ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပြီး
နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းနေချိန်တွင် ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီတော့သည့်
စည်းမျဉ်း၊ စည်းကမ်းများအား ပယ်ဖျက်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်
မြန်မာနိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားကြသည်။
အများပြည်သူများနှင့်
နီးစပ်သောနေရာများတွင် နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်မှုများ
မပြုလုပ်ရန်တားမြစ်ချက်များ၊ နိုင်ငံဝန်ထမ်းများနှင့် ကျောင်းသားများသည်
နိုင်ငံရေးကင်းရှင်းရမည်ဆိုသည့်အချက်များ၊ မိတ္တူဆိုင်နှင့် အင်တာနက်ဆိုင်များတွင်
နိုင်ငံရေးနှင့် ပတ်သက်သည့်ကိစ္စများမပြုလုပ်ရသည့် အချက်များသည်
ဒီမိုကရေစီကျင့်စဉ်နှင့် မကိုက်ညီတော့သဖြင့် ပယ်ဖျက်ပေးရန် လိုကြောင်း ၄င်းတို့က
ပြောသည်။
´ဒီကိစ္စက ဥပဒေရယ်လို့မရှိဘူး။
ညွှန်ကြားချက်အမိန့်အနေနဲ့လုပ်ခဲ့တာ၊ နိုင်ငံရေးကို အားလုံက ကြောက်နေတာ၊
စီးပွားရေးသမားကို အာဏာပိုင်က ညွှန်ကြားထားလို့ ဖြစ်နိုင်တယ်။ အခုထိ
ဒီညွှန်ကြားချက်က သက်ရောက်နေမယ်ဆိုရင် တာဝန်ရှိသူတွေက ပြန်ရုတ်သိမ်းဖို့လိုတယ်´ဟု
မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးကျော်လင်းဦးက ပြောသည်။
´ဒါတွေကို တဖြည်းဖြည်းချင်းဖြေလျှော့ပေးရမယ်။
ဒီအကြောင်းအရာတွေက လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ပါဘူး´ဟု
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောသည်။
မြန်မာနိုင်ငံတွင်
အစိုးရသစ်သက်တမ်းဆယ်လအတွင်း ရောက်ရှိလာပြီဖြစ်သော်လည်း အဆိုပါစည်းမျဉ်း၊
စည်းကမ်းများရှိနေဆဲဖြစ်ကာ ပြုပြင်ပြောင်းလဲပေးရန် နိုင်ငံတော်အပိုင်းမှ
ဆောင်ရွက်သင့်ပြီး၊ သို့မှသာ ဒီမိုကရေစီလမ်းစဉ်နှင့် ကိုက်ညီမည်ဖြစ်သည်။
´အရင်ပုံစံတွေက မပျောက်သေးဘူး။
ပြည်သူတွေအနေနဲ့ အဲဒီလိုပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ စနစ်တွေ၊ စည်းမျဉ်းတွေက
မရှိသင့်တော့ဘူး၊ အပြည့်အ၀ပြောင်းလဲဖို့ အစိုးရနဲ့လွှတ်တော်အပိုင်းက
ထိန်းကျောင်းပေးဖို့လိုတယ်´ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းက ပြောသည်။
မက်စင်ဂျာဂျာနယ်
ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီတော့သည့် စည်းမျဉ်း၊ စည်းကမ်းများပယ်ဖျက်ပေးသင့်
Reviewed by သစ်ထူးလွင်
on
19:32
Rating:
1 comment:
ယခုအချိန်ထိ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဧ။် ၀င်ရောက်ဆွေးနွေး တင်ပြချက်များ ဖတ်ရှူကြားသိရခြင်း မရှိသေးပါ..အရည်အချင်းပြည့်ဝလွန်းသည့် တပ်မတော်မှ အရာရှိများ လွှတ်တော်ထဲသို့ မ၀င်ဘဲ တပ်မတော်တွင်သာ အမှု့ထမ်းဆောင်ခိုင်းသင့်ပါသည်..
Post a Comment