ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သိက္ခာချတဲ့ စာဖြန့်ဝေမှု

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်ရေးသားတဲ့ စာတစောင်ကို အမရပူရမြို့နယ်က ဒေါက်တာဇော်မြင့်မောင်ရဲ့ အိမ်ဝင်ပေါက် ရှေ့တည့်တည့်မှာ ဒီမနက်ပိုင်းက တွေ့ရတယ်လို့ ဆိုပါတယ်။
ဒေါက်တာဇော်မြင့်မောင် NLD ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ကို ရောက်နေချိန်မှာ အဲဒီစာကို ချသွားတာ ဖြစ်တယ်လို့ သူ့ဇနီး ဒေါက်တာယုယုက ပြောပါတယ်။

A-4 အရွယ် စာတစ်ရွက်မှာ နှစ်မျက်နှာစလုံး ကွန်ပြူတာ စာစီရိုက်ထားပြီး ရန်ကုန်ရှိ နိုင်ငံခြားသံရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးတွေမှာ ပါဝင်ကူညီနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားအထောက်အပံ့ကို လက်ခံရယူနေကြောင်း ဝေဖန်ရေးသားထားပါတယ်။ ဒါပေမယ့် ဒီစာကို ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက ရေးသားတယ်ဆိုတာ ဖော်ပြထားတာ မရှိဘူးလို့ ဆိုပါတယ်။

အရင်ကလည်း ခုလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ပုတ်ခတ်တဲ့ စာတွေ သူတို့အိမ်ရှေ့မှာ အထပ်လိုက် ချသွားဖူးတာ ရှိတယ်လို့လည်း ပြောပါတယ်။

ဒီစာကို ဘယ်အချိန်က ချသွားမှန်း မသိရဘဲ ဒေါက်တာယုယု တာဝန်ခံ ဖွင့်လှစ်ထားတဲ့ မနောသုခ အခမဲ့ ဆေးခန်းအတွက် ဆေးဝါးတွေကို မနက်တိုင်း လာယူတဲ့ ဆေးခန်း အမှုဆောင် အဖွဲ့ဝင်တစ်ဦးက မနက် ၉ နာရီလောက်မှာ တွေ့ရှိတာလို့လည်း သိရပါတယ်။
RFA

ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သိက္ခာချတဲ့ စာဖြန့်ဝေမှု ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သိက္ခာချတဲ့ စာဖြန့်ဝေမှု Reviewed by သစ်ထူးလွင် on 07:27 Rating: 5

13 comments:

Anonymous said...

ကိုယ်ေ၇းတဲ့စာတောင် ကိုယ့်ဘာသာမယုံ၇ဲလို့ နာမည်မတပ်နိုင်၇ှာဘူး တနားပါတယ်။ ကိုယ်မှန်တယ်ထင်၇င် မတင်၇ီလို နာမည် တပ်ေ၇းမှပေါ့ကွ

Anonymous said...

 - ဒီပဲယင်းအရေးအခင်း တရားခံများ
-သားဆွေ--၁၉-၂ -၂၀၁၂

၁။ ခင်ညွန့် -နအဖ အတွင်းရေးမှူး(၁)၊ ဒေါ်စုအား လုပ်ကြံရန် အဓိကအမိန့် ပေးသူ၊
၎င်းနောက် ဝန်ကြီးချုပ်ဖြစ်လာ၊ ပြီး စစ်အာဏာနေရာလုရန်ကြိုးပန်း၍ ဖမ်းဆီးထား၊ ယခု ပြန်လွတ်။
၂။ စိုးဝင်း-နမခ စစ်တိုင်းမှူး၊ဒီပဲယင်းအရေးအခင်းတွင် အနီးဆုံးကြီးကြပ်ကွပ်ကဲသူ၊
၎င်းနောက် အတွင်းရေးမှူး(၁)၊ ပြီး ဝန်ကြီးချုပ်၊ ယခု သေဆုံးပြီး။

၃။ သန်းဟန်-ဒု ဗိုလ်မှူးကြီး၊ရွှေဘို ခယက ဥက္ကဌ၊ဒီပဲယင်းသို့ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ခဲ့သူ၊၄င်း အရေးအခင်းအပြီး ရဲမှူးချုပ်အဖြစ် ပြောင်းရွေ့ ခြေရာဖျောက်ထား။

၎။ တင်မြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အတွင်းရေးမှူး၊ဒေါ်စုအရေးအခင်းအတွက် ရွှေဘိုမှ ချောကားများ၊လက်နက်များ၊လူတစ်ယောက်လျှင် ထမင်းတစ်ထုပ်နှင့် ငွေ(၃၀၀၀)ကျပ်ပေးကာ အင်အားစုစည်းပေးသူ၊ အရေးအခင်းပြီးသောအခါ တိုင်းကြံ့ဖွံ့ အမှူဆောင်အဖြစ် ခြေရာဖျောက်ထားပြီး အခြေအနေငြိမ်သက်သောအခါ ရွှေဘို ခယက အတွင်းရေးမှူး အဖြစ် ချီးမြှောက်ခဲ့။

၅။ စိုးမြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အမှူဆောင်၊ဒေါ်စုအရေးအခင်းတွင် အတက်ကြွဆုံး စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့သူ၊ဒီပဲယင်းသို့ ကိုယ်တိုင်လိုက်ပါ၍ ရိုက်နှက်ခဲ့သူ၊အရေးအခင်းပြီး၍ ဆောင်ရွက်ခဲ့မှူအား စစ်ကိုင်းတိုင်းကြံ့ဖွံ့ ခေါင်းဆောင် သူရအေးမြင့်ထံ ရှင်းလင်းတင်ပြရာတွင် တင်မြင့်ကိုပင် သွေးကြောင်သည်ဟုစွပ်စွဲခဲ့သည်။

၆။ ထွန်းကိုကို-ခရိုင်ကြံ့ဖွံ့ အမှုဆောင်၊၄င်းပိုင် သံဆိုင်မှ သံဒုတ်များယူကာ ရပ်ကွက်အရက်ဆိုင်များ၊ဆိုက်ကားသမားအချို့ နှင့်ကားဂိတ်ကြိုများအားပေး၍၄င်းမိသားစုပိုင် ဒိုင်နာကားဖြင့် ဒီပဲယင်းသို့ သွားရောက်ဆောင်ရွက်ပြီး အရေးအခင်းအပြီးတွင် ခရိုင်အတွင်းရေးမှုးဖြစ်လာကာ ကြံ့ခိုင်ရေးထောက်ပံ့ငွေများဖြင့် ယခု ကောင်းမြတ်ထက် အမည်ဖြင့် ဘုရားမြေအားကျူးကျော်ကာ သံဆိုင်ဖွင့်လျှက်ရှိ။

၇။ သန်းထွန်း-ခရိုင်အမှူဆောင်၊၄င်းဇာတိ ရွှေခြင်္သေ့ကားသင်းမှ ဒိုင်နာကားတစ်စင်းအပြည့်လူခေါ်ကာ ဒီပဲယင်းသို့ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်။

၈။ ဇော်ဇော်-မြို့ နယ်ကြံ့ဖွံ့ အတွင်းရေးမှူး၊ရွှေဘိုမြို့ အနီးကျေးရွာများမှ ရပ်/ကျေးအမှူဆောင်များအား စခန်းချလေ့ကျင့်ရေးဟုလိမ်ညာကာ ဒီပဲယင်းသို့ ခေါ်သွားရာ အချို့ ကအဖြစ်မှန်သိ၍ ပြန်သွားခဲ့၊ယခု ဘက်စုံခြံအား အပိုင်စီးကာ စီးပွါးရေးလုပ်ကိုင်လျှက်ရှိ။

၉။ သန်းထွန်း-ခရိုင် ပို့ ဆက်ဦးစီး၊ရွှေဘိုမှဒီပဲယင်းအတွက် ကားများချောဆွဲပေးခဲ့သူ၊အရေးအခင်းအပြီး မူဆယ်သို့ ပြောင်းရွေ့ ၍ ချေရာဖျောက် ချီးမြှင့်ပေးခဲ့သည်။

၁၀။ သောင်းဝင်း-ဒုရဲမှူး၊ဒီပဲယင်းမြို့ နယ်မှူး၊အထူးရေးရန်မလိုပါ၊ရဲက အထက်အမိန့် နာခံ၍ ရဲအလုပ် ရဲလုပ်သွားခဲ့သည်၊အရေးအခင်းအပြီး ကျောက်ပန်းတောင်းသို့ ပြောင်းပေးထားခဲ့သည်။

၁၁။ ဝင်းသိန်း-ဒီပဲယင်းမြို့ နယ် ကြွံဖွံ့ အတွင်းရေးမှူး၊အရေးအခင်းတွင် ဒီပဲယင်းမှလူများ၊ရွှေဘိုမှလူများအားရွာသစ်ကျေးရွာနှင့် သမိုင်းဝင် ကြည်ရွာကားလမ်းဘေး ဝဲယာတွင်နေရာချထားကာ ဒေါ်စုယာဉ်တန်းလာပါကဝိုင်းဝန်းရိုက်နှက်ရန် စီစဉ်ခဲ့သူ။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ယာဉ်တန်းအား တားဆီးပိတ်ဆို့ ရိုက်နှက်ရန်အတွက် ဒီပဲယင်းမှလူအချို့ နှင့် ရွှေဘိုမှ အင်အားအများဆုံးခေါ်ယူရခြင်းမှာ ဒေါ်စုခရီးစဉ်အား ထောက်ခံကြိုဆိုသည့် ဒီပဲယင်းနယ်သားများအား တစ်နယ်ထည်းသားချင်းဆိုလျှင် ရိုက်နှက်မည်မဟုတ်သောကြောင့် ရွှေဘိုမှ လူမိုက်များအားခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခု ယင်းကိစ္စအဓိကတရားခံခေါင်းဆောင်ကြီး လွတ်လာပြီ။ကျန်လူများကလည်း အဆင်သင့်။တော်လှန်ရေးအသိ၊တော်လှန်ရေးသတိ အမြဲရှိပါ။လက်ရှိအောင်မြင်မှုလေးအပေါ်သာယာနေရုံနှင့် မပြီးသေးပါ။နောက်မှ နောင်တရ ကြေကွဲစရာဖြစ်လာမယ်။

၁၉ ဇူလိုင် ပြီး နောက်ထပ် အာဇာနည်နေ့  မလိုချင်ပါ။အားလုံးဟာ ကိုယ့်အင်အားအစစ်အမှန် မဟုတ်သေးဘူး။
နအဖရဲ့ ပြည်သူ့ သဘောထားဆိုတဲ့ပွဲမှာ `စုကြည် အလိုမရှိ` `ကုလားအုပ်မ ပြန်သွား` လို့ အားပါးတရ ဆဲဆိုခဲ့တဲ့သူတွေ ယခုရှိနေ ဆဲပါ။

အဲဒီတုံးက အသည်းနှလုံးဆတ်ဆတ်ခါအောင် နာခဲ့ရသူတွေက နောက်ထပ်ဝမ်းနည်းကြေကွဲမှုမလိုချင်တော့တဲ့အတွက် ဒီပဲယင်းအရေးအခင်း တရားခံတွေကို အမြန်ဆုံးအရေးယူပေးပါ။

အမှုမှန်ပေါ်ပေါက်ရေးအတွက်ထပ်မံသိရှိသူများ ပူးပေါင်းဖေါ်ထုတ် ပေးကြပါ။
နိုင်ငံတော်ကလည်းစစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ မျက်နှာကိုပဲ ကြည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

---------------------------------------------------
ခွပ်တဲ့ဒေါင်းမှ ခွပ်ဒေါင်းဖြစ်မယ် .... ဖွတ်နဲ့ပေါင်းရင် ဖွတ်ဒေါင်းဖြစ်မယ်။

သားဆွေ

by Naymin Alinyoung on Tuesday, 17 January 2012 at 03:33

Unknown said...

arh!,,
so so bad guys....

Anonymous said...

နိုင်ငံခြားအကူအညီပေးတော့ ဘာဖြစ်လဲ......မင်းတို့ ရောမလိုချင်ဘူးလားလို့ မေးချင်တယ်.....မင်းတို့ ကမှလိုချင်လွန်းလို့ စီးပွားရေးပိတ်ဆို့ မှူကိုဖွင့်ပေးဖို့ အော်နေတာ.....လိပ်ခေါင်းတင်မကဘူး....ဖွတ်ခေါင်းတောင်ထွက်နေပြီ.......မင်းတို့ စိတ်ဓာတ်အောက်တန်းကျတာ....ယုတ်မာတာကိုဖွင့်ပြောလိုက်တာပဲ.....တကယ်ဆိုရင်...ကိုယ့်လစိကို ၁၀ပေါင်တူနဲ့ ထုသေဖို့ ကောင်းတယ်.....

Anonymous said...

ကိုယ့်မျက်ချေး ကိုယ်မမြင် သူများမျက်ချေး ကိုယ်မြင် ဖြစ်နေပါတယ်.. ကြံ့ဖွတ်က သုံးနေတဲ့ ငွေတွေကော သူ့တို့ကိုယ်ပိုင်ဆိုတာ ကျိန်ပြောရဲပါသလား ????????

sharkalan said...

ဒီပဲရင်းအရေးအခင်းအကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးစေလိုပါတယ်။ မသိမမှီလိုက်လို့ပါ။

tharzaw said...

ကိုလူဆိုး။ သဘောကျတယ်ဗျာ။

Cinderella said...

နိုင်ငြံခားအကူအညီ?..ဒင်းတို့ေ ပြာေ ပြာ‌နေတဲ့နိုင်ငြံခားအကူအညီဆိုတာ
ဥ‌ရောပတို့အ‌မေရိကန်တို့ကိုဘဲဆိုလိုတာလား..ဒင်းတို့တနင့်တပိုးတနိုင်ငံ
လုံးကိုအ‌ပေါင်ထားပြီးယူထားတဲ့တယုတ်ကြီးဆီကအကူအညီက‌ရောနိုင်ငံ
ခြားအကူအညီမဟုတ်လို့လား..မ‌အေ‌တွေနှမ‌တွေ‌ပေးထားရတဲ့ပ‌ထွေး
‌ယောက်ဖ‌ဆွေမျိုး‌ပေါက်‌ဖေါ်မို့လို့လက်ခံေ နတာလား..။

ကျော်ထိုက် said...

နေထားအုံးပေါ့...ဒီကောင်တွေ...ခေါင်းဆောင်ကော နောက်လိုက်ကောင်တွေကို တနေ့ အကုန်လုံး...ကြိုးစင် ကို ရောက်မှာပါ...မမေ့သေးပါဘူး..ဒီပဲယင်း ကကောင်တွေကို...

Toe Gyi said...

သားဆွေ ရေးတာတွေ တိကျတာတွေပါ၊ နိုင်ငံခြားက ထောက်ပံ့ လို့ ရတဲ့ ငွေတွေ ဘယ်နေရာ သုံး လည်းကြည့်ပါအုံး၊ ဘယ်ကောင်းကများ အိတ်စိုက်ပြီး အများကောင်းပါစေ ဆိုတဲ့ စေတနာ သန့်သန့်နဲ့ ပေးကမ်း သုံးစွဲခဲ့လည်း( ပရဟိတ သူတော်ကောင်းများကို မဆိုလိုပါ) နိုင်ငံတော်ကို အမှန်တိုးတက် စေချင်ရင် လွှတ်တော်မှ အစ အောက်ခြေအပါ စစ်အာဏာရှင်များကို ဖယ်ရှားရပါလိမ့်မယ်။ အထူးသဖြင့် လွှတ်တော်ထဲမှာ အများကြီးရှိပါတယ်၊ ဒီပဲယင်းကိစ္စကိုလည်း ဖော်ထုတ်အရေးယူသင့်ပါတယ်၊ အမေစုကို သတိပေးလိုတာက စစ်တပ်ထဲ ပြောလေ့ရှိတဲ့ ညစ်ပတ်မှအရစ်ကပ်တာကွတဲ့ သတိမလွတ်စေရန် အကြံပြုပါသည်။ လွှတ်တော်ထဲမှာ စစ်အာဏာရှင်တွေ ရှိနေ သေးသမျှ အစိုးရကောင်း ၊ သန့်ရှင်းသော အစိုးရ ဖြစ်မလာ နိုင်သေးပါ။

Baby said...

ဒါမျိုးတွေကဖြစ်တတ်ပါတယ်.ဒါပေမဲ့..အမှန်တရားဆိုတာတစ်နေတစ်ချိန်မှာပေါ်ပေါက်
လာမှာပါ.အချိန်တောနည်းနည်းရင်းရတာပေါ..

ဝေဖန်သူတစ်ဦး said...

တင်ထားတဲ့ ပုံကြီးက တလွဲကြီး..အဲလိုပေါ့ပျက်ပျက်မလုပ်ပါနဲ့ဗျို....ဓါတ်ပုံမရှိလဲ စာပဲတင်ရင်လဲသတင်းဖြစ်ပါတယ်။

ရာရာ said...

မှန်ပါတယ်...ဘုန်းကြီးတောင်ကိုရိုက်သတ်ရဲလောက်အောင်ကမ်းကုန်ပက်စက်တဲ့ မိစ္ဆာတွေသူတို့ဖက်များ အများကြီးရှိပါတယ်...အလွန်သတိထားသင့်ပါတယ်..ဖခင်ဗိုလ်ချုပ်ဟာလဲ ဒီလိုပဲ ယုံကြည်မှုလွန်ကဲပြီး အစောင့်အရှောက်ပေါ့ဆစွာ ထားရှိခြင်းကြောင့် ရေတိမ်နစ်ခဲ့တာကို သမိုင်းမှာဖတ်ရပါတယ်..။ တွေးကြည့်ရင် အိပ်မပျော်အောင်ကြောက်စရာကောင်းပါတယ်...လုံးဝစိတ်ချလို့မရတဲ့ အခြေအနေပါ။...သူ(မ) ကြောင့်သာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ကို အလေးအနက်ထားကြတာပါ။..သူ(မ)သာ မရှိခဲ့ရင် ဘယ်သူမှဆေးဖေါ်ကြောဖက်လုပ်ကြမှာမဟုတ်တာအသေအခြာပါ။ သူ(မ) ကို အသက်ပေးပြီးကာကွယ်မယ့်သူတွေကတော့ မြောက်များစွာရှိပါတယ်..။ ဒါပေမယ့် အဲ့ဒီသူတွေက သူ(မ) အနားမှာနေခွင့်ရှိတဲ့သူတွေမဟုတ်ပါဘူး။

Powered by Blogger.