ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဘုရားကုန်း ကျေးရွာမှာရှိတဲ့ ကျိုက်ခေါက် စေတီတော်မြတ်ကြီးရဲ့ဘုရားပွဲမှာ သီးလေးသီး ဆေးရောင်စုံ အဖွဲ့သားများက
သုံးရက်တိုင် ကပြ ဖျော်ဖြေ ခဲ့ကြပါသည်။ သို့သော်လည်း သီးလေးသီး လူရွှင်တော်များရဲ့ပြက်လုံးကြောင့် နောက်ဆုံးညတွင် ဂေါပက ဥက္ကဌ အမိန့်ဖြင့် ပွဲကို
ရပ်ဆိုင်း ခဲ့ရပါသည်။ ထိုစေတီတော်မြတ်ကြီးမှာ တာဝန် ယူထားတဲ့ ဂေါကပ ဥက္ကဌသည် စေတီတော်တွင် နှစ်စဉ် ကျင်းပသော ဈေးပွဲတော်မှ ကောက်ခံ
ရရှိသော ငွေများနှင့် လာရောက် လှူဒါန်းသော အလှူငွေများကို
စေတီတော်မြတ်ကြီး ပြန်လည် မွန်းမံရေးတွင် သုံးစွဲခြင်းမရှိဘူးဟု
သိရှိရပါသည်။ ဒေသခံ
တာဝန်သိ ပြည်သူများက သက်ဆိုင်ရာသို့ တိုင်ကြားစာများ ပို့ခဲ့သော်လည်း မညီမျှသော တရားဥပဒေကြောင့် ရပ်ရွာနေ ပြည်သူများမှာ အခက်အခဲများ
ကြုံတွေ့ နေကြရပါသည်။
ဘားမားဗီဂျေ
ကိုယ်ကျိုးရှာတဲ့ ကျိုက်ခေါက် စေတီက ဂေါကပ ဥက္ကဌ သီးလေးသီးအငြိမ့်ကိုပိတ်ပင် (ရုပ်/သံ)
Reviewed by
သစ်ထူးလွင်
on
20:20
Rating:
5
8 comments:
ဂေါကပ ဥက္ကဌ က ဗိုလ်မှူးကြီး မြတ်စိုး(ငြိမ်း) ပါ။ ယခင်က ရေတပ်ကပါ။ သန်လျင် မ.ယ.က ဥက္ကဌ ဟောင်းတစ်ဦး လည်းဖြစ်ပါသည်။ Very Bossy in thanlyin.
ဥက္ကဌကြီးက အငြိမ့်မကြိုက်ဘူးနဲ့တူပါတယ်။ စတိတ်ရှိုးငတ်နေတာလားမှ မသိတာ၊ တစ်ခုတော့ ရှိတယ်။ ဂေါပကလူကြီးက ဘုရားထက်ကြီးတယ်တဲ့ သူ့ဗိုက်ထဲမှာ ဌာပနာတွေရှိတယ်နော်။ မစော်ကားကြနဲ့။ ။ ။
သီးလေးသီးက ထွက်သမျှအငြိမ့်ခွေတွေ ကြည့်ဖြစ်ပါတယ်... ဘယ်ပွဲဖြစ်ဖြစ် ပြက်လုံးတွေက ထပ်နေတယ်။ ပြက်လုံးအားလုံး ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်...ပြက်လုံးနဲ့ မတူဘူး။ Professional ပုံစံ ပြက်လုံးတွေ အခုထိ ထွက်မလာသေးဘူး... ပြောတော့ လေးသီး.. စင်ပေါ်မှာ လူရွှင်တော်များတော့ ပြက်လုံးတွေ မထိရောက်တော့ဘူး.. သူပြောချင်..ငါပြောချင် နဲ့။ ပရိသတ်တွေက သူတို့ရဲ့ ပြက်လုံးတွေကို ကြိုသိနေတဲ့ သဘောရှိတယ်..နောက်ပိုင်းထွက်တဲ့ အခွေတွေဆို လက်ခုပ်သံ ပိုပြီး နဲနဲလာတယ်...
ဂေါပကယဥက္ကငှ ဗိုလ်မှူးကြီးမြတ်စိုး က ဆရာကြီးလိုလို လုပ်တာကြာပါပြီ...
အရင်က ကျနော်တို့ လည်းကျိုက်ခေါက်ဘုရားပွဲတော်မှာ ပွဲကန်ထရိုက်လုပ်ပြီး ပွဲသွင်းခဲ့ဘူးပါတယ်...နှစ်စဉ် မိုးဝင်းတစ်လှည့် မိုးမင်းတစ်လှည့်သွင်းခဲ့တာပါ...ဂေါပကယဥက္ကငှ ဗိုလ်မှူးကြီးမြတ်စိုး ကသူမိသားစု ဆွေမျိုးတွေ ပွဲကြည့်ဖို့ ဖျာနဲ့ရုံဝင်လက်မှတ်တွေ ဆိုတစ်ညကို အစောင်၅၀ ထက်မနည်း...စာနဲ့တစ်သွယ် ၊လော်စပီကာနဲ့ခေါ်ပြီးပြန်ကြားရေးရုံးခေါ်ပြီးတောင်းတာကတစ်မျိုး...အမိန့်ပေးတာကပါသေးတယ်....ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်တဲ့ သူမျိုး...သာသနာကိုငဲ့မကြည့်တဲ့သူမျိုးကို ..ဂေါပက ဥက္ကငှနေရာမှာဆက်ပြီးထားနေလို့ကတော့...ကျိုက်ခေါက်ဘုရားပြိုကျတာပဲမြင်ရပါလိမ့်မယ်....အချိန်မနှောင်းခင် ဂေါပကအဖွဲ့မှ ဗိုလ်မှူးကြီး(ငြိမ်း)မြတ်စိုးကိုအနားပေးဖို့သာစဉ်းစားပေးကြပါလူကြီးမင်းများခင်ဗျား....
ဘောင်းဘီချွတ် ပုဆိုးဝတ်တွေကတော့ အပုပ်နံ့  တထောင်းထောင်းနဲ့ ။ မသေခင်က အနံ့ထွက်နေပီ
ဒယ်အိုးသို့ ခြေတစ်လှမ်းအလို
ဘုရားပွဲနှင့် မဆိုင်သော အပျော်အပါးများအား ပိတ်ပင်ရန် တားဆီးခဲ့သည် ဥက္ကဋ္ဌကြီး စေတနာမှန်စွာဖြင့် စေတီတော်အား စောင့်ရှောက်ပါက ကောင်းကျိုး ရပါစေ။
ကိုယ်ကျိုးရှာပါက အထက်ပါမှတ်ချက်သာ ရှုစားပါလေ . . .
ဒီလိုကိုယ်ကျိုးရှာတဲ့ဂေါပကလူကြီးဦးမြတ်စိုးကိုအမြန်ဆုံးထုတ်ပယ်ကြပါ..ဒီလိုစားထားသောက်ထားလို့ လဲချမ်းသာနေတာဖြစ်မှာပေါ့..အရင်ကစားခဲ့တာတွေကိုတော့ထားပါတော့..အခုဟာက ဘုရားအလှူငွေတွေပါ..ငရဲကြီး မှာမကြောက်ဖူးလား...
ဒါကြောင့် ဘုရားပွဲးမှာ ဈေးသယ်တွေဈေးတင်ရောင်းနေတာကို မသိပါဘူး
ခုမှသိတော့တယ် မိုက်တယ် အာနာပိုင်တွေက အငြိမ်းစားရလဲ နေရကောင်း
ရသေးတယ် ဒါကြောင့်မိဘတွေကပြောတာ ငါသား စစ်ဗိုလ်ကြီးဖြစ်အောင်ကြီုး
စားလို့ပြောတာကို ငယ်ငယ်ကတော့ စစ်ဗိုလ်ကြီးဆို တအားသဘောကြတာ
ကြီးလာတော့ ဟွန်း မပြောချင်ဘူး....
Post a Comment