မိမိတို့အနေဖြင့်
လွှတ်တော်တွင်းသို့ရောက်ပါက ပြည်သူအတွက် အကျိုးမရှိသောဖွဲ့စည်းပုံ
အခြေခံဥပဒေပါ ပုဒ်မများကို ပြင်ဆင်ရန်ကြိုးပမ်းမည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ အပိုင်းတွေကို ပြင်မယ်ဆိုတာ အန်တီတို့ယုံကြည်ချက်အရပြောတာပါ။ ဖွဲ့စည့်ပုံကို ရေးဆွဲခဲ့တဲ့သူတွေကတော့ ပြင်ချင်စိတ်နဲ့ရေးထားတာမဟုတ်ဘူးလို့ပြောရမှာပေါ့။ အစကတည်းက ပြင်ချင်ရင် ပြင်ထားမှာပေါ့ ” ဟု လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ မစ္စတာ ကွင်တားနားနှင့် တွေ့ဆုံအပြီး သတင်းထောက်တဦး၏ မေးခွန်းအားဖြေကြားရာတွင် ပြောဆိုလိုက်သည်။
ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးအောင်သိန်းကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် အချက်များစွာရှိကြောင်း ၊ ယင်းအချက်များသည် ပြည်သူကို အကျိုးမပြုသည့် ဥပဒေများဖြစ်ကြောင်း ပြောကြားသည်။
၎င်းက “ အမျိုးသားအကျိုးစီးပွားလို့ပြောနေပေမယ့် ဖွဲ့စည့်ပုံထဲမှာ ပြည်သူကို အကျိုးမပြုတာတွေ အများကြီးပဲ။ ဥပမာ တပ်ကအချိန်မရွေးအာဏာသိမ်းလို့ရအောင် လုပ်ထားတာမျိုး၊ နောက် တပ်ရဲ့အထူးရံပုံငွေကို လွှတ်တော်မှာ မေးမြန်းခွင့်မရှိဘူး ဆိုတာမျိုးပေါ့ ”ဟု ရှင်းလင်းပြောဆိုသည်။
ထိုသို့ဥပဒေပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ထဲရှိ ပြည်ခိုင်ဖြိုးမှ အမတ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ သဘောတူညီချက်ကို ရအောင်လည်း ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “ သူတို့သဘောတူအောင် လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။
ဦးအောင်သိန်းကမူ ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားများ အားကောင်းနေသော လွှတ်တော်တွင်းတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေကိုယ်၌ ပြင်ဆင်သင့်သည့် အချက်တွင် အခြေခံဥပဒေကို အလွယ်တကူ ပြင်ဆင်နိုင်ရန် ပြင်ဆင်သင့်ကြောင်း ပြောကြားသည်။
“ အခြေခံဥပဒေက ဘုရားဟောမှမဟုတ်တာဗျာ။ ဘာကြောင့် မတို့ရဲ မထိရဲဖြစ်နေရမှာလဲ။ ဒါပေမယ့် အခု အခြေအနေအရ ပြင်ဖို့ခက်ခဲနေတယ်။ အသေးအမွှားလေးတွေကို တော့ပေးပြင်နိုင်တယ်။ ဒါပေမယ့် တပ်နဲ့ဆိုင်တဲ့ကိစ္စမျိုးကတော့ ပြင်မရနိုင်ဘူး” ဟု ၎င်းကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ပုဒ်မ ၄၃၅ တွင် “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်” ဟုပါရှိသည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ၅၈ ရာခိုင်နှုန်း၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး အခြားပါတီများမှ ကိုယ်စားလှယ် ၁၇ ရာခိုင်နှုန်းသာပါဝင်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပမည့် မဲဆန္ဒနယ်စုစုပေါင်းမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၈ ရာခိုင်နှုန်းနီးပါးသာရှိသည်ကိုတွေ့ရသည်။
ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးကလည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရန်အချက်သိပ်မရှိဟု အာရ်အက်ဖ်အေ သတင်းဋ္ဌာနနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ။
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၂ (YPI)

ပြည်သူအတွက် အကျိုးမရှိသော ဥပဒေများပြင်ရန်ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Reviewed by သစ်ထူးလွင်
on
03:39
Rating:
5 comments:
အမေ့ကို ရာနှုန်းပြည့် ယုံကြည်ပြီးသား။ ရာနှုန်းပြည့်လည်း ထောက်ခံပြီးသားပဲ......... ဘါမှ လာမပြောနဲ့ အမေစုမှ အမေစုပဲ................
ဥပဒေပညာရှင် ဦးအောင်သိန်းတို့လို၊ ပြည်သူကို ကိုယ်ချင်စာ၊ သနား၊ ထောက်ထား ညှာတာတဲ့ ကမ္ဘာကလေးစာတဲ့ အမျိုးသား ခေါင်ဆောင် အမေစုတို့မှာတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်စရာတွေ တပုံကြီးပေါ့။ အမေတို့က ရင်ဘတ်နဲ့ကြည်တာကို ပြင်စရာတွေ ရှိမှာပေါ့။
ဟို ကြီးနိုင်ငယ်ညင်း၊ နိုင်ရာစား၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သတ္တ၀ါတွေကတော့ သိပ်မရှိဘူးပေါ့။ အမေစုတို့ရောက်လာရင် ပြင်မယ်ဆိုတာကို သိလို့ ကြိုကန်ထားတာ၊ အမေစုတို့ကို လှန့်နေတယ်။ ရင်ဆိုင်ရမှာကို သူတို့ ကြောက်နေတယ်။ နောက်ဆိုရင် လွှတ်တော်ထဲမှာ အမိန့်ထုပ်ဦးမယ် တခြားပါတီဝင်တွေကို စကားမပြောရ၊ လှည့်မကြည့်ရ။
မသမာမှု ၊ မရိုးသားမှု့ တွေကိုလည်း ပြင်ဆင်ရမယ် . . . အန်တီစု လွှတ်တော်ထဲကို မြန်မြန်ရောက်မှာ ဒါတွေ ပြင်လို့ ရမယ် . . . နေရာတစ်ကာ သူတို့ အသာလိုချင်တဲ့ ဥပဒေ တွေနဲ့ ပဲ ပြည့်နေတယ် . . . အားကိုးပါတယ် အန်တီစု ရယ် ဗိုလ်ချုပ်သမီး ပီသစွာနဲ့  ပြည်သူတွေ လွတ်လပ်မှု အစစ်အမှန်ရရှိအောင် လုပ်ပေးပါအုံးလို့  . . .ယုံကြည် အားကိုးစွာဖြင့် . . .
ရွံ့နွံ့တွေဘယ်လောက်ပဲ ညစ်ပေအောင်ပြုလုပ်နေပါစေ ကြာပန်းကတော့
လူတိုင်းတန်ဖိုးထား မြတ်နိုးကြပါတယ် ရွံ့နွံ့ကင်းစင်ပြီး အမြဲတမ်း လန်းဆန်းနေပါတယ်ဆိုတာ လူတိုင်းသိလာမှာပါ
ဥပဒေပညာ ရှင် ဦးအောင်သိန်းကို သမီးပောမာန်ဦး တွေ့ချင်နေတယ် သမီးဆက်သွယ်ပြုချင်တယ် ။သမီးလေးစား ကြည်ညှိစရာကောင်းသော လူမှန်ဖြစ်တယ် ။
အဘဥိးအောင်သိန်း သမီးကိုကယ်ပါ ။သမီး ကို ခုတာဝန်ထမ်းဆောင်နေတဲ့ စစ်ဥပဒေချုပ် ဦးရာပြည့်က မလိမ့်တပတ်နဲဝှေ့လည်ကြောင်ပတ်ပြီး မရအောင် ရအောင် သိက္ခာချ အချုပ်ထဲ (လ)သွင်းခဲ့တယ် G 0NE ကတော်ကိုသေစေတယ် (ကိုယ့်ကိုကိုယ်သတ်သေတယ်လို့)ဦးရာပြည့်ကြောငြာတယ် ။အဲဒိတုန်းကဦးရာပြည့်က တောင်ကြီးတိုင်းမှူး မိုလို့ တောင်ကြီးမြို့မှာ သူအာဏာသုံးပြီး ရက်စက်ခဲံတဲံအကြောင်းကို ဖော်ပြချင်တယ် ။ သူသမီးကို နူတ်ပိတ်ချင်နေတယ် သူ့အကြောင်းစင်ကုန်သိတဲ့ G ONE ကတော်က ဆုံးပြီး သမီးပဲကျန်တယ် ။သမီးကိုကယ်ပေးပါ ။မှန်ကန်တဲ့အတွက် သမီးမကြောက်ဘူး သူနောက်တခေါက် ဝေ့လိုက်မှာကိုတော့ ကြောက်တယ် ။
Post a Comment