အမျိုးသားများ မ၀င်ရ
အမျိုးသား ခရီးသည်များ ၀င်ခွင့်မရတာကတော့ အမျိုးသမီး ဘတ်စ်ကားတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဘတ်စ်ကား ကျပ်ကျပ်တွေကြောင့် စိတ်ညစ်နေရတဲ့ ရန်ကုန်မြို့နေအမျိုးသမီးများအတွက် သီးသန့် ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေပါ။
မိန်းမဘတ်စ်ကားလို့ တချို့က အမည်ပြောင် ပေးထားတဲ့ အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေကို ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ကစပြီး စမ်းသပ် မိတ်ဆက်ရာကနေ တနင်္လာနေ့မှာတော့ ပုံမှန်ပြေးဆွဲမှုကို အစပြုခဲ့တာ ဖြစ်ပါတယ်။
“ရန်ကုန်မြို့နေ့ အမျိုးသမီးတွေ ရုံးတက်ရုံးဆင်း၊ ကျောင်းတက်ကျောင်းဆင်းမှာ ဘတ်စ်ကားကျပ်တဲ့ ဒုက္ခက ကင်းဝေးအောင်၊ သီးသန့်လေး စီးနင်းနိုင်အောင် စေတနာ၊ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ပါရမီ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းမှ ဌာနခွဲမှူးတဦးက ဧရာဝတီကို ပြောပါတယ်။
ဒီကားတွေကို ရုံးဖွင့်ရက်တွေမှာပဲ၊ ပြီးတော့ ကား အထူးကျပ်တဲ့ ရုံးတက် ရုံးဆင်းချိန်မှာပဲ တွေ့ရမှာပါ။
အဓိပတိ အပြာ၊ အနီ၊ အ၀ါ၊ ၁၇၆၊ ၁၇၇ ဆိုတဲ့ ယာဉ်လိုင်းတွေမှာ အမျိုးသမီး ခရီးသည်တင် ဘတ်စ်ကားတွေ ရှိနေပါပြီ။ အရေအတွက်က အများကြီးတော့ မဟုတ်ပါဘူး၊ တလိုင်းကို နှစ်စီးနှုန်းနဲ့ ဆယ်စီးပြေးဆွဲနေတာပါ တဲ့။
ရန်ကုန်မြို့ ဘတ်စ်ကားတွေပေါ်မှာ ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခံနေရတာတွေဟာ အမျိုးသမီး ခရီးသည်များ နေ့စဉ်နဲ့အမျှ တွေ့ကြုံ ခံစားနေကြရတဲ့ ပြဿနာကြီးပါ။
တနိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံတပုံကို ထမ်းထားရတဲ့ ရန်ကုန်မှာ ဒီပြဿနာဟာ ဆယ်စုနှစ်တခုမက ကြာလာပါပြီ။ နှစ်တွေ ကြာလာလေ၊ ကားတွေ ကျပ်လာလေ၊ ဒီပြဿနာ ပိုကြီးလာလေပါပဲ။
ကားကျပ်တာကို အခွင့်ကောင်းယူပြီး ပွတ်သီးပွတ်သပ်လုပ်တတ်သူ၊ လက်သရမ်းတတ်သူတချို့နဲ့ ကြုံရမှာကို အရွယ်ရောက်တဲ့ မိန်းကလေးတွေ စိုးရိမ်ပူပန်ခဲ့ရပါတယ်။ အခုတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးများပါ ဒီအန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။
ဘတ်စ်ကားနဲ့သာ အဓိကထား သွားလာနေရတဲ့ ရန်ကုန်သူတွေက ဒီပြဿနာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့ကြပါတယ်။ ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်တွေမှာ ဘတ်စ်ကား မကျပ်ပါစေနဲု့လို့ မဖြစ်နိုင်တာကို ဆန္ဒပြုရင်း တချို့က အပ်ချိတ်ကြီးကြီး ဆောင်ကြ၊ တချို့ကျတော့ ခေါက်ထီးကြီးကြီး ကိုင်ကြ … စတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ ဖြေရှင်းခဲ့ကြတာပါ။
အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေ ပေါ်ပေါက်လာတာကို လိုအပ်ရဲ့လား ဆိုပြီး ဝေဖန်သူများ ရှိသလို၊ တခဲနက် ကြိုဆိုသူများလည်း ရှိတယ် ဆိုတာ အင်တာနက် စာမျက်နှာများမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။
“သိန်းထောင်ချီ (တန်တဲ့) ကားတွေစီးနေတဲ့ အမျိုးသမီး ရေးရာက “ကတော်မမကြီး” တွေ ပိုက်ဆံ ၀ိုင်းထည့်ပြီးတော့တောင် အရှုံးခံ ဆွဲပေးသင့်တာပေါ့” လို့ ဒါရိုက်တာ ချိုတူးဇော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်ချက်ပြုထားပါတယ်။
ကဲ … ဘယ်လိုအကြောင်းကြောင့်နဲ့ပဲ ဖြစ်ဖြစ် အမျိုးသမီးများအတွက် သီးသန့် ဘတ်စ်ကား ၁၀ စီးတိတိ မဟာရန်ကုန်က ကားလမ်းတွေပေါ်မှာ အချိန်ပိုင်း ပြေးလွှားနေပါပြီ။ ဒီကားတွေပေါ်က လေဒီကြီးငယ်တွေ အဆင်ပြေကြသလိုပဲ တခြား နယ်စည်းမခြား ဘတ်စ်ကားများပေါ်မှာ သွားလာနေရတဲ့ အမျိုးသမီးများလည်း အန္တရာယ် မျိုးစုံမှ ကင်းပါစေလို့ ဆန္ဒပြုရင်း..
အဆိုတော်ရဲ့ ဒုက္ခ
အဆိုတော်တယောက်ရဲ့ အရည်အချင်းက အဆို”တော်”ဖို့ တခုတည်း မဟုတ်တော့ဘူး ဆိုတာ အခုလို စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ဆောင်နေချိန်မှာ ပိုပြီး ထင်သာမြင်သာ ရှိလာပါပြီ။
အဆိုတော် ဆောင်းဦးလှိုင်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရန်ကုန်မှာ တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲလုပ်တော့ သူ့ပွဲကို လာမကြည့်ကြဖို့ တချို့သောသူတွေကို သူက ဖုန်းဆက် ဟန့်တားခဲ့ရပါတယ်။
အာဏာပိုင်တို့က ၈၈ မျိုးဆက် ခေါင်းဆောင်များ ဒီပွဲ မတက်စေနဲ့လို့ သူ့ကို ပြောတဲ့အတွက် သူကလည်း အဲဒီလို လိုက်ပြီး ပိတ်ရတာပါ တဲ့။
စတိတ်ရှိုးလာ ပရိသတ်တွေထဲမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) က ပုဂ္ဂိုလ်များလည်း ပါဝင်ပါတယ်။ သူတို့ကိုလည်း စတိတ်ရှိုးကြည့်ချင်ကြည့်၊ ယူနီဖောင်းတွေတော့ ၀တ်မလာနဲ့လို့ အမိန့်တော်ရှိခဲ့ပါတယ်။
ဒီလို ဖိအားပေးတဲ့ အာဏာပိုင်တွေကို အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်ပြစ်တင်တာတွေ ချက်ချင်း ရောက်ချလာပါတယ်။ ဆောင်းဦးလှိုင်ကတော့ ဘာအပြစ်မှ မပြောချင်တော့ပါဘူးလို့ ဆိုလိုက်ပါတယ်။ ဒီမိုကရေစီကို လေ့ကျင့်ဆဲအနေအထား ဖြစ်ပါလိမ့်မယ် တဲ့။
“လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး … ဒါတွေကို နားလည်တဲ့လူတွေ ရှိသလို နားမလည်သေးတဲ့၊ သင်ယူဆဲ ပုံစံ မပြောင်းနိုင်သေးတဲ့ လူတွေလည်း ရှိနေမယ်လေ။ ဒါကတော့ သဘာဝပဲ။ အဲဒီတော့ ကျနော် တို့က နားမလည်သေးတဲ့လူတွေကို နားလည်အောင်ပဲ စည်းရုံးပြီး တဖြည်းဖြည်း သွားရမှာဗျ”
ဒါကြောင့်ပြောတာပေါ့ – အဆိုတော်တယောက်ရဲ့ အရည်အချင်းက အဆို “တော်”ဖို့ တခုတည်း မဟုတ်တော့ဘူး လို့။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဟော … အာဏာပါဝါပြသူများကိုလည်း စည်းရုံး နားချတာတွေလည်း လုပ်နေရပါပြီ။
ဘယ်လောက် ကြာအောင် နားချရမှာလဲ။
“နေ့တွင်းညတွင်းချင်းတော့လည်း အားလုံးက ဒီအခွင့်အရေး၊ ဒီစနစ်တွေ၊ ဒီပုံစံတွေ နားလည်သွားမယ်လို့ ပြောလို့ မရဘူးပေါ့ဗျာ၊ ကျနော့တို့ဘက်ကလည်း ဒီအခက်အခဲကို ကိုယ်ချင်းစာစိတ်နဲ့ပဲပေါ့၊ ကျနော်တို့ကတောင် ပြန်ပြီး ကိုယ်ချင်းစာနေရတာပေါ့ဗျာ” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ဆောင်းဦးလှိုင်က ဒီပွဲမှာ သိန်း တရာကျော် ရခဲ့ပါတယ်။ ဒီငွေတွေ သူ ဘာလုပ်မှာလဲ။
နာရေးအသင်းကို ၄၂ သိန်း၊ ၈၈ မျိုးဆက် ခေါင်းဆောင်များရဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ၄၂ သိန်း လှူဒါန်းလိုက်ပြီး ကျန် ၄၂ သိန်းကတော့ နောက်ထပ် ဂီတ ဖျော်ဖြေပွဲများအတွက် မတည်ငွေ ဖြစ်သွားပါလိမ့်မယ်။
နာရေးကူညီမှုအသင်းဝင်တဦးလည်းဖြစ်တဲ့ ဆောင်းဦးလှိုင်က အရင်ကလည်း အသင်းရန်ပုံငွေအတွက် စင်ပေါ်တက် သီချင်းဆိုခဲ့ဖူးသူပါ။
အနာဂတ် ရန်ပုံငွေပွဲတွေမှာရော အဟန့်အတားတွေ ကြုံရင် ဘယ်လိုလုပ်မလဲ။
“ဒီလိုပဲ တဖြည်းဖြည်း နဲ့ နားလည်လာအောင် လုပ်ရမှာပေါ့” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
စည်းကမ်းရှိတဲ့ ဒီမိုကရေစီ အကောင်အထည် မပေါ်သေးခင်တော့ စိတ်ရှည်သည်းခံရခြင်းဟာလည်း အဆိုတော်တယောက်ရဲ့ အရည်အချင်း ဖြစ်လာပြီ ထင်ပါရဲ့။
ဧရာဝတီ

အမျိုးသားများ မ၀င်ရ၊ အဆိုတော်ရဲ့ ဒုက္ခ
Reviewed by သစ်ထူးလွင်
on
12:30
Rating:
26 comments:
ကောင်းမွန်သော ဆန္ဒဖြင့်လုပ်ဆောင်သူမှန်သမျှကို ဂုဏ်ယူပေးသော မျက်လုံးများဖြင့် ကြိုဆိုဂုဏ်ပြုရပါမည်.. ကိုယ်မလုပ်နိုင်လျှင် လုပ်နိုင်သူကို အားပေးပါ...
လုပ်ချင်ဟန်ဆောင်မပြပါနှင့်...
ဘယ်သူမှ သင်လုပ်သမျှ အရေးလုပ်မည်မဟုတ်ပါ...
အတ္တစိတ်ကိုဖယ်ခွာပြီး ပရစိတ်ဖြင့် အမှန်ကို ကြည့်ပါလော့....အမှန်ကိုပြုပြင်ပေးပါလော့..
အရင်က ငါမှငါ ဖြစ်ခဲ့သူတွေကတော့ အပြောင်းလဲဆိုတာကြီးကို
ကြားချင်မှာ မဟုတ်ဘူး
မြန်မာနိုင်ငံမှာ အမျိုးသမီးများကို သီးသန်းထားတာကောင်းပါတယ်...ယောကျာ်းလေးတွေနဲ့ထိမှာဆိုးလို့လား..အဲဒါဆိုရင် ခရီးသွားယောင်္ကျားလေးတွေထပ်ဆိုးတဲ့ကောင်တွေတော့သတိမထားမိဘူးထင်တယ်..အဲလိုလုပ်ရင် အမျိုးသမီးယာဉ်မောင်းနဲ့ အမျိုးသမီး စပယ်ယာပါထည့်ပေးရင်ပိုကောင်းမယ်နော်...အဲလိုမှမဟုတ်ရင် တော့ဘူးထူးမှာလဲ နှာဘူးရယ်.....
မြန်မာနိုင်ငံမှာ အမျိုးသမီးများကို သီးသန်းထားတာကောင်းပါတယ်...ယောကျာ်းလေးတွေနဲ့ထိမှာဆိုးလို့လား..အဲဒါဆိုရင် ခရီးသွားယောင်္ကျားလေးတွေထပ်ဆိုးတဲ့ကောင်တွေတော့သတိမထားမိဘူးထင်တယ်..အဲလိုလုပ်ရင် အမျိုးသမီးယာဉ်မောင်းနဲ့ အမျိုးသမီး စပယ်ယာပါထည့်ပေးရင်ပိုကောင်းမယ်နော်...အဲလိုမှမဟုတ်ရင် တော့ဘာထူးမှာလဲ နှာဘူးရယ်.....
ဆောင်ဦးလှိုင် သာဓု ပါဗျာ ...
အမျိုးသမီးသီးသန့်ကားလည်း လိုအပ်တာပေါ့ ..
ဟိုနေရာလည်း လိုတာပေါ့ ...
ဒီနေရာလည်း လိုတာပေါ့ ...
လိုတာတွေချည်းပဲပေါ့ ... ဟူး ...........
ကိုဆောင်းဦးလှိုင်ကို အ၇မ်းလေးစားပါတယ်ဗျာ။ ကျနော်တို့ မလုပ်နိုင်သေးတာကို ၇ဲ၇ဲ၇င့်၇င့်လုပ်ပြနေတဲ့ အတွက် အ၇မ်းကျေးဇူးတင်ပါတယ်။ ။
Carry on Ko Saung!
အမျိုးသားများမဝင်ရ သိပ်ကောင်း လက်သရမ်းတတ်တဲ့ သူတွေဂျောင်း
အခြောက်သီးသန့် ဘတ်စ် ကားလည်း စီစဉ်ပေးကြပါ။တစ်ချို့ အခြောက်တွေ လက်သရမ်းလို့ အမျိုးကောင်းသားတွေ မအီမလည်နဲ့  ကားစီးရတဲ့ ဘဝ။အော်.....
ဒုက္ခ.....ဒုက္ခ။
ကိုဆောင်းဦးလှိုင်ရဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ စေတနာကို လေးစားတန်ဖိုးထားပြီး သာဓု သာဓု သာဓုခေါ်လိုက်ပါတယ်ရှင် နောက်လဲဒီထက်မကလှူနှိင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ် နော် အရာရာတိုင်းအောင်မြင်ပြီးကြီးပွါးတိုးတက်ပြီး လိုအင်ဆန္ဒပြည့်ပါစေ
ကိုဆောင်းဦးလှိုင်ရဲ့ မြင့်မြတ်တဲ့စိတ်ထား နဲစေတနာ ကိုလေးစားတန်ဖိုးထားပြီး သာဓု..သာဓု..သာဓု ခေါ်ပါတယ်ရှင် နောက်လဲဒီထက်မက လှူနှိင်ပါစေ အရာရာတိုင်းအောင် မြင်ပြီးကြီးပွါးတိုးပါစေ လိုအင်ဆန္ဒပြည့်ဝပါစေ
မြန်မာပြည်က ငထောက် တွေရန်ကနေ
ကိုကြီးဆောင်းဦးလှိုင် ကျေးဇူးကြောင့်
ကျနော့ မကြီတွေ ညီမလေးတွေ ကင်းဝေးသွားရပီပေါ့
ဒိထက်ပိုမိုအောင်မြင်အောင် စွမ်းဆောင်နိုင်ပါဇေ...
လုံးဝမဖြစ်သင့်ဘူး မြန်မာပြည်ဟာ မွစ်ဆလင်နိုင်ငံမဟုတ်ပါဘူး ။
ဒီအမျိုးသမီး အတွက်သာဆိုတာလုံးဝမဖြစ်သင့်ဘူး မိုက်ရိုင်းတဲ့ကောင်တွေရှိတာမှန်တယ် အဲ့ဒီကောင်တွေလောက်ကိုတောင် ဖိဖိစည်းစည်း မဖမ်းပေးနှိုင်ဘူးလား ကျွန်တော်လက်ရှိနေတဲ့နှိုင်ငံမှာဆို ဒါမျိုးကို
လူတန်းစားခွဲခြားမှုလို့တောင်သုံးသပ်ကြတယ် ဖြစ်နှိုင်ရင်နောက်တမျိုးကို ပြောင်းလဲ ပြင်ဆင်စေချင်တယ် ။ မလေးရှား အင်ဒိုနီးရှားလို
မွစ်စလင်နိုင်ငံတွေ မှာသာ သုံးတဲ့ ဥပဒေမျိုး ကို မသုံးစေချင်ဘူး
ဂျပန်မှာဆို ကားတွေ မီးရထားတွေမှာ ကန်မရာတွေတက်ထားတယ် ဖြစ်နှိုင်မယ်ဆိုရင်လုပ်ကြည့်ပါလား ။ မလိုအပ်ပဲနဲ ဒီလိုမျိုးမခွဲခြားစေချင်ဘူး ။
အဲ့ဒီမမတွေက သူတို့ပိုက်ဆံရှိတိုင်း သူတို့ ကိုယ်ပိုင်ကားစီးနှိုင်တိုင်း ဒီလိုပြောကြမှာပေါ့ သူတို့ ဘစ်ကားစီးဖူးကြလို့လား ။ ကိုယ်နိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ အတွက် ဘုရားရှင်ဟောထားတဲ့ တရားတ်ာတွေနဲ့အညီနေနှိုင်ကြရင်အရမ်းကောင်းမယ် ။
အမျိုးသမီးသီးသန့်ကားစီစဉ်တာကြိုဆိုပါတယ်၊မူဆလင်နိုင်ငံဖြစ်ဖြစ်၊ဘာနိုင်ငံ
ဖြစ်ဖြစ် လူတွေဖြစ်နေလို့ ဒီလိုဖြစ်စဉ်တွေရှိမှာပဲ၊လူမျိုးခွဲခြားတယ်ဆိုတာနဲ့အခု
ဟာနဲ့မတူဘူးလေ၊အမျိုးသမီးအများစုအတွက်လိုအပ်ပါတယ်၊သိပ်ကောင်းတဲ့
လုပ်ဆောင်ချက်ပါ၊အမျိုးသမီးတွေရဲ့အရှက်တရားကိုကာကွယ်ပေးတယ်လို့
တောင်ပြောလို့ရပါတယ်၊ကားများများစီစဉ်ပေးကြပါ၊ကျေးဇူးတင်ပါတယ်
ကိုဝသာန် မင်းကဘယ်နိုင်ငံမှာနေလို့လဲ မင်းကလူမျိုးခွဲတာတွေဘာတွေပြောရအောင်မင်းက ဘာလူမျိုးမို့လဲ မင်းရောလိုင်းကားမစီးဖူးဘူးလား မြန်မာအမျိုးသမီးတွေလိုင်းကားပေါ်မှာ ယောကျောင်္လေးတွေနဲ့ဘယ်လောက်အခက်အခဲရှိလဲ မင်းသိလားအဲ့လိုထိပါး ရိပါးလုပ်ခံရတဲ့သူတွေထဲမှာမင်းနှမဆိုရင်ဘယ်လိုနေမလဲ မင်းနှမအစားငါရင်လေးတယ်ဟူးးးးးးးးးးးးးကောင်းပါတယ်အမျိုးသမီးများအတွက်အဲ့လိုစီစဉ်ပေးပါ ကောင်းပါတယ် ကားများများစီစဉ်ပေးလိုက်ကြပါဗျာ....
အစီးရေများများ တိုးပေးပါ...ကြိုဆိုပါတယ်
လူတွေကြပ်ညပ်ပြီးစီးရလို့ ဒီလိုတွေဖြစ်နေတာဆိုတော့ လူချောင်ချောင်လေး စီးရအောင်ဘက်စ်ကားတွေအများကြီးနဲ့ လိုင်းဆွဲပေးရင် ပြေလည်နိုင်မှာပါ။ ဒီအတွက်လဲ အများကြီး ရင်းနှီးရဦးမှာဆိုတော့ ခုလောလောဆယ် ဒီလို သီးသန့်အစီအစဉ်ကိုပဲထောက်ခံရတော့မှာပဲ။
ကိုဝသာန်ကြီး၊ အပေါ်ဆုံးစာသားနဲ့ အောက်ဆုံးစားသား ကွာခြား နေတယ်၊ မိမိကိုယ်မိမိ ကြည်ညိုပြီလား ဆိုတာ မညာတမ်း သုံးသပ်ကြည့်ပါ ၊ ဘုရားဟော ဘုရားဟော ဆိုပြီး ပြောကောင်းတိုင်း ပြော လို့ မရဘူး၊ အပြောမတတ်ရင် ဘုရားကို ခုတုံးလုပ်သလိုဖြစ်တတ် တယ်။ ငါ ဘုရားဟောနဲ့ အညီ နေနိုင်ပြီလား ဆိုတာ အရင်မေးပြီးမှ ပြောသင့်ပါတယ်၊ ကိုကိုယ်တိုင် မနေနိုင်သေးဘဲ သူများတွေနေကြလို့ ပြောတာ......
ဒါက လတ်တလော ရေတို ဖြေရှင်းနည်း တစ်ခုအနေနဲ့ တော့မဆိုးပါဘူး။
ဘယ်မှာမဆို အကောင်း၊အဆိုးက တော့တွဲနေမှာပဲလေ။
ခုလို သီးသန့် လုပ်လိုက်တော့ ခွဲခြားခံရတယ်၊စော်ကားခံရတယ် ဆိုပြီး မြင်ကောင်းမြင်နိုင်ပါတယ်။သို့ ပေမယ့် ဒီလို လုပ်ပေးလိုက်လို့ ကျနော်တို့ ရဲ့ ညီမငယ်လေးများ၊သမီးငယ်လေးများ၊ အမ များ ဘတ်စ်ကားစီးသွားသည်ကို စိတ်ချလက်ချ ရှိ ရတာနဲ့ ယှဉ်မယ်ဆိုရင်တော့ ခုလို ယောက်ျားလေးတွေအားလုံး စော်ကားခံရသလိုဖြစ်တယ်ဆိုရင်တောင် တန်ပါတယ်လို့ မြင်ပါတယ်။
ဂျပန်နိုင်ငံမှာဆိုလည်း မိန်းကလေး သီးသန့် စီးနိုင်တဲ့ ရထားတွဲမျိုးစီစဉ်ခဲ့ဖူးပါတယ်။
နောက် တစ်ခုက Public Transportation ကိုတကယ်အဆင်ပြေအောင်လုပ်မယ်ဆိုရင် မြို့ ပတ်ရထားစနစ်ကောင်းတစ်ခု ကမရှိမဖြစ်ပါ။ဒါကို ခုချိန်ထိ ထိထိရောက်ရောက်ဆောင်ရွက်တာ သိပ်မတွေ့ ရသေးပါဘူး။
နောက် ကားတွေခုလို ကြပ်ညပ်နေတာကိုတော့ ရုံးတက်ရုံးဆင်းချိန်တွေမှာကားအစီးရေ ခပ်စိပ်စိပ် လွှတ်ပေးတာမျိုး။အစီးရေ တိုးပြေးဆွဲစေတာမျိုးဖြစ်သင့်ပါတယ်။
နောက် ခုလို လိုင်းကားတွေ တွန်းတင်၊တွန်းချ၊အပြိုင်အဆိုင် အသည်းအသန်မောင်းခြင်း တွေပြေလည်စေဖို့ ဆိုရင်တော့ ဒရိုင်ဘာ နဲ့ စပယ်ယာ တို့ ကိုခုလို အုန်နာ ကြေးနဲ့ မဟုတ်ပဲ လစာနဲ့ သာစနစ်တကျ ဖြစ်စေမယ်ဆိုရင် မှတ်တိုင်အကြာကြီး ထိုင်တာတို့ ၊ကား ဖိုက်တာတို့ ၊ တချို့ မှတ်တိုင်တွေ မရပ်ပဲ ကျော်မောင်းသွားတာတို့ စတဲ့ ပြသနာအတော်များများဖြေရှင်းနိုင်မယ်ထင်ပါတယ်။
ပုဂ္ဂလိကကိုသာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လွှဲပေးပါ။အပြိုင်အဆိုင်နဲ့ တိုးတက်လာမှာပါ။ခုတော့ ဒီကားတွေပဲ အားကိုးနေရတော့.....
နံပါတ်တစ်က စပါယ်ယာ ဂျိုင်းအောက်နှိုက်ပြီး ဆွဲတင်တာ၊ အတင့်ရဲပြီး လက်သရမ်း ကားစပါယ်ယာ နံပါတ်ဝမ်း......
ရေရှည်အတွက် စဉ်းစားရင်တော့ ဒါက သိပ်မကောင်းပါဘူး ... အဖြစ်သင့်ဆုံးက ကားတွေကို ထိုင်ခုံ အပြည့်တင် အပိုမတင် နဲ့ မှတ်တိုင်းတိုင်းမှာ အကြာကြီး မရပ်နဲ့ ဆင်းသူတက်သူကုန်ရင် မောင်း ... စီးမယ့်သူ မရှိသေးတာကို စောင့်ပြီးခေါ်တာမျိုးပေါ့ ၊ အဲလို လုပ်ဖို့ ကားအစီးရေ များများသာချပေးလိုက်ရင် ကားလမ်းကြပ်တဲ့ ဒုက္ခလည်း မရှိတော့ဘူးပေါ့ .... နောက်ပြီး အထူးကားတွေ လူကို ကြပ်နေအောင်တင်တာကို တင်းတင်းကြပ်ကြပ်လုပ်သင့်ပါတယ် .. ကားသမားတွေနဲ့ ယာဉ်ထိန်းရဲ့တွေနဲ့ပေါင်းပြီးဆက်လုပ်နေရင်တော့ ... ကားပေါ်က မသမာမှုက ဘယ်တော့ မှ မပျောက်ပါဘူး ... ခုခေတ်မှာ ဂေးတွေက တကယ့်မိန်းကလေးလို့တောင် ထင်ရပါတယ် ... အမျိုးသမီး သီးသန့်ထားပါပြီရဲ့ .. တကယ်အမျိုးသမီး စစ်လား မစစ်လားကို သေချာခွဲပြီးမှ တင်မှာလား ....... အမျိုးသမီးယောင်ဆောင်ပြီး မသမာမှုတွေလုပ်တဲ့အတွက် ... အလုပ်တစ်ခုပို့လာပြီး ... သတိပြုစရာတစ်ချက်တိုးလာတာပဲ ဖြစ်မယ်...
အကောင်းဆုံကတော့ ကားတွေကို ထိုင်ခုံအစေ့ တင်ဖို့ပဲ တင်းကျပ်ရင် ကောင်းမယ် ...
အခု အထူးကားစီးနေတဲ့လူတွေ လည်း သိကြမှာပါ ..
အထူးကားစီးပြီး ဘယ်လို တွေစီးနေရလဲဆိုတာ ..
မမြသန္ထာက သိပ်အစိုးရိမ်ကြီးတာပဲနော်...အဲ့ဒီငတိတွေက မိန်းမယောင်ဆောင်ပြီးလက်သရမ်းရလောက်အောင်ဝီရိယ မကောင်းလောက်ပါဘူးဗျာ..နောက်ပြီး ခင်ဗျားပြောတဲ့ ဂေးတွေဆိုတာက မိန်းမတွေကိုစိတ်မ၀င်စားဘူးလို့ ပြောကြပါတယ်ဗျ..သိပ်မစိုးရိမ်ပါနဲ့..။ ယာဉ်အစီးအရေအတွက် ကိုတိုးသင့်တယ်ဆိုတာတော့ဟုတ်တယ်ဗျို့...ယာဉ်အစီးအရေအတွက်အလုံအလောက်ထားရှိလိုက်ရင် ကြပ်ညှပ်သပ်ပြီး မတ်တပ်ရပ်စီးရတဲ့ဘ၀ ဘယ်သူမှရတော့မှာမဟုတ်ဘူးဗျို့....အခုက ယာဉ်အစီးအရေအတွက်က မလုံလောက်ပဲ ရပ်စီးခရီးသည်မတင်ရ၊ ခုံစိသာတင်ပါ တို့ဘာတို့လျောက်လုပ်နေတော့ စီးကမ်းရှိစွာအမှိုက်စွန့်ပါဆိုပြီး အမှိုက်ပုံးလည်းထားမပေးတာလိုကြီးပေါ့ဗျာ။...ဘယ်လိုမှလိုက်နာဖို့အဓိပါယ်မရှိပဲ...ရပ်စီးတင်ရပါ့မလားဆိုပြီး ယာဉ်ထိမ်းရဲငွေတောင်းစားဖို့သက်သက်ဖြစ်နေတော့တာပေါ့။...
ကားတွေက နေ့ခင်းပိုင်းဆိုရင်တော့ ချောင်တယ်ဗျ..အဲ့ဒီအတွက်ညပိုင်းမှလူပိုတင်ကြရပါသတဲ့။..public transport အဆင်ပြေဖို့ကိုမစဉ်းစားပဲ ငွေရရေး ကိုသာ မသထ တို့စဉ်းစားကြတယ်ဆိုရင်တော့ မပြောလိုတော့ပါဘူး။...
တခြားလိုင်းတွေနဲ့ အစီးရေများများတိုးပေးပါ..
လူတိုင်းအမြင်စုံ၇ှိနိုင်ပါတယ်။ ကျွန်တော်ထင်တာတော့ ရှိုပွဲတစ်ခုက ဆန္ဒပြပွဲ မဖြစ်သင့်ဘူးထင်ပါတယ်။ ကျောင်းသားဟောင်းတွေကို နေရာတကာ ခေါ်မယ်ဆိုရင်တော့ ကြာရင်ကောင်းမယ်မထင်ပါဘူး။
Mg Wa Than ,I think you haven't been Malaysia and Indonisia,because I didn't seen like that bus there.
Post a Comment