မန်းတောင်ခြေ စုဝေးခွင့်မပြု

အားကစားကွင်းငှားမရလို့ ဖျာပုံသဲကွင်းမှာပြုလုပ်တဲ့ ဒေါ်စု လူထုဟောပြောပွဲ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုစည်းဝေးပွဲအတွက် မန်းတောင်ခြေ အားကစားကွင်းမှာ ကျင်းပခွင့်ပေးဖို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျှောက်ထားခဲ့တာကို ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌက တားမြစ် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
အခုလို ပိတ်ပင်လိုက်တဲ့အကြောင်း မန္တလေးမြို့ကို ရောက်ရှိနေတဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုံးကြိုင်ကို မန္တလေးတိုင်းအားကစားနဲ့ ကာယပညာ ဒုညွှန်ကြားရေးမှူးက ဒီကနေ့ ပြောကြားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း မန္တလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်​ စည်းရုံးဟောပြောဖို့ ဗထူး အားကစားကွင်းနှင့် မန္တလေးတောင်ခြေ အားကစားကွင်းကို ငှားရမ်းခဲ့ပေမယ့် တိုင်းဒေသကြီး အာဏာပိုင်များက ခွင့်မပြုခဲ့ပါဘူး။ အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဖျာပုံမြို့က လူထုဟောပြောပွဲအတွက် မြို့နယ် ပြည်သူ့အားကစားကွင်းကို အသုံးပြုခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမယ့် ခွင့်ပြုချက် မရတဲ့အတွက် မြို့ပြင်သဲကွင်းမှာ ဟောပြောခဲ့ရပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့ ခရီးစဉ်မှာလည်း အားကစားကွင်းကို ငှားရမ်းခွင့်မပြုဖို့ အားကစားဝန်ကြီး ဦးတင့်ဆန်းက တားမြစ်ခဲ့ပေမယ့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က သုံးစွဲခွင့် ပေးခဲ့ပါတယ်။
RFA
မန်းတောင်ခြေ စုဝေးခွင့်မပြု မန်းတောင်ခြေ စုဝေးခွင့်မပြု Reviewed by သစ်ထူးလွင် on 05:04 Rating: 5

6 comments:

zzmyoe said...

မနာလိုဝန်တိုတတ်လိုက်တာမိန်းမစိတ်တွေ နဲ့ယောက်ကျားကြီးတွေလား။ မြန်မာနိုင်ငံတော် ကိုပြန်လည်တည်ဆောက် နေရာမှာ ဒီလိုစိတ်ဓါတ်တွေ နဲ့ဘယ်လိုဖြစ်မှာလဲ၊ အတိတ်ကသင်ခန်းစာ မယူတတ်ရင်တော့ နောက်မှာကျန်နေခဲ့မှာပါဘဲ။ ခုချိန်မှာ အားလုံးဟာ ဒီမိုကရေ လမ်းကိုလျှောက်နေကြတာ တတ်နိုင်တဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှရမယ်နော်.........

may said...

ဟာ..... ဘာလဲ ... ဘယ်လိုလဲ... ခုထိ ပိတ်ပင်တာတွေက လုပ်တုန်းပဲလား... ပြောတော့ မလုပ်တော့ဘူးဆို ... ပြောတော့ ဒီမိုကရေစီဆို......... အထက်က ခွင့်ပြုမိန့် ချထားတယ်ဆို.......
အမျိုးမျိုးပဲ ...... အား............ အမလေး ...... လုပ်ကြပါအုံး... မူးလာပြီ......(ဘယ်သူ့ကိုမှ နားမလည်နိုင်တော့ဘူး) :(

Unknown said...

oh--o Again??

tharzaw said...

ပြည်ထောင်စုကော်မရှင်ဥက္ကဋ္ဌကတော့ကွာ
ထမီဝတ်ထားလိုက်ရင်ကောင်းမယ်။
အခုတမျိုး တော်ကြာတမျိုး တတ်ပဲတတ်နိုင်လွန်းတယ်။

Anonymous said...

ကိုယ်ပိုင်းကွင်းဆောက်တာကိုလည်း....ခွင့်မပြုဘူး ဆိုရင်ရောဗျာ?
တေပီ ဆရာပဲ :):)

Bravo said...

တချက်လောက်ရှင်းပြကြပါ။ အဲဒါ အခုသွားမယ်လို့ပြောနေတဲ့ ဒီမိုကရေစီလား? Clean Gov. ဆိုတာဒါမျိုးလား? မသိလို့မေးတာနော်။

Powered by Blogger.