ပါတီစည်းရုံးရေးခရီးစဉ် တားမြစ်ချက်တွေ ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းရုံးရေး ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင် တားမြစ်ချက်တွေကို ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တယ်လို့ အခုညနေပိုင်း နောက်ဆုံးရရှိတဲ့ သတင်းအရ သိရပါတယ်။
NLD website
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့ချုပ် နာယက ဦးတင်ဦးက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
အဲဒီ ကြေညာချက်အကြောင်း ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။ “မြန်မာစံတော်ချိန် သုံးနာရီခွဲလောက်မှာ ပြည်နယ်ကော်မရှင်က ကျွန်တော်တို့ အီးစီတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ အဲဒီ ကန့်သတ်ချက်တွေအားလုံး ဖျက်လိုက်ပါပြီ၊ ခွင့်တောင်းထားတဲ့ဟာတွေ အကုန်လုံး ခွင့်ပြုတယ်။ အဲဒီလို ပြောပါတယ်။ ဒီနေ့တော့ မပြောဘူး။ ကျွန်တော်တို့ အရင် နမ္မတီးမှာ လုံခြုံရေးအရ ခွင့်မပြုဘူးဆိုတာ ဖျက်လိုက်တယ်။ နောက်ပြီးတော့ မြစ်ကြီးနား ဟာကိုလည်း ခွင့်ပြုတယ်။ ဗန်းမော်ကိုလည်း ခွင့်ပြုတယ်” လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အာဏာပိုင် တွေက ကန့်သတ် ပိတ်ပင်တားမြစ် နေတာတွေဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ရေးကို အဟန့်အတား ဖြစ်တယ်လို့ NLD ပါတီက ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ အခုလိုသာ ဆက်လက်ပြီး ဟန့်တားနေမယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကြောင်းအမျိုးမျိုးပြ တားမြစ် ပိတ်ပင်နေတာတွေကို အချက်အလက်တွေ စုစည်းပြီး ပြည်ထောင်စု ကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ပြည်ထောင်စု ကော်မရှင်အနေနဲ့လည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်ဖို့ ယုံကြည် မျှော်လင့်တယ်လို့ ဦးဥာဏ်ဝင်းကပြောသွားခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်း ကော်မရှင်က အခုလို အလျင်အမြန် တုံ့ပြန် ဆောင်ရွက်တာမျိုးကို မြန်မာပြည်မှာ တွေ့ရခဲတယ်လို့လည်း ရန်ကုန်ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
RFA
ပါတီစည်းရုံးရေးခရီးစဉ် တားမြစ်ချက်တွေ ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ ပါတီစည်းရုံးရေးခရီးစဉ် တားမြစ်ချက်တွေ ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ Reviewed by သစ်ထူးလွင် on 05:02 Rating: 5

9 comments:

lynnyaungsin said...

It should be the way:) Welcome your promptly respond....

Toe Gyi said...

သတိလေးတစ်ခုရလို့ပါ ကျန်တဲ့နယ်တွေတော့ မသိဘူး ကချင်ပြည်နယ်ကိုတော့ အထူး အထူး သတိထားသင့်တယ်လို့ သတိရလို့ပါ ရောင်တော်ပြန်နဲ့ရော လွှတ်နိုင်တယ်နော် ဘယ်သူ့ ကိုမှ ယုံလို့မရပါ အထူးသဖြင့် ....... ပိုပြီးမယုံပါနဲ့... အလကာတော့ ပိတ်ပင်မှုတွေကို ခွင့်မပြုလောက်ဘူးနော်..

ကျော်ထိုက် said...

ကချင်ပြည်နယ် က စစ်ဖြစ်နေတဲ့နေရာဆိုတော့...အရမ်းကို စိုးရိမ်ပါတယ် အမေစု အတွက်...တကယ်လို့ သွားဖြစ်ခဲ့ရင် ကျွန်တော် တို့ ကတော့ ဒီကနေ ပဲ အမေစု ချောချောမောမော နဲ့ ရန်ကုန် အမြန်ပြန်ရောက်ပါစေလို့ ပဲ ဆုတောင်းနေရတော့မှာပဲ...အမေစု ကျန်းမာ ချမ်းသာပါစေ..စိတ် ကော ကိုယ် ကော.....

2010fairygodmother@gmail.com said...

တားမြစ်ချက်တွေ ရုတ်သိမ်းပေးတယ်ဆိုလို့လဲ အရမ်း ၀မ်းမသာကြနဲ့အုံးနော် .. ဘာတွေလုပ်မယ့် အစီအစဉ်ရှိလဲမသိဘူး.. တဖက်ကတော့ မြန်မာရော ကမ္ဘာကပါသိအောင် ရုတ်တာရုတ် သိမ်းတာသိမ်း လုပ်ပေးပြီး တဖက်က အားလုံးမသိအောင် မဲခိုးမှာတော့ စိုးရိမ်ရတယ်...
(အထက်က ဘာလုပ်ပေးပေး အကောင်းကို မမြင်တာလို့တော့ မပြောပါနဲ့နော် မကောင်းတာလုပ်တော့လဲ စိတ်တိုတယ် ဒေါသဖြစ်မိတယ် ကောင်းတာလုပ်ပေးတာကျပြန်တော့လဲ အယုံရဲဘူး ဖြစ်နေတယ် ဘာလို့လဲဆိုတော့ သူတို့က တသက်လုံးနီးပါး တို့လူဖြစ်ပါပြီဆိုကတည်းက ကောင်းချင်ယောင်ဆောင်တာပဲ မြင်ဘူး ခဲ့တာဆိုတော့လေ ခုလဲ ....... စိတ်မရှိနဲ့နော်)

2010fairygodmother@gmail.com said...

တတ်လဲ တတ်နိုင်ကြပါတယ် ရှင်တို့အဖွဲ့အစည်းတွေရယ်... တယောက်ယောက်က ပိတ်ခိုင်းလို့ပိတ်ရဲတာနေမှာပါနော်...
ဘာတုန်း ခုမှ နာမည်ကောင်းယူပြီး ပြန်ဖွင့်ပေးလိုက်ပြီတဲ့...
ဟား ဟား မသိတဲ့သူတွေဆိုရင်တော့ ထင်လိ့မ်မယ် အော်... ပြန်ဖွင့်ပေးတဲ့ သူတွေ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို သဘောထား ကြီးလိုက်ကြတာလို့... ဟင်း ဟင်း လာမလုပ်နဲ့ ဒီအဆင်တွေ ရိုးနေပြီ...

OZI said...

How come election commission has unstable decision?????Election commission must be independent body.

tharzaw said...

အဲဒီလိုပဲ ဖြစ်ရမှာပေါ့။
ဒါပေမယ့် ... တစ်ဖက်လှည့်နဲ့
အင်း .... မပြောချင်တော့ပါဘူးဗျာ ...
အမေစုကိုတော့ စိုးရိမ်တာတော့အမှန်ပဲဗျာ .. ။

မြတ်စန္ဒာ said...

အမေစု ရေ ဒီပဲယင်းကိစ္စကို မမေ့နဲ့နော်။ ဒီကောင်တွေ ရောင်တော်ပြန် လွှတ်မှာ ကြောက်ရတယ်။ အလွယ်တကူနဲ့တော့ အလျော့ပေးမှာမဟုတ်ဘူး။ အခုကိစ္စက စဉ်းစားစရာတွေပဲများနေတယ်။ စစ်ဖြစ်နေတာကို အကြောင်းပြုပြီး သူလိုလို ကိုယ်လိုလိုနဲ့ ရောလွှတ်မှာကြောက်ရတယ်။ လေယာဉ်ခရီးစဉ်များကိုလည်း သတိရှိပါလို့ အကြံ ပေးချင်ပါတယ်။ ဗိုလ်ချုပ်ကြီးတင်ဦး ဘယ်လိုကိစ္စချောခဲ့ရတယ်ဆိုတာပေါ့။ ဇာတ်တူသားတောင်စားခဲ့သေးတာ ဂရုစိုက်စရာပါလို့

Moe Moe said...

်FAIRYGODMTHER ပြောတာအရမ်းမှန်ပါတယ် လုံးဝမယုံကြည်ပါနဲ ဖြစ်နှိင်ရင် ကချင်ပြည်နယ်ကို မသွားစေခြင်ပါ လုပ်ကြံခံရမှကို အရမ်းစိုးရိမ်မိပါတယ် ကချင်တိုင်းရင်သူတိုင်းရင်သား များလည် အန်တီစုမလာနှိင်တာကို အားလုံးနာ လည်လိမ့်မယ်လို့ ထင်ပါတယ် ချက်ချင်ကြီးရုပ်သိမ်းပေးတယ်ဆို တာကိုယုံ ငြ်းအောင် သံကောင်ဟစ်နေတာပါ ကေည်ရခက်နေပါတယ် လုံးဝကိုယုံကြည်ချင်ပါတယ် မယုံရဲဘူးဖြစ်နေပါတယ် သူတို့ က မင်းသားခေါင်းဆောင်ထားတဲ့ ဘီးလူးတွေပါ လူကြားကောကြာင်သူတော် ကြွက်သူခိုးတွေဆိုတာ အားလုံးသိကြ ပါတယ် ယုံကြည်ရအရမ်းခက်ပါတယ် ကချင်ပြည်နယ်ကို အန်တီစုမသွားဖို့ တောင်ပန်ပါတယ်

Powered by Blogger.