ဒီမိုကရေစီစနစ်နှင့်မြန်မာ့တပ်မတော်

ပြည်တွင်းပြည်ပ၏ဒီမိုကရေစီလမ်းကြောင်း လျောက်လှမ်းရေးဝိုင်းဝန်းဖိအားပေး တိုက်တွန်းမှုများ
အားကောင်း လာခြင်း၊မြန်မာ့စစ်ခေါင်းဆောင်များကိုယ်တိုင်မြန်မာနိုင်ငံ၏မအောင်မြင်သောမူဝါဒများကို
လက်ခံသဘောပေါက် ဝန်ခံလာခြင်းနှင့်ပြည်သူလူထုအကျိုးငှါ လက်ရှိသမ္မတကြီး
ဦးသိန်းစိန်သည်မြန်မာနိုင်ငံကိုပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသို့နောက်မဆုတ်တမ်းစတင်ခြေလှမ်း လှမ်းနေပြီ ဆိုတာကိုတော့ အငြင်းပွါးစရာရှိမည်မထင်ပါ။ သို့သော် နှစ်ပေါင်း (၅၀) နိုင်ငံ၏အလုံးစုံ 
အာဏာကို ထိန်းချုပ်ခဲ့သော မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် 
လက်တွဲခေါ်ယူသွားနိုင်ရေး ဒီမိုကရေစီစနစ်နှင့်အညီ မြန်မာ့တပ်မတော်ဖြစ်ရေး တို့ကိုမူ
ပြည်သူလူထုအနေဖြင့် မိသားစု စိတ်ဓါတ်ဖြင့် ဝိုင်းဝန်းစဉ်းစားပေးဘို့လိုမည်ဖြစ်ပါသည်။ 
ဆက်လက်ဖတ်ရှုရန်-----
Democratic Burmese Army(01!20!12)
ဓါတ်ပုံ(ဒီဗွီဘီ)
ဒီမိုကရေစီစနစ်နှင့်မြန်မာ့တပ်မတော် ဒီမိုကရေစီစနစ်နှင့်မြန်မာ့တပ်မတော် Reviewed by သစ်ထူးလွင် on 23:16 Rating: 5

2 comments:

disppla said...

အောင်လင်းထွဍ်(စစ်ထောက်လှမ်းရေး)သိစေရန်
မင်းတို့သာ အစောကြီးထဲကသာ ဒီလိုအမြင်မှန်ရှိရင် ပြည်သူတွေလည်း နာကျည်းစိတ် ဖြစ်လာမှာမဟုတ်ဘူး ကျောင်းသားတွေလည်း ထောင်ထဲမှာ အနှိတ်စက်ခံပြီး လူမသိသူမသိသေသွားမှာမဟုတ်ဘူး မင်းကအခုတော့
စုမိဆောင်းမိပြီး အမေရိကားရောက်လို့ ဒီစကားမျိုးပြောနိုင်တာပေါ့
ခံခဲ့ရတဲ့သူတွေက မေ့နိုင်ပါမလား
အေး အဲဒိလိုဖြစ်တာ အဓိက တရားခံက မင်းတ်ု့(စစ်ထောက်လှမ်းရေး)ပဲ
အထူးသဖြင့် မင်းတို့လို အရာရှိတွေပဲ။
မင်းတို့အဖွဲ့ထဲက ဘယ်သူက လုပ်ခဲ့တာမှားပါတယ်လို့ ဝန်မခံသေးဘူးနော် ဒါဖြင့် အမှန်တွေပဲ လုပ်ထားတယ်ပေါ့
မင်းတို့မှန်တယ်ထင်ရင် မြန်မာပြည်ပြန်လာပြီး ဒီစကားကိုပြောရဲလား
တကယ်တော့ ရဲဘော်စစ်သားဆိုတာ ခွေးလိုပဲ ဘာမှမသိဘူး
အထက်ကခိုင်းလို့သာ လုပ်နေရတယ်ဆိုတာ ဒို့တွေအကုန်သိတယ်

komyo said...

အခုမှနာမည်ကောင်းယူမနေပါနဲ့  ခင်ဗျားတို့ (စစစ)တဖွဲ့ သားလုံးကလူသတ်သမားတွေကြီးပါဘဲဗျာ

Powered by Blogger.