ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှရပ်ကွက်နေပြည်သူများအား ငွေချေးပေးနေခြင်းသည် ပြည်သူများ၏ အခက်အခဲများပြေလည်စေရန်ရည်ရွယ်သောပါတီ၏စည်းရုံးရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ်
သတ်မှတ်နိုင်ကြောင်းပါတီ ကော်မတီဝင်ဦးတင်ဝင်းပြောပြချက်အရသိရသည်။
“စည်းရုံးရေးလုပ်ငန်းလို့ယူဆမယ်ဆိုရင်လည်းယူဆလို့ရတာပေါ့။အဓိကကတော့
အခက်အခဲရှိနေတဲ့
ပြည်သူတွေသက်သာချောင်ချိဖို့လုပ်ပေးတာပေါ့အတိုးနှုန်းအသက်သာဆုံးနဲ့
ကူညီပံ့ပိုးပေးတဲ့သဘောပါ။စည်းရုံးရေးလုပ်ငန်းသဘောတစ်ခုပေါ့နော်ပြည်သူတွေ
ပါဝင်လာကြတယ်ဆိုရင်တော့ စည်းရုံးရေးအား တစ်ခုတော့ ဖြစ်တာပေါ့” ဟုရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကော်မတီဝင် ဦးတင်ဝင်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ရပ်ကွက်နေပြည်သူများအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ် (သုံးသောင်းကျပ်) ချေးငွေထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းမှာ ၂ ကျပ် ဖြစ်ကြောင်းသိရသည်။
“စစချေးတုန်းကတော့
ပါတီဝင်ထဲကိုဝင်ဝင်၊ မ၀င်ဝင်ချေးပေးတယ်။ အခုနောက်ပိုင်းတော့
အသစ်တွေလဲထပ်မချေးပေးတော့ဘူး။ ပါတီဝင်မှချေးပေးမယ်တဲ့ ဆိုပြီးဖြစ်လာပြီ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၄ရပ်ကွက်မှ မဂျူလိုင်မိုး မှပြောသည်။
အဆိုပါ ပါတီသည် ဧပြီ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈နေရာလစ်လပ်နေပြီး ရန်ကုန်တိုင်း ဒေသကြီးတွင်းရှိ လစ်လပ်မဲဆန္ဒနယ် (၆) နေရာနှင့် ကျန်လစ်လပ်မဲဆန္ဒနယ်အားလုံးတွင်ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပါတီ၏မူဝါဒမှာ အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အသစ်တည်ဆောက်ရန်၊ တို့တာဝန်အရေးသုံးပါးနှင့် ပြည်သူများလိုလားတောင့်သည့်ဒီမိုကရေစီစနစ် ကူးပြောင်းကျင့်သုံးနိုင်ရန် တို့ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် လွှတ်တော်တွင် ကျပ် ၅
ထောင်တန်ဖုံးများ ချထားရေးအတွက် အဆိုပြု တင်သွင်းမည်ဖြစ်ကြောင်း
ပါတီကိုယ်စားလှယ်များထံမှ ကြားသိရသည်။
ယမင်း (မြစ်မခ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေချေးပေးခြင်းကိစ္စရှင်းလင်းပြောဆို
Reviewed by သစ်ထူးလွင်
on
09:41
Rating:
10 comments:
"Lu tee Myae Mae Thant Shin" Please remember that. Now let do "Lu Kyant Phoot Mae NLD".
ကြံ့ဖွတ်ဆီက ပိုက်ဆံချေးသူတွေသို့
ခင်ဗျားတို့ကို ပိုက်ဆံချေးနေတာ အလကားချေးတာမဟုတ်ဘူးနော် အတိုးနဲ့ချေးတာ ချေးတာက သုံးသောင်းတည်းချေးတာ မဲတမဲ ကို မြန်မာပြည် တပြည်စာတန်တယ်နော် .. မဲထည့်ခါနီးရင် ဘယ်သူ့ကို မဲထည့်သင့်သလဲ စဥ်းစားပြီးမှထည့် ခင်ဗျားတို့ကို ချေးတဲ့ ပိုက်ဆံ ၃၀၀၀၀ ကို ဗန်းပြပြီး ခင်ဗျားတို့ဆီက မဲတမဲကို ပြန်ယူမှာ အဲ့ဒိမဲက သူတို့ချေးတဲ့ ၃၀၀၀၀ နဲ့ တွက်မယ်ဆို မြင့်မိုရ်တောင်နဲ့ ဇီးစေ့လောက်ပဲ ရှိတယ်နော် ပိုက်ဆံချေးတာပဲ ဆိုပြီး မဲသွားမထည့်နဲ့ အဲ့ဒိဘက်က အဲ့လောက်ချေးထားပြီး အဲ့ဟိုဘက်က အဲ့လောက်မက ပြန်ရနေလို့ ချေးတာ အလကားချေးတာမဟုတ်ဘူး..
( S သုံးမကျတဲ့ ကြံ့ဖွတ်တွေ သူများတွေလိုလဲ အပင်ပန်းခံပြီး စည်းရုံးရေးမထွက်ရဲပဲနဲ့ အလကား ရတဲ့ ပိုက်ဆံကို ချေးငှားနေတယ် Sရှက်ကို မရှိတဲ့ S ကြံ့ဖွတ်... )
ဒါဟာပြည်သူတွေကိုလှည့် စားရာရောက်ပါတယ်...တစ်နည်းပြောရရင်မဲဝယ်တာပါပဲ.....တရားမျှတစွာရှင်ပြိုင်သင့်တယ်....ကြံ့ ဖွင့်အနေနဲ့ ကိုယ့်ပါတီကိုယုံကြည်မှုရှိတယ်ဆိုရငိဒါတွေမလုပ်သင့်ဘူးထင်တယ်........အော်မေ့လို့သူတို့ ရဲ့ မွေးရာပါအားနဲချက်ကပြည်သူတွေကိုမလိမ်ရရင်မနေနိုင်တာပဲလေ........သူတို့ကကိုယ့်ဘ၀ကိုမမေ့သေးတာလို့ပြောရမှာပေါ့(အရင်ကစစ်တပ်လာ တာလေ)...ဘယ်ဘ၀မေ့ပမလဲ......
ငွေချေးပြီး သူတို့မနိုင်ကြည့်ပါလား... ချစ်တီးအကြွေးတောင်းတာထက် ပိုသာတဲ့နည်းနဲ့ တောင်းမှာ.....
ဒါတွေကနည်းလမ်းဟောင်းတွေဘဲ
သူတို့ရဲ့ရန်ပုံငွေဆိုတာကလည်း
သူတို့မတရားခိုးယူထားတြဲ့ပည်သူ့ဘဏ္ဍာငွေတွေပါ။
သူများချီးနဲ့ ၀က်မွေးနေကြတာလေ။
ဟိုတစ်ခါ ရွေးကောက်ပွဲတုန်းက ကျနော့်အသိ အမကြီးတစ်ယောက်ငွေ ခြေးထားပြီး မဲလာမထည့်တော့ ဆိုဒ်ကားနဲ့တောင် လာခေါ်တယ် ဆိုပဲဗျ ရယ်ရတယ်ဗျာ......
“စစချေးတုန်းကတော့ ပါတီဝင်ထဲကိုဝင်ဝင်၊ မ၀င်ဝင်ချေးပေးတယ်။ အခုနောက်ပိုင်းတော့ အသစ်တွေလဲထပ်မချေးပေးတော့ဘူး။ ပါတီဝင်မှချေးပေးမယ်တဲ့ ဆိုပြီးဖြစ်လာပြီ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၄ရပ်ကွက်မှ မဂျူလိုင်မိုး မှပြောသည်။
ဒါပါပဲ ခင်ဗျားတို့ရဲ့ ဖြုတ်ဦးဏှောက် ။
“စစချေးတုန်းကတော့ ပါတီဝင်ထဲကိုဝင်ဝင်၊ မ၀င်ဝင်ချေးပေးတယ်။ အခုနောက်ပိုင်းတော့ အသစ်တွေလဲထပ်မချေးပေးတော့ဘူး။ ပါတီဝင်မှချေးပေးမယ်တဲ့ ဆိုပြီးဖြစ်လာပြီ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၄ရပ်ကွက်မှ မဂျူလိုင်မိုး မှပြောသည်။
ဒါပဲလေ .. လူညစ်တွေပါဆိုနေမှ ..
ခင်ဗျားဖာသာခင်ဗျား ဘာကြီးလုပ်ပြလုပ်ပြ အယုံအကြည်မရှိတော့ဘူး..စိတ်မ၀င်စားဘူးဖွတ်ကြီးရေ..
တသက်လုံးက မျိုဆို့ထားတာတွေနဲ့ ဒီလောက်ဟာ
ယှဉ်ကြည့်
ကဲပါ
ကိုကိုဖွတ် လုပ်ချင်တာ လုပ်တော့
ညစ်ဖို့တော့ အကြိုးစားနဲ့တော့
Post a Comment