ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဆွေးနွေးပွဲများ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထွက်ခွာလာခဲ့ပြီး ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ ရောက်ရှိနေခြင်းဖြစ်သည်။ အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေးနှင့် ပြည်သူ့လွှတ်တော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်တို့အကြား ချစ်ခင်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းမှလာရောက်စဉ်အတွင်း ကူမင်းလေဆိပ်၌ ခေတ္တရပ်နားစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ကိုယ်စားလှယ်များသည် ယူနန်နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ်၊ ယူနန် ပြည်နယ်၊ ပြည်နယ်ပြည်သူ့ကွန်ဂ ရက်နိုင်ငံခြားရေးဌာနမှူးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ နာရီဝက်ခန့်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ လွှတ်တော်ဖွဲ့စည်းပုံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်ဂရက်ဖွဲ့စည်းပုံတို့ကို ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chen Bing De နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။
EMG
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဆွေးနွေးပွဲများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဆွေးနွေးပွဲများ Reviewed by သစ်ထူးလွင် on 10:44 Rating: 5

3 comments:

zandolphine said...

သြော် မြန်မာ့သတင်း မြန်မာ့သတင်း....တခါလာလဲ သူရဦးရွှေမန်း...တခါလာလဲဒေါ်အောင်ဆန်းစုကြည်...ဘယ်သတင်းsite ကြည့်ကြည့် သူတို့ အကြောင်းပဲတွေ့တွေ့နေရတယ်...ကျန်တဲ့ ပြည်သူတွေဘယ်နေရာမှာဘာဖြစ်နေတယ်..စီးပွားရေးကဘယ်လို၊ဘာတွေလိုအပ်နေသလဲ၊ဘာတွေလုပ်နေသလဲ ဆိုတာတွေ့တောင်မတွေ့ရပါလား၊ မထူးပါဘူး စစ်အစိုးရ လက်ထက်က သတင်းစာလိုဘာဘဲလား...

mrpeople said...

မြန်မာနိုင်ငံသည် တောတောင်ရေမြေ၊ သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ယနေ့ခေတ်တွင်
အနောက် ဥရောပ၊ အမေရိက နိုင်ငံများ နှင့် အရှေ အာရှ နိုင်ငံများက စီးပွားရေး၊ ကုန်သွယ်ရေး အတွက်
ရင်းနှီးမြှုပ်နှံရန် အလွန်စိတ်ဝင်စားနေကြပါပြီ။
တစ်ချို့နိုင်ငံတွေက မြန်မာပြည်သူလူထု့ လူ့အခွင့်အရေးအပြည့်အဝ ရရှိစေဖို့၊ ကြီးပွားတိုးတက်စေဖို့ အတွက်
ပြုပြင်ပြောင်းလဲစေပြီး ပွင့်လင်းစွာ အကျိုးတူ ရင်းနှီးမြှုပ်နှံလိုတဲ့နိုင်ငံတွေရှိသလို ပြည်သူလူထု့ကို မငဲ့ကွက်ဘဲ
အောက်တန်းကျတဲ့ နည်းမျိုးစုံကိုသုံးပြီး ရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ လည်းရှိပါသည်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဥပမာပြရရင်တော့ မြင်၊ ကြား၊ တွေ့နေရတဲ့ သတိထားသင့်တဲ့ တရုပ်လူမျိုးတွေပါ။
တရုပ်လူမျိုးတွေဟာ သူတို့ရဲ့ လူမျိုး၊ အကျိုးစီးပွား၊ ယဉ်ကျေးမူ့တွေ ပြန့်နှံ့တိုးတက်စေဖို့ အတွက်သာလျှင်
အားထုတ်နေကြတာပါ။ တစ်ဖက် နိုင်ငံ၊ တစ်ဖက်လူမျိုး နစ်နာဆုံးရူံး စေမှာကို မကြည့်၊ မစာနာကြပါဘူး။
ဥပမာပြရရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှိးမြှပ်နှံမူ့ စုစုပေါင်းရဲ့ ၃၅% ကို တရုပ်အစိုးရက ရယူထားပါတယ်။
ဒါတောင် မြန်မာပြည်တွင်းက တရုပ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ရင်းနှိးမြှပ်နှံမူ့တွေ၊ ပိုင်ဆိုင်မူ့တွေ မပါသေးပါဘူး။
ရင်းနှီးမြူပ်နှံမူ့တွေကို ကြည့်တဲ့အခါမှာလည်း ကျွန်းသစ်၊ ကျောက်မျက်ရတနာ၊ ကြေးနီ၊ ရေအားလျှက်စစ်၊
ရေနံနှင့်သဘာဝဓက်ငွေ့ စသည့် သဘာဝတွင်းထွက်ပြစ်စည်းတွေအပေါ်မှာသာ အများအပြားရင်းနှီးမြူပ်နှံခြင်းတွေဖြစ်ပါတယ်။
အဲဒီရင်းနှီးမြူပ်နှံမူတွေရဲ့ အချို့လုပ်ငန်းခွင်တွေမှာလည်း အလုပ်သမားကအစ ပညာရှင်အဆင့်အထိ တရုပ်လူမျိုး
တွေကိုသာ ခေါ်သွင်းလုပ်ဆောင်စေပါတယ်။ ဒီရင်းနှိးမြှုပ်နှံမှူု့တွေဟာ မြန်မာပြည်သူလူထုအတွက် အလုပ်အကိုင်
အခွင့်အလမ်း၊ နည်းပညာ၊ အတွေ့အကြုံဗဟုသုတတွေ မရရှိစေသည့်အပြင် ဆုံးရူံးနစ်နာမူ့တွေ၊ ပျက်ဆီးမူ့တွေသာ ကျန်ရှိစေပါတယ်။
အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှူ့ကြောင့် ပြည်တွင်းက ပညာတက် လူတန်းစားတွေ၊ လူငယ်လူရွယ် အမျိုးသားအမျိုးသမီးတွေဟာ
ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေကို စွန့်ခွာရပြီး နီးစပ်ရာ လက်လှမ်းမှီရာ နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်နေထိုင်နေရပါတယ်။
ပင်ကိုယ် မျိုးရိုးဗီဇ တွေမှာ ဘာသာရေး၊ ယဉ်ကျေးမှူ့၊ လူမှူ့ရေး အခြေခံကောင်းတွေ ရှိတဲ့ မြန်မာတွေဟာ
ကိုယ့်ယဉ်ကျေးမှူ့နှင့် မကိုက်ညီတဲ့ နိုင်ငံတွေ၊ သူတို့နိုင်ငံသားတွေမလုပ်ချင်တဲ့ နေရာတွေမှာ စိတ်ရှည် သည်းခံစွာဖြင့်လုတ်ကိုင်နေထိုင်နေရတာတွေလည်း ရှိပါတယ်။
နောက်တစ်ခုက သတိမမူတဲ့၊ အားနည်းချက်ရှိတဲ့ အစိုးရတွေ အုပ်ချုပ်တဲ့နိုင်ငံတွေမှာ တရုပ်လူမျိုးတွေဟာ နည်းမျိုးစုံနှင့်
တဖြည်းဖြည်း ဝင်ရောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ် နေရာကောင်းတွေမှာ ရယူနေထိုင်နေကြပါပြီ။
ဒါဟာလည်း တရုပ်အစိုးရရဲ့ ဗျုဟာတွေထဲမှက တစ်ခုဖြစ်ပါလိမ်မယ်။ ပြည်မကြီးထဲက အစိုးရနဲ့ အပြန်အလှန် အကူအညီတွေ
ရယူကြဖို့ပါ။ ပြည်မကြီးထဲမှာရှိတဲ့ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လူမျိုးတွေကို ငွေထုပ်ချေးပြီး
လုပ်ငန်းထူထောင်ခိုင်းတာတွေ၊ တစ်ဖက်လှည့်နှင့်စီးပွားရေလုပ်ခိုင်းတာတွေလည်းရှိနေပါတယ်။
ယခု မြန်မာနိုင်ငံကိုလည်း တစ်ချိန်မှာ တရုပ်လူမျိုးတွေ၊ တရုပ်စီးပွားရေးလုပ်ငန်းရှင်တွေကြီးစိုးဖို့ အလားအလာ
ရှိနေမှာကို စိုးရိမ်မိပါတယ်။ ပြည်သူလူထု့ကို အုပ်ချုပ်ပြီး တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အစည်းတွေက
အနာဂတ်ကိုကြိုတင်ရူ့မြင်ပြီး ကန့်သတ်ပြုပြင်ပေးရပါမယ်။ နိုင်ငံခြားရင်းနှိးမြှုပ်နှံမူကဏ္ဍတွေမှာ
ပြည်သူလူထူ့အတွက် အလုပ်အကိုင်အခွင့်အလမ်း၊ အတွေ အကြုံဗဟုသုတ၊ နည်းပညာ၊ အရင်းအနှီးတွေ ရရှိစေမည့်
ရင်းနှိးမြှုပ်နှံမူ့တွေကို အဓိကထားပြီး ဦးစားပေးခွင့်ပြုသင့်ပါတယ်။
မြန်မာနိုင်ငံသားများ ပညာတက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်လာဖို့၊
မြန်မာနိုင်ငံသည် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးအားလုံးအတွက်ဖြစ်စေဖို့ စီမံ၊ ပြုစု၊ပျိုးထောင်ပေးရပါမည်။

nationalism said...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
PLEASE , Don't copy china style ,they have only one party in their parliman .they don't known about democracy .

Powered by Blogger.