ကာကွယ်ရေးဦး
စီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ အတည်ပြု ခန့်အပ်လိုက်ပါတယ်။
ကာကွယ်ရေးဦး
စီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေပြီး တနှစ်ပြည့်သွားချိန်မှာ
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ် အဖြစ်
ဖေဖော်ဝါရီ ၃ ရက်နေ့ နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ပြီး သမ္မတက
ပြည်လည် အတည်ပြု ခန့်အပ်လိုက်တာပါ။
ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၂ အရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသားလုံခြုံရေးနဲ့
ကာကွယ်ရေးကောင်စီရဲ့ ထောက်ခံချက် ရယူပြီးတော့ သမ္မတ ဦးသိန်းစိန်
ကနေ ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။
တပ်မ
တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ
သူတာဝန်ယူခဲ့တဲ့ တနှစ်တာ ကာလအတွင်းမှာ တပ်တွင်း ရာထူး
အပြောင်းအလဲတွေ အများအပြား လုပ်ခဲ့တယ်လို့ ပြည်ပအခြေစိုက်
ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက ဦးဌေးအောင်က
သုံးသပ်ပါတယ်။
“တပ်တွင်း
မှာလည်း တချို့တိုင်းမှူးတွေကို သူကာကွယ်ရေးဦးစီးချုပ် တာဝန်ကို
စယူစဉ်ကာလက စပြီး ဖြုတ်ပြီးတော့ လုပ်တာမျိုး၊ တချို့နေရာတွေမှာ
အစားထိုး ခန့်အပ်တာမျိုးတွေ လုပ်ခဲ့တာလည်း ရှိတယ်။ ဒါပေမယ့်
တပိုင်းက ကြည့်မယ် ဆိုရင်တော့ ဒါက သူ့ရဲ့ အာဏာ တည်မြဲဖို့အတွက်
သူနဲ့ သဘောထား မတိုက်ဆိုင်တဲ့ သူတွေကို သူ့ရဲ့ အမိန့်ကို
သိပ်မနာခံတဲ့ သူတွေကို ဖယ်ရှားပစ်တာမျိုး၊ ဒါမျိုးလုပ်ခဲ့တဲ့
အနေအထားလေးတွေ ရှိတယ်။”
ပြည်ပမှာ
နေထိုင်တဲ့ တပ်မတော်က အရာရှိဟောင်း ဗိုလ်ရဲထက်ကတော့ ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင်ဟာ လက်အောက်ငယ်သားကို ခွဲခြား ဆက်ဆံတာ မရှိဘဲ
စစ်စည်းကမ်းကို တိတိကျကျ လိုက်နာသူ ဖြစ်တယ်လို့ပြောပါတယ်။
“ကျနော်တို့
အမြင်ကတော့ အတွေ့အကြုံနဲ့ သူတာဝန်ယူထားတဲ့ အခြေအနေ
အနေအထားကတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စိတ်ထားက တပ်နဲ့
ပတ်သက်ရင် အင်မတန် ကောင်းပါတယ်။ သူက လက်အောက်ငယ်သားကိုလည်း
ခွဲခြားဆက်ဆံမှု သိပ်မရှိဘူး။ ဥပမာ ဗိုလ်လောင်းဘဝက ဆိုရင် သူက
စနောက်ပြီး ရင်းနှီး ဖော်ဖော်ရွေရွေ နေတတ်တယ်။ ဒါပေမယ့်
စည်းကမ်းပိုင်းနဲ့ ပတ်သက်ရင်လည်း သူက အပြစ်ပေးတာ ကြမ်းတယ်။
စစ်တပ်နဲ့ ပတ်သက်ရင် သူအနေအထားနဲ့ အရမ်းကို ကောင်းတယ်လို့
ကျနော်ကတော့ မြင်တာပဲလေ။”
ဒါ့အပြင် သူလက်ထက်မှာတော့ မြန်မာတပ်မတော်ဟာ အတိုင်းအတာ တခုထိ တိုးတက်ပြောင်းလဲလာနိုင်မယ်လို့ သုံးသပ်ပါတယ်။
“သူ့
လက်ထက်မှာ မြန်မာ့တပ်မတော်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာကို
သူရှေ့ပိုင်းမှာ ဆောင်ရွက်ခဲ့တဲ့ အနေအထားကိုကြည့်ရင်၊ ဥပမာ
လာဘ်စားမှု အရမ်းကြီးမားတယ်ဆိုတဲ့ အရာရှိတွေကို
တိုင်းမှူးတွေအဆင့်၊ ဗိုလ်ချုပ်တွေအဆင့်ကို
ချက်ချင်းဖြုတ်ပစ်တာတို့၊ အလွန်ဆုံး သတိပေးခဲ့တဲ့
အနေအထားတွေရှိတယ်။ သာမန် လာဘ်စားမှုလေးတွေက အစ ရှင်းရှင်းပြောရရင်
မြန်မာနိုင်ငံက အစိုးရ အသိုင်းအဝန်းကြားမှာ အကုန်လုံးကို ထုတ်ပစ်မှပဲ
ကင်းမှာကို၊ လက်ရှိအစိုးရသစ် လက်ထက်မှာ အရမ်းကို နာမည်ဆိုးပြီး
ဆက်လုပ်နေတဲ့ သူတွေလောက်ကိုပဲ သူကလုပ်ပြပြီး နောက်ပိုင်းကို
ဆက်မလုပ်ဖို့ သတိပေးတဲ့ပုံစံ လုပ်တာဆိုတော့ သူ့ရဲ့လက်ထက်မှာ
တပ်မတော်ကတော့ အတိုင်းအတာတခုထိ တိုးတက်ပြောင်းလဲလာမယ်လို့တော့
မြင်ရတယ်။”
ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင်ဟာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ တိုင်းမှူး၊
ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးအဖွဲ့ (ကစထ)မှူးနဲ့ တပ်မတော်
ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ယူခဲ့ပြီးတော့ ၂၀၁၁
မတ်လ ၃ဝရက် နေ့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်
စယူခဲ့တာပါ။
လက်ရှိ
ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒု-သမ္မတ အဆင့်အတန်း
ရှိပြီး လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို
ချုပ်ကိုင်ထားသူ ဖြစ်ပါတယ်။
ဒီဗွီဘီ
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် အတည်ပြုခန့်အပ်
Reviewed by သစ်ထူးလွင်
on
05:49
Rating:
2 comments:
ကြိုဆိုပါတယ် ၊ ဂုဏ်ယူပါတယ် ၊၀မ်းသာပါတယ် ၊ နိုင်ငံတော်အကြီးအကဲ ကတောင် ယုံကြည် လို. အတည်ပြုခန်.အပ်လိုက်ပြီဘဲ ကျနော် တို.လဲယုံကြည်ပါတယ် တပ်မတော်ကတော့ အတိုင်းအတာတခုထိ တိုးတက်ပြောင်းလဲလာအောင် လို.လဲကြိုးစာမှာပါ အခုဆို ကာချုပ်က တွေ.ဆုံပွဲ တွေလုပ်ပြီးသြ၀ါဒ တွေမြွက်ကြားနေတာတွေ.ရတာပါဘဲ တပ်မတော်တခုလုံးကိုဦးစီးပြိး လုပ်ဆောင်နေတာကြောင်. သမိုင်း မှာ နာမည် ကျန်ရစ်ဖို.အတွက် နာမည်ဆိုးတွေမထွက်ဖို.အတွက် ဗီုလ်ချုပ်ကြီး မင်းအောင်လှီုင် ကို ဒီနေရာက နေ တိုက်တွန်း ပါတယ် ၊လေးစားပါတယ်
ဟာ ...မျက်စိတောင်လည်သွားတယ် ...ဟိုးအရင်ကအတည်မဟုတ်ဘူးပေါ့ အခုမှ အတည်ဖြစ်တာလား ...တော်တော် နောက်တတ်တာပဲ ....အာ သူပဲဖြစ်ရမှာပေါ့ သူ့ နောက်မှာ ကြယ်နှစ်စိဆင့်ရှိနေတာပဲ ....ဟုတ်တယ်နော် ကြယ်နှစ်စိဆင့် ရာထူးက ဘယ်သူကိုမှ မပြောင်းပေးသေးတာ လူတွေ သတိနဲနဲမေ့သွားကြလို့ ....ဟေ့ ဟေ့ ...သူတို့ တွေရဲ့ နောက်မှာ မလွှဲ မပြောင်းပဲ ဒီရာထူးအတိုင်းရှိနေသေးတဲ့ ကြယ်နှစ်စိဆင့်ကြီးရှိနေသေးတယ် ဟေ့....... ပုံကိုသေချာကြည့် ကာချုပ်ကြီးအပြုံးက ဒီရာထူး သူ(ဦးသိန်းစိန်) ပေးတာလဲမဟုတ်ဘူး ဆိုပြီးလှောင်ရီပြုံးလေးနဲ့ ...ကိုးရီးမင်းသားလိုပြုံးတတ်သားဗျ ....ကာကာချုပ်ကြီးက ....
Post a Comment