေ့နိုင်တယ်။)ဒီစာရင်းစာရွက်နှစ်ရွက်ကလည်း အဲဒီရက်ပိုင်းက ဆရာ၊ဆရာမအများစုက ဘွဲ့နှင်းသဘင်တာဝန်တွေနဲ့တိုက်ဆိုင်နေတဲ့အတွက်ကိုယ်တိုင်အခမ်းအနားမတက်ရောက်နိုင်ကြလို့တက္ကသိုလ်
ကိုယ်စား မင်္ဂလာဆောင်အခမ်းအနားကိုတက်ရောက်မယ့် ဒုချုပ် ကို လက်ဖွဲ့ငွေများနဲ့အတူလက်ဖွဲ့ငွေလက်ခံသူများ စာရင်းသွင်းတဲ့အခါ အဆင်ပြေစေဖို့အသင့်ရိုက်ပေးလိုက်တာ။ အများရဲ့သံသယရှင်းစေဖို့လက်ဖွဲ့တဲ့ဌာနများကိုလည်းပါချုပ်ရုံးကမိတ္တူတစ်စောင်စီပေးတယ်။အဲဒါကိုတစ်နည်းနည်းနဲ့ရသွားတာဖြစ်နိုင်တယ်။ဒါပေမယ့်စာရင်းစာရွက်နှစ်ရွက်ရဲ့အောက်မှာရေးထားတာကျတော့--တက္ကသိုလ် ၊ ဒီဂရီကောလိပ် ရှိ
ဆရာ၊ ဆရာမများအားလုံးကိုဖိတ်ပြီး လက်ဖွဲ့ ကို အနဲဆုံး ငါးထောင်ကျပ် မထည်မနေရ ပါမောက္ခချုပ်နှင့် ပါမောက္ခများကအတင်းအကျပ်ထည့်ခိုင်းကြောင်းသိရပါသည်။--လို့ရေးထားတယ်။ မုံရွာတက္ကသိုလ်ဆိုတာလုံးဝမပါဘူး၊ တာဝန်ခံ ပါချုပ်က ဌာနအသီးသီးကိုဖြန့်ဝေထားတဲ့ အထက်ဖော်ပြပါစာကို ပါမောက္ခ(ဌာနမှူး)များထံမှ ချက်ခြင်းလိုက်လံသိမ်းဆည်းတယ်--ဆိုတာကလည်း Scan ဖတ်ပြီးတင်ထားတဲ့လက်ဖွဲ့စာရင်းစာရွက်အနေအထားနဲ့တိုက်ဆိုင်စစ်ဆေးချင်လို့ဌာနတွေကပြန်တောင်းကြည့်တာဖြစ်ေ
ကြောင်းစုံစမ်းသိရှိရပါတယ်။ဘာပဲပြောပြော ဒီ post ကို စ တင်တဲ့သူအနေနဲ့ စေတနာမှန်မယ်ဆိုရင်၊ စတုတ္ထမဏ္ဍိုင်ကို တန်ဖိုးရှိရှိအသုံးချချင်တယ်ဆိုရင် ရေငုံနှုတ်ပိတ် မနေဘဲ သိက္ခာရှိရှိ ပြန်လည်ရှင်းလင်းပြသင့်ကြောင်းပါ။

Unknown said...

ဝဋ်လည်နေအုန်းမယ်

Powered by Blogger.