ရပ်ကွက်ထောက်ခံစာ ပြုလုပ်ရာတွင် ကျပ်ငါးသောင်းအထိတောင်းခံမှုရှိနေ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်ခြေဖုံးမြို့နယ်များတွင် ပွင့်လင်းရာသီတွင် နေအိမ်ပြုပြင်တည်ဆောက်မှုများ ပိုမိုများပြားလာပြီး စည်ပင်မှပြုပြင်တည်ဆောက်ခွင့်ရရန် ရပ်ကွက်ထောက်ခံစာပြုလုပ်ရာတွင် ငွေကျပ်ငါးသောင်းခန့်အထိ တောင်းခံမှုများရှိလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပြသည်။
´အိမ်ပြင်ဆောက်ဖို့ ရပ်ကွက်ထောက်ခံစာသွားလုပ်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ငွေကျပ်ငါးသောင်းတေင်းတယ်။ ငွေမပေးနိုင်လို့ ဥက္ကဌကိုလိုက်ပြီးညှိမှ ငွေတစ်သောင်းခွဲနဲ့ ဈေးတည့်ပြီး အလှူငွေဆိုပြီးထည့်ခဲ့ရတယ်´ဟု လှိုင်သာယာမြို့နယ် အမှတ် ၂ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ရပ်ကွက်များအတွင်း နေအိမ်များပြုပြင်တည်ဆောက်ကြရာတွင် ရပ်ကွက်ထောက်ခံစာမပါရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၏ လာရောက်ဟန့်တားမှုများ၊ ငွေတောင်းခံမှုများရှိသဖြင့် နေထိုင်သူများမှာ ရေရှည်အတွက် လူမှုရေးအရ နားလည်မှုဖြင့် ထောက်ခံစာပြုလုပ်ရာတွင် အလှူငွေများကို မဖြစ်မနေပေးဆောင်ကြရကြောင်း ပြည်သူအချို့နှင့် အိမ်ဆောက်လက်သမားများက ပြောပြကြသည်။
´ရပ်ကွက်အုပ်ချုပ်ရေးမှာ ဘာထောက်ခံစာလုပ်လုပ် အခကြေးငွေတောင်းခံပိုင်ခွင့်မရှိပါဘူး။ ထောက်ခံစာကို အလကားလုပ်ပေးရမှာပါ´ဟု မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူးအဆင့်ရှိသူတစ်ဦးက ပြောပါသည်။
ထို့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှိ ဥက္ကဌအပါအ၀င်အဖွဲ့ဝင်များမှာ လုပ်ခလစာရရှိမှု မရှိကြကြောင်း စုံစမ်းသိရှိရသည်။

ဇော်ဇော်ထွေး (မက်စင်ဂျာဂျာနယ်)
ရပ်ကွက်ထောက်ခံစာ ပြုလုပ်ရာတွင် ကျပ်ငါးသောင်းအထိတောင်းခံမှုရှိနေ ရပ်ကွက်ထောက်ခံစာ ပြုလုပ်ရာတွင် ကျပ်ငါးသောင်းအထိတောင်းခံမှုရှိနေ Reviewed by သစ်ထူးလွင် on 18:56 Rating: 5

7 comments:

Ko Tee said...

ရပ်ကွက်ဥက္ကဌ တွေကိုလည်းလစာထုပ်ပေးဖို့ကောင်းနေပြီ
လစာမရတော့ နယ်တွေမှာဆို တလကို တအိမ်ထောင်ကို
၈၀၀ ကျပ် လာကောက်တယ် ကင်းကြေးဆိုပြီး အဲဒါလေး
တွေနဲ့ခွဲဝေစားသောက်နေရတာ သနားဖို့ကောင်းတယ်

uuoak said...

ကိုယ်အိမ်ကို ပြန်ပြင်တာ ထောက်ခံချက်တွေ ယူနေ၇တာ ဘာကြောင်လည်း နားမလည်ဘူး၊ထောက်ခံချက် ယူ၇င်စည်ပင်က အိမ်ဆောက်ပြစ်စည်းတွေပေးလိုလား။ မြိုတွေဟာ မြိုနဲ့မတူတော့ဘူး ကျေးရွှတွေလိုဘဲ စုတ်ပြတ်သတ်နေတာဟာ ဒီခောတ်ခါနဲ့ မဖြစ်သင့်တော့ဘူး။ တတ်နိုင်လိုပြင်ဆောက်သူတွေကို အားတောင်ပေး၇ဦးမဲ့ဟာ။ အိမ်ပြင်တာ ထောက်ခံစာယူတဲ့ စနစ်ဟာ အ၇င်ဆိုရှယ်လစ်ခောတ်အခါမိုလို ထားလိုက်ပါတော့ အခုက ဒီမိုကေ၇စီဆို......

Unknown said...

ဒီသတင်းဟာ မှန်ကန်ပါတယ်
ကျနော်လည်း သမီးလေးအတွက်
မြစ်ကြီးနားမြို့ (----) မှာနေထိုင်းကြောင်း
မှန်ကန်ပါတယ်ဆိုတဲ့ ထောက်ခံစာရယူဖို့အတွက်
ငွေ ငါးသောင်းနဲ့ လက်ဖက်ရည် တ၀ိုင်းစား သီးသန့်
တိုက်ခဲ့ရပါတယ်။

မြတ်နိုး said...

ဘာလို့တောင်းစားနေကြလဲသိဘူးနော်
သီလလုံရင်ကောင်းမယ်
တောင်းပြီးစားရတာရှက်စရာကြီး
ကိုယ့်အလုပ်ကိုယ်ကြိုးစားလုပ်ပြီးစားပေါ့

မြတ်နိုး said...

ဘာမဟုတ်တဲ့ရပ်ကွက်လူကြီးဖြစ်တာကိုမာန်ဝင့်နေကြတယ်
စကြာဝဋာနဲ့ယှဉ်ရင်ဘာမှမဟုတ်တာကိုအဟုတ်တွေထင်ပြီး
အကုသိုလ်နဲ့ငွေနဲ့လဲနေကြတာသနားဖို့ကောင်းလိုက်တာ :(

san san said...

ကိုယ့်အိမ်ကို ပြင်ပိုင်ခွင့်မရှိဘူးလား။ မီးကင်းဖိုးပေး ပြီးမီးကင်းစောင့်ကိုယ့်အိမ် ကိုပြန်အိပ်တယ်။

Anonymous said...

စည်ပင်ကကောင်တွေကဟိုဘဝကသူတောင်းစားဖြစ်ခဲ့တဲ့ကောင်တွေ.
ရပ်ကွက်ဥက္ကဌတွေလဲအတူတူပဲ.
သိန်းစိန်ထိပ်ပြောင်.လိမ်နေတာများလာပီနော.
ကမ္ဘာသိကျေညာထားပီး.ကလိန်ကကျစ်ထပ်လုပ်မယ်ဆိုရင်.
ကဒါဖီးဘဝရောက်မှာသေချာတယ်.

Powered by Blogger.