ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုအစည်းအဝေး လူနည်းစေရန် တိုင်းအစိုးရမှ နည်းမျိုးစုံ ကြိုးပမ်း

ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင်  ဒေါ်အောင်ဆန်းစုကြည်  ပုသိမ်မြို့သို့ မဲအောင်နိုင်ရေး ခရီးစဉ်တွင် လူထုအင်အားလျော့နည်းစေရန် ကျောင်းများတွင် ပွဲတော်နှင့် စာမေးပွဲများ၊ ဘုရားစေတီတို့တွင် စတုဒီသာကျွေးမွေးခြင်း၊ နှစ်ကာလရှည်စွာထုတ်ပေးခြင်းမရှိခဲ့သည့် အိမ်ဂရန်ထုတ်ပေးရန် အိမ်ရှင်များအား အိမ်များတွင်စောင့်ဆိုင်းနေစေဖို့ နှိုးဆော်ခြင်း စသည့်နည်းများဖြင့် ပြုလုပ်နေကြောင်း ပုသိမ်မြို့ခံများက ပြောသည်။
ပုသိမ်မြို့မှ ၇ တန်းကျောင်းသူတဦးက “ လာမယ့်အင်္ဂါနေ့မှာ ပြည်ထောင်စုနေ့ အကြို အခြေခံပညာ ကျောင်းပေါင်းစုံ ပဒေသာကပွဲလုပ်မယ်၊ အားလုံးလာရမယ်၊ တော်ရုံတန်ရုံ နေမကောင်းလည်း ကျောင်းခန်းထဲလာထိုင်နေပါတဲ့၊ အင်မတန်နေမကောင်းမှ ခွင့်ယူလို့ရမယ်၊ နေမကောင်းတဲ့အကြောင်း ပြန်တက်တဲ့အခါ မိဘကိုပါခေါ်လာပြီး ဆေးစာယူလာရမယ် လို့ပြောထားတယ်” ဟု ၀ိုင်ပီအိုင်သို့ပြောသည်။

တကောင်း မင်္ဂလာစေတီတော် ဘုရားတွင်လည်း စတုဒီသာ ပွဲကျင်းပမည့်အကြောင်း ကြေညာအသိပေးထားသည်။

အခြေခံပညာ ကျောင်းဆရာမ တဦးကလည်း ဆရာဆရာမများအနေဖြင့်လည်း ထိုနေ့တွင် ခွင့်မယူရ၊ ခွင့်ယူခဲ့ပါက မည်သည့်အကြောင်း၊ မည်သည့်နေရာရောက်ရှိနေခဲ့ကြောင်း ထုခြေလွှာတင်ရမည်ဟု ညွှန်ကြားထားကြောင်း ပြောဆိုသည်။ ကျောင်းဆရာမတဦးက ယင်းနေ့တွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အကြိုပွဲကို ဗီဒီယိုမှတ်တမ်းတင်ထားကာ ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြရန်လည်း ညွှန်ကြားထားသည်ဟု ဆိုသည်။

အလားတူ ဆယ်စုနှစ် ၃ ခုကျော် ဂရန်ထုတ်မပေးခဲ့သည့် ပုသိမ်မြို့ အမှတ် ၇ နှင့် ၁၂ ရပ်ကွက် (ကွက်သစ်) ရှိလူနေအိမ်များကိုလည်း ဂရန်ထုတ်ပေးမည်ဖြစ်၍ ယင်းနေ့နံနက် မိမိတို့၏ နေအိမ်တွင် စောင့်နေကြရန် ရပ်ကွက်တာဝန်ရှိသူတို့က အကြောင်းကြားထားသည်ဟု ရပ်ကွက်သားတဦးက ၀ိုင်ပီအိုင်သို့ ပြောသည်။

တကောင်းမင်္ဂလာစေတီတော်ကြီး ဘုရားတွင်လည်း ယခင်ကျင်းပလေ့မရှိသည့် ထမနဲထိုးပွဲနှင့် စတုဒီသာပွဲ ယင်းနေ့တွင် နံနက် ၈ နာရီမှ စတင်ကာ ကျင်းပမည်ဟု ကြေညာထားသည်ဟု ပုသိမ်မြို့ခံတဦးက ပြောသည်။ ထို့တူ ပုသိမ်ရပ်ကွက် ရုံးများတွင်လည်း ယင်းနေ့ နံနက် ၉နာရီ တွင်ပင်  မုန့်ဟင်းခါး ပိသာချိန် ၆၀၀ ကျွေးမည့်ဟု ကြေညာထားကြောင်းလည်း ယင်းမြို့ခံကပြောသည်။

ယခုကဲ့သို့ ကျောင်းများ၊ ရပ်ကွက်များတွင် ကပွဲကျင်းပခြင်း စတုဒီသာကျွေးမွေးခြင်း အစီအစဉ်များ မပေါ်ထွက်မီ ရက်အနည်းငယ်က ပုသိမ်တက္ကသိုလ်မှ ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်လာမည့်နေ့တွင် စာမေးပွဲစစ်မည်ဟု ရုတ်တရက်ကြေညာခဲ့သည့် အဖြစ်လည်းကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သို့ နေ့ချင်းပြန် သွားရောက်မည့် ခရီးစဉ်အတွင်း မြို့လူထုအား စကားပြောဆိုမည့်နေရာအဖြစ် ၉ သိန်းအားကစားကွင်းအား ငှားရမ်းခွင့်ပြုထားပြီဖြစ်သည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီရုံးမှာ တာဝန်ရှိသူက ပြောဆိုသည်။ ယခင်ရက်ပိုင်းက ကျောက်တိုင်ကွင်းအား ငှားရမ်းခွင့်ပြုထားရာမှ နောက်ပိုင်းတွင် ၉ သိန်းအားကစားကွင်းအား ပြောင်းလဲစီစဉ်ထားသည်ဟု အန်အယ်လ်ဒီမှ ထုတ်ပြန်သည့် လက်ကမ်းကြော်ငြာများတွင် တွေ့ရှိရသည်။

ပုသိမ်မြို့ရှိ အထက်တန်းကျောင်း တကျောင်း

ယခင်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မဲအောင်နိုင်ရေး နယ်ခရီးစဉ်ဖြစ်သည့် ထားဝယ်ခရီးစဉ်အတွင်း မြို့ခံ လူပရိတ်သတ် သောင်းနှင့် သိန်းနှင့်ချီစုဝေး အားပေးခဲ့ကြသည်ကို တွေ့ရသည်။

ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဖြစ်သည် ဦးသိန်းအောင် ( နအဖ အစိုးရလက်ထက် သစ်တောရေးရာ ၀န်ကြီးဟောင်း) သည် လက်ရှိ အစိုးရအဖွဲ့ဝင်များအနက် သဘောထားဟောင်းရှိသူ၊ ပြုပြင်ပြောင်းလဲမှုကို မလိုလားသူအဖြစ် နေပြည်တော် အစိုးရအရာရှိ အသိုင်းအ၀ိုင်းတွင် သိရှိယူဆထားကြကြောင်း လယ်ဆည် ၀န်ကြီးဋ္ဌာနမှ အရာရှိကြီးတဦးက ပြောသည်။       ။
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၂ (YPI)
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုအစည်းအဝေး လူနည်းစေရန် တိုင်းအစိုးရမှ နည်းမျိုးစုံ ကြိုးပမ်း ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုအစည်းအဝေး လူနည်းစေရန် တိုင်းအစိုးရမှ နည်းမျိုးစုံ ကြိုးပမ်း Reviewed by သစ်ထူးလွင် on 01:14 Rating: 5

22 comments:

မန္တလေးသား said...

အမျိုးကောင်းသားများရဲ့ အကျင့်ကတော့ အခုအချိန်အထိ ကို... ကန့်လန့်တိုက်နေတုန်း.... ကိုယ်လည်းစွမ်းတာမဟုတ်ဘူး... စွမ်းတဲ့သူကိုကြတော့လည်း လိုက်ပြီးအကျင့်ယုတ်နေတယ်... ကိုယ့်နိုင်ငံကို တကယ်ချစ်ရင်... နိုင်ငံကြီးသားစိတ်တွေ ဝင်သင့်ဘီလို့ထင်တယ်....

komyo said...

ဦးကျော်ဆန်းနဲ့ ဦးဌေးဦးရေခင်ဗျားတို့ ဒီလောက်တောင်လူစု လူဝေးကိုကြောက်နေရင်မြန်မာ့ ရုပ်မြင်သံကြားကနေဖြစ်ဖြစ် မြ၀တီရုပ်မြင်သံကြားကနေဖြစ်ဖြစ် အမေစုရဲ့ ဟောပြောပွဲတွေကို
ထုပ်လွင့် ပြနိုင်အောင်စီစဉ်ပေးလိုက်ပါလား.....................
ဒါဆိုရင်ခင်ဗျားတို့ မမြင်ခြင်တဲ့ လူစုလူဝေးကိုခင်ဗျားတို့ 
မမြင်ရတော့ ဘူးပေါ့ ဗျာ..............................................
မကောင်းဘူးလား..............သွေးလေခြောက်ခြားနေကြပြီပေါ့ 
ခင်ဗျားတို့ ဘယ်လိုပဲပိတ်ဆို့ ပိတ်ဆို့ ပါ။လူတွေရဲ့ ရင်ထဲမှာ
အမေစုပဲရှိတယ်ဆိုတာကိုသိစေချင်ပါတယ်။

Paul Vong said...

It is liked the night of killing King Min Tone Min's sons and daughters. They are using the same way who was happened in Myanmar history so ugly

thuyawin02 said...

ခွေးးးးနှစ်ကောာာာင်စောက်ရှက်မရှိပါ

SN said...

လာချင်တဲ့ လူကိုကျတော့ တားတယ်............မလာချင်တဲ့ လူကိုကျတော့ တစ်အိမ်တစ်ယောက် မလာမနေရ....မင်းတို့ ဒီမိုကရေစီက အဲ့ဒီလိုလား.....

ellay said...

နွားပလာတာကျွေးလည်း သိမဲ့ ပုံမပေါ်ပါဘူး
အရင်ကတည်းကလည်းမကောင်းဘူး အခုလည်းကောင်း
မဲ့ ကောင်တွေ မဟုတ်ဘူး
ကျတ်သရေသုံးလိုက်ရော
ယောက်ကျာ်းတွေ ဖြစ်ပြီး သောက်ရှက်ကိုမရှိဘူး

SN said...

တော်တော်ရှက်ဖို့ကောင်းပြီး ကလေးဆန်လိုက်တာဗျာ....ကျွန်တော်တောင် ဘာမှမဆိုင်ဘဲ ဘေးကနေ ဒီလူတွေနေရာ ၀င်ကြည့်တာ တော်တော်ကို ရှက်နေမိတယ်.......

SKy said...

သနားစရာ သတ္တ၀ါလေးတွေပါလားနော်...........
အမေစုဟောပြောပွဲက လူကိုယ်တိုင်သွားမှ နားထောင်ရတာမဟုတ်ဘူးလေ။ နောက်ပိုင်းမှာ အမေစုဟောပြောခဲ့တာတွေက အွန်လိုင်းမှာ ပျံ့ နေမှာ.......
အမေစုကို လူကိုယ်တိုင်သွားရောက် အားပေးတယ်ဆိုတာ
ချစ်ခင်လို့ ပါ..........
ထားဝယ်လူထုကို မြင်လိုက်တာနဲ့  ယောကျာင်္းတန်မဲ့ သွေးတွေ ပျက်နေပြီ။
ပွဲတော်တွေ၊ စတုဒီသာတွေ၊ ထမနဲထိုးတာတွေက ရုံးပိတ်ရက်တွေမှာသာ လုပ်လေ့ရှိကြတာ............
ဒီလိုမိန်းမနည်း မိန်းမဥာဏ်တွေနဲ့  ပိတ်ပင်တော့ရော ပြည်သူလူထုရဲ့  အမေစုကိုချစ်ခင်မှုကို တားဆီးနိုင်လို့ လားးးး
ပိုတောင် ဆိုးအုံးမယ်။ ဒီတခေါက်ရွေးကောက်ပွဲမှာ မဲနိုင်ဖို့ တော့ အိမ်မက်တောင်မမက်နဲ့  ကြံ့ ဖွတ်ရေ..... (မဲလိမ်တာက လွဲလို့ ပေါ့)

thethe said...

Hey Thein Aung,

Don't be silly...! Don't make cheap tricks that all people know and laugh about. No matter how you threat to students, teachers and staffs, I bet they will come for their good hope. Pity you.

tko said...

တော်ကြပါတော့...

tharzaw said...

It is very ashamed for them. They didn't known any fault. Why? I think they are cowardly.

Show said...

အကျင့်တွေကိုကအရင်တိုင်းပဲ
ကိုယ်လည်းစောက်သုံးမကျပဲနဲ့ A..တွေ
မင်းတို့အဲဒီလိုလုပ်လေပြည်သူတွေကအမေစုကိုချစ်လေပဲ
ခုထိဒါကိုမသိတာအံ့ရော
မင်းတို့လူတွေကိုပဲခေါ်ထားလို့ရမှာပေါ့ စိတ်တွေကိုတော့ဘယ်ရမလဲ
မနက်ဖြန်ကိုတော်တော်စိတ်ဝင်စားသွားပြီ စောင့်ကြည့်နေမယ်
ဒီလောက်ပိတ်ထားတဲ့ကြားကလူတွေအရမ်းများရင်တော့..
သိန်းအောင်ရေ...
မင်း..သာခံတော့
မင်းကိုပုသိမ်သားတွေကအကုန်ဝိုင်း..လိမ့်မယ်
ခံနိုင်အောင်သာကြိုးစားထား

ရာရာ said...

ရှက်လိုက်တာနော်...ရှက်လိုက်တာ...နှစ်ကျပ်ကွက်တွေ ကလေးကွက်တွေနဲ့ အကွက်တွေရွှေ့နေတာ...အလွန်ရှက်ပါသည်။ သောက်ကျိုးနည်းရှက်ပါသည်။....နောက်တစ်နေ့သတင်းစာတွင် ဖတ်ကြည့်ပါ...ရာရာ တစ်ယောက် ဒင်းတို့အစားအရှက်ကြီးစွာဖြင့်သေဆုံးကြောင်းနာရေးသတင်းတွင်တွေ့ပါမည်။...

YuYa said...

စိတ်ဓါတ်လှတဲ့ အမေ စု အောင်မြင်မှာပါ.....

Anonymous said...

ပြည်ခိုင်ဖြိုးရဲ့ စည်းရုံးရေးဟာ တော်တော်ယဉ်ကျေးလာပါပြီ၊ ဒီမိုကရေစီ ဆန်လာတယ်ပေါ့။ အရင်ကလိုခြိမ်းခြောက်တာ၊ မဟုတ်တန်းလျားနည်းတွေထက်စာရင် တော်တော်တိုးတက်လာတာပေါ့ဗျာ။ ဘာဖြစ်ဖြစ် ဒီလိုပုံစံဘဲဆက်သွားမယ်ဆိုရင် ကြားထဲက ပြည်သူတွေ အမြတ်ထွက်တာပေါ့ဗျာ။ အမေစုရှိနေသရွေ့ ဒီကောင်တွေ နောက်ဆို လက်လွတ်စပယ် ဘယ်လုပ်ရဲတော့မလဲဗျာ။......

Aung Chan Lin said...

သိပ်ကြောက်သလား ၀န်ကြီးချုပ်ရယ် ဗိုလ်အောင်ဒင် ဘောင်းဘီချုတ်တာ ရေချိုးမလို့ပါ။

သံလျင်သား said...

အမေစုရေ...ပုသိမ်မှာ လူမစည်အောင်လုပ်တာ ဂရုမစိုက်ပါနဲ့...
ဇကောလောက်မှစောက်မနက်တဲ့အကျန်တွေ နဲ့...ပြည်သူလူထု ရဲ့
ရင်ထဲက အမေစု ကိုချစ်တဲ့ စိတ်ကိုတော့..ဘာနဲ့ မှတားဆီးလို့ မရနိုင်ပါဘူး...
အသက်သေသွားတောင် ၀ိဥာဉ်တွေ ကဆက်လို့ အားပေး ချစ်နေဦးမှာပါ အမေရယ်...

ktd said...

တကမ္ဘာလုံးက မြန်မာမှာ သမ္မတကြီးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် နှစ်ဦးကိုဘဲ အလေးထားကြတယ်။ ဘာဘာညာညာဝန်ကြီးတွေ၊ ၀န်လေးတွေက အပရိကပါ၊ လုပ်နိုင်တယ်ထင်ရင် လုပ်ထားကြပေါ့၊ တချိန်မှာ မှားပါပြီ၊ ဘာဖြစ်လို့၊ ညာဖြစ်လို့၊ လုပ်ကြဦးမှာ။ အထက်ကခိုင်းတယ်၊ အထက်လူကြီးတွေကို ထမင်းစားကောင်းအောင်လုပ်ပြနေကြတာ နေမှာပေါ့။ လက်ရှိအချိန်မှာ နိုင်ငံတကာက ခေါင်းဆောင်တွေ မြန်မာပြည်ရဲ့ရှေ့ရေးအတွက် ဒေါ်စုနဲ့ သမ္မတကြီးကိုဘဲ တွေ့ဆုံပြီး ဆက်ဆံတာ လူတိုင်းအသိဘဲ။ ကျန်တဲ့အကောင်တွေ မပါဘူး။ ။ ။ သဘောပေါက်။ ။ ။

chipi said...

တော်တော်လည်း ရီစရာ ကောင်းတယ်ကွာ၊မင်းတို့ လုပ်ရပ်တွေက အဆင့်အတန်းမရှိ၊ သိက္ခာမရှိ ၊ အရှက်မရှိ ၊ ပညာမရှိ ၊ သောက်ရူး ၊ယုတ်မာကောက်ကျစ် ဘာကျန်သေးလဲ မသိဘူး ရှိသေးရင် ထပ်ဖြည့်ပေးကြပါဦးဗျာ ။ ဒီ ကြံ့ဖွတ် သူခိုးအသင်း ကြီးကို သိပ် ရွံ့ လွန်းလို့ပါ။

အညာသားလေး said...

သံလျင်သားရေ
ဇကောလောက်မှဇောက်မနက်တာမဟုတ်ဘူး ဇကောကနည်းနည်းနက်သေးတယ် နဖါးကလော်လောက်မှဇောက်မနက်ဖူးလို့ပြောရတယ်ကွ

naing lin tun said...

ဟေး ဘယ်သူတွေ ဘာပဲယုတ်ယုတ် ပုသိမ်သူပုသိမ်သားတွေရဲ့ အမေစုအပေါ်ချစ်မြတ်နိုးမှုကို ဒင်းတို့ မျက်ဝါးထင်ထင်တွေ့ ရလိမ့်မယ် ။။။။ ပုသိမ်သူပုသိမ်သားတွေရဲ့ စည်းလုံးမှုကို အံ့သြောလောက်အာင် မနက်ဖြန် တွေ့ ရပြီ ဟေ့။။။

Samurai said...

Why don't show my comments...even that comments also not enough for them...
now is free to attack them...

Powered by Blogger.