ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် အတည်ပြုခန့်​အပ်

ကာကွယ်​ရေး​ဦး ​စီး​ချုပ်အဖြစ် တာဝန်ယူ​နေတဲ့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က​နေ အတည်ပြု ခန့်​အပ်လိုက်ပါတယ်။
ဗိုလ်​ချုပ်​ကြီး​​ ​မင်း​​အောင်​လှိုင်
ကာကွယ်​ရေး​ဦး ​စီး​ချုပ်အဖြစ် တာဝန် ထမ်း​ဆောင်​နေပြီး​ တနှစ်ပြည့်​သွား​ချိန်မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ကာကွယ်​ရေး​ဦး​စီး​ချုပ် အဖြစ် ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့​ နိုင်ငံ​တော်ပြန်တမ်း​ ထုတ်ပြန်ပြီး​ သမ္မတက ပြည်လည် အတည်ပြု ခန့်​အပ်လိုက်တာပါ။
ဗိုလ်ချုပ်ကြီး ​ မင်း​အောင်လှိုင်ကို ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ ပုဒ်မ ၃၄၂ အရ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်ကို အမျိုး​သား​လုံခြုံ​ရေး​နဲ့​ ကာကွယ်​ရေး​ကောင်စီရဲ့​ ​ထောက်ခံချက် ရယူပြီး​တော့​ သမ္မတ ဦး​သိန်း​စိန် က​နေ ခန့်​အပ်ခဲ့​တာလည်း​ ဖြစ်ပါတယ်။
တပ်မ​ တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ သူတာဝန်ယူခဲ့​တဲ့​ တနှစ်တာ ကာလအတွင်း​မှာ တပ်တွင်း​ ရာထူး​ အ​ပြောင်း​အလဲ​တွေ အများ​အပြား​ လုပ်ခဲ့​တယ်လို့​ ပြည်ပအ​ခြေစိုက် ဒီမိုက​ရေစီနဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အင်အား​စုက ဦး​ဌေး​အောင်က သုံး​သပ်ပါတယ်။
“တပ်တွင်း​ မှာလည်း​ တချို့​တိုင်း​မှူး​တွေကို သူကာကွယ်​ရေး​ဦး​စီး​ချုပ် တာဝန်ကို စယူစဉ်ကာလက စပြီး​ ဖြုတ်ပြီး​တော့​ လုပ်တာမျိုး​၊​ တချို့​နေရာ​တွေမှာ အစား​ထိုး​ ခန့်​အပ်တာမျိုး​တွေ လုပ်ခဲ့​တာလည်း​ ရှိတယ်။ ဒါ​ပေမယ့်​ တပိုင်း​က ကြည့်​မယ် ဆိုရင်​တော့​ ဒါက သူ့​ရဲ့​ အာဏာ တည်မြဲဖို့​အတွက် သူနဲ့​ သ​ဘောထား​ မတိုက်ဆိုင်တဲ့​ သူ​တွေကို သူ့​ရဲ့​ အမိန့်​ကို သိပ်မနာခံတဲ့​ သူ​တွေကို ဖယ်ရှား​ပစ်တာမျိုး​၊​ ဒါမျိုး​လုပ်ခဲ့​တဲ့​ အ​နေအထား​လေး​တွေ ရှိတယ်။”
ပြည်ပမှာ ​နေထိုင်တဲ့​ တပ်မ​တော်က အရာရှိ​ဟောင်း​ ဗိုလ်ရဲထက်က​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ လက်​အောက်ငယ်သား​ကို ခွဲခြား​ ဆက်ဆံတာ မရှိဘဲ စစ်စည်း​ကမ်း​ကို တိတိကျကျ လိုက်နာသူ ဖြစ်တယ်လို့​ပြောပါတယ်။
“ကျ​နော်တို့​ အမြင်က​တော့​ အ​တွေ့​အကြုံနဲ့​ သူတာဝန်ယူထား​တဲ့​ အ​ခြေအ​နေ အ​နေအထား​က​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် စိတ်ထား​က တပ်နဲ့​ ပတ်သက်ရင် အင်မတန် ​ကောင်း​ပါတယ်။ သူက လက်​အောက်ငယ်သား​ကိုလည်း​ ခွဲခြား​ဆက်ဆံမှု သိပ်မရှိဘူး​။ ဥပမာ ဗိုလ်​လောင်း​ဘဝက ဆိုရင် သူက စ​နောက်ပြီး​ ရင်း​နှီး​ ​ဖော်​ဖော်​ရွေ​ရွေ ​နေတတ်တယ်။ ဒါ​ပေမယ့်​ စည်း​ကမ်း​ပိုင်း​နဲ့​ ပတ်သက်ရင်လည်း​ သူက အပြစ်​ပေး​တာ ကြမ်း​တယ်။ စစ်တပ်နဲ့​ ပတ်သက်ရင် သူအ​နေအထား​နဲ့​ အရမ်း​ကို ​ကောင်း​တယ်လို့​ ကျ​နော်က​တော့​ မြင်တာပဲ​လေ။”
ဒါ့​အပြင် သူလက်ထက်မှာ​တော့​ မြန်မာတပ်မ​တော်ဟာ အတိုင်း​အတာ တခုထိ တိုး​တက်​ပြောင်း​လဲလာနိုင်မယ်လို့​ သုံး​သပ်ပါတယ်။
“သူ့​ လက်ထက်မှာ မြန်မာ့​တပ်မ​တော်အ​နေနဲ့​ ဘာ​တွေ ဖြစ်လာနိုင်တယ် ဆိုတာကို သူ​ရှေ့​ပိုင်း​မှာ ​ဆောင်ရွက်ခဲ့​တဲ့​ အ​နေအထား​ကိုကြည့်​ရင်၊​ ဥပမာ လာဘ်စား​မှု အရမ်း​ကြီး​မား​တယ်ဆိုတဲ့​ အရာရှိ​တွေကို တိုင်း​မှူး​တွေအဆင့်​၊​ ဗိုလ်ချုပ်​တွေအဆင့်​ကို ချက်ချင်း​ဖြုတ်ပစ်တာတို့​၊​ အလွန်ဆုံး​ သတိ​ပေး​ခဲ့​တဲ့​ အ​နေအထား​တွေရှိတယ်။ သာမန် လာဘ်စား​မှု​လေး​တွေက အစ ရှင်း​ရှင်း​ပြောရရင် မြန်မာနိုင်ငံက အစိုး​ရ အသိုင်း​အဝန်း​ကြား​မှာ အကုန်လုံး​ကို ထုတ်ပစ်မှပဲ ကင်း​မှာကို၊​ လက်ရှိအစိုး​ရသစ် လက်ထက်မှာ အရမ်း​ကို နာမည်ဆိုး​ပြီး​ ဆက်လုပ်​နေတဲ့​ သူ​တွေ​လောက်ကိုပဲ သူကလုပ်ပြပြီး​ ​နောက်ပိုင်း​ကို ဆက်မလုပ်ဖို့​ သတိ​ပေး​တဲ့​ပုံစံ လုပ်တာဆို​တော့​ သူ့​ရဲ့​လက်ထက်မှာ တပ်မ​တော်က​တော့​ အတိုင်း​အတာတခုထိ တိုး​တက်​ပြောင်း​လဲလာမယ်လို့​တော့​ မြင်ရတယ်။”
ဗိုလ်ချုပ်ကြီး ​မင်း​အောင်လှိုင်ဟာ စစ်တက္ကသိုလ်​ကျောင်း​အုပ်ကြီး​၊​ တိုင်း​မှူး​၊​ ကာကွယ်​ရေး​ဝန်ကြီး​ဌာန အထူး​စစ်ဆင်​ရေး​အဖွဲ့​ (ကစထ)မှူး​နဲ့​ တပ်မ​တော် ကြည်း​၊​ ​ရေ၊​ ​လေ ညှိနှိုင်း​ကွပ်ကဲ​ရေး​မှူး​ တာဝန်ယူခဲ့​ပြီး​တော့​ ၂၀၁၁ မတ်လ ၃ဝရက် ​နေ့​မှာ တပ်မ​တော် ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် တာဝန် စယူခဲ့​တာပါ။
လက်ရှိ ဖွဲ့​စည်း​ပုံအရ တပ်မ​တော်ကာကွယ်​ရေး​ ဦး​စီး​ချုပ်ဟာ ဒု-သမ္မတ အဆင့်​အတန်း​ ရှိပြီး​ လွှတ်​တော်နှစ်ရပ်က ကိုယ်စား​လှယ် ၂၅ ရာခိုင်နှုန်း​ကို ချုပ်ကိုင်ထား​သူ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် အတည်ပြုခန့်​အပ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် အတည်ပြုခန့်​အပ် Reviewed by သစ်ထူးလွင် on 05:49 Rating: 5

2 comments:

Kingdavid said...

ကြိုဆိုပါတယ် ၊ ဂုဏ်ယူပါတယ် ၊၀မ်းသာပါတယ် ၊ နိုင်ငံတော်အကြီးအကဲ ကတောင် ယုံကြည် လို. အတည်ပြုခန်.အပ်လိုက်ပြီဘဲ ကျနော် တို.လဲယုံကြည်ပါတယ် တပ်မ​တော်က​တော့​ အတိုင်း​အတာတခုထိ တိုး​တက်​ပြောင်း​လဲလာအောင် လို.လဲကြိုးစာမှာပါ အခုဆို ကာချုပ်က တွေ.ဆုံပွဲ တွေလုပ်ပြီးသြ၀ါဒ တွေမြွက်ကြားနေတာတွေ.ရတာပါဘဲ တပ်မတော်တခုလုံးကိုဦးစီးပြိး လုပ်ဆောင်နေတာကြောင်. သမိုင်း မှာ နာမည် ကျန်ရစ်ဖို.အတွက် နာမည်ဆိုးတွေမထွက်ဖို.အတွက် ဗီုလ်ချုပ်ကြီး မင်းအောင်လှီုင် ကို ဒီနေရာက နေ တိုက်တွန်း ပါတယ် ၊လေးစားပါတယ်

မျိုးစင်ဆွေဆက် said...

ဟာ ...မျက်စိတောင်လည်သွားတယ် ...ဟိုးအရင်ကအတည်မဟုတ်ဘူးပေါ့ အခုမှ အတည်ဖြစ်တာလား ...တော်တော် နောက်တတ်တာပဲ ....အာ သူပဲဖြစ်ရမှာပေါ့ သူ့ နောက်မှာ ကြယ်နှစ်စိဆင့်ရှိနေတာပဲ ....ဟုတ်တယ်နော် ကြယ်နှစ်စိဆင့် ရာထူးက ဘယ်သူကိုမှ မပြောင်းပေးသေးတာ လူတွေ သတိနဲနဲမေ့သွားကြလို့ ....ဟေ့ ဟေ့ ...သူတို့ တွေရဲ့ နောက်မှာ မလွှဲ မပြောင်းပဲ ဒီရာထူးအတိုင်းရှိနေသေးတဲ့ ကြယ်နှစ်စိဆင့်ကြီးရှိနေသေးတယ် ဟေ့....... ပုံကိုသေချာကြည့် ကာချုပ်ကြီးအပြုံးက ဒီရာထူး သူ(ဦးသိန်းစိန်) ပေးတာလဲမဟုတ်ဘူး ဆိုပြီးလှောင်ရီပြုံးလေးနဲ့ ...ကိုးရီးမင်းသားလိုပြုံးတတ်သားဗျ ....ကာကာချုပ်ကြီးက ....

Powered by Blogger.