ဒေါ်အောင်ဆန်းစုကြည်အား ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ မှ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ဦးတင်ရီက ကန့်ကွက်
မကြာမီကနိုင်ငံရေး
လမ်းကြောင်းပေါ်သို့နိုင်ငံရေးပါတီ မှတ်ပုံတင်ကာရောက်ရှိလာခဲ့သည် NLD ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ကို ညီညွှတ်ရေး နှင့်ငြိမ်းချမ်း ရေးပါတီကိုယ်စားလှယ်လောင်းက
ကိုယ်စားလှယ်လောင်းအရည်အချင်း နှင့် ကိုက်ညီမှု မရှိဟုဆိုကာကန့်ကွက် လွှာ
တင်သွင်းထားကြောင်းသိသည်။
”ကျွန်တော်တို့
ပါတီအနေနဲ့တော့ကော်မရှင်ကဆုံးဖြတ်ချက် မချသေးတဲ့အတွက်ဘယ်အချက်တွေ
နဲ့ကန့်ကွက်တယ်ဆိုတာပြောလို့မရပါဘူး” ဟုညီညွှတ်ရေး နှင့်ငြိမ်းချမ်း
ရေးပါတီအတွင်းရေးမှူးဦးထွန်းရွှေ ကဆိုသည်။
အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီ၏ဥက္ကဌဖြစ်သူဒေါ် အောင်ဆန်းစုကြည်အား ကိုယ်စား
လှယ်လောင်းအရည်အချင်း နှင့်ကိုက် ညီမှုမရှိကြောင်း ကန့်ကွက်ခဲ့သည့်
အကြောင်းအရာများမှာ-ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံခြားတွင် ငွေကြေးနှင့်
ပစ္စည်းဥစ္စာများ ရှိခြင်း ၊ ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်း၏ အမွေများရရှိထားခြင်း၊
နိုင်ငံခြားတွင် အိမ်ယာပိုင်ဆိုင်မှုရှိခြင်း၊ ဗြိတိန်နိုင်ငံသား
အဖြစ်ခံယူထားသည်ဟူသည့် စသည့် အချက်များဖြင့် ကန့်ကွက် ထားကြောင်း သိရသည်။
”သူတို့ဘက်ကန့်ကွက်လွှာကိုဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ-၈ရက်)
ညနေမှာရခဲ့တယ်။ ကျွန်တော် တို့ပါတီကကြာသပတေးနေ့(ဖေဖော်ဝါရီ-၉ရက်)
မှာခရိုင်ကော်မရှင်ကိုဖြေရှင်းလွှာ တင်ခဲ့တယ်။ သူတို့ကန့်ကွက် ထားတာက
ဂျင်းသုတ်လိုပဲ ရောထွေး နေပါတယ်။ သူတို့ကန့်ကွက် ထားတဲ့ အချက်တွေကလည်း လုံးဝမဟုတ်သလို၊
အထောက်အထား တွေမရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုအလုပ်
အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကဆိုသည်။
”ကန့်ကွက်တဲ့ အချက်အလက်တွေက
မှားနေပါတယ်။ဥပဒေနဲ့လည်း ကိုက်ညီမှုမရှိပါဘူး။ ကျွန်တော်တို့ဘက်ကလည်းမှားယွင်းတဲ့
အတွက် ကော်မရှင်က ဆုံးဖြတ်ချက်ချပြီးတဲ့အခါ ဥပဒေပညာရှင်တွေနဲ့ ဆက်လက် ဆောင်ရွက်
သွားပါ့မယ်” ဟုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ပြန်ကြားရေးတာဝန်ခံ(၁) ဦး
အုန်းကြိုင်က ဆိုသည်။ ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စား လှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ် ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် အား ညီညွှတ်ရေး နှင့်ငြိမ်းချမ်းရေးပါ တီမှ အဆိုပါ
မဲဆန္ဒနယ်တွင်ဝင် ရောက်ယှဉ်ပြိုင်မည့် ဦးတင်ရီက ကိုယ် စားလှယ်လောင်း
အရည်အချင်းနှင့် ကိုက်ညီမှု မရှိကြောင်း ဖေဖော်ဝါရီ (၆)ရက်နေ့က ကန့်ကွက်လွှာတင်သွင်း
ခဲ့ခြင်းဖြစ်သည်။
အဆိုပါကန့်ကွက်လွှာကို
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲနည်း ဥပဒေပုဒ်မ (၃၀) အရယင်းကန့်ကွက်လွှာ အားစုံစမ်းစစ်ဆေးလျှက်ရှိ
ကြောင်းသိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဘက်မှလည်း ဖေဖော်ဝါရီ
၉-ရက်နေ့တွင် ဖြေရှင်းလွှာ ပြန်လည် တင်သွင်းထားကြောင်း သိရသည်။
ကြားဖြတ် ရွေးကောက် ပွဲတွင်
ရန်ကုန်တိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ်(၆)ခုမှ အများ
ပြည်သူများနှင့်နိုင်ငံတကာမှ အထူး စိတ်ဝင်တစား ရှိသည့်
ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်လစ်လပ်နေ ရာအားဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
မှ ဒေါ်အောင်ဆန်းစုကြည် အား ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီကိုယ်
စားလှယ်လောင်း ဦးတင်ရီက ကိုယ် စားလှယ်လောင်း အရည်အချင်း နှင့် ကိုက်ညီမှုမရှိဟု
ဆိုကာ ကန့်ကွက်လွှာတင် သွင်းခဲ့ခြင်း ဖြစ်သည်။ အဆို ပါကန့်ကွက်လွှာကို သက်ဆိုင်ရာ
ကော်မရှင် အဖွဲ့ခွဲမှ စုံစမ်းစစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
အဆိုပါ ကော့မှူးမြို့နယ်တွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊ ညီညွှတ်ရေးနှင့်
ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဦးစိုးမင်းတို့က ဝင်ရောက် ယှဉ်ပြိုင် ကြမည်
ဖြစ်ကြောင်းသိရသည်။
ဝေမာသိမ့်(ရန်ကုန်တိုင်းမ်)
ဒေါ်အောင်ဆန်းစုကြည်အား ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ မှ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ဦးတင်ရီက ကန့်ကွက်
Reviewed by သစ်ထူးလွင်
on
08:14
Rating:
46 comments:
ပါတီက.... ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတဲ့... စကတည်းက ရန်လိုနေပါလား။ မင်းတို့ပါတီတော့ ကြီးပွားဦးမယ်။ မင်းတို့နဲ့ကိုက်တဲ့ ပါတီ နာမည်က မနာလိုဝန်တိုရေးနှင့် ဆူပူသောင်းကြမ်းရေး အဲဒါဆိုရင် တိုးတက်မယ်။
ကိုတင်ရီ ကြည့်လုပ် ကိုယ်ဖြစ်ချင်တာတစ်ခုထဲနဲ့မလုပ်ပါနဲ့ဒီနေ့နိုင်ငံရေးအခြေအ
နေကိုလဲကြည့်ပါ(နိုင်ငံတော်၏အရေး)ကိုယ်နိုင်ငံကသူပါမှလိုချင်တာပြည့်စုံမဲ့အ
ခြေအနေဖြစ်နေတယ်။အတိုင်းအတာတစ်ခုထိတော့ဖြစ်အောင်ပါဘို့လက်ခံရမှာပါ
ူမပါရင်ပွဲမပြီးတဲ့အခြေအနေဆိုတာနားလည်ထားပါ။ပြည်ပအင်အားချိန်ခွင်လျှာညှိ
ဘို့လိုအပ်နေတဲ့အချိန်ဆိုတာနားလည်ပါ။စွတ်စွတ်ပြီးမလုပ်ကြပါနဲ့နိုင်ငံတော်ကသူ
များထက်မြင်တတ်ပြီးသားပါ။ကျွန်တော်ကတော့သာမန်ပြည်သူတစ်ဦးပါဘဲ။
နိုင်ငံတော် President ဦးသိန်းစိတ်ကတောင် ရွေးကောက်ပွဲဝင်တဲ့ကြိုဆိုပါ
တယ်လို့ အတိအလင်းကြေငြာထားပီးသားပါ...ရိုင်းရိုင်းပြောရရင် တင်ရီ
ဆိုတဲ့အကောင်က ဘာအဆင့်ရှိလို့လဲ....လူထုမတ်တာစူးခံချင်ပီထင်တယ်
နောက်တစ်ခုက သွေးရိုးသားရိုးလဲမဖြစ်နိုင်ဘူး
ကြံ့ဖွံ့က မကန့်ကွက်ပဲနဲ့ တင်ရီက ကန့်ကွက်တယ်ဆိုတော့ ပေါင်းစည်းကြံစည်
တာလဲဖြစ်နိုင်တယ်... သူတို့နိုင်စရာအကြောင်းမရှိဘူးလေ...ဒါကိုသိလို့
နေမှာပါ...အတိုက်အခံများတော့ကောင်းပါတယ် ဒါမှ NLD ပိုပီးတိုးတက်မှာ ဘာပဲဖြစ်ဖြစ် တင်၇ီတစ်ယောက် လူထုမတ်တာ စူးပါစေလို့ နှလုံးသားထဲက ကမ်ဘာတည်သမျှ ဆုတောင်းပါတယ်..
ဒီလူ ငါးမင်းဆွေနဲ့ ဘာတော်လဲ မသိဘူး....
ကလေးကလားအလုပ်တွေလျှောက်လုပ်နေကြတယ်။ အရည်အချင်းမရှိ မိန်းမဥာဏ်တွေနဲ့ ....
ဘာအရည်အချင်း.ဘာအားကိုးနဲ့ကန့်ကွက်မှန်းမသိပေမဲ့."သေချင်လို့ စာတင်တယ်"ဆိုပြီးရိုင်းရိုင်းသာပြောလိုက်ချင်ပါတယ်။သူကရော တိုင်းပြည်အတွက် 0.5% လောက်တောင် ပေးဆပ်ခဲ့ဘူးပြီးပြီလားဆိုတာ.ကိုယ်ကိုကိုယ် သုံးသပ်လိုက်ပါအုံး ဦးတင်ရီ ဆိုတဲ့သူရေ..ကြည့်လုပ်အုံးနော်..
ကြောက်နေတာလား။မကြောက်ပါနဲ့ကွာ...ပြည်သူတွေရဲ့သဘောထားဆိုတာဘာလဲဆိုတာလူတိုင်းသိပြီတာပါ..
နေပါဦးဗျာ....ခင်ဗျားကရော ဘာအရည်အချင်းတွေရှိပြီး ဘယ်လိုမျိုးကိုက်ညီတယ်ဆိုတာလည်းသိပါရစေ ဘိုးတင့်ရီ ရယ်။...သွေးရူးသွေးတမ်းနဲ့ လျောက်ရမ်းမနေနဲ့ ဘိုးတော်...။ သတ္တိကြောင်နေတယ်ဆို ခုထဲက လစ်လိုက်တော့...ပြီးရင် ထဘီလေးဝတ်ပြီး အော်ကွေးကြည် ရောင်းစားပေတော့...။
အော်!သနားစရာကောင်းလိုက်တဲ့'မောင်တင်ရီ'...
သူများကို လက်ညိုးတစ်ချောင်းထိုးရင် ကိုယ့်ကိုဘယ်နှစ်ချောင်းပြန်ထိုးတယ်
ဆိုတာတော့သိမှာပါနော်!ယခုဖြစ်စဉ်က ကလေးကစားစရာမဟုတ်ဘူးနော်၊
မဟုတ်မမှန်တွေကိုလျှောက်ပြီးစွပ်စွဲမနေနဲ့လေ၊ခင်ဗျားကြီးကိုပြန်ပြီးတရားဆိုလို့
ရတယ်နော်၊သတိသာထားပေတော့........
နိုင်ငံခြားမှာ ပိုင်ဆိုင်မှုတွေရှိတာကတော့ ဒေါ်အောင်ဆန်းစုကြည်မှရယ်မဟုတ်ဖူး- နိုင်ငံတော်တော်များများရဲ့  အစိုးရအဖွဲ့ ခေါင်းဆောင်၊ အဖွဲ့ ဝင်တွေ၊ စီးပွားရေးသမား လူချမ်းသာတွေ (တို့ နိုင်ငံရဲ့  ဘဘကြီးတွေတောင် စင်္ကာပူ၊ တရုတ်ဘဏ်တွေမှာ အလုံးအရင်းနဲ့ ကို ထည့်ထားတာ)လည်း သူတို့ ရဲ့  ငွေေုကးခိုင်မာ၊ လုံခြုံမှုအတွက် အပ်နှံထား၊ အိမ်ရာဈေးကွက်တွေမှာ မြုပ်နှံထားစမြဲပဲ နွားခြေရာခွက်ထဲက မွှားလိုလူ... ကိုယ့်ပါတီနာမည်နဲ့  ဆိုလိုရင်းရော နားလည်ပါရဲ့ လား ? ဒေါ်အောင်ဆန်းစုကြည် ဘယ်တုန်းက ဗြိတိန်နိုင်ငံသား ဖြစ်သွားတာပါလိမ့်... အရူးချေးပန်းတွေ လျှောက်လုပ်မနေပါနဲ့ ကွယ်...
အင်း သူလည်း မကြာခင် လမ်းဘေးက မျောင်းထဲကို ရောက်တော့မှာပါလား...သူ့ကိုသူမှ သိပါလေစ..။
ကိုယ့်မျက်ချေးကိုယ်မမြင်ဘဲနဲ့ သူများမျက်ချေးပဲမြင်တယ်ဆိုတာ တင်ရီကိုပြောတာနဲ့တူတယ်
ဦးတင်ရီ ....
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေစဉ်မျိုးဆက်ဇယားကို
မကြည့်မိဘူးထင်တယ် ဒီလူတော့ ....
ခင်ဗျားကရော ...
ခင်ဗျားရဲ့ဆွေစဉ်မျိုးဆက်ဇယားကို
ချပြကြည့်ပါ။ ဘယ်ကလာတာလည်းဆိုတာ .... ။
ငြားသလို ကြုံသလို ကြံကြီးစီရာ မလုပ်ပါနဲ့ ... ။ ရိုးသားပါ။
ဖခင်က နိုင်ငံတော်ကို လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တယ်။
ကြိုးစားရင်း ဒေါ်အောင်ဆန်းစုကြည် ၂ နှစ်အရွယ်လောက်မှာ
လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတယ်။
ဖခင်ရဲ့ ပြုစုစောင့်ရှောက်ခြင်းကို ခင်ဗျားလို
ခံခဲ့ရတာမဟုတ်ဘူး။ ဖခင်ဆုံးရှုံးမှုခံခဲ့ရပြီးမကြာခင်မှာ
တခြားနိုင်ငံကို ပို့ခြင်းခံခဲ့ရတယ်။
ဒါပေမယ့် စည်းစိမ်ယစ်မူးနေတဲ့သူ အားငယ်တတ်တဲ့သူ
မဟုတ်လို့ ကြိုးစားခဲ့တာတွေ တစ်ကမ္ဘာလုံးအသိ။
သိလို့လည်း နိုင်ငံအရပ်ရပ်က ဘွဲ့ထူးတွေ
ဂုဏ်ထူးတွေ ပေးအပ်ခဲ့တာ။
ခင်ဗျားဆိုရင်ရော .. ဝေးသေးတယ် ... ။ ဘယ်နိုင်ငံက
ပေးအပ်ခဲ့တဲ့ဘွဲ့ထူးတွေရှိသလဲ?
မယှဉ်ချင်ပါနဲ့ ။ နံ့သာဆီနဲ့အီးပါ။
သက်ဆိုင်ရာအဖွဲ့ခွဲကလည်း ကြည့်လုပ်ကြပါ။
ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီရဲ့ ပုဂ္ဂိုလ်တွေကိုလည်း
သေသေချာချာစစ်ဆေးဖို့ လိုတယ်နော် ... ။
မနိုင်တော့လို့ ကန့်လန့်တိုက်တာမျိုး မလုပ်ကြနဲ့။
ကြောင်သူတော် ကြွက်သူခိုး ... ။
ငါနဲ့ကိုင်တုပ်၇င် ရိုင်း၇ာကျမှာမို့လို့ကိုင်မတုပ်တော့ဘူး .... လူလိုနားလည်ယောက်ကျားသိက္ခာကျတ၇် ... မိန်းမတစ်ယောက်ကိုမနိုင်လို့ .. ဟိုဟာစွပ်စွဲ ဒီဟာစွပ်စွဲနဲ့ ကန့်လန့်မတိုက်နဲ့ လုပ်နိုင်လားဆိုတော့လဲ မလုပ်နိုင်ဘူး
လုပ်နိုင်တဲ့လူကိုလဲစင်အောက်ကနေဆွဲချချင်သေးတ၇် ... နားလည်တာလားနားလည်ရဲ့သားနဲ့လုပ်တာလား .. အ၇င်တုန်းကတည်းက အခုလိုအုတ်အုတ်
သောင်းနင်း ဖိနှိပ်တဲ့ကြားထဲက လူအများကြီးထွက်ကြိုခံ၇တဲ့လူ လက်၃ချောင်းပြည့်အောင် ချိုးပြ ... ဒိုးပါကွာ ... ပြော၇င်းနဲ့ဒေါသ
ထွက်လာပီ ... မိန်းမတစ်ယောက်လောက်တောင်အဖြစ်မရှိပဲနဲ့ ...
=Y=
တင်၇ီ သိစေ၇န်။ မင်းကို ငါတို့ပြည်သူသန်းခြောက်ဆယ်က ကန့်ကွက်တယ်။ မင်းဟာ ခေတ်သစ်ဂဠုန်ဦးစောဘဲ။ မတ၇ားတဲ့ နာဂစ်ဥပဒေကို လက်စွဲလုပ်နေ၇င် ပြည်သူ့သစ္စာဖောက်ဘဲ။ ။
ပြစ်မရှိ ပြစ်ရှာ။
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နှဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။
U tin yee
U R NOT MAN?
ကိုတင်ရီရေ
ဘယ်သူကမြှောက်ပေးလို့လဲ ?
သူများရှူးတိုက်ပေးတိုင်း လျှောက်မဟောင်ပါနဲ့နော် ။ ဟောင်လွန်းရင် နားညီးတဲ့လူတွေက ၀င်ရိုက်လို့ အရိုက်ခံနေရလိမ့်မယ်။ အမွေရတာထူးဆန်းလား ? ခင်ဗျားရောအမွေရရင်မယူဘဲ မယူဘဲနေမှာလား၊? ခင်ဗျားကိုမြောက်ပေးနေတဲ့သူတွေမှာရော နိုင်ငံခြားမှာ ငွေစာရင်းမရှိပါဘူးလို့ခင်ဗျား ၀န်ခံရဲသလား ၊ အခုခင်ဗျားကိုရော ဘယ်လောက် ပေးသလဲ ?
တင်ရီရေ....ဖင်အသားနီလန်ဖို့သာပြင်ထား၊ နင့်ကို ဘယ်သူကအနောက်က မြှောက်ပေးနေတာလဲ။ မြှောက်ပေးတိုင်း ဂွေးတက်အောင် မ ကနဲ့ စောက်ရူးရဲ့။ အမေစုကိုသာ ရွေးကောက်ပွဲမ၀င်ခိုင်းကြည့် ၈၈ ထက်အခြေအနေထက်ဆိုးသွားမယ်ဆိုတာနင်သိထား တင်ရီ ရဲ့။။
မသိလို့  မေးပါရစေ ဦးတင်ရီ...
နိုင်ငံတစ်နိုင်ငံက ကိုယ့်နိုင်ငံသားမဟုတ်သူကို ထောင် နှစ်ရှည်ချလို့ ရပါသလားးးးး
ကော့မူးမှာ သန်းခေါင်းစာရင်းတောင် ၀င်ပီးပီ။ ခုမှ ဘေးကမြှောက်ပေးသူတွေ ရှိတာနဲ့  အရူးချီးပန်းအလုပ်တွေ ထလုပ်နေတယ်..............
ယောကျာင်္းတန်မဲ့ အဲ့လောက် မနာလိုစိတ်တွေ များလှသလားးးးး
တိုးတက်တဲ့နိုင်ငံတော်ကို ဖြစ်စေချင်ရင် မနာလိုစိတ်တွေ လျော့ချသင့်နေပီ.............
ဦးတင်ရီ
ဘာဖြစ်လို့တိုင်းပြည်ကို ချောက်ကမ္ဘားထဲဆွဲချချင်နေတာလဲ? ကျုပ်တို့
တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ အန်တီစုမပါရင်မဖြစ်ဘူးဆိုတာ အခြားသော အမြင်မတူများနဲ့နိုင်ငံတကာ ကပါလက္ခံထားတယ်ဆိုတာ ခင်ဗျားကြီး
သိလျက်နဲ့ ဘာဖြစ်လို့ မြို့မေတ္တာခံယူချင်ရတာလဲ? တိုင်းပြည်ကောင်းကျိုးအ တွက်ဝိုင်းဝန်းလက်တွဲပြီး ကျရာနေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ၀င်ပြီးလုပ်
ဆောင်ပေးမယ်ဆိုရင်တောင် ပြည်သူလူထုကနေ ခင်ဗျားကိုကောင်းချီးထောပနာပေးကြမှာ အသေအချာပါဘဲ။ အခုတော့ မစားရတဲ့ အမဲသဲနဲပက်ဆိုသလို ဘာဖြစ်လို့ မကောင်းတဲ့စိတ်တွေမွေးနေရတာလဲဗျာ။ တိုင်းပြည်နဲ့လူမျိုးအတွက် တကယ့်ပြည်သူ့ကိုယ်စားလှယ်လောင်းဖြစ်ချင်သေး တယ်ဆိုရင် ခင်ဗျားရဲ့ လက်ရှိစိတ်နေစိတ်ထားကို အရင်ဆုံး(အလျင်အမြန်) ပြုပြင်လျင် အချိန်မှီပါသေးကြောင်း ပြည်သူတစ်ယောက်အနေနဲ့ ခင်ဗျားကို သတိပေးလိုပါတယ်။
ညီလေး...မောင်တင်ရီ...မမိုက်ချင်စမ်းပါနဲ့ကွာ..။ မင်းမို့လို့ မြွေမကြောက်၊ ကင်းမကြောက်..။ ကိုယ်ဘာကောင်လဲဆိုတာ အရင်သိအောင်လုပ်ပြီးမှ တိုင်းပြည်အတွက် မင်းစဉ်းစားပါကွာ..။ ဟိုအတိတ်က ဗိုလ်ချုပ်ကို မရိုးမသားအတိုက်အခံ လုပ်ခဲ့တဲ့ သူတွေ သမိုင်းမှာ ဘယ်လို ဗီလိန်ဖြစ်နေတယ်ဆိုတာ မင်းသိလောက်ပါတယ်ကွာ..။
To Mg Tin Yee,
is it your joke? or you are Joker? which is which?
Hei:) tell you what, you are very funny guy... want to against the whole country's wish..... dream on Mg Tin Yee.....
နာမည်ကြီးချင်လို့ လုပ်တာဆိုရင်မျောက် က ကပြလိုက်ပါတင်ရီ။မဲနိုင်ချင်လို့သူများကို ပုတ်ခတ်တာဆိုရင်တော့ မင်းတစ်မဲမှ မရတာသေချာသွားပြီ။လူထုမေတ္တာပို့တာတော့ရမှာပေါ့
အတော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ လူပါလား ... ဆင်ခြင်စဉ်းစားနိုင်စွမ်း အဲလောက်နဲတဲ့သူကို ပါတီကိုယ်စားလှယ်လောင်းအနေနဲ့ ခွင့်ပြုတဲ့ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီကိုလည်း အံ့သြမိတယ်။ ဘာမဆိုင် ညာမဆိုင် Personal တိုက်ခိုက်တာ ကောင်းလားဗျာ ... တစ်ခုခုတော့ တစ်ခုခုပဲ ... နီးစပ်ရာများက ၀ိုင်းဝန်းဖော်ထုတ်ပေးကြစေချင်ပါတယ်။ အတော်ဆိုးတဲ့လူဗျာ ..။ အားမနာပါးမနာ ပြောရရင် မျိုးချစ်စိတ်မရှိတဲ့ မျိုးမစစ်လူကြီးပဲ ...။ နိုင်ငံတော်အတွက် အရေးတကြီးလိုအပ်ပါတယ်ဆိုတဲ့ အမေစုကို Personal တိုက်ခိုက်တာ လွန်လွန်းပါတယ် ....။ တိုင်းပြည်တိုးတက်ဖို့ လုပ်ဆောင်ချင်လို့ ပါတီဝင်ပြီး အရွေးခံမယ့်လူက တိုင်းပြည်ကို တကယ်တိုးတက်အောင်လုပ်နိုင်စွမ်းရှိတဲ့ သူကို ဘာကြောင့် Personal တိုက်ခိုက်နေတယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး ...။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ပါတီဝင်များကို တောင်းဆိုပါတယ် ...။ ယခု ဦးတင်ရီဆိုသော ကိုယ်စားလှယ်လောင်းသည် လုံးဝ အရည်အချင်းမရှိပါသဖြင့် ပါတီဝင်အဖြစ်မှ ရပ်စဲပေးဖို့ မေတ္တာ ရပ်ခံပါတယ်။ ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူများအနေဖြင့်လည်း အဆိုပါ ဦးတင်ရီဆိုသော အရည်အချင်းမရှိသည့်လူကို အရေးတယူ မလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ အတော်အသုံးမကျတဲ့ လူကြီး ...။ အဲလောက်ပဲ ..။
ဦးတင်ရီ....ကျွန်တော်သာ ခင်ဗျားနေရာမှာဆို ရှက်လွန်းလို့ အခါတစ်သန်းလောက် ပြန်သေမိမယ်ထင်တယ်....
မတင်ရီ......စိတ်လျှော့ပါ
( မကောင်းတဲ့စိတ်တွေကိုလျှော့ဖို့ပြောတာ..ပြောသာပြောရတာ ကောင်းတဲ့စိတ်လည်းအမေမွေးကတည်းကပါလာပုံမရပါ)
တင်ရီ ဆေးမှန်မှန်သောက်ကွာ
အန်တီစုက သူများနိုင်ငံသား အဖြစ် ခံယူတယ်ထားလိုက် ။ ဘာဖြစ်လဲ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရအောင် သူပဲ အနှစ် ၂၀ ကျော်ကြိုးစားခဲ့တာ မလား ။ ခင်ဗျားက မြန်မာနိုင်ငံမှာ နေပြီး ဒီမိုကရေစီအတွက် ထင်ထင်ရှားရှား ဘာလုပ်ပေးခဲ့လို့လဲ ။ အန်တီစု သူကြိုးစားလို့ရခဲ့တဲ့ ဒီမိုကရေစီ လမ်းပေါ်က ကြားဖြတ်ရွှေးကောက်ပွဲမှာ သူဝင်ပြိုင်တာ ဘာဖြစ်လဲ ။ ခင်ဗျားလည်း ၀င်ပြိုင်တာပဲလေ ။ သူများ ကြိုးစားမှုပေါ်မှာလည်း ၀င်ပြိုင်သေးတယ် သူများကိုလည်း ပုတ်ခတ်သေးတယ် မရှက်ဘူးလား ဦးလေးရ ။ အဲဒီအကြောင်း ဦးလေးရဲ့ မြေးကို သွားပြောရင် အဲဒီကလေးတောင်မှ သူ့ဘာသာ ကလိထိုးပြီး ဟဟဟဟ လို့ အော်ရီလိမ့်မယ်ဗျ ။ ဦးလေး အစား ရှက်လိုက်တာဗျာ ။
ဟဲ့ မတင်ရီ ။ ညဉ်းကြောင့် ငါရှက်လိုက်တာအေ ။ ညဉ်းကိုငါ ပါးဆွဲပြီး ဆံပင်ရိတ်မိတော့မယ် ။
...အဟက်..တင်ရီတင်ရီ..။
သိပ်ရယ်ရတယ်ကွာ..။ဟာဟ.။
သမ္မတက စလို့  လမ်းဘေးကလူတွေအဆုံး..နိုင်ငံတော်ကြီးဖွံဖြိုးတိုးတက်ဖို့ 
အင်တိုက်အားတိုက်နဲ့ ..ဆောင်ရွက်နေကြတဲ့ အချိန်မှာ..မင်းကတော့ မင်းရဲ့ လက်တစ်စုပ်စာလူတွေအတွက်.မင်းပါတီတစ်ခုအတွက်အရှက်မရှိကွာ
မင်းစာက ကန့် ကွက်စာမဟုတ်ဘူး..မင်းနဲ့ မင်းပါတီကလူတစ်စုအတွက် မဲမနိုင်မှာစိုးလို့  ကြောက်ကြောက်နဲ့ ကာကွယ်နေတဲ့ စာဖြစ်နေတယ်..တစ်တိုင်းပြည်လုံးကို ကိုယ်စားမပြုဘူး..။ မင်းကွာ..နေရာတောင်မရသေးဘူး.တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ယုတ်မာကမွေးနေပြီ..။အဲဒီခေတ်တွေကုန်သွားပြီ သိလား။ မင်းကွာကိုယ့် နိုင်ငံကောင်းစားဖို့ အုတ်တစ်ချပ်သဲတစ်ပွင့်လေးပဲဖြစ်ဖြစ် လုပ်ပေးနိုင်ရင် ဘယ်သူ့ ကို မဆို လက်ခံရမှာပေါ့..။အခုတော့..ပြည်တန်ပတ္တမြားတစ်လုံး..ငါတို့အားလုံးရထားတာ..မင်းက ရွှံ့ ဗွက်ထဲနှစ်ချင်နေရင်..မင်းမောသွားမယ်..။ တော်ပါပြီကွာ.မင်းဦးနှောက်က ငါပြောလဲနားလည်မှာမဟုတ်ပါဘူး..။မင်းဖြုတ်ဦးနှောက်နဲ့ နိုင်ငံကို ဦးဆောင်ချင်သေးတယ်ဟုတ်စ..။ငတုံး။
စဉ်းစဉ်းစားစားလုပ်ပါ ဦးတင်ရီရေ၊
ကိုတင်ရီ- တစ်ခုပဲမေးချင်တယ်၊ မင်း အများကောင်းဘို့ ကိုယ်ကျိုး မကြည့်ဘဲ ဘာလုပ်ပြီးပြီလဲ ကျန်တဲ့အရည်အချင်း တော့ မပြောတော့ပါဘူးကွာ၊ အရင်ဆုံး မင်းကိုယ်မင်း ငါ့ရဲ့ကြမ်းခင်ဈေး ဘယ်လောက်တန်းလည်းဆိုတာ ပြန်တွက်ကြည့်အုံး။
တယောဆရာမဟုတ်တဲ့ ကိုတင်ရီ မင်းရဲ့ တိုင်ပြည်အပေါ် ထားရှိမဲ့ စေတနာတွေက တော်တော်ကောင်းမဲ့သဘောရှိတယ်။ မင်းကိုအကြမ်းတမ်းဆုံး စကားလုံးတွေနဲ့ပြောချင်တယ်။ အကုသိုလ် ဖြစ်မှာဆိုလို့ မင်းကိုယ်မင်း ဘယ်လောက်တန် လည်ဆိုတာပဲ ပြန်တွက်ကြည့်အုံး၊ အများကောင်းဘို့ မင်း ဘာလုပ်ပြီးပြီလဲ ? မြောက်ပေးတိုင်း လုပ်တာ လူမဟုတ်ဘူးကွ။
ဦးတင်ရီ နှင့်အပေါင်းပါခင်ဗျား....ယခုအကြောင်းအရာသာအမှန်တကယ်ဆိုရင်တော့ ကျွန်တော် ကတော့ စိတ်ပျက်သွားပြီ....မြန်မာနိုင်ငံကိုဆင်းရဲတွင်းက နေဆွဲတင်နေချိန်မှာ ဘာကြောင့်လဲ.......
လွှတ်လပ်စွာ သဘောထားကွဲလို့ ရတယ်ဆိုပေမယ်....
အချိန်အခါ နဲ့ အခြေအနေမှန်ကို.....
သဘော မပေါက်အောင် ညံသူဖြစ်ကြောင်း.....
သိသာ ထင်ရှားစေပါတယ်....
ဘာပဲပြောပြော ခင်ဗျားရဲ့ ပါတီဖြစ်တဲ့ ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုလည်း လွန်စွာ စိတ်ပျက် အထင်သေး ပါကြောင်း...
ပြောကြားလိုပါတယ်....
ဟေ့လူ..ခင်ဗျားက ပြိုင်ဘက်ကိုယ်စားလှယ်လောင်း လို့သုံးနှုံးလိုက်တာနဲ့
ဘာလဲ..ဖင်သွေး နားထင် ရောက်သွားတာလား သိပ်လည်းစိတ်ကူးယဉ်မနေ
နဲ့အုံး ညီလေး မောင်တင်ရီ ...လူဆိုရင် ကိုယ့်နေရာ ကိုယ့်အဆင့်အတန်း
ကိုယ့်အရည်အချင်း၊ ကိုယ်နဲ့ယှဉ်ပြိုင်မဲ့လူရဲ့အရည်အချင်း၊အဆင့်အတန်း၊မျိုးရိုး
အစဉ်အဆက်၊ပြည့်ပြည့်စုံစုံလေ့လာသင့်တယ်..
ဒါကနိုင်ငံနဲ့ယှဉ်ပြီးလုပ်ရတဲ့ခေါင်းဆောင်အလုပ်လေ
ခင်ဗျားငယ်ငယ်ကကျောင်းမှာလို အတန်းခေါင်းဆောင်ရွေးနေတာမဟုတ်
ဘူး(ပြောသာပြောရတာ ကျောင်းလည်းနေဘူးမဲ့ပုံမပေါ်ပါဘူး)အဲဒီတော့
ခင်ဗျား ကိုယ်နဲ့မအတ်စပ်တဲ့ထဲဝင် မပါပါနဲ့ဗျာ ..အခုအချိန်ကဆွမ်းဆန်
ထဲကြွက်ချေးရောရမဲ့အချိန်မဟုတ်သလို...ခင်ဗျားပထွေးတွေစကားနားထောင်ပြီး ကျွန်တော်တို့အမေစုကို လိုက်ကိုက်ရမဲ့အချိန်မဟုတ်တော့ဘူး
လူရွှင်တော်တွေ ပြောပြောနေတဲ့ မတင်ရွှေ တို့အမျိုးများလားဗျာ
ကိုတင်ရီရာ့  ကိုယ်ဘာသာ ကိုယ်တယောပဲထိုးနေစမ်းပါဗျာ။ ဘာမှနားမလည်ပဲ နိုင်ငံရေးထဲဝင်မပါစမ်းပါနဲ့ ။
လူရွှင်တော်တွေပြောပြောနေတဲ့ မတင်ရွှေ တို့အမျိုးလေဗျာ..မတင်ရီ တဲ့..
ညီလေးမောင်တင်ရီ ဒီအချိန်က တိုင်းသူပြည်သားအားလုံးဖက်ဆစ် စစ်အစိုးရ
ရဲ့ဖိနှိပ်ချုပ်ခြယ်၊အနိုင်ကျင့်ဂုတ်သွေးစုတ် လို့တိုင်းသူပြည်သားတွေအားလုံး
ဆင်းရဲတွင်းထဲရောက်နေရတဲ့အချိန်..အမေစုလိုကိုယ်ကျိုးမကြည့် တိုင်းပြည်
နဲ့ပြည်သူလူထုတစ်ရပ်လုံးအတွက် အသက်ကိုပင်အရေးမထား၊ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုးကိုဆင်းရဲတွင်းထဲကနေကယ်တင်ဖို့လုပ်နေတဲ့အာဇာနည်မျိုး။မိန်းမကောင်းမိန်းမမြတ်တစ်ယောက်ကို ဘာအရည်အခြင်းမှ မရှိတဲ့ မင်းလိုလူ
မျိုးတစ်ယောက်က ကန့်ကွက် ပုတ်ခတ်တာ မရှက်ဘူးလား..ထွီ...ရွံတာကွာ...မင်းတို့လိုလူတစ်စုကောင်းစားရေးအတွက်လုပ်နေတာမဟုတ်ဘူးကွ..ခွေးသားရ
ကိုယ်မိသားစုကိုတောင် နိုင်အောင် မအုပ်ချုပ်နိုင်တဲ့ကောင်က ရွေးကောက်ပွဲဝင်ပြိုင် ရမယ်လို့....ထွီ.....ပါးစပ်ထဲက ကွမ်းဖတ်ထွက်သွားလား မသိပါဘူးကွာ..........
ကိုယ်မိသားစုကိုတောင် နိုင်အောင် မအုပ်ချုပ်နိုင်တဲ့ကောင်က ရွေးကောက်ပွဲဝင်ပြိုင် ရမယ်လို့....ထွီ.....ပါးစပ်ထဲက ကွမ်းဖတ်ထွက်သွားလား မသိပါဘူးကွာ..........
သူ့ရဲ့ပါတီကသဘောမတူဘဲ တင်ရီတစ်ယောက်ထဲကန့်ကွက်လို့မရဘူးလေ။ သူ့ရဲ့ပါတီကို ပါ ပြည်သူတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ရမှာ။ ကြတ်ဖွတ်က ဗိုက်ငှါးပြီး ဓားထိုးခံခိုင်းတာလဲဖြစ်နိုင်တယ်။
ငတင်ရီ ဘယ်ကထွက်လာတာလဲအခုမှကြားဖူးတယ် အမေစုကသူတယောက်ထဲကောင်းစားရေးလုပ်နေတာမဟုတ်ဘူးနော်သိရဲ့လား
ငတုံးကောင်ရဲ့ ဒါဘဲပြောချင်တယ်သတိကြပ်ကြပ်ထားငတုံးတင်ရီ
တို့ ကတော့  ပါတီအားလုံးကိုပြောချင်ပါတယ် မြန်မာပြည်ကို
ဒီမိုကရေစီနိုင်ငံဖြစ်အောင်ပြုပြင်ပြောင်းလဲတဲ့ နေရာမှာတိုင်းပြည်အတွက်အမှန်တကယ်ကောင်းအောင်လုပ်မယ်ဆိုရင်....ပါတီတခု
နဲ့ တခုမှာမတူညီတဲ့ အမြင်လေးတွေကိုညှိနိုင်းပြီးဆောင်ရွက်စေ
ချင်ပါတယ် ဒါမှတိုင်းပြည်ကအမှန်တကယ်လမ်းမှန်ကိုရောက်မှာ
ပါ။ တပါတီစနစ်ကိုမကြိုက်လို့  ဒီမိုကရေစီလမ်းစဉ်ကိုသွားနေတာ
နားလည်ပါ ပူးပေါင်းဆောင်ရွက်တာကိုလိုချင်လို့  လူထုကတောင်း
ဆိုနေတာမည်သည့် ပါတီကိုမဆို ပြည်သူအတွက်ကောင်းကြီုးနဲ့ 
နိုင်ငံတော်အတွက်ကောင်းကြီုးကိုရှေးရှူပြီးလုပ်ဆောင်မယ်ဆို
ရင်ပြည်သူရဲ့ တူညီတဲ့ ထောက်ခံမှုကိုပါတီတိုင်ရကြမှာပါ။..........
ဒါကြောင့် မိမိပါတီအနိုင်ရရေးကိုအဓီကမကြည့် ပဲနဲ့ တိုင်းပြည်နဲ့ 
ပြည်သူကိုဒီထက်ဘယ်လိုကောင်းအောင်လုပ်ပေးရမလဲဆိုတာ
ပြန်သုံးသတ်ပါ အနိုင်ရပါတီကတသက်လုံးအဲဒီနေရာ မှာရှိမနေပါဘူး ဒီတခေါက်ရှုံးနိမ့် ရင်နောက်တကြိမ်မှာပြည်သူတွေကိုဒီထက်
ဘယ်လိုပိုပြီးကောင်းလုပ်ရမလဲဆိုတာကိုကြိုစဉ်းစားထားပေါ့ 
နောက်တကြိမ်ရွေးကောက်ပွဲဝင်တဲ့ အခါမှာအောင်မြင်မှုရမှာပါ
ကျွန်တော်ကတော့ ပြည်သူ့ ကိုယ်စားပြောလိုက်ရင်ပြည်သူနဲ့ ..
တထပ်တည်းကျမယ်လို့ တော့ ထင်ပါတယ်ပြောတော့ ပြောပြပါ
မယ် (မည်သည့် ပါတီမဆို)တိုင်းပြည်နဲ့ လူထုကိုရှေးရှူ့ ပြီးအလုပ်မယ်
ဆိုရင်ပြည်သူကထောက်ခံမှုပေးမှာပါ။
Post a Comment