ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် စိုးရိမ်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို အဖွဲ့ ချုပ်တံဆိပ်ပါ အင်္ကျီနှင့်တွေ့ ရစဉ် (ဓါတ်ပုံ-ဘားမားဗီဂျေ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်အလွန်စိုးရိမ်ပူပန် နေပါကြောင်း ယင်းပါတီမှ အတွင်းရေး မှုးဦးဉာဏ်ဝင်းကရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောကြားသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ရေးအတွက်  အလွန်အရေးကြီးသည့်  ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်ပုဂ္ဂလိ ကလုံခြုံရေး ဝန်ထမ်းသုံးဦး အားခန့် ထားလျှက်ရှိပြီး ယင်းတို့၏စီမံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး ကိုစီစဉ် ဆောင်ရွက် ထားကြောင်း ယင်း ကဆက်လက် ပြောကြားသည်။

''ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံ ရေးက တိုင်းပြည်နှင့်လူမျိုးအတွက် အလွန်အရေးကြီးပါတယ်'' ဟု ဦးဉာဏ် ဝင်းကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်အန်င်အယ်ဒီလူငယ်များမှ ထပ်ဆင့်ရွေးချယ်ထား သည့်လူငယ် ပါတီဝင်များ နှင့် အားဖြည့်ထား သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မေတ္တာရပ်ခံ၍ အကူအညီတောင်းခံပါက ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကို ဝိုင်ဝန်း ဆောင်ရွက်ပေး ကြောင်း သိရသည်။

''ပဲခူး ခရီးစဉ်လိုမျိုး တွေမှာလမ်းရှင်း ပေးတာတွေ၊လမ်းကြောင်းလုံခြုံရေးယူတာတွေမှာ ဒေသဆိုင်ရာ  အာဏာပိုင်တွေက ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးပါတယ်။သူတို့တွေက ကျွန်တော်တို့ မေတ္တာရပ်ခံရင် ကူညီပေး တာတွေ ရှိပါတယ်'' ဟု ဦးဉာဏ်ဝင်း ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည်ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကာလများ တွင်မြန်မာနိုင်ငံရှိလစ်လပ်မဲဆန္ဒနယ် များသို့နိုင်ငံရေး ခရီးစဉ်များ သွားရောက် မည်ဖြစ်ကာ၊ ယင်းခရီးစဉ်များ တွင်လူထုနှင့်ရင်းရင်း နှီးနှီးထိတွေ့ နိုင်ရန်ပြင်  ဆင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ယင်းသည်နိုင်ငံသားတစ်ဦးဖြစ် သည့်အတွက်သူမ၏လုံခြုံရေးနှင့် ပက်သက်၍ အစိုးရအဖွဲ့အစည်းများတွင် တာဝန်အပြည့်ရှိကြောင်း  သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆို ထားသည်။

ရန်ကုန်တိုင်းမ်
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် စိုးရိမ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် စိုးရိမ် Reviewed by သစ်ထူးလွင် on 07:28 Rating: 5

16 comments:

Tri Asian Taste said...

ကျနော်တို့လည်း အထူးကိုစိုးရိမ်ပါတယ်။ အမေစုခရီးထွက်တိုင်း ဆုတောင်း ရတာအမောပါဘဲ။ အိမ်ပြန်ရောက်မှဘဲ စိတ်သက်သာရာ ရတော့တယ်။ အမေစု အနားမှာရှိတဲ့ ညီတော်၊ အကိုတော်တို့ကို လေးစာပါတယ်။ သတိကိုတော့ အထူးရှိဘို့မှာချင်ပါတယ်၊ အပိုမရှိတတ်တဲ သတိကို အပိုဆောင်းပြီး ဆောင်ထာကြပါ။ ဒါဟာ တိုင်းပြည်တွက် ကြီးမြတ်တဲ့ လုပ်ငန်းတာဝန် ထန်းဆောင်နေခြင်းပါဘဲ။

Anonymous said...

ဦးထုပ် အင်းကျီ စတစ်ကာ အားလုံး လိုချင်တယ်ဗျိုး

seazinyaw said...

တာလီဘန် တေလြုပ်ကြံနိုင် တယ် သတိထားပါ။
စစ်သားတြေ တော့မစိုးရိမ် နဲ. သန်းရြေ လူ နဲ. စစ်တကသိုလ် ကျောင်းဆင်းက လြဲလို.ပေါ. အားလုံးနီ ပါး က တိတ်တိတ် လေး အမေ စု ကို ထောက် ခံကြတယ်၊

naingwinlwin said...

ပြည်သူလူထုက၀ိုင်းဝန်းကာကွယ်ပေးကြရပါမယ်။မသကာင်္သူတွေကိုတွေ့ရင် ထူးခြားတဲ့အခြေအနေတွေကိုတွေ့ရင် အမြန်ဆုံး NLD နဲ့ သက်ဆိုင်ရာကိုအကြောင်းကြားပေးပါ၊အကြောင်းကြားချိန်မမီရင် ပြည်သူတွေက ၀င်ရောက်ကာကွယ်ရပါမယ်။အခုအချိန်ဟာတကယ့်Turning Point ကိုရောက်နေတာပါ၊ကျွန်တော်တို့နိုင်ငံအတွက်အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့မျိုးဆက်တွေကို ကျွန်တော်တို့ဖြတ်သန်းခဲ့ကြရတဲ့ ခောတ်ဆိုးကြီးထဲ မှာမကြီးပြင်း မရှင်သန်
စေချင်ကြရင် Turning Point ရဲ့ Key person တစ်ဦးဖြစ်တဲ့အန်တီစုကို ၀ိုင်းဝန်းစောင့်ရှောက်ပေးကြပါ ပြည်သူလူထုကြီးခင်ဗျား။
နိုင်ဝင်းလွင်
စိုက်/သု
နေပြည်တော်

burma said...

U take care always mother SU..... Everyone take care mother SU ples......

Anonymous said...

တကယ်လို့သာ မင်းကိုနိုင်၊ ကိုကိုကြီး နဲ့ ကိုဇာဂနာတို့သာ NLD အမတ်လောင်းတွေအဖြစ် ဝင်ရောက်အရွေးခံမယ်ဆိုရင် အမေစု ဒါလောက်တောင်မပင်ပန်းဘူးပေါ့။ အခုတော့ တစ်နိုင်ငံလုံးလှည့် ပတ်သွားနေရတာ တစ်ယောက်ထည်းဆိုတော့ အကျိုးသက်ရောက်မှုနဲ့ ဆန့်ကျင်ဘက်သက်ရောက်မှုက မတိမ်းမယိမ်းဖြစ်နေတာပေါ့။ အမေစုရဲ့အဖွဲ့ကြီးမှာ လူသိများတဲ့ နိုင်ငံရေးသမားကောင်းတွေ ပိုလိုအပ်နေတာပါ။ ပြည်သူတွေကလဲ အမေစုအတွက် ဝိုင်းဝန်းပံပိုး ပေးသင့်ပါတယ်။ အရာရာကိုပေါ့......။

komen said...

Hi mother su!
Everybody called you mother su.so that im also want to be called you mother su.
Mother su i think so you also will be very tried now.Is so that mother su pls you take rest at your home.Really im very pity to you.
Mother su pls you help to for burmese.Can you talk to U.S.A GOVERMENT and EURU GOVERMENET for free VISA? For burmese...

ပုဂံစစ်သည် said...

ဒေါ်စုအတွက် လုံခြံရေးဝန်ထမ်း ၃ ရောက်ဟာ အင်မတန်မှ နည်းလွန်းပါတယ်။ အနည်းဆုံး ၁၀ ယောက်လောက် တော့ထားသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ဘေးကလူအုပ်ကြီးကို ကြည့်ရင်သိနိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်အတွက် ဒီလိုခေါင်းဆောင်မျိုးဟာ တစ်သက်မှာ တစ်ခါကြုံခဲတဲ့ တိုင်းပြည်ရဲ့ကယ်တင်ရှင်ဖြစ်သလို ရန်သူရဲ့ ပစ်မှတ်လဲဖြစ်နိုင်ပါတယ်။ လူထုရဲ့စိတ်ထဲမှာ ဒီလောက်ပြည်သူတွေချစ်တာ လုပ်ကြံမယ့်သူ မရှိဘူးလို့ထင်ပါလိမ့်မယ်။ ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင်တောင် လုပ်ကြံသေးတာပဲ၊ လက်ရှိဒေါ်စုဘေးက လူငယ်တွေဟာလုံခြုံရေးကို အပြည့်အဝတာဝန်မယူနိုင်ပါဘူး၊ စီမံကွပ်ကဲမှု့ အင်မတန်မှအားနည်းပါတယ်။ ကျွန်တော်ဟာ ဗဟန်းမှာရှိတဲ့ NLD ရုံးချုပ်ကို ဒေါ်စုရှိတဲ့အခါမှာ သွားသွားပြီးတော့ လေ့လာပါတယ်။ ဘာတွေ့ရလဲဆိုတော့ ရုံးချုပ်ထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်လုပ်လို့ရပါတယ်။ မည်သည့်အတားအဆီးမှမရှိပါဘူး။ ဒီမိုကရေစီဖော်ဆောင်တာမှန်ပေမယ့် ဒေါ်စုရဲ့ဘေးမှာအတားအဆီးမရှိတဲ့ ဒီမိုကရေစီတော့ မဖြစ်သင့်ပါဘူး။ ဒေါ်စုကားလာတော့မယ်ဆိုရင်လဲ မလာခင်ကထဲက လမ်းကြောင်းရှင်းထားသင့်ပါတယ်၊ အာဇာနည်နေ့လိုဟာမျိုး ကျွန်တော်ကြုံဖူးပါတယ်၊ ဒေါ်စုကားလာတော့လဲ ရှေ့ကပိတ် ပြန်တော့လဲ ရှေ့ကပိတ်နဲ့၊ လူငယ်တွေများပြီးခေါင်းဆောင်မှု့ အပိုင်းမှာအင်မတန်မှ အားနည်းပါတယ်။ ဒါဟာလုံးဝကို မဖြစ်သင့်ပါဘူး။ ဒီပဲယင်း လိုဟာမျိုး ကြည့်ပြီးသင်ခန်းစာ ယူစေချင်ပါတယ်။ ကျွမ်းကျင်တဲ့ ခေါင်းဆောင်တစ်ယောက်ရှိရင်ကို လက်ရှိလူငယ်တွေနဲ့ ဒေါ်စုကိုကာကွယ် စောင့်ရှောက်နိုင်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။

David Henry said...

အမေစု လုံခြုံရေးကို အထူးသတိပြုပါ။
ရန်သူလား မိတ်ဆွေလား သာမန်မျက်စေ့ဖြင့် မခွဲခြားနိုင်ပါ။

myochitnanda said...

ဒေါ်အောင်ဆန်းစုကည်ရဲ့  အနာဂတ်က တိုင်းပြည်ရဲ့  အနာဂတ်ပဲဆိုတာ လက်ခံချင်သည်ဖြစ်စေ- မခံချင်သည်ဖြစ်စေ အမှန်တရားတစ်ခုပါ.. မြန်မာဆိုတာနဲ့  ဒေါ်အောင်ဆန်းစုကည်ရဲ့  ပုံရိပ်က နိုင်ငံတကာမှာ တွဲပါလာပြီးသားပါ.. ဒါကိုမှ ကျား...ကျား....မီးယပ်လုပ်ပြီး လူကိုခွေးသတ်တဲ့ လုပ်ရပ်လာချိုးလို့ ကတော့ အဲသည်လို လုပ်ကိုင်၊ စီစဉ်တဲ့ မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်း တာဝန်ရှိသူကိုမဆို ဆွေ(၇)ဆက်၊ မျိုး(၇)ဆက်တိုင်အောင် အမြစ်ပြုတ် အပြစ်ပေးဦးတော့ နိုင်ငံတော်ရဲ့  အနာဂတ်က ပျက်စီးသွားပြီး နိုင်ငံတော်နဲ့  နိုင်ငံသားတွေရဲ့  ပုံရိပ်တွေလည်း ဘယ်တော့မှ ပြန်ကောင်းမလာ- နိုင်ငံတကာရဲ့  ယုံကည်မှုတွေပါ ပျက်သုဉ်းသွားလို့  နလံထူဖို့ ဘယ်လို့ မှ မလွယ်တော့မယ့်၊ အာရှမှာ တစ်ခုတည်းသော အနုပ်စုတ်ဆုံး၊ ကျွန်တွေ၊ ပျော်တော်ဆက်မယ်တွေ မွေးထုတ်ရာ၊ တရုတ်တွေရဲ့  ထုံးလိုခြေ-ရေလိုနှောက် ခြေသုတ်ပုဆိုး ကျွန်စစ်စစ်တွေ ဖြစ်သွားလိမ့်မယ်ဆိုတာ မြေုကီးလက်ခတ်မလွဲပါပဲ... ဒါကြောင့် ဒေါ်အောင်ဆန်းစုကည်အနေနဲ့  ပြည်သူ့ အကျိုးလုပ်နေတာ လူထုကီးက သိပြီးသားမို့ လို့  လူထုကို အသက်နဲ့ ရင်းပြီး တကူးတကန် စည်းရုံးရေး ဆင်းနေစရာမလိုသလို၊ လိုအပ်လို့  ဆင်းမယ်ဆိုလည်း လုံခြုံရေး (မြန်မာပြည်သူ သန်းခြောက်ဆယ်ကျော်အတွက် လုံခြုံရေးလို့ ဆိုရင် ပိုလေးနက်ပါလိမ့်မယ်)ကို ထိပ်တန်းအဆင့်ထားပြီးမှ ကျန်တာတွေ ဆက်စီစဉ်သင့်ပါတယ်.. အာဏာပိုင်တွေအနေနဲ့ လည်း အမှန်တရားကို -င်ပိတ်ငြင်းမနေပဲ အရေုးကီးပုဂ္ဂိုလ်အဆင့် လုံခြုံရေးအစီအမံတွေ စီစဉ်ပေးခြင်းဖြင့် သဘောထာုးကီးမှုကို ပြုကပါ- ပြည်သူလူထုရဲ့  မေတ္တာကို အချိန်အခါသင့် ခံယူုကပါလို့  တိုက်တွန်းအကြံပေးပါရစေ (စကားချပ်။ ။ myanmarexpress လို ၀က်ဘ်ဆိုဒ်တွေကလည်း မီဒီယာကို မီဒီယာနဲ့  တိုက်တာလည်း တိုက်တာပေါ့- ဒါပေမယ့် ဘယ်လိုမှ ထိရောက်မလာပဲ ပိုချဉ်ချဉ်လာတယ်ဆိုတာတော့ သတိထားပေးဖို့ - ဘာဖြစ်လို့ လည်းဆိုတော့ အင်တာနက်သုံးတယ်ဆိုတဲ့ လူတွေက ဘယ်လိုလူမျိုးတွေဆိုတာကို သူတို့ မစဉ်းစားမိတာလား-လျော့တွက်တာလား တော့မသိပါ..) သေချာတာတစ်ခုက ဒေါ်အောင်ဆန်းစုကည် လုပ်ုကံခံရတာနဲ့  ရဲရဲတောက် အကြမ်းဖက်တော်လှန်ရေးသမားတွေမြောက်မြားစွာ ထွက်ပေါ်လာနိုင်တယ်၊ ပြည်တွင်းစစ်မီး ဘယ်လိုမှ ငြိမ်းသတ်မရတော့အောင် အုကီးမားဆုံးတောင်လောင်သွားနိုင်တယ်ဆိုတာလောက်တော့ သတိချပ်သင့်ပါတယ်ခင်ဗျာ...

sky light said...

အတွေ့အကြုံရှိပြီး လူငယ်များကိုစနစ်တကျညွန်ကြားနိုင်မဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးတော့လိုပါတယ် အမေရိကန်သံရုံးကိုအကူအညီတောင်းရင် ရနိုင်မယ်ထင်ပါတယ်..အမေစုလုံ ခြုံရေးအရမ်းအရေးကြီးပါတယ်...
ထူးခြားမှုရှိရင်ချက်ချင်း(ချက်ချင်း)ဆက်သွယ်မှုရအောင် အစီစဉ်တစ်ခုအနေနဲ့ ရေးဆွဲထားပါ..လူတိုင်းလူတိုင်းကင်မရာ ဗီဒီယိုကင်မရာ ဖုန်းကင်မရာများဆောင်ထားနိုင်ရင်ပိုကောင်းပါတယ်..တခုခုဖြစ်ခဲ့ရင်အမှန်တရားကိုချက်ချင်းမှတ်တမ်းတင်ပြီး မီဒီယာကနေနိုင်ငံတကာသိအောင်လုပ်ပြီးအရေးယူနိုင်မယ်..ပြည်သူလူထုကလဲမိမိဘေးနားမှထူခြားမှုရှိမရှိဝိုင်းဝန်းကြည့်ရှုစောင့်လျောက်ပေးကြပါ..ခောတ်ပြောင်းသွားပါပြီ အရင်ကလိုတော့တဖက်သတ်လုပ်လို့ မရတော့ပါ..လုပ်ရင်လဲဗူးပေါ်သလိုပေါ်မှာပါပဲ...

komyo said...

အမေစု...........
သားတို့ ရဲ့ မမေစုကိုမွေးမေမေပြီးရင်ဘ၀မှာခေတ်သစ်အမေပါပဲ
မွေးမေမေနဲ့ အမေစုကခွဲခြားလို့ မရပါဘူး ကျွန်တော်တို့ ရဲ့ သား
စဉ်မြေးဆက်အမေစုကိုထာဝရအမေအဖြစ်မှတ်တိုင်ထူနိုင်အောင်
ကြိုးစားပါ့ မယ်လို့ ဂတိပေးပါတယ်။

maw said...

I REALLY WORRY ABOUT SECURITY OF MA MA SU.
ALTHOUGH WE LOVE YOU VERY MUCH, HOW IS OTHER SIDE?
PLSSSSSSSS BE CAREFUL IN EVERY MOMENT.

ရာရာ said...

မှန်ပါတယ်...လိုသူရှိသလို မလိုသူလည်းရှိမှာပါပဲ...ဖခင်ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ယုံကြည်မှုသိပ်လွန်ကဲသွားတာကြောင့် အစောင့်အကြပ် လျော့ရဲစွာထားခဲ့ပါတယ်..နောက်ဆုံး ..ပြည်သူတွေရင်ကျိုးရတာပါပဲ...မဟတ္တမ ဂန္နီကြီးဟာလည်းထိုနည်းတူစွာပါပဲ...
မြန်မာပြည်ကြီးဟာ အနာဂါတ်ရောင်ခြည်တွေသန်းနေပါပြီ...တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့အဆင့်ကိုရောက်နေပါပြီ...ဒီအဆင့်မှာတစ်စုံတစ်ရာအနှောက့်အယှက်ကြောင့် ပျက်ပြယ်ခဲ့ရရင် နောက်ဘယ်အချိန်မှ နလံထူနိုင်မယ်ဆိုတာဘယ်သူမှမပြောနိုင်တော့ပါဘူး...
အမေ..ဘေးမသီရန်မခစွာဖြင့် အသက်ရာကျော်ရှည်ပြီး ပြည်သူများအကျိုးသယ်ပိုးနိုင်ပါစေရန် လှိုက်လှိုက်လှဲလှဲဆုတောင်းနေပါတယ်ခင်ဗျား...

မေ said...

အမေစုကို ဗိုလ်ချုပ်လို ထပ် အဖြစ်မခံနိုင်ဘူး
ဒီလောက်နှစ်ရှည်လများ ကြိုးစား စောင့်ဆိုင်းလာပြီးမှ ဘာမဟုတ်တဲ့ လုပ်ရပ် ကြောင့် အပွန်းအပဲ့ မခံနိုင်ဘူး..အမေစုဘေးမှ ညီနောင်များ
အထူးပဲ သတိထားပေးကြပါ...တစ်ခုခု ဖြစ်သွားရင် ရင်ကွဲရမှာ မို့လို့ပါ

ပုဂံစစ်သည် said...

ထပ်ပြီးတော့ပြောလိုက်မယ် ကျုပ်တို့တိုင်းပြည်မှာ အာဇာနည်နေ့ တစ်ရက်ပဲရှိရမယ် နှစ်ရက်မရှိစေချင်ဘူး။

Powered by Blogger.