မြန်မာနိုင်ငံကို အခုထက်သာတဲ့ အာဆီယံ အသင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ်
လာမယ့် ဆယ်စုနှစ်မှာ တွေ့ချင်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး အပြောင်းအလဲထက်
နိုင်ငံရေး အပြောင်းအလဲက ပိုပြီး အရေးကြီးနေတယ်လို့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က Asean Business Club အာဆီယံ
စီးပွားရေးအသင်း ABC အဖွဲ့က ကိုယ်စားလှယ်တွေကို ပြောလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မယ်ဆိုရင်
စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်ခင်မှာ စောင့်ကြည့်ဖို့ကိုလည်း
အကြံပြု လိုက်တယ်လို့ သိရပါတယ်။
Asean Business Club က ကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲတစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၆
ရက်နဲ့ ၇ ရက်မှာ နေပြည်တော်ကိုသွားပြီး အာဏာပိုင် အဖွဲ့ဝင်တွေနဲ့
တွေ့ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ
တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation
သတင်းစာရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဖော်ပြ လိုက်တာပါ။
RFA
![]() |
အာဆီယံ စီးပွားရေးအသင်း ABC အဖွဲ့က ကိုယ်စားလှယ်တွေ နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲအပြီးတွေ့ ရစဉ် |
RFA
မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်
Reviewed by သစ်ထူးလွင်
on
21:42
Rating:

1 comment:
အမေကို ယုံကြည်တယ်။ အမေပြောတဲ့အတိုင်ဖြစ်မှာ။ အမေသာဦးဆောင်ပြီးလုပ်ရင် ဖြစ်ကို ဖြစ်တယ်။ ကျနော်တို့ နောက်လိုက်ကောင်းတွေ ဖြစ်အောင်ကြိုးစားမယ်။ အမေစုကျန်းမာပါစေ။
Post a Comment