အတင်း​အဓမ္မ ပြည့်​တန်ဆာလုပ်ခိုင်း​သူကို အ​ရေး​ယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား

အသက် ၁၇ နှစ် အရွယ်အမျိုး​သမီး​ငယ်ကို ညှဉ်း​ပန်း​နှိပ်စက်ပြီး​ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​သူကို အ​ရေး​ယူ ​ဆောင်ရွက်​ပေး​ဖို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​မှာ ကာယကံရှင်ကိုယ်တိုင် သွား​ရောက် တိုင်တန်း​ပါတယ်။
အခင်း ​ဖြစ်ပွား​ပုံက​တော့​ ဧရာဝတီတိုင်း​ ​ကျောင်း​ကုန်း​မြို့​မှာ​နေတဲ့​ အသက် ၁၇ နှစ်အရွယ် ၁၀ တန်း​ကျောင်း​သူကို အ​ဒေါ်​တော်စပ်သူက ​ကျောင်း​ထား​ပြီး​ ​ကျွေး​မွေး​ပြုစုမယ်ဆိုပြီး​ ​ခေါ်​ဆောင်သွား​တာပါ။
မနှစ်ဇွန်လမှာ လိုက်ပါသွား​ခဲ့​ပြီး​နောက် အ​ဒေါ်ကိုယ်တိုင်က ​ကျောင်း​ထား​မ​ပေး​ဘဲ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​တာလို့​ ကာယကံရှင်ကိုယ်တိုင်က ​ပြောပါတယ်။
“​ရောင်း​စား​ တယ်ဆိုတဲ့​သ​ဘော​ပေါ့​။ ပြည့်​တန်ဆာလုပ်ခိုင်း​တယ်။ ​ယောကျာ်း​တွေနဲ့​ ထည့်​ပေး​လိုက်တယ်။ လူတ​ယောက်က ​ခေါ်မယ်ဆိုရင် အဲဒီလူဆီက ပိုက်ဆံကိုယူပြီး​ သမီး​ကိုအတင်း​ ထိုး​ထည့်​ပေး​လိုက်တာ။ လုပ်ခလည်း​ တပြား​မှမရဘူး​။ အကုန်လုံး​ သူတို့​ ယူတာချည်း​ပဲ။ မနား​ရဘူး​။ ညတိုင်း​ဆက်တိုက် ​ခေါ်ထုတ်သွား​တယ်။ ၂ ကြိမ်တိတိ ထွက်​ပြေး​ဖူး​တယ်။ ​နောက်က​နေ လိုက်ဖမ်း​သလို ရိုက်လည်း​ ရိုက်တယ်။ အိမ်က​နေ ထွက်​ပြေး​လို့​ရှိရင် ဓား​နဲ့​ ထိုး​သတ်မယ်လို့​ ​ပြောတယ်။ လည်ပင်း​ညှစ်တယ်။ ကန်တယ်။ ​နောက်ဆုံး​ထွက်​ပြေး​တော့​ သမီး​ကိုသူတို့​ အ​နှောင့်​အယှက်လုပ်တယ်၊​ အဲဒီ​တော့​ သူတို့​ကို အ​ရေး​ယူ ​ဆောင်ရွက်​စေချင်တယ်။”
ဒီလို နှိပ်စက်ပြီး​ အတင်း​အဓမ္မ ခိုင်း​စေ​နေရာက လွတ်​အောင် ထွက်​ပြေး​ခဲ့​ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ထံကို အကူအညီ ​တောင်း​ခံခဲ့​ပါတယ်။ ဒီ​နေ့​ပဲ အိုင်အယ်လ်အိုရုံး​ကို တိုင်ကြား​ပေး​တာလို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ကွန်ရက်ရဲ့​ ဦး​သက်​ဝေက ​ပြောပါတယ်။
“၅ လ​လောက်ကြာ​အောင် ​နေခဲ့​ရတယ်။ ဒီလို အလုပ်လုပ်​ပေး​ခဲ့​ရတယ်။ ပိုက်ဆံလည်း​ တပြား​မှမ​ပေး​ဘူး​။ ရတဲ့​ ပိုက်ဆံကို သူတို့​ပဲ အကုန်လုံး​ ​ခေါင်း​ပုံဖြတ်တာ။ အမှန်က​တော့​ ​ခေါင်း​လုပ်တာ​ပေါ့​။ ၅ လ​လောက်ကြာပြီး​တော့​ ၂ လပိုင်း​ ၂၄ရက်​နေ့​မှာ ထွက်​ပြေး​လာတာ။ ထွက်​ပြေး​ လွတ်​မြောက်လာပြီး​တော့​ အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ်ရုံး​ကို တိုင်တန်း​ဖို့​အတွက်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို အကူအညီ​တောင်း​တယ်၊​ ဒီ​နေ့​ပဲ တိုင်လိုက်ပြီ။ အိုင်အယ်လ်အိုရုံး​ကလည်း​ လက်ခံထား​လိုက်တယ်။ အဲဒီမှာ ပြည့်​တန်ဆာအဖြစ်နဲ့​ လုပ်ကိုင်ခိုင်း​နေတဲ့​ အချိန်မှာပဲ ​ကောင်မ​လေး​က ၂ ကြိမ်​လောက် ထွက်​ပြေး​ဖူး​တယ်။ ပြန်ဖမ်း​တယ်၊​ ပြန်ဖမ်း​ပြီး​တော့​ ရိုက်တယ်၊​ ညှဉ်း​ပန်း​နှိပ်စက်တယ်၊​ ​နောက်ပြီး​တော့​ ပြည့်​တန်ဆာလုပ်ငန်း​ ခွင့်​ပြုရန်အတွက် ​ကျောင်း​ကုန်း​မြို့​နယ် ရဲတပ်ဖွဲ့​က​နေ သူတို့​မှာ လိုင်း​ကြေး​လာ​ကောက်တဲ့​အခါတိုင်း​မှာ ပိုက်ဆံမ​ပေး​ပဲနဲ့​ ​ကောင်မ​လေး​ကို ရဲတပ်ဖွဲ့​ဝင်​တွေနဲ့​ ​ပျော်ပါး​ဖို့​အတွက် ထည့်​ပေး​လိုက်တယ်။ ​ပြောင်း​သွား​ပြီဖြစ်တဲ့​ စခန်း​မှူး​အစ ​အောက်​ခြေရဲဝန်ထမ်း​တွေ အား​လုံး​ ​ကောင်မ​လေး​ကို အတင်း​အဓမ္မ ​ပျော်ပါး​မှု​တွေ လုပ်ကြတယ်။ က​လေး​က အဖြစ်အပျက်​တွေကို အစက​နေအဆုံး​ထိ အကုန်လုံး​သိထား​တယ်။ ခိုင်လုံတဲ့​ အ​ထောက်အထား​တွေလည်း​ရှိတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​က အိုင်အယ်လ်အိုရုံး​ကို တိုင်တန်း​ပေး​ခဲ့​တယ်။”
အိုင်အယ်လ်အိုကို မတိုင်ကြား​ခင် ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ဆီ တိုင်ကြား​ပေမယ့်​ ကူညီ​ဆောင်ရွက်တာမရှိတဲ့​အပြင် ကာယကံရှင် အမျိုး​သမီး​ငယ်နဲ့​ သူ့​အ​ဖေကိုပါ ခြိမ်း​ခြောက်တာ​ကြောင့်​ လုံခြုံ​ရေး​ စိုး​ရိမ်ရတယ်လို့​ ဦး​သက်​ဝေက ​ပြောပါတယ်။
ဒီကိစ္စကို မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကော်မရှင်ထံ ဘာ​ကြောင့်​ မတိုင်ကြား​ပါသလဲလို့​ ဦး​သက်​ဝေကို ​မေး​မြန်း​ရာမှာ ခုလို ဆိုပါတယ်။
“အား​ကိုး​ လို့​ မရဘူး​။ ဘာဖြစ်လို့​ အား​ကိုး​လို့​ မရသလဲဆိုရင် ကျ​နော်တို့​က ခံခဲ့​ရပြီး​ပြီ။ ကျ​နော်တို့​ ကိုယ်တိုင် သွား​တိုင်တာကို ​ရောက်ကတည်း​က လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရတာပဲ။ ဝင်ခွင့်​တောင် မ​ပေး​ဘူး​။ ဘယ်လိုလုပ် တိုင်မလဲ။ နိုင်ငံ​ရေး​အရ အမြတ်ထုတ်ချင်လို့​ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ဆိုပြီး​ ဖွင့်​ထား​တာ။ အား​ကိုး​လို့​လည်း​ မရသလို့​၊​ ယုံကြည်စရာလည်း​ အ​ကြောင်း​ မရှိဘူး​။ တင်ထား​တဲ့​ တချို့​ကိစ္စ​တွေ၊​ လယ်သမား​ ကိစ္စ​တွေ၊​ သူတို့​က ပြန်ပြီး​တော့​ ဒါ​တွေက အမှု မ​မြောက်ပါဘူး​။ ဒါ​တွေက ဘယ်လို တရား​စွဲလိုက်ပါ။ ဒါ​လောက်ပဲ အကြံပြုတာ။ သူတို့​ ဘာမှ လုပ်လို့​ရတာ မဟုတ်ဘူး​။ ဘာမှလည်း​ လုပ်ပိုင်ခွင့်​လည်း​ မရှိဘူး​။ လုပ်​ပေး​ချင်တဲ့​ စိတ်ဆန္ဒလည်း​ မရှိဘူး​လေ။” 
ဒီဗွီဘီ
အတင်း​အဓမ္မ ပြည့်​တန်ဆာလုပ်ခိုင်း​သူကို အ​ရေး​ယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား​ အတင်း​အဓမ္မ ပြည့်​တန်ဆာလုပ်ခိုင်း​သူကို အ​ရေး​ယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား​ Reviewed by သစ်ထူးလွင် on 18:37 Rating: 5

21 comments:

soecyclone said...

မှန်မှန်ကန်ကန်ဆောက်ရွက်သင့်ပါတယ်...
ယခုဖြစ်ရပ်ကတော်တော်ကိုစိတ်ဝင်စားစရာကောင်းနေတယ်နော်...
ဘာလို့လဲဆိုတော့!ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့က ကောင်တွေကလည်း
ဒီကောင်မလေးကိုမျိုဆို့ထားတာကိုဗျ၊ပြည့်တန်ဆာခေါင်းကိုမှဖမ်းရင်လည်း
ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့ကေ-ာက်ရဲတွေကိုလည်းဖမ်းသင့်ပါတယ်၊
ဒါပေမယ့် ခက်တာကသူတို့ကိုယ်တိုင်ကာမရယူထားတာဆိုတော့ဘယ်သူက
နေများ အရေးယူပေးမလဲဆိုတာတော့ တော်တော်ကိုစိတ်ဝင်စားတယ်ဗျာ၊
အော်!ရဲတွေကလည်း ငွေကိုမှလာဒ်စားမဟုတ်ဘူးနော်၊လူကိုတောင် လာဒ်စားတဲ့ကောင်တွေပါလား၊အင်း!ယခုနိုင်ငံရေးအခြေအနေနဲ့ကတော့ မကြာခင်ပြုတ်တော့မှာပါကွာ၊ယခုဖြစ်စဉ်ကိုဘယ်လိုဆက်လက်အရေးယူ ဆောင်ရွက်မလားဆိုတာကိုတော့ ရလဒ် အဖြေကိုစောင့်မျှော် နားစွင့်ရအုံးမှာပေါ့...

thethnin said...

တောက်..!
ရင်နာဖို့ကောင်းလိုက်တာ

d moe said...

အခွင့်အရေး...လူ့ အခွင့်အရေး... နိုင်ငံသားအခွင့်အရေး... အလုပ်သမားအခွင့်အရေး... ကျောင်းသားအခွင့်အရေး... အခွင့်အရေး... အခွင့်အရေး... အခွင့်အရေး...
အင်း... ဘာပါလိမ့်...

Anonymous said...

ILO ရုံးခွဲကို မြန်မာပြည်မှာ တရားဝင်လာဖွင့်ခွင့်ရအောင် ဒါမှ မဟုတ် တရားဝင် တိုင်တန်းလို့ ရတဲ့ ဖုန်းနံပါတ် email လိပ်စာ တို့ လို မျိုးကို internet website တွေ ဂျာနယ် တွေကတစ်ဆင့် အတိအလင်းထုတ်ပြန်ကြေငြာပေးထားရင်ကောင်းမယ် ဒီနိုင်ငံမှာက လူ့ အခွင့်အရေး ချိုးဖေါက်ခံရတာတွေက အများကြီး ဘယ်တိုင်လို့  ဘယ်သူ့ ကို အားကိုးရမှန်း မသိဘူး . . NLD လွှတ်တော်ထဲ မြန်မြန် ရောက်လာရင်တော့ ဒါတွေ ဖြစ်လာမလား မသိဘူး. . . အမှန်တရားကို မြတ်နိုးတဲ့  ပြည်သူအားလုံးအတွက် မျှော်လင့်ရတာပဲ . . .မြန်မြန်ဖြစ်လာပါစေလို့  . . .

မျိုးစင်ဆွေဆက် said...

MPP comment ...OK ....all ok.....

ပုသိမ်သား said...

ပုသိမ်က၇ဲတွေဆိုAIDS ရှိနေတဲ့ ကောင် များတယ်

Anonymous said...

MPPပြောတာထောက်ခံတယ်။above the law ပုဂ္ဂိုလ်တွေများပြားတဲ့ ..ဒို့ နိုင်ငံမှာ..အနိုင်ကျင့် ခံ၇သူများကို..ကာကွယ်ဘို့ ။ငွေများ..တ၇ားနိုင်..ခေတ်ပပျောက်ဘို့ ...အ၇မ်းလိုအပ်နေပီ။

Bravo said...

ခေါင်မိုးမလုံတော့ ပြည်သူတွေအားလုံး မိုးဒဏ်လေဒဏ်ကိုအကာအကွယ်မရှိ ပြင်းပြင်းဓံဓံ ခံစားနေရတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ Clean Gov. အမှန်ကန်ဆုံးနဲ့ အမြန်ဆုံးရရှိဖို့လိုအပ်နေပြီ။ မကောင်းသူတွေကို အုပ်ချုပ်ရေးအဖွဲ့အစည်းထဲက အမြန်ဆုံးဖယ်ရှားဖို့လိုနေပြီ။ နေဝင်းပျိုးထောင်ခဲ့တဲ့ အမွေဆိုးတွေ ခုထိဒုက္ခပေးနေတုံးပါလား။

kokhent said...

ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ သူရ ဦးရွှေမန်းခင်ဗျား.. လက်ရှိအစိုးရနဲ့ လွှတ်တော်ကြား အားပြိုင်နေတဲ့ကြားထဲ တရုတ်ပြည်က ခရီးရောက်မဆိုက်.မုကားသင့် မနာသာ သတင်ုးကီးကိုဖတ်ပြီး စိတ်ညစ်စိတ်ပျက်ဖြစ်နေလည်း တရားဥပဒေ စိုးမိုးရေးအတွက်လွှတ်တော်ထဲမှာ ဆက်ပြီး တိုက်ပွဲဝင်ပေးပါ..သန်း ၆၀ သော ပြည်သူတွေအားကိုး၇တဲ့ သူရဦးရွှေမန်း ဖြစ်ပါစေ..သမတုကီး ဦးသိန်းစိန်က ဟုတ်တော့ မလိုနဲ့ အခု ညှောင်ပိန်ညှောင်ပိန် ဖြစ်နေတယ်..

Anonymous said...

တခါက NGO ကလူတွေ ပြောတာကြားဘူးပါတယ်။ မြန်မာပြည်မှာ AIDS အဖြစ်များဆုံး လူတန်းစားကတော့ သင်းဘောသားလဲမဟုတ် အင်ဂျင်နီယာလဲမဟုတ် ဆ၇ာဝန်လဲမဟုတ် ၇ဲတွေမှာ အဖြစ်များဆုံးပါတဲ့ ခင်ဗျာ့။ အလကား၇တိုင်း ကျူံးနေကြတာကိုး

aungmoecheng said...

အခုတော့ လူ့အခွင့်အရေးကော်မရှင်တွေ ရုပ်သေးအဖွဲ့ဆိုတာ ကွက်ကွက်ကွင်းကွင်းပေါ်နေပြီဗျို့။
ရဲသားတွေဟာ ရဲသားမခေါ်သင့်ဘူး ငနဲသား၊ ငရဲသားတွေပါကွာ။

Toe Gyi said...

ဦးသိန်းစိန် ပြောတဲ့ clean Gov. ဆိုတာက တကယ်တော့ ဦးသန်းရွှေကြီးရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်ကျန်တွေပါ ၊ ဦးသိန်းစိန်ကြီး တကယ်ပဲ ပြည်သူတွေပေါ် ကောင်းစေချင်ရဲ့လား ဆိုတာ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါအုံး ၊ ဦးရွှေမန်ကြီးလဲ ယုံလို့ မရဘူး ၊ ပြည်သူအပေါ် တကယ်ကောင်းစေချင်လား? အများကောင်းဘို့ သူ့ကိုယ်ပိုင် ငွေနဲ့ ဘယ်လောက်ကူညီပြီးပြီလဲ လို့ မေးကြည့်ပါအုံး။

Susan said...

အဲဒီလို ရဲတွေ လုံးဝမရှိသင့်ပါဘူး။ ရဲဖြစ်ပြီး သူတို့ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေကြတာ။ သူတို့ကိုပါ သာမန်ပြည်သူတွေထက် ကြီးလေးတဲ့ ထောင်ဒဏ်ပေးသင့်ပါတယ်။

စောလူ said...

ဒီကိစ္စကိုတော့နိုင်ငံတော်အကြီးအကဲးတွေအနေနဲ့ အလေးထားဆောင်ရွက်စေလိုပါတယ်.....ဒါမှနောက်နောင်မြန်မာမိန်းကလေးတွေအတွက်လုံခြုံမှုရှိစေမှာဖြစ်ပါတယ်.....ဒီကိစ္စမှာပေါ့ပေါ့တန်တန်အရေယူခဲ့မယ်ဆိုရင်ဒီလိုကိစ္စတွေထပ်မံကြုံတွေ့ ဖွယ်ရာအလားအလာတွေရှိနေပါတယ်.....မိန်းကလေးကိုခေါ်ယူပြီပျော်ပါးခဲ့တဲ့နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်နေတဲ့ရဲးအရာရှိနှင့်တကွလက်အောက်ငယ်သားတွေကိုပါထိထိရောက်ရောက်အရေးယူပေးပါ.........ြ ပြီးတော့ရပ်အုပ်ချုပ်ရေးမှုးကိုထိုက်ထိုက်တန်တန်ဆုချီးမြင့်ပေးပါလို့ပြောချင်ပါတယ်.....။

Show said...

ရဲကိုလိုင်းကြေးပေးရတာထုံးစံပဲ မပေးရင်ဖမ်းမယ်လေ
ဘယ်ဒုစရိုက်အလုပ်ဖြစ်ဖြစ်ရဲနဲ့မကင်းပါဘူးဗျာ
ချဲဒိုင်တွေ.အနှိပ်ခန်းတွေ.ဖာခန်းတွေ.ခိုးကူးခွေတွေ..အကုန်လုံးပါပဲ
အထက်ကနေရှောင်တခင်ဝင်ဖမ်းမှတခါတလေမိတာ
ရဲတွေရဲ့ဝင်ငွေကဒါပဲဗျ အားလုံးသိတာပဲလေ
ခုပြသနာကတော့တခုခုပဲဗျ
ကောင်မလေးပြောပုံကပိုက်ဆံမရလို့တိုင်တာနော်
ပိုက်ဆံရရင်ဒီပြသနာဖြစ်မှာမဟုတ်ဘူးထင်တယ်
မြို့ထဲမှာရှိတဲ့အိမ်ထဲကနေထွက်ပြေးဖို့၅လတောင်ကြာတယ်ဆိုတာစဉ်းစားစရာပါ ပြောတိုင်းလဲမယုံသင့်ပါဘူး ဒါမျိုးတွေကကြားဘူးလို့ပါ

သက်မောင် said...

လွှတ်တော်ဥက္ကဌကြီးလည်း မယုံတော့ဘူး .... သူမင်းသားဖြစ်ဖို့ ပြန်ကြားရေး၊ ဘဏ္ဍာ/အခွန်တို့က ဗီလိန်လုပ်ပေးနေရတယ်... လွှတ်တော်က ဇာတ်ပို့ပေးရတယ်လို့ပဲ မြင်တော့မယ်.... လမ်းဆုံးမှ ကိုယ်အမြင်မှားတယ်ဆိုလည်း အမှန်ကိုမြင်ပေးလိုက်မယ်..... နောက်မကျလောက်ပါဘူး..
အဲဒီ ပြည်သူ့အတွက်ပဲဆိုတဲ့ ကိုတော်ချောက တရုတ် ကျွန်ခံဖို့လုပ်နေတယ်ဗျာ..
တရုတ်ပြည်က မြန်မာပြည်မြောက်ပိုင်းရဲ့ တံတိုင်းကြီးဆိုလား...
မြန်မာပြည်က တရုတ်ပြည်တောင်ပိုင်းရဲ့ တံခါးမှူးဆိုလား ဂိတ်စောင့်ဆိုလားပဲ
ကျုပ်တို့မြန်မာတွေ သူတို့အတွက် အစောင့်လုပ်ပေးပါမယ်ဆိုတဲ့သဘော... ကောင်းရော အရင်ကပြောသွားတာတွေ ဟုတ်မယ်လိုလိုနဲ့....... ငါ့သမီလေးတော်လှတော်လှနဲ့ချီးကျူးနေတာ လူပုံအလယ် ၀တ်လစ်စလစ်နဲ့ ကပြနေသေးတယ်ဗျာ..
တကယ်တော့ တရုတ်ဆိုတာ မြန်မာအတွက် အရှင်သခင်လို ဆက်ဆံရမယ့်သူမဟုတ်ဘူး... ကြောက်စရာမလိုပါဘူး...အားကိုးဖို့လဲမလိုပါဘူး...
အိမ်နီးချင်းကောင်းဆိုရင်ပဲလုံလောက်ပါတယ်....

ခိုင်မြဲ said...

ဒီလိုပါပဲ သတင်းတွေကို အစပဲ တင်ပေးကြတယ် နောက်ဆက်တွဲ သတင်းတွေဆိုရင် ဘာမှ မသိရတော့ဘူး..။ သတင်းတစ်ခုကို ပေးပို့တော့မယ်ဆိုရင် ဒီသတင်းကို ရေဆုံ ရေဖျားထိ လိုက်နိုင်မှ ...။ နောက်ဆက်တွဲတွေ ဘယ်လို ဆက်ဖြစ်သွားတယ် အမှု ဘယ်လို ပီးမြောက်သွားတယ်ဆိုတာကို မတင်ကြတော့ဘူး။ ဖတ်ရတာ ဆန့်တငန့်ငန့်နဲ့ ..။ အခုလိုတင်ပေးတာတွေကို ကျေးဇူးတင်ပါတယ် ..။ ဒါပေမဲ့.. ပြီးဆုံးတဲ့ အထိ တင်ပေးပါလို့..........။

sithu said...

အခုခေတ် ရဲတွေက ဘာတွေလဲ မကောင်းတာတွေကိုမဖမ်းဘဲ လိုင်းကြေးကောက်နေတာလား?

Anonymous said...

ရဲဆိုတာ.ရ.ကောက်နောက်ပြစ်ရဲ.
ခုနှစ်ပဲ( ရပဲ ).

စွာတေးလန် said...

ငါ့အထင်တော့...ရဲတွေမကောင်းတာမဟုတ်ဘူး...ပြည်သူတွေမကောင်းတာ...ရဲတွေကမကောင်းတာတွေရှိရင်ဖမ်းမယ်..နောက်ပြီးငွေတောင်းမယ် ဆက်ကြေးတောင်းမယ်...ဘာညာပေါ့...လောင်းကစားဆိုတာမကောင်းဘူး ဥပဒေမှာလည်းခွင့်ပြုမထားဘူး...မကောင်းတာမှန်သမျှဥပဒေကလုပ်ခွင့်မပေးဘူး...အချောင်လိုချင်တဲ့ပြည်သူတွေကြောင့်သာ...ရဲတွေလုပ်ကွက်ထဲကိုရောက်သွားတာ...ဒါမလုပ်ရဘူးလို့ပြောထားတာကိုလုပ်တော့လိုင်းကြေးပေးရတာပေါ့..မလုပ်ရင်ဘာပေးစရာလိုလဲ...မကောင်းတာက ရဲတွေမကောင်းတာမဟုတ်ဘူး..အချောင်လိုချင်တဲ့ ဖြတ်လမ်းကနေကြီးပွားချင်တဲ့ပြည်သူတွေကြောင့်ပဲ...

ကိုကိုကြီး said...

ခိုင်မြဲရေးတာဟုတ်တယ်...သတင်းကိုပြီးဆုံးအောင်တင်ပေးပါခင်ဗျာ...။ သစ်ထူးဆိုဒ်ကို ကျေးဇူးအထူးတင်ရှိပါတယ်...။ သတင်းတွေလည်းကောင်းတယ်..။ 100 မှာ 99 ဟာ မှန်ကန်နေပါတယ်...။ ပြည်သူတွေနစ်နာနေပါတယ်...။

Powered by Blogger.