ဇေကမ္ဘာစက်မှုဇုန်(၄)ဆက်လက်ဆောင်ရွက်ရင် အရေးယူမည်

ရွှေနံ့ သာကျေးရွာ လယ်မြေများကို ဇေကမ္ဘာကုမ္ဂဏီမှ စက်ယန္တားများနှင့် မြေညှိနေစဉ် (ဓါတ်ပုံ-MNN)
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အ ထည်ဖော်မှုနှင့်ပတ်သက်၍ ခွင့်ပြုမိန့် ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကိုဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်ကာ ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်မြေ ၈၁၅ ဧက အား ဇေကမ္ဘာကုမ္ပဏီမှ တစ်ဧက လျှင် ကရုဏာကြေး ကျပ်သုံးသိန်းစီ ပေး၍လယ်သမားများထံမှ လက်မှတ်ထိုးကာ သိမ်းယူခဲ့ကြောင်းနှင့် ယင်း နှစ်မိုးစပါးရိတ်သိမ်းပြီးချိန်မှ စတင်ကာ အဆိုပါ လယ်စိုက်ဧက ၈၁၅ ဧက ၏ လယ်ကန်သင်းရိုးများ ဖြတ်သိမ်းခြင်း၊ ရေစီးမြောင်းများပိတ်ခြင်း၊ ကုန်ထုတ်လမ်းများ ဖြတ်စီးခြင်းကို စတင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်တွင် ယင်းလယ်မြေများပေါ်၌ သီးစားချထားမှုကို ဇေကမ္ဘာကုမ္ပဏီမှ ရရှိခဲ့ပြီး လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများ အစား စက်မှုဇုန်အဖြစ် အသွင်ပြောင်းမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဒီလယ်မြေတွေနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်မှာ ဇေကမ္ဘာကုမ္ပဏီကို အပိုင်း(၄)ပိုင်းခွဲပြီး  လုပ်ပိုင်ခွင့်ချထားပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဆင့်ပြီးမှ တစ်ဆင့်သွားရမယ်ဆိုတဲ့ ကန့်သတ် ချက်ပါပါတယ်။  ဒါကို ဇေကမ္ဘာ ကုမ္ပဏီက အဆင့်ကျော်ပြီး အရှေ့ပိုင်းအဆင့်တွေ မအောင်မြင်သေးဘဲနဲ့ အဆင့်(၄)လယ်မြေတွေ သိမ်းယူခြင်းကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရတယ်”ဟု ကြေးတိုင်နှင့်မြေစာရင်း ရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရုံးမှ အထက်ပါ ညွှန်ကြားချက်စာသားအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း လယ်သမားများထံသို့ ၂၀၁၂ ခုနှစ်၊ ဖေ ဖော်ဝါရီလဆန်းပိုင်းမှသာ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။
ညွှန်ကြားချက်၌ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာအုပ်စုဇေကမ္ဘာ ကုမ္ပဏီ၏ လက်ရှိစက်မှုဇုန်အပိုင်း (၄) အကောင်အထည်ဖော်ရန် မြေနေရာအား လယ်မြေအဖြစ် သီးစားချထားပေးခြင်းသာ ဖြစ်၍ စပါးကိုသာစိုက်ပျိုးခွင့်ရှိကြောင်း၊ လယ်ယာစိုက်ပျိုးခြင်းမပြုပါက သီးစားချထားခြင်းကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်းနှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေးသားထားပါသည်။
EMG
ဇေကမ္ဘာစက်မှုဇုန်(၄)ဆက်လက်ဆောင်ရွက်ရင် အရေးယူမည် ဇေကမ္ဘာစက်မှုဇုန်(၄)ဆက်လက်ဆောင်ရွက်ရင် အရေးယူမည် Reviewed by သစ်ထူးလွင် on 19:18 Rating: 5

10 comments:

Acmv Org said...

ဘယ်သူတွေ က ပြည်သူတွေကို ညာနေတယ်ဆိုပေါ်ပြီ။
ခေါင်းလိမ်ပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါသေးတယ်။

http://www.thithtoolwin.com/2012/02/blog-post_3710.html

ဒီလိုနည်းမျိုးတွေနှင့် ညာပြီး ပြည်သူတွေကို ဒုက္ခရောက်စေခဲ့တာ ဘယ်လောက်တောင်များပြီးလဲ။

tin said...

good new

အာကာထက် said...

အဲလိုလုပ်စမ်းပါ လယ်သမားတွေဟာ ဆင်းရဲသားတွေဆိုပြီး ငွေရှိတိုင်းထင်တိုင်း အနိုင်ကျင့်တာတွေကို ပြတ်ပြတ်သားသားအရေးယူလိုက်စမ်းပါ အစိုးရတရပ်ရဲ့ သိက္ခာတက်လာပါတယ် ဒီလိုလူတွေဟာ အများကြီးကျန်ပါသေးတယ် ဆက်လက်အရေးယူပေးပါ ပြည်သူ့အစိုးရဆိုတာ ပြည်သူဖက်ကရပ်တည်တဲ့အစိုးရကိုခေါ်ပါတယ် ဘယ်အစိုးရပဲဖြစ်ဖြစ် ၇၀% သောလယ်သမားများဖက်ကရပ်တည်ပေးဖို့လိုအပ်ပါတယ် ဘယ်တောင်သူလယ်သမားကမှ သူတို့က မတရားမလုပ်ရင် လိမ်ညာပြီးတရားမစွဲပါဘူး အေးအေးဆေးဆေးနေတတ်သူတွေပါ

khymaruchen said...

မြ၇ိပ်ညျိကိုလည်းမတ၇ားယူထားတယ်

khymaruchen said...

မြ၇ိပ်ညျိကိုလည်းမတ၇ားယူထားတယ်

အမြင်သစ် said...

အင်း.......အရေးယူမဲ့လူတွေကိုလည်း ဒေါက်တာတုကြီးက ငွေထုပ်ကြီးတွေနဲ့ ဆို့အုံးမှာ...ဟိုလူကြီးတွေကလည်း စပ်ကူးမတ်ကူးကာလဆိုတော့ တဖြဲနှဖြဲ စားကြအုံးမှာ ..... ဒီလိုနဲ့ဘဲ........အီးရောအီးရော ......ပီးရောပီးရော ....ဒို့ ဦးကြီးတွေဘဲ .. ဖတ်ဖတ်မော....မြန်မာပြည်တဲ့ကွ .....ဟေ.....

Yan Naing Aung said...

အခုတလောမှာ မကြာခဏကြားနေရတဲ့သတင်းတွေထဲမှာ အမှတ်တရဖြစ်နေရတာကတော့ လယ်ယာမြေဆိုင်ရာ ပိုင်ဆိုင်မှုတွေ၊ အဲဒီမြေတွေပေါ်မှာရှိနေခဲ့တဲ့ အိမ်ယာစီမံကိန်းတွေ၊ စက်မှုဇုန်တွေ၊ ဥပဒေအကြောင်းတွေ၊ တင်ပြတောင်းဆိုကြတာတွေ စတဲ့အကြောင်းတွေပါ။
တကယ်တော့လွန်ခဲ့တဲ့(၁၆)နှစ်တာကာလတွေက တိုင်းပြည်မှာအပြောင်းအလဲတွေ၊ တိုးတက်ဖြစ်ပေါ်မှုတွေ နေရာအနှံ့မှာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့တာပါ။ အထူးအဖြင့်လမ်းသစ်ကြီးတွေ၊ တံတားသစ်ကြီးတွေ၊ အိမ်ယာစီမံကိန်းကြီးတွေ၊ စက်မှုဇုန်ကြီးတွေ အရှိန်အဟုန်နဲ့တည်ဆောက်နေတဲ့အချိန်ဆိုတာ အဲဒီအချိန်မှာ ရုန်းကန်ဖြတ်သန်းခဲ့ကြတဲ့သူတွေကတော့ ပိုလို့အမှတ်ရနေခဲ့ကြတာ သေချာမှုတစ်ခုပါဘဲ။
ကျွန်တော့်အနေနဲ့ အဲဒီကာလကိုမှ ရည်ညွှန်းရတာကတော့ အခုအသံတွေထွက်နေတဲ့ လယ်ယာမြေတွေပေါ်မှာ ဆောင်ရွက်နေပါတယ်ဆိုတဲ့ ကျွန်တော်တို့ကိုယ်တိုင်ကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ရတဲ့ စီမံကိန်းကြီးတွေကြောင့်ပါပဲ။
၁၉၉၆-ခုနှစ်ကာလ၊ နိုင်ငံတော်ရဲ့အမျှော်အမြင်ကြီးစွာနဲ့ ခေတ်မှီမြို့ပြတွေဖေါ်ထုတ်ပြီး လူနေမှုအဆင့်မြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်တွေကို တဖက်တလမ်းမှဝိုင်းဝန်းဆောက်ရွက်နေတဲ့အချိန်၊ အဲဒီမှာ ကျွန်တော်တို့က မြို့ပြမြေယာပုံစံတွေ၊ အိမ်ယာစီမံကိန်းပုံစံတွေ၊ မြေပုံတွေ စတဲ့အချက်အလက်တွေကို သက်ဆိုင်ယာဝန်ကြီးဌာနများ၊ ဦးစီးဌာနများရဲ့ လမ်းညွှန်မှုများအရ ရေးဆွဲတင်ပြအကောင်အထည်ဖေါ်ခဲ့ရတာဖြစ်ပါတယ်။
ကျွန်တော်တို့ဆောင်ရွက်ခဲ့ရတဲ့ နေရာဒေသကြီးဆိုတာကလဲ တကယ်တော့ ၁၉၉၀ခုနှစ်က နိုင်ငံတော်ကအကောင်အထည်ဖေါ်နေရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ယာယီရပ်ဆိုင်းနေတဲ့နေရာတွေပါ။ မြို့ကွက်ပုံစံဖေါ်ထားတဲ့ မြေသားလမ်းတွေ၊ ပိုက်လုံးခံတံတားတွေ၊ ကွန်ကရစ်တံတားကြီးတွေ၊ ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်းနေရာတွေ စတဲ့ စီမံကိန်းနေရာကြီးတွေဖြစ်ပါတယ်။ အဲဒီလောက်ကြီးမားကျယ်ပြန့်လှတဲ့ အစစအရာရာနေရာတိုင်းမှာ ခြောက်သွေ့နေပြီး အထီးကျန်ဆန်လှတဲ့ လွင်ထီးခေါင်ဒေသကြီးကို ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ၊ အင်ဂျင်နီယာပညာရပ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ မိတ်ဆွေအဖွဲ့အစည်းတွေနဲ့အတူ ဇေကမ္ဘာဦးခင်ရွှေ ရဲ့ ရဲရင့်တဲ့သတ္တိ၊ မဆုတ်မနစ်တဲ့ဇွဲလုံ့လ၊ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာထားရှိတဲ့ စေတနာအရင်းခံစိတ်ဓါတ်၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေနဲ့အတူ ငွေအား၊ လူအားများစွာအကုန်အကျခံကာ တက်ညီလက်ညီ ဆောက်ရွက်အကောင်အထည်ဖေါ်ခဲ့ကြတာဖြစ်ပါတယ်။
ယခင်အချိန်တွေထဲက စီမံကိန်းဒေသတွေဆိုပြီး လယ်ယာမြေစိုက်ပျိုးမှုမဖွံ့ဖြိုးခဲ့တဲ့ အဲဒီဒေသကို အခုအချိန်ကျခါမှ ခေတ်မှီမြို့ပြဒေသကြီးအသွင် ဖြစ်ပေါ်နေကာကျမှ၊ လယ်ယာတွေသိမ်းတဲ့အကြောင်းတွေကို အထူးသဖြင့်ဖေါ်ပြပြောဆိုလာနေကြတဲ့အတွက် မည်သည့်နည်းနှင့်မျှ တွေးခေါ်စဉ်းစားလို့မရတတ်အောင်ပါဘဲ။
အဲဒီအချိန်တွေက အားလုံးသိခဲ့တဲ့အဖြစ်မှန်တွေကို ဘာလို့များအခုအချိန်ကျမှ မေ့နေကြတာလဲ၊ အသံတွေတိတ်ဆိတ်နေကြတာလဲ၊ တစ်နေ့တော့ အဲဒီမေးခွန်းတွေရဲ့အဖြေကိုသိလာရမှာပါလို့မျှော်လင့်ရင်း အားလုံးစိတ်ချမ်းသာတဲ့ ဘဝတွေကို ရောက်ရှိနိုင်ကြပါစေရန် ဆုတောင်းမိပါတော့တယ်….။

Bravo said...

ွှအဲဒီလိုအကောင်တကောင် လွှတ်တော်ထဲ၊ တိုင်းပြည်ထဲရှိနေတာတော်တော်နာတယ်ဗျာ။ ဟိုခေါင်းဆောင်ကိုချဉ်းကပ်၊ဒီခေါင်းဆောင်ကို အမျိုးလိုက်တော်။ ပြီးအဲဒီ နာမည်တွေသုံးပြီးထင်ရာစိုင်းနေတာ။ သတင်စာရှင်းလင်းပွဲတောင် လှဲ့ဖျားဖိတ်ရတယ်လို့။ သူမို့မရှက်တယ်။ ကျူပင်ခုတ်ကျူငုတ်မကျန်စေချင်ပါ။ ဦးရွှေမန်းရေ..ခင်ဗျားတော့ ငခုံးမကြောင့် အပုပ်နံ့ထွက်တော့မယ်။ ကာကွယ်ပေးမနေနဲ့တော့။

san san said...

ဘာဘဲပြောပြော လယ်သမားတွေဟာ ကျေးဇူးရှင်တွေပါ။ဆင်းရဲသူတွေလဲများပါတယ်။တောင်သူလယ်သမားများ ဘဝမြုင့်မှ မြန်မာ ပြည်အမှန် ချမ်းသာ မှာပါ။

kmkomin3 said...

အော် အမျိုးသားကောင်းတွေ အမျိုးသာကောင်းတွေ အံ့လဲအံ့ပါရဲ့နဲ့ မင်းတို့လို့ အချောင်ခို ပါကွက်သားတွေရှိနေလို့ ငါနိုင်ငံပျက်စီးတယ် တောင်ယာတွေ လယ်တွေ အသိမ်းခံရတယ် သစ်တောတွေဆို တရုတ်လက်ထဲရောက်လို့ကုန်ရောပဲ ငါတို့နိုင်ငံ ငါတို့တိုင်းပြည် မင်းတို့လိုကောင်တွေရှိနေသရွှေ့ ဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူး ခင်ရွှေလို ကောင်မျိး အမြစ်ပြတ်ချေမူန်းရေးဟာ ငါတို့ ပြည်သူတွေရဲ့တာဝန်ဖြစ်လာပါပီ

Powered by Blogger.