ဒေါ်​အောင်ဆန်း​စုကြည် ဖျာပုံအား​ကစား​ကွင်း​တွင်ဟောပြောခွင့်မရအောင် ၀န်ကြီးဦးတင့်ဆန်း ​ပိတ်ပင်

ဧရာဝတီတိုင်း​ ဖျာပုံမြို့​ ​ဘောလုံး​ကွင်း​မှာ ဒီက​နေ့​ ကျင်း​ပဖို့​ ပြင်ထား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မဲဆွယ်​ဟော​ပြောပွဲကို ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​ဦးတင့်ဆန်းက ခွင့်​မပြုတဲ့​အတွက် မြို့​က​နေ နှစ်မိုင်အကွာက သဲကွင်း​မှာ ​ပြောင်း​ရွှေ့​ခဲ့​ရပါတယ်။
ဖျာပုံမြို့ ​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် ကိုသိန်း​ဆွေက “ဖျာပုံမြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​ဟောတယ်။ တရား​ဟောတဲ့​အခါကျ​တော့​ ဒီက အဲဒီရုံး​ရှေ့​မှာ လာပြီး​ နား​ထောင်တဲ့​ လူ​တွေ ရှိတယ်​လေ။ အဲဒီ​တော့​ ဒီမှာ ပြီး​သွား​ရင် ဟိုဘက် ကျ​နော်တို့​ ဒီမှာလူထု ​ဟော​ပြောပွဲလုပ်ဖို့​ ရှိတယ်။ ​မြောက်ပိုင်း​ဘက်မှာ​ပေါ့​ သဲကွင်း​မှာ​ပေါ့​။ အဲဒီ​တော့​ ဒီကလူထုကြီး​က လိုက်ကြဦး​မလား​လို့​ ​မေး​တော့​ အား​လုံး​က လိုက်ကြပါမယ်တဲ့​။ ဟုတ်ပြီး​ အဲဒီ​တော့​ မလိုက်မယ့်​သူ​တွေလည်း​ ရှိတယ်။ အဲဒီ မလိုက်မယ့်​ သူ​တွေအတွက် နှုတ်ဆက်စကား​လေး​ ​ပြောမယ်ဆိုပြီး​ နှုတ်ဆက် စကား​ပြောပြီး​တော့​ ကျ​နော်တို့​ အဲဒီ သဲကွင်း​ကို သွား​ကြတာ။ အဲဒီ​တော့​ လူထုကြီး​က အဲဒီက​နေပြီး​တော့​ အား​လုံး​က လိုက်ပါလာကြတယ်” လို့​ ​ပြောပါတယ်။
ဒေါ် ​အောင်ဆန်း​စုကြည်ရဲ့​ မဲဆွယ်စည်း​ရုံး​ရေး​ ​ဟော​ပြောပွဲကို ဖျာပုံမြို့​ပေါ်တင် မကဘဲ ​ကျေး​ရွာ​တွေလူထု​တွေပါ တက်​ရောက် နား​ထောင်ခဲ့​ကြတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။
“အုန်း​အုန်း​ ကျွက်ကျွက်ပဲ တမြို့​လုံး​ စည်ကား​နေတာ။ တမြို့​လုံး​လည်း​ ​ဒေါ်စုအလံ​တွေ ကိုင်ပြီး​ ချီတတ်သွား​ကြတာ ​ဟော​ပြောပွဲကို​လေ။ ​ဒေါ်စုမိန့်​ခွန်း​ သွား​နား​ထောင်ကြတာ။”
တခြား​အ​ နှောင့်​အယှက်​တွေ အရင်ကလို မ​တွေ့​ရ​တော့​ပေမယ့်​ မြို့​နယ်အာဏာပိုင်​တွေက အစိုး​ရဝန်ထမ်း​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်ကို သွား​ရောက် ကြိုဆို နှုတ်ဆက်တာ မလုပ်ဖို့​ ညွှန်ကြား​မှု​တွေ​တော့​ ရှိ​သေး​တယ်လို့​ ဖျာပုံမြို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။
ဒေါ်​အောင်ဆန်း ​စုကြည်ဟာ ဖျာပုံသဲကွင်း​မှာ ​ပြောကြား​ခဲ့​တဲ့​ မိန့်​ခွန်း​မှာ​တော့​ အာကစား​ကွင်း​ကို အသုံး​ပြုခွင့်​ မ​ပေး​တဲ့​အ​ပေါ်ကို ​ဝေဖန်လိုက်ပြီး​တော့​ လွတ်လွတ်လပ်လပ် စည်း​ရုံး​ခွင့်​ကို တား​ဆီး​ပိတ်ပင်တဲ့​ အ​ပေါ်ကိုလည်း​ ​ထောက်ပြ ​ဝေဖန်သွား​ခဲ့​တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ခရီး​စဉ်မှာ လိုက်ပါသွား​တဲ့​ သတင်း​ထောက်တဦး​က ​ပြောပါတယ်။
“ဖျာပုံမှာ ပထမ သတင်း​ထွက်တာက ဝန်ထမ်း​တွေ မသွား​ရဘူး​ပေါ့​နော်။ အဲဒီအမိန့်​ ထုတ်ထား​တာ ဟုတ်​လောက်တယ်။ ဘာဖြစ်လို့​တုန်း​ဆို​တော့​ ရုံး​ရှေ့​က ဖြတ်သွား​တဲ့​အခါမှာ ဝန်ထမ်း​တွေ အကုန်လုံး​ ထွက်ကြည့်​ကြတယ်။ ​နောက်ပြီး​တော့​ အန်တီ​ပြောတဲ့​ မိန့်​ခွန်း​ထဲမှာလည်း​ ပါတယ်။ ​ကျောင်း​သား​လေး​တွေ​ပေါ့​နော်။ ​ကျောင်း​သား​လေး​တွေကို တံခါး​ပိတ်ထား​တယ်။ ​ကျောင်း​ခန်း​ထဲက အပြင်မထွက်ရဘူး​။ ဒါ​ပေမယ့်​လည်း​ ​ကျောင်း​သား​လေး​တွေ အား​လုံး​ဟာ စိတ်ဝင်တစား​နဲ့​ ​ကျောင်း​ခန်း​ပြင်ပကိုပဲ မျက်လုံး​တွေက ကြည့်​ပြီး​တော့​ လက်ပြ​နေကြတယ်။ အဲဒီအတွက် သူတို့​ ပီတိ ဖြစ်တယ်​ပေါ့​နော်။ အဲဒီ့​ ​ကျောင်း​သား​လေး​တွေရဲ့​ စိတ်ဓာတ်ကအစ ဒီမိုက​ရေစီဘက်မှာ ရှိတယ် ဆိုတာကအစ သိသိသာသာ ​ပြောသွား​တယ်။ ​နောက်ပြီး​တော့​ အခုလိုမျိုး​ ဒီမိုက​ရေစီနည်း​ မကျဘဲနဲ့​ ​ဘောလုံး​ကွင်း​ကို သုံး​ခွင့်​မ​ပေး​ဘူး​။ ကျ​နော်တို့​ လယ်ကွင်း​ထဲကို ထွက်ပြီး​တော့​ အခုလိုမျိုး​ အစည်း​အ​ဝေး​ လုပ်ရတဲ့​အ​ပေါ်မှာလည်း​ အန်တီက ဥပ​ဒေ နည်း​လမ်း​ကျကျ ​ရွေး​ကောက်ပွဲ​ကော်မရှင်ကို တိုင်ကြား​သွား​မယ် ဆိုပြီး​တော့​လည်း​ မိန့်​ခွန်း​ထဲမှာ ထည့်​ပြောသွား​တယ်။”
ဒီဗွီဘီ
ဒေါ်​အောင်ဆန်း​စုကြည် ဖျာပုံအား​ကစား​ကွင်း​တွင်ဟောပြောခွင့်မရအောင် ၀န်ကြီးဦးတင့်ဆန်း ​ပိတ်ပင် ​ဒေါ်​အောင်ဆန်း​စုကြည် ဖျာပုံအား​ကစား​ကွင်း​တွင်ဟောပြောခွင့်မရအောင် ၀န်ကြီးဦးတင့်ဆန်း ​ပိတ်ပင် Reviewed by သစ်ထူးလွင် on 05:41 Rating: 5

8 comments:

Violin Angle said...

လူတွေကိုပဲပိတ်လို့ရမယ် သူတို့ရဲ့စိတ်ကိုတော့ ပိတ်လို့ရမှာ မဟုတ်ဘူး

abner said...

You cannot stop the power of Daw Suu! Cheers!

Myanmar said...

တင့်ဆန်း....တင့်ဆန်း မင်းအစကတည်းက အပုပ်နံ့ထွက်နေတဲ့ကောင်နော်။ ကြည့်လုပ်။ ။

TTMY said...

ပိတ်... ပိတ်... ပိတ်ရင်းပိတ်ရင်းနဲ့.... ပိတ်တာ ..ပဲဖြစ်သွားမယ်ထင်တယ်

tharzaw said...

တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတယ် ၀န်ကြီးဆိုတဲ့ တင့်ဆန်းရေ။
ကြည့်လဲလုပ်ဦး။

tharzaw said...

"ဧရာဝတီတိုင်း​ ဖျာပုံမြို့​ဘောလုံး​ကွင်း​မှာ ဒီက​နေ့
ကျင်း​ပဖို့​ ပြင်ထား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မဲဆွယ်​ဟော​ပြောပွဲကို ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​ဦးတင့်ဆန်းက
ခွင့်​မပြုတဲ့​အတွက် မြို့က​နေ နှစ်မိုင်အကွာက သဲကွင်း​မှာ ​ပြောင်း​ရွှေ့ခဲ့​ရပါတယ်။"
ကိုတင့်ဆန်း မြန်မာ့ဘောလုံး ဘယ်လောက်ထိအောင်မြင်အောင်
ခင်ဗျားလုပ်နိုင်လို့လဲ? အရည်အချင်းမရှိဘဲနဲ့များ အရှက်မရှိ။
မင်းတို့တတွေအကျင့်ယုတ်လေ တို့ပြည်သူတွေက အမေစုကို
ပိုအားပေးလေပဲ၊ မှတ်ထား။

ကျော်ထိုက် said...

ပိတ်ပါ ပိတ်ပါ...မင်းတို့တွေ အတွက် တော့ အ၀ီစိ က အမြဲဖွင့်ထားမှာပါ...

NLD Generation said...

ပိတ်ပင်တားဆီးနေသူများထံသို့ ရည်ရွယ်ရေးသားပါသည်။။။

လူမျိုးဘာသာ၊ သာသနာ ပိတ်ပင်ကြသူများ..ကျမ်းမာကြပါစေ...
ချမ်းသာကြပါစေ..
တရားဟောခွင့်ပိတ်သူများ.. ကျမ်းမာကြပါစေ.. ချမ်းသာကြပါစေ.. ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရ တားသူများ .. ကျမ်းမာကြပါစေ ချမ်းသာကြပါစေ... သူများ ခရီးစဉ် မဖြောင့်ဖြူးအောင် တားသူများ ကျမ်းမာကြပါစေ.. ချမ်းသာကြပါစေ... ငါ့အတွက် ငါ့အမျိုး ကြည့်သူများ ကျမ်းမာကြပါစေ ချမ်းသာကြပါစေ... (မေတ္တာအပို့ခံရတဲ့ သူကတဲ့ ကောင်းတာလုပ်မှ တဲ့ မကောင်းတာလုပ်နေရင် မဟုတ်တာတွေ ဖန်တီးနေရင် သူများကို မကောင်းကြံတဲ့စိတ်တွေပဲ ရှိနေရင် ပို့တဲ့ မေတ္တာစူးတယ်တဲ့ ... )

Powered by Blogger.