ဝန်ထမ်းတွေ ၀န်ကြီးထံသွားပြီးသတင်းပို့ရတဲ့ ဒုက္ခ


-
  မည်သည့်ဝန်ထမ်းအဆင့်မဆို နိုင်ငံခြားကို သွားရတော့မယ်ဆို ၀န်ကြီးထံ သြ၀ါဒခံ သွားရောက်ကြရပါတယ်။ ဒီလိုသွားရောက်တဲ့ အကျင့်မျိုး ယခင်က မရှိခဲ့ဖူးပဲ ညွှန်မှူးနှင့် အထက်အရာရှိကြီးများသာ သွားရောက်တွေ့ဆုံဘို့ လိုတယ်လို့ သိရပါတယ်။
-  စစ်အစိုးရတက်လာပြီးနောက်ပိုင်း မည်သူမဆို စာရေးဝန်ထမ်းအဆင့်ကအစ ကိစ္စတစ်ခုခုကြောင့် နိုင်ငံခြားခရီးသွားရတော့မယ်ဆိုရင် မသွားခင်တစ်ပတ်လောက် အလိုမှာ ၀န်ကြီးထံမှ သြ၀ါဒခံယူဘို့ဆိုပြီး တွေ့ရမည်လို့ သတ်မှတ်လိုက်ပါတယ်။
-  တတ်နိုင်သူတွေက နေပြည်တော်ကို ကိုယ်ပိုင်ကား (သို့မဟုတ်) ကားငှားပြီးသွား ကြသလို မတတ်နိုင်သူတွေကတော့ လိုင်းကားစီးပြီး ညအိပ်ညနေ သွားရောက်ရပါတယ်။
-  ၀န်ကြီးဆိုတာမျိုးက ကက်ဘိနက်ရတာတို့ နိုင်ငံခြားဧည့်သည်တွေ့ စသည်ဖြင့် အမြဲအလုပ်ရှုပ်နေတတ်တာမို့ အမြဲလို နေပြည်တော်မှာ ညအိပ်ကြကြရပါတယ်။ တည်းခိုစရာ မရှိသူများမှာ အနည်းဆုံးဟော်တယ်အခန်းခမှာ တစ်ယောက်စာတစ်ည ၁၅၀၀၀ လောက်ရှိတာမို့ စည်ပင်တည်းခိုခန်းက အခန်းစုတ်စုတ်မှာ ခြင်ကိုက်ခံတည်းကြ ရပါတော့တယ်။ဌာနခံတည်းရိပ်သာရှိသူများကတော့ ဖြစ်သလို တိုးဝှေ့အိပ်ကြပေါ့။
-  မိမိရုံးက DG/MD ရဲ့ခွင့်ပြုစာရမှ သွားရပြီး ဟိုရောက်တော့ ရုံးအဖွဲ့မှူးဆိုသူက ခွင့်ပြုမှ တွေ့ခွင့်ရကြရသလို အဆင်ပြေပြေတွေ့ခွင့်ရအောင် ထိုသူအား မျက်နှာချိုသွေးရ လက်ဆောင်ပေးရပြန်သေးတယ်။ အနည်းဆုံးတော့ Black/Red Label (သို့မဟုတ်) အင်္ကျီဖြစ်ဖြစ်ပေါ့။
-  သူကမကြည်ဖြူလို ညစ်ထားလျှင် ၀န်ကြီးဆိုသူမှမသိပဲ ထားခဲ့သဖြင့် နောက်တစ်ရက်ထပ်စောင့်ရပြန်ပါသည်။ တစ်ချို့ ၀န်ထမ်းအငယ်တွေဆို တစ်ပတ်လောက်တောင် စောင့်ဆိုင်းရတတ်တယ်လို့ ပြောပါတယ်။ တစ်ချို့က ၀န်ကြီးနိုင်ငံခြားသော်လည်းကောင်း ပြည်တွင်းခရီးသော်လည်းကောင်း ထွက်သွားလို့ ပြန်သွားပြီး တစ်ခေါက်ပြန်လာရတာတောင် ရှိပါသေးတယ်။
-  ရုံးအဖွဲ့မှူးဆိုသူခွင့်ပြုပြီဆိုရင်တော့ သိပ်မခက်တော့ပါဘူး၊ ဒုဝန်ကြီးကို အရင်တွေ့ပြီးမှ ၀န်ကြီးကို တွေ့ခွင့်ရပါတယ်။ ဒီမှာလဲ ၀န်ကြီး P.A တွေကို ပေးရပြန်သေးတာပဲ။
-  ၀န်ကြီးများနှင့်တွေ့သည့်အခါလည်း ဘာမျှ မည်မည်ရရ ပြောကြားသည်မရှိပဲ တင်ပြသော စာကိုမျှမဖတ်ပဲ လက်မှတ်ထိုးပြန်လွှတ်ဆိုတော့  အဓိပါယ်ရောရှိကြပါသလား ပြန်လည်သုံးသပ်သင့်ပါတယ်။
-  အသွားအပြန် နှစ်ခါဖြစ်ပြီး ၀န်ကြီးမင်းများတွေ့ရသည်မှာ ထင်သလောက်မထောင်းတာပဲ ရုံးအဖွဲ့မှူးဆိုသူများရဲ့ အရိပ်အကဲ ကြည့်ရ၊ ညိုငြင်ခံရမည်က ပိုဆိုးနေပါသည်။
-  စနစ်တစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် Result-based ပေါ် အခြေခံပြီးမှ ပြုလုပ်စေသင့်ပါသည်။ ယခုလို ၀န်ကြီးသတင်းပို့ဘို့ဆိုတာ အဆင့်မြင့်အရာရှိကြီးများသာ ပြုလုပ်သင့်ပြီး အငယ်များကိုမူ သက်ဆိုင်ရာ DG/MD တို့လောက်နဲ့သာ ပြီးပြတ်သင့်ပါသည်။
-  ၀န်ကြီးရုံးအဖွဲ့အတွက် လာဘ်ဝင်ပေါက်တစ်ခုအဖြစ်သာ ထွင်ထားသည့် စနစ်တစ်ခုနှင့်သာ ပိုတူနေပါသည်။


နိုင်ငံခြားသွားရသည့် ၀န်ထမ်းတစ်ဦးပျမ်းမျှကုန်ကျငွေ ရှင်းတမ်း

သာမန်ဝန်ထမ်းတစ်ယောက် အနည်းဆုံးကုန်ကျငွေ
အရာရှိကြီးတစ်ယောက် အနည်းဆုံးကုန်ကျငွေ
DG/MD ကန်တော့
၄၀,၀၀၀
ဓာတ်ဆီဘိုး (အသွား)
၅၀,၀၀၀
ခရီးစရိတ်သွား-ပြန် (ဘတ်စ်)
၁၂,၀၀၀
ဓာတ်ဆီဘိုး (အပြန်)
၅၀,၀၀၀
TAXI ခ သွား-ပြန် (၂)ကြောင်း
၂၀,၀၀၀
နေပြည်တော်မှာ စားစရိတ် (အသွား)
၂၀,၀၀၀

နေပြည်တော်မှာ စားစရိတ် (၂)ရက်x(၂)ကြိမ်
၈,၀၀၀
၈,၀၀၀
နေပြည်တော်မှာ စားစရိတ် (အပြန်)
၂၀,၀၀၀

တည်းခိုစရိတ် သွား-ပြန် (တစ်ညစီ)
၆,၀၀၀

တည်းခိုစရိတ် (တစ်ညစီ)
သွား-ပြန်
၆၀,၀၀၀
ရုံးအဖွဲ့မှူး/၀န်ကြီးPA တို့အတွက် လက်ဆောင်
၁၀,၀၀၀
ရုံးအဖွဲ့မှူး လက်ဆောင်
၂၀,၀၀၀
ဒု-၀န်ကြီးကန်တော့
၅၀,၀၀၀
ဒု-၀န်ကြီးကန်တော့
၇၀,၀၀၀
ဝန်ကြီးကန်တော့
၁၀၀,၀၀၀
ဝန်ကြီးကန်တော့
၁၅၀,၀၀၀
Report စာအုပ်ချုပ်ခ
(၈-စုံ x ၅၀၀၀ ခန့်)
၄၀,၀၀၀
Report စာအုပ်ချုပ်ခ
(၈-စုံ x ၅၀၀၀)
၆၀,၀၀၀
စုစုပေါင်းကုန်ကျငွေ
၂၉၄,၀၀၀

၅၀၀,၀၀၀

အဆိုပါကုန်ကျငွေအား နှစ်စဉ်ဝန်ထမ်းမည်မျှ နိုင်ငံခြားခရီးသွားကြသလဲ ..။ စုစုပေါင်းနှင့်မြှောက်ကြည့်ပါက ကျပ်သန်းပေါင်းမည်မျှ ကုန်ကျနေသည်ကို သတိပြုတော်မူကြပါကုန်။


ပေးပို့သူ - ၀န်ထမ်းတစ်ဦး


ဝန်ထမ်းတွေ ၀န်ကြီးထံသွားပြီးသတင်းပို့ရတဲ့ ဒုက္ခ ၀န်ထမ်းတွေ ၀န်ကြီးထံသွားပြီးသတင်းပို့ရတဲ့ ဒုက္ခ Reviewed by သစ်ထူးလွင် on 01:55 Rating: 5

6 comments:

Creator Myanmar said...

ဆောက်ရမ်းမှန်...ဒါပေမဲ့ အဲ့ဒီလို ငွေကြေးနဲ့ များတဲ့ ဟာ များသလို နည်းတဲ့ ဟာလဲ နည်းပါတယ်..
ကိုယ်အထက်လူကြီးကို သိတတ်ရင် ထိုင်ကန်တော့တာလောက်တော့ ပေးသင့်ပါတယ်..အကုန်လုံး လျှောက်ပြောနေရင် လူတွေ နေစရာမရှိတော့ဘူးလေ...

thein said...

ကျွန်တော်တို့ ၀န်ထမ်းတွေ ဒီမိုကရေစီ မ ရသေးပါ...

Anonymous said...

နိုင်ငံခြားသွားရမှာများ ကြောက်လွန်းလို့....
သူများတိုင်ပြည်ရောက်သွားရင် ဘာအခက်အခဲမှ မရှိဘူး....
ကိုယ့်ဆီက ကိုယ်ဆရာတွေနဲ့ပဲ ဒုက္ခရောက်ရတာ....

OZI said...

There is no point in the story. Minister has no issue for the staff. It is considered mis-management. Communication must flow to the staff's close supervisor.
Red tape policy must not apply in democratic administration.

Anonymous said...

နိုင်ငံခြားသွားခွင့်၇တဲ့သူတွေကလဲ တော်လို့လွှတ်တာမှမဟုတ်တာ။ သူတို့ကို ဖားနိုင်လို့ လွှတ်တာပဲ။ ဆိုင်၇ာပိုင်၇ာ ကပ်၇ာတွေနဲ့

Public Servant said...

သိပ်မှန်တာပဲဗျာ။
ဝန်ကြီးကို မကြောက်ရဘူး မယ်ဖော်တွေက ကဲနေတာလေ။ ပိုက်ဆံကုန်တာထက် အချိန်ကုန် လူပန်းစိတ်ပန်းတယ်။
ဒီစနစ်ကြီးပြင်သင့်ပါပြီ။

Powered by Blogger.