ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ

ဧပြီ ၁ ရက်နေ့ကစမယ့် ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုကို ပြန်ရုပ်သိမ်းပေးဖို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တောင်းဆိုလိုက်ပြီး မလိုက်လျောရင် မဲခွဲဖို့ အလားအလာ ရှိနေပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်တာပါ။ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက လာမယ့် ဘတ်ဂျက်နှစ်မှာ  တိုးပေးရင် အသုံးစရိတ်တက်ပြီး တိုင်းပြည်ဘဏ္ဍာ လိုငွေ ပြသွားနိုင်မယ်လို့ ပြောသွားတာပါ။
လက်တလော အစိုးရဆီမှာ နိုင်ငံတကာ အကြွေးက ဒေါ်လာ ၁၁ ဘီလီယံရှိပြီး အရန်ငွေကတော့ ၇ ဘီလီယံ ရှိတယ်လို့ ၀န်ကြီးက ပြောပါတယ်။  အနိမ့်ဆုံးလစာ ၂ သိန်း ၁ သောင်းကျပ်ရှိရင်  အစိုးရအနေနဲ့ ကျပ်ငွေ ၅၆၀၀.၃၅၄ ဘီလီယံ သုံးစွဲရမယ်လို့လည်း ၀န်ကြီး ဦးလှထွန်းက ပြောပါတယ်။
ဝန်ထမ်းတွေကို လက်ရှိရဲ့ နှစ်ဆ တိုးပေးလိုက်ရင် လိုငွေ ၁၂ ရာခိုင်နှုန်း တက်သွားနိုင်တယ်လို့ ၀န်ကြီးက သမ္မတ ကိုယ်စား ပြောသွားခဲ့တယ်လို့ လွှတ်တော် အစည်းအဝေးတက်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
“၀န်ကြီးက အဲ့ဒီဘက်ကို ဇောင်းပေးပြီးကာမှ လစာတိုးပေးမယ်ဆိုရင် ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဈေးကွက်ကတဆင့် ငွေတိုက်စာချုပ်တွေ ရောင်းချရမယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ လိုမယ်။ ၁၁ ဘီလီယံလောက် အကြွေးရှိတယ်။ ကိုယ်ပိုင်ငွေက ၇ ဘီလီယံ ကျော်ကျော်လောက်ပဲ ရှိမယ်။ နိုင်ငံတကာ အကူအညီတွေလည်း ထည့်တွက်ပါတယ်။ နောက် ငွေတိုက်စာချုပ်တို့ ရောင်းရင် နိုင်ငံတကာက ၀ယ်နိုင်မယ့် ရင်းနှီးမြှုပ်နှံနိုင်မယ့် မြန်မာနိုင်ငံရဲ့ ဥပဒေ၊ နည်းဥပဒေတွေကလည်း ထွက်ဖို့လိုတယ် ဆိုပြီး သေချာတော့ တွက်ပြပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီးလည်း တွက်ပြပါတယ်။ ဒါကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သမ္မတကြီး ကိုယ်စား တင်ပြပါတယ်လို့ သုံးနှုန်းပြောဆိုသွားပါတယ်။”
တကယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သူတင်သွင်းခဲ့တဲ့ အဆိုကို မရုပ်သိမ်းပေးရင် ပြည်ထောင်စုလွှတ်တော်အတွင်းမှာ မဲခွဲ ဆုံးဖြတ်ရမယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
သူရ  ဦးရွှေမန်း တင်သွင်းတဲ့ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ လစာ မတိုးနိုင်ခဲ့ရင် ပြည်သူလူထုအတွင်းမှာ စစ်တမ်းကောက်သင့်တယ်လို့လည်း ဆိုပါတယ်။
“သမ္မတကြီးအပေါ်မှာ လူထုထောက်ခံမှု နှုန်းက အင်မတန် မြင့်မားပါတယ်။ ပထမဆုံး ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံအခြေပြု မိန့်ခွန်း ပြောတာရယ်၊ အစိုးရအဖွဲ့ပေါ်မှာ ပြောတဲ့ မိန့်ခွန်းတွေ အကုန်လုံးဟာ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေမှာ ပေးထားတဲ့ အခွင့်အရေး ရနိုင်အောင် ကာလတခုမှာ ကြိုးစားပြီး ဆောင်ရွက်မယ်။ နောက် အငြိမ်းစား လစာတွေကိုလည်း ပေးထားပြီးပြီ။ နိုင်ငံသူ နိုင်ငံသား ၀န်ထမ်းတွေရဲ့ သမ္မတကြီးအပေါ်မှာ ထောက်ခံမှု။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး တင်ပြတဲ့ ၂၀၁၂က ဧပြီကစပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေကို ဒီလို တိုးပေးသင့်တယ်။ လက်ရှိခံစားနေရတဲ့ နှုန်းထားတွေဟာ ၁၉၅၀ ကျော်ကလောက် တောင် မရှိဘူးပေါ့နော်။
“ဒီလို ဦးရွှေမန်းက တင်ပြတာကို သမ္မတကြီးက ၂၀၁၂၊ ၂၀၁၃ မှာ မလုပ်ပေးနိုင်ဘူးဆိုရင် သမ္မတကြီးဟာ လူထုစစ်တမ်း ပြန်ကောက်သင့်တယ်။ ဒါ နိုင်ငံရေးအားဖြင့် ပါလာပြီလေ။ ပြည်သူတွေရဲ့ ယုံကြည်မှု၊ ၀န်ထမ်းတွေရဲ့ ယုံကြည်မှုဟာ အစိုးရအဖွဲ့အပေါ်မှာ သက်ရောက်မှု ရှိမယ်။ အစိုးရအဖွဲ့ရဲ့ မောင်းနှင်အားဟာ ဗျူရိုကရက်ကိုး။ ၀န်ထမ်းမပါလို့ မရဘူး။ အုပ်ချုပ်စီမံခန့်ခွဲတဲ့ အဖွဲ့အစည်း မပါလို့ မရဘူး။ ကျနော်တို့ ပြန်သုံးသပ် သင့်တာက ၂၀၁၂၊ ၂၀၁၃မှာ ဦးရွှေမန်း ပြောသလို ၀န်ထမ်းတွေရဲ့ လစာနှုန်းထားကို တိုးသင့်တယ်။ မတိုးခင်လေးမှာ ၀န်ထမ်း အဖွဲ့အစည်းတခုလုံး၊ အစိုးရအဖွဲ့အစည်း တခုလုံးကို ပြန်လည် သုံးသပ်ရလိမ့်မယ်။”
ဝန်ကြီး ဦလှထွန်းက  နယ်ဝေး ၈၅ မြို့နယ်က အစိုးရ၀န်ထမ်း ၃၇၈၁၇ ဦးကို  လာမယ့် ဘဏ္ဍာရေးနှစ်မှာ ရှားပါးစရိတ် တိုးပေးမယ့် အကြောင်းကို ဒီနေ့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။  ဘယ်ဌာနက ၀န်ထမ်းတွေဆိုတာ ရည်ညွှန်းပြီး ပြောဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ရက်က  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ   သူရဦးရွှေမန်းက လာမယ့် ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ အစိုးရ၀န်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ချီးမြှင့်ငွေ အပါအ၀င် အချက် ၆ ချက်ကို တင်သွင်းခဲ့တာပါ။ 
ဒီဗွီဘီ
ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ ၀န်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ Reviewed by သစ်ထူးလွင် on 17:54 Rating: 5

18 comments:

micromyo said...

how much money do you need WE HAVE WARZI PRESS.

Maunglusoe said...

ဥိးလှထွန်းရယ် အကြွေးတွေတင် ဟို တုန်းက ကိစ္စတွေ ပါ
အကြွေး၇ှိလို့ တိုးမပေးဘူးဆို ၇င် အကြွေးတင်အောင်လုပ်သွားတဲ့ သူ တွေ နဲ့ အ၇င်သွားရှင်းလေ
အကြွေးတင်သက်သာအောင်ခင်ဗျာပါလခလျော့ယူလေ ခွဲတမ်းလျော့ယူလေ
ဖြစ်မလားအဲလို့ 

MasterMyanmar said...

လခတိုးပေးတာ ကောင်းပေမဲ့ တိုးပေးရမဲ့လူတွေက အများကြီးလေ။
အောက်ခြေဝန်ထမ်းအဆင့်ကိုပဲ မကြည့်နှင့်၊ အပေါ်က ဝန်ကြီး အဆင့်တောင်မှ လူ၄၀လောက်ရှိနေတာ နည်းမှ မနည်းတာ။ တိုးခြင်လျှင် ဝန်ထမ်းအင်အားလျှော့၊ အလုပ်ကို ပီပီပြင်ပြင် လုပ်ပလေ့စေ။ ခုက တစ်ယောက်စာ အလုပ်ကို ၃-၄ ယောက် လုပ်နေပီး လခကိုလည်း ၃ - ၄ ယောက် ခွဲပေးထားတာ လခတိုးလို့ ဘယ်ရမလဲ။
အလျှင်ဆုံး စစ်တပ်က ပြုတ်လာပီး အရပ်ဖက်မှာ ဝင်နေတဲ့ လူတွေပဲ ရှင်းပစ်လိုက် လခ ၂၀%လောက် သက်သာသွားမှာပါ။ ဒါကို ကျန်တဲ့ ဝန်ထမ်းတွေ အလျှင် တိုးပေးထားလိုက်ပေါ့။ နောင်မှ လူပိုလျှော့၊ စစ်ပြန်လျှော့၊ ကျစ်ကျစ်လစ်လစ် ပြန်ဖွဲ့ပီးမှ အပြည့်တိုးပေါ့

koko said...

hote tot ma lo lo nae aphyar kyii pae shuu nay tal

Nwe Yin Win said...

မလိုဘဲခန့်ထားတဲ့ ဝန်ထမ်း အပေါ်ရာထူးတွေကို မိုးကျရွေကိုယ် လို ရလာတဲ့ ဘာမှမတတ်တဲ့ ဟောက်စားဘဲ လုပ်တတ်တဲ့ တတ်ချင်ယောင်ဆောင်ပြီး သူများတွေ သူ့လောက်မှ မတတ်ဖူးထင်တဲ့ ပုဂ္ဂိလ်ကြီး များပါမကျန် အရင်ဆုံး ရှင်းပြစ်ရမှာပါ၊ ဒါဆို ဝန်ထမ်းအင်အားထပ်ဝက်လောက် ကျသွားမှာပါ၊ နောက်တစ်ဆင့်က လဒ်မစားရဲအောင် အရေးယူမယ့် အစီအစဉ် အရင်ချပြရမှာပါ၊ ဝန်ကြီုးဌာနတိုင်းမှာ လဒ်စားတာကို သတင်းပို့နိုင်မယ့် PHONE, MAIL, FAX နဲ့ တာဝန်ခံတွေ သတ်မှတ်ပြီး ကျေညာပေးပါ၊ ဖြစ်နိုင်ရင်တော့ သက်ဆိုင်ရာ ဝန်ကြီးဌာန ရဲ့ Web site မှာဝင်ရေးလို့ ရမယ့် Page ထားပေးပါ၊ တိုင်ပြီဆိုတာနဲ့ စစ်ဆေးမှု့ ပြုလုပ်ပြီး အရေးယူပေးပါ၊ အရေးယူကြောင်း ကျေညာပေးပါ၊ နောက်ဆုံးမှ လစာတိုးဘို့ စဉ်းစားပါ၊ သို့မဟုတ်လို့ကတော့ သမင်မွေးရင်း ကျားစားရင်းဘဲ ၊ ကျမတို့ အပြင်လူတွေ ပင်ပင်ပန်းပန်း ရှာထားရတဲ့ ငွေတွေနဲ့ သုံးဖြုန်းပြိး ပြည်သူ့ ဝန်ထမ်းလို့ မခံယူဘဲ သူတို့ ကို ပြန်အောက်ကျို့ ရတဲ့ ကျမတို့ ဘဝက ရင်နာဘို့ ကောင်းပါတယ်၊

အောင်ဆန်းသွေး said...

ဆိုတော့ ၂၀၁၃ အထိ ဝန်ထမ်းတွေ လာဘ်စားလို့ ရသးတယ်ပေါ့ ဟုတ်လား..။ လာဘ်ငွေတွေက ပြည်သူအပေါ်ဖိစီးတာ ကြတော့ရော..။ ပြီးတော့ မြန်မာ ကရိုနီတွေက အခွန်မဆောင်တာကြတော့ရော... ။ ရှိသမျှလမ်းတွေကို BOT ဆိုပြီး ၁၃ နှစ် တိတိအခွန် ၅% ပဲ ကောက်တာကရော ...။ အရင်အစိုးရကထားခဲ့တဲ့ ကတိတွေက ပြည်သူကပေးတာမဟုတ်ဘူးလေ..။ ဝန်ထမ်းတွေပေးခဲ့တာလည်းမဟုတ်ဘူးလေ..။ ဝန်ကြီးတို့ ပြောပြောနေတဲ့ တပ်မတော်အစိုးရရဲ့ အမွေကောင်း၊ တံတားခင်းပေးခဲ့တာဆို..။ အခွန်ကောက်ရတာနဲတာနဲ့ အောက်ကလူတွေက ငတ်နေရမှာလား..။ CP Livestock ကုမဏီကတောင် အခွန်တွေ နှစ်စဉ် စံချိန်တင် သွင်းပေးနေတဲ့ အချိန်မှာ နိုင်ငံဦးသျှောင် ဦးပိုင်က ဘာလို့ အခွန်မဆောင်တာလဲ..။ သူအခွန်ဆောင်ရင်တောင် တပ်မတော်သားတွေ(အောက်ဆု့းတွေတောင် ထမင်းဝနိုင်သေးတယ်..) ။ ပြီးတော့ တေဇတို့ ဇော်ဇော်တို့ ပြီးတော့ ၁ ဒေါ်လာ ၆ ကျပ်တုန်းက ဘုန်းသွားတဲ့ငွေတွေကရော..။ အောက်ဆုံး အလွှာက ဝန်ထမ်းတွေက ၁ လကို ၅ သောင်းနဲ့ ရနေတာကို တစ်နှစ်စောင့်ဦးမယ်တဲ့. ။ ဝန်ကြီး သမီး မိတ်ကပ်ဖိုးတောင်မရှိပါဘူး..။ ကိုယ်ချင်းမစာ.. မနာ .. ခင်ဗျား လူစိတ်ရောရှိသေးလား..။

U Thar said...

ဝမ်ထမ်းလစာတိုးပေးလိုက်တော့ကောဘာထူးခြားလာ
မှာလဲ လတ်စားမှုပပြောက်ဖို့အတွက်လစာတိုးပေးတယ်
ဆိုတာကသဘာဝမကျပါဘူး လတ်စားတဲ့သူကိုထိေ၇ာက်
အောင်အေ၇းယူလိုက်၇င် တဖြေးဖြေးလျှော့လာမယ် လူ
ကြီးတွေကိုတိုင်ကိုက သူစားကိုစားတွေလုပ်ထားတော့တ
ယောက်နဲ့တယောက်ကမပြော၇ဲကြဘူးဖြစ်နေတာ၊
တိုင်းပြည်မှာတကယ်ဘက်ချက်လိုအပ်နေတာကိုတင်ပြ
ထား၇င်တော့လစာတိုးဘို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး
တိုးပေးခဲ့၇င် ကောင်ကျိုးဘယ်လောက်ဖြစ်လာနိုင်မှာလဲ.
ဆိုးကျိုးတွေေ၇ာဘယ်လိုဖြစ်လာနိုင်လဲ စဉ်းစားသင့်ပါတ
ယ် ကောင်ကျိုးဖြစ်လာဖို့တော့မမြင်မိပါဘူး၊
ဝမ်ထမ်းလစာတိုးပေးတာနဲ့အမျှ ကုန်ဈေးနှုန်းကတက်လာ
တယ် ကုန်ဈေးနှုန်းတက်လာတော့တိုင်ပြည်ကလက်လုပ်
လက်စားသမားအောက်ခြေလူတန်စား ၀မ်ထမ်းတွေပါပြန်
ထိခိုက်တာမို့ ထူးမလာပါဘူး ဘက်ချက်မှာလိုငွေပြထား
တဲ့အတွက်လဲ ဒီပြည်သူတွေဆီကနေပဲအကောက်ခွန်အ
မျိုးမျိုးတိုးတောင်းတာကိုပဲခံ၇အုံးမှာပါပဲ အဲ့တော့ခိုးမယ်
လတ်စားမယ် ဒါပါပဲ တိုင်းပြည်တကယ်ပြုပြင်မယ်ဆို၇င်
တော့ စားပြီးနားမလည်လုပ်နေတဲ့လူကြီးတွေကိုအ၇င်ဆုံး
ဖြုတ်ချသင့်ပါတယ် ခေါင်မလုံလို့ မိုးယိုနေတာပါ

လရောင်ဝါ said...

စစ်တပ်ပြောင်းလာတဲ့ကောင်တွေဘယ်လောက်စားစား အရေးမယူဘူး အပေါ်ကကွန့်မန့်ပေးတဲ့ ဉီးစီးမှူးတော်တော်များများကားရှိတယ်ဆိုတာ ဒီကောင်တွေပဲ ကျွန်မအဖေလဲ ဉီးစီးမှူးပါ ဒါပေမဲ့ကားဝယ်မစီးနိုင်သလို ပိုက်ဆံလဲစားလို့မရပါဘူး အရပ်သားဉီးစီးဆိုတော့ ချက်ချင်းပြုတ်သွားနိုင်လို့ပါ သူတို့က ကျတော့ဘာလုပ်လုပ် ကာဗာရှိပြီးသားပါ ဒါတွေကြောင့်လာဘ်စားတယ်ဖြစ်ရတာပါ လစာလေး ၈သောင်းရတာ တစ်အိမ်လုံးဘယ်လိုစားကြမလဲ လစာတိုးပြီး ကုန်ဈေးနှုံးကျပြီး စစ်တပ်ကစားဖားတွေမရှိမှ ဝန်ထမ်းလောကကြီးကောင်းမှာပါ

Ko Thant said...

သူ့ရာထူးက
ဝန်ကြီးကို
လစာတိုးဖို့ ဘယ်လိုမလဲ

Maunglusoe said...

လစာတိုးတာနဲ့  လာဘ်စားတာနဲ့ ကဆက်သွယ်ပေးမယ်တခြားစီပါ
ဝန်ကြိးတွေအရင်ခောတ်ကတည်းကလစာ ၆သိန်း အခြားအခွင့်အေ၇းတွေဖုန်းဆို၇င်တအိမ်သားလုံးစာ မြေကွက်ဆိုလဲအိမ်၇ှိလူစေ့ ကားပါမစ်ဆိုလဲ ဒိလိုဘဲယူ ဒါ့အပြင်လာဘ်ငွေလဲယူတာဘဲ
အဲ တော့ လစားတိုးတယ်ဆိုတာဝန်ထမ်းကိုခောတ်စနစ်နဲ့ အညီထိုက်သင့်အောင်ပေး၇တာ
ခင်ဗျာသား သမိးကိုတလမုန့်ဖိုးဘယ်လောက်ခွင့်ပြုထားသလဲ
အရာထမ်းတစ်ယောက်ရဲ့လစာ နဲ့ နှိုင်းယှဉ်ကြည့်

Unknown said...

so sad for people,,,,who are in service,,,
is there another way 4 them???

ဖိုးသားလေး said...

လစာတိုးပေးပြီး လာဘ်စားဝန်ထမ်းတွေကို အရေးယူပေးပါ။

tharzaw said...

ခိုးမြဲခိုးနေကြပေါ့။ တိုးလိုက်ရင်လည်း ခိုးကြမှာပဲ။
သူခိုးကြီးတွေကအုပ်ချုပ်ထားတော့ သူခိုးအဆင့်ဆင့်တွေက
အဆင့်ဆင့်ခိုး။ ပျော်ပျော်ကြီးခိုး။
ဥူးသုမင်္ဂလဟောထားတဲ့ မင်းကောင်းမင်းမြတ်ထဲမှာ
"မယုံလျင်လိုက်ခဲ့ တို့တိုင်းပြည်မှာ သူခိုးနဲ့ ဂျပိုးကြီးပဲရှိတယ်"

Kingdavid said...

သူရဦးရွှေမန်း ရဲ.အဆိုက ဘယ်လိုဖြစ်သွားတာလား ၊ ပြည်ထောင်စုလွှတ်မျာအတည်ပြုပြိးတာကို ဘယ်လိုဥပဒေတွေကြောင်. အဆိုရုပ်သိမ်းတာတွေ မဲခွဲဆုံးဖြတ်တာတွေ ကဖြစ်လာရတာလဲ ကျနော်တို.ပေါက်စတွေနားမလည်လို တတ်သိပညာရှင်များဖြေကြပါအုန်း ရှင်းပြပါအုန်း

ကိုငလင်း said...

ပေးလည်းပေးသင့်ပါတယ်၊ ပေးလည်းပေးမှာပါ။ ဒါပေမယ့် လွှတ်တော်ဥက္ကဌက အဆိုတင်၊ ၀န်ကြီးကအတည်ပြု ဆိုရင် အရမ်းရိုးစင်းတာပေါ့၊ ကြံ့နဲ့ဖွတ်နဲ့ လက်ဝါးချင်းရိုက်တယ်ထင်သွားမပေါ့။ နည်းနည်းလေးအတိုက်အခံလုပ်မှလူရိုသေရှင်ရိုသေရှိတော့မပေါ့..ကွယ်ရို့။ ။

koko heav said...

သူတို့ဝန်ကြီးတွေကြတော့ သိန်း၅၀ သိန်း၆၀ စသဖြင့်ယူကြပြီး လက်အောက်ငယ်သားတွေကိုတော့ မတိုးပေးချင်ကြဘူး ခုခေတ်ကုန်ဈေးနှုန်းက အငြိမ်နေတာမဟုတ်ဗျ ၀န်ထမ်းတွေမှာမလောက်မငှနဲ့ ၀န်ထမ်းတွေကိုလစာလည်းတိုးပေး လဘ်စားမှုလည်းပပျောက်အောင် အလုပ်လုပ်ကြပါလား လစာတော့မတန်တဆယူကြပြီး အလုပ်မလုပ်ဘဲ စည်းစိမ်ခံစားနေတဲ့အလကားဝန်ကြီးတွေ

paukpauk said...

အရင်ဆုံး ဆက်သွယ်ရေးဝန်ကြီး လုပ်ခဲ့တဲ့ အဆက်ဆက်က လူတွေ၊ သစ်လုပ်ငန်းအဆက်ဆက်ကလူတွေ MD အဆက်ဆက်ကို အရင်နောက်ကြောင်းလိုက်ပါ။
အပိုတွေပြောမနေနဲ့....။
ပြည်သူ့ပိုက်ဆံတွေ ဘုန်းထားတာ ပြန်သိမ်း၊ နိုင်ငံခြားဘဏ်မှာ ထည့်ထားတဲ့လူတွေ .. အားလုံးပြန်ရရင် အနှစ် ၂၀ စာ ၀န်ထမ်းလစာတွေ ပြန်ရမယ်ထင်တယ်။

Anonymous said...

အဲ့ဒါဒီမိုကရေစီပဲ.ကိုယ်တစ်ယောက်ထဲသဘောနဲ့
လုပ်မရအများသဘောတူညီချက်နဲ့လုပ်တာ.ဒီမိုကရေစီပဲ.
မဲခွဲဆုံဖြတ်.မဲများတဲ့သူရဲ့အဆိုကိုအတည်ပြု.အဲ့ဒါဒီမိုကရေစီပဲ

Powered by Blogger.