အင်တာနက်ဆိုင်များ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ရမည်

အင်တာနက်ဆိုင်
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်ကာလ နီးကပ်လာသောကြောင့် ည ၁၁ နာရီနောက်ဆုံးထား၍ အင်တာနက်ဆိုင်နှင့် ဂိမ်းဆိုင်များ ပိတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။ ည ၁၁ နာရီ နောက်ဆုံးထား၍ အင်တာနက်ဆိုင်များအား ပိတ်သိမ်းခိုင်းခြင်းကြောင့် အင်တာနက်ကော်နက်ရှင် ကောင်းချိန်တွင် ဒေါင်းလုပ်ဆွဲချင်သူများကိုသာ အဓိကထိခိုက်မည်ဖြစ်ကြောင်း အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ “အဓိက ဂိမ်းဆိုင်တွေပါ။ ဒါပေမဲ့ တချို့အင်တာနက်ဆိုင်တွေက ဂိမ်းရော၊ အင်တာနက်ရော တွဲထားတယ်ဆိုတော့ အင်တာနက်ဆိုင်တွေကိုပါ ပိတ်ခိုင်းရတာပါ” ဟု ဦးစီးရဲအရာရှိတစ်ဦးက ပြောကြားသည်။ အင်တာနက်ဆိုင်များ၊ ဂိမ်းဆိုင်များကို အချိန်ကန့်သတ်၍ ပိတ်ခိုင်းခြင်းအပြင် မိတ္တူကူးဆိုင်များကိုပါ တရားမ၀င်သည့် စာရွက်စာတမ်းများ ကူးယူခြင်းနှင့် စာမေးပွဲဖြေဆိုရာတွင် မသမာသောနည်းဖြင့် ဖြေဆိုခြင်းမပြုနိုင်ရန် ချုံ့ထားသည့် စာရွက်များကို ကူးယူခြင်းမပြုရန် ဒေသဆိုင်ရာ အာဏာပိုင်များက အမိန့်ထုတ်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။
အင်တာနက်ဆိုင်များ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ရမည် အင်တာနက်ဆိုင်များ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ရမည် Reviewed by သစ်ထူးလွင် on 07:55 Rating: 5

7 comments:

Unknown said...

11 pm???
not too late??it'll be good 9:00pm

မီဒီယာ said...

ဒီလောက်တော့နားလည်ပေး ၇မှာပေါ့..

မောင်သစ္စာ said...

ဆယ်တန်းဖြေဆိုခါနီးနဲ့ ဖြေဆိုနေဆဲအချိန်တွေမှာ အာဏာပိုင်တွေအနေနဲ့ အသံဆူညံမှုနဲ့ ပတ်သက်ပြီး အထိုက်အလျောက် ကြောင့်ကြစိုက်ပေမဲ့ တခြားအချိန်တွေမှာတော့ လစ်လျူရှုထားကြပါတယ်။
ရပ်ကွက်တွေထဲမှာ ဘာသာရေးရော လူမှုရေးရော အကုန်လုံးမှာ အသံချဲ့စက် အသုံးပြုတာနဲ့ ပတ်သက်ပြီး စံနစ်တကျ ထိန်းကွပ်ပေးသင့်တယ်။
အိမ်တွေက တစ်အိမ်တစ်အိမ် ကပ်နေတာ။ ကိုယ်ပိုင်အသိအားနည်းတဲ့ အခါကျတော့ တီဗွီတို့ ကတ်ဆက်တို့ကို အသံအကျယ်ကြီးဖွင့်ကြတယ်။ ညဥ့်နက်သံခေါင်းအထိ ဖွင့်နေကြတာတွေရှိသလို ညဥ့်နက်သံခေါင်း လမ်းထိပ်အုတ်ခုံမှာ လူငယ်တွေစုပြီး မူးမူးနဲ့ ဂီတာတီးကြ သီချင်းဆိုကြတာတွေလဲ ရှိတယ်။ ဒါတွေကို စည်းနဲ့ကမ်းနဲ့ ဖြစ်အောင် ထိန်းကွပ်ပေးသင့်တယ် ထင်တာဘဲ။
အနားမှာ သက်ကြီးရွယ်အိုတွေ ကျန်းမာရေး မကောင်းသူတွေ အသံဆူညံရင် အိပ်မပျော်တတ်သူတွေအတွက် အနှောင့်အယှက်ပေးသလို ဖြစ်နေတာမျိုးကတော့ မဖြစ်သင့်ဘူး။

Anonymous said...

ဆိုင်ပါဘူးဟ။ စာကျက်ချင်တဲ့သူကျက်မှာပဲ ။ အင်တာနက်ဆိုင်ထိုင်ချင်တဲ့သူထိုင်မှာပဲ။ ကိုယ့်အသိစိတ်နဲ့ကိုယ်ပဲဟာ။

Anonymous said...

90% are chatting. close 9;00 pm is suitable.PARENTS ARE IN BIG TROUBLE BECAUSE sons & daughters spend money in chatting & online game.

justice lover said...

ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်တည်ဆောက်နေချိန်မှာကလေးတွေကိုဒီလိုပဲထိန်းသိမ်းရမှာပဲ။တိုးတက်ပြီးသွားရင်အားလုံးကိုယ့်အသိနဲ့ကိုယ်ဖြစ်သွားမယ်။ဂျပန်နဲ့ကိုရီးယားလိုပေါ့

Starflower said...

Hee hee,If they think like that,the students from Singapore will fail in exam...Only the wearer knows where the shoes pitch.

Powered by Blogger.