ဒုတိယသမ္မတ၏ပြောစကားကို သံတွဲမြို့ခံများဝေဖန်

ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂ (YPI)

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ သံတွဲခရီးစဉ်တွင် မီးဘေးသင့် ဒွါရာဝတီဈေးသူဈေးသား များနှင့် နှစ်မိနစ်ကြာတွေ့ဆုံရာ၌ ဈေးသစ်ပြန်လည်ဆောက်လုပ်ပေးရန် နိုင်ငံတော်တွင်ငွေကြေးမရှိကြောင်းနှင့် ကိုယ်ထူကိုယ်ထပြန်လည်လုပ်ဆောင်ရန်ပြောကြားချက်ကို ဒေသခံများက ဝေဖန်လျှက်ရှိသည်။

ယမန်နေ့ နေ့လည် ၂း၄၅ တွင် သံတွဲမြို့သို့ရောက်ရှိ လာသောဒုတိယသမ္မတသည် ညနေ ၅း၂၀ တွင် သံတွဲမြို့နယ်ခန်းမ၌ ဒွါရာဝတီဈေးသူဈေးသားများနှင့်တွေ့ဆုံစဉ် ဒေသခံများ၏ တင်ပြချက်အပေါ် ယခုကဲ့သို့ပြန်လည်တုန့်ပြန်ခဲ့သည်ဟု ၎င်းတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူများကပြောသည်။

သံတွဲ ဒွါရ၀တီဈေး မီးလောင်နေစဉ်

တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူတစ်ဦးက “နှစ်မိနစ်လောက်ပဲကြာမယ်၊ရောက်လာတာနဲ့ စင်ပေါ်တောင်မတက်ဘူး။ လူတွေရှေ့ မှာပဲရပ်ပြီး ကျွန်တော်တို့မှာ အချိန်သိပ်မရှိဘူးလို့ပြောတယ်။ပြီးတော့ ဒီလိုမီးလောင်တိုင်းလိုက်လုပ်ပေးဖို့ နိုင်ငံတော်မှာ ငွေမရှိဘူး။ဒါကြောင့် ကိုယ်ထူကိုယ်ထလုပ်ကြဖို့၊ စည်းစည်းလုံးလုံးရှိကြဖို့ပြောပြီး ပြန်ထွက်သွား တယ်” ဟုပြောသည်။


သက်ဆိုင်ရာက ကြိုတင်စီစဉ်ထားသောကြောင့် ဈေးသူဈေးသားတစ်ရာခန့်တက်ရောက်ခဲ့ပြီး ဈေးကော်မတီမှ တာဝန်ခံသုံးဦးက ဒုတိယသမ္မတထံလက်ရှိ အခြေအနေများကို တင်ပြရန်လည်း စီစဉ်ထားခဲ့ သည်။ သို့သော် ဒုတိယသမ္မတရောက်ရှိလာသောအခါ မိနစ်အနည်းငယ်မျှသာ စကားပြောပြီး ချက်ချင်း ပြန်လည်ထွက်ခွါသွားခဲ့သည်။

“ဒီစကား(ဒုတိယသမ္မတပြောစကား)က အခုခဏလေးမှာပဲ တစ်မြို့လုံးလိုလို ပြန့်သွားပြီ။ ဈေးသူဈေးသားတွေကတော့ မကျေမနပ်နဲ့ဝေဖန်နေကြတယ်” ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။

ယခုလ ၁၁ ရက်က သံတွဲမြို့၊ ဒွါရာဝတီဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၉၀၀ ကျော်ရှိသည့်အနက် ၇၄၀ ကျော်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၅၀၀ ကျော်ရှိသည်ဟု သက်ဆိုင်ရာဋ္ဌာနများက တွက်ချက်ထုတ်ပြန်ထားသည်။
ဒုတိယသမ္မတ၏ပြောစကားကို သံတွဲမြို့ခံများဝေဖန် ဒုတိယသမ္မတ၏ပြောစကားကို သံတွဲမြို့ခံများဝေဖန် Reviewed by သစ်ထူးလွင် on 19:17 Rating: 5

19 comments:

Toe Gyi said...

မောင်(၈)လုံး နိုင်ငံတော်မှာ ငွေဘယ်ရှိတော့မလဲ မင်းတို့နဲ့ အပေါင်းပါ (၅၀၀) ခိုးလို့ကုန်ပြီလေ.. ပြည်သူတွေရဲ့ ကိစ္စကို တာဝန်မယူ နိုင်ရင် ဘာလို့ ခေါင်းဆောင် လုပ်နေသေးလဲ ခိုးထားသမျှလေးနဲ့ ပဲ တင်းတိမ်ပြီး နေလိုက်ပါတော့လားကွာ။

Lin Myat said...

တာဝန်ယူဖို့ လူကြီးလုပ်တာလား ၀င်တာယူဖို့လူကြီးလုပ်တာလား မတန်မရာဘွဲ့ယူထားတဲ့တင်အောင်မြင့်ဦးရယ် အင်းလေ ဖွတ်က မိချောင်းဖြစ်မှတော့ ဘယ်မြစ်ချမ်းသာပါ့မလဲ

shein said...

ဟုတ်မှာပါ..ဈေးပြန်ဆောက်ပေးဖို့ ငွေကြေးကမရှိ..
လက်နက်တွေ..သူတို့သုံးဖို့စွဲဖို့ပဲ..ငွေကြေးက ရှိတာလေ။

Lwin said...

Soldiers do not have to care for people. We dont have to care for you.

yelpaing said...

ဘာမှအရည်အချင်းမရှိတာကိုပြလိုက်တာဘဲ။ဘယ်သူအတွက်မှတာဝန်မခံနိုင်ဘူးဆိုရင်ဘာလို့ တာဝန်တွေဝင်ယူကြတာလဲကွာ။စောက်ပေါ

yin yin min thu said...

so sad for my native town

san san said...

ခေါင်ဆောင်လုပ်တိုင်း အရည်အချင်းရှိတယ်လို့ဘယ်သူက ပြောလဲ

KYAW ZIN said...

They lead the country by gun and not by brain.

So sad for our country

ဖိုးတုတ် said...

အင်းလေပြောစရာရှားလို့ ငွေမရှိတာပဲပြောနေတာ ရှိတာ ကြတော့ ခိုးလို့ကုန်ပြီ အဲ့ဒီလောင်တဲ့ထဲမှာ သူ့အမျိုးမပါလို့ ကိုယ်ထူကိုယ်ထလို့်ပြော တာ

smithphyolay said...

တကယ့်ကိုစိတ်မကောင်းစရာပါ။ ဒီလိုအရည်အချင်းမရှိတဲ့သူတွေကြီး အုပ်ချုပ်ခွင့်အာဏာတွေဆက်တိုက်ရနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တကယ်ပဲရင်လေးစရာပါ။ နိုင်ငံကိုစစ်ကျွန်ပြုခဲ့ကြတယ်။ ကျွန်တော်တို့အားလုံး သူ့ကျွန်ဘဝကလွတ်မြောက်ခဲ့ပေမယ့် ကိုယ့်ကျွန်ဘဝက ဘယ်တော့များမှလွတ်မယ်မသိပါလားနော်။ ပြောနေလိုက်တဲ့ ဒီမိုကရေစီ ဟူးးးးးးးးးးး
ဘယ်မှာများရှာကြမလဲနော်
တနေ့တနေ့ဖတ်လိုက်တဲ့ သတင်းဆယ်ပုဒ်မှာ ကိုးပုဒ်က ကြီးနိုင်ငယ်ညှင်း မင်းမဲ့စရိုက်တွေကို နိုင်ငံကိုအုပ်ချုပ်သူများကလွဲပြီး ဘယ်သူကမှလုပ်မနေဘူး
ဘောင်းဘီချွတ် အစိုးရအားလုံးကို ငရဲမင်းရယ် မြန်မြန်သာခေါ်ပါစေဗျာ
ပြီးတော့မှ ကျွန်တော်တို့နိုင်ငံကို အမေစု ဦးဆောင်တဲ့ မျိုးချစ် အရပ်သား အစိုးရနဲ့ တစ်ကနေပြန်စမယ်။ ဒါမှနောင်အနာဂတ်အတွက် စိတ်အေးရမှာ

dnp said...

ဒါနဲ့များ ဗျာ ... ၀န်ထမ်းတွေလစာတိုးပေး ဖို့ အသက်ပေးပြီး လုပ်ဆောင်မယ် ဆိုပြီး ...ဂျာနယ်တွေမှာ အရှက်မရှိ ပြောနေလိုက်သေးတယ်..ဒုတိယတမတဂျီးရ

ko pwa said...

ကိုယ့်ဘာသာ စည်းကမ်းမရှိတိုင်း မီးလောင်နေတာ ကိုယ့်တာဝန်ကိုယ်ယူပေါ့ကွ။

komen said...

just the 2 minutes?oh my god!!!!!!!!!!!when you having the sex two hours??so bad leader..........

AgZayYa said...

ကိုယ့်ဘာသာကိုယ်ဆောက်နိုင်မှတော့ ဈေးမှာလာရောင်းမလား

phayoung2009@gmail.com said...

ဟ! ကိုပွ.. မင်းကလဲ လူဦးနှောက်နဲ့ စဉ်းစားပြီးပြောပါကွာ..
မင်းလူမဟုတ်ဘူးလား.. မီးဆိုတာ လူတိုင်း ကြောက်ကြပါတယ်...
မင်းမယုံရင် မင်းအိမ်ကို မင်း ရှို့ကြည့်ပါလား... မင်းကိုယ်ချင်းစာတတ်အောင်လို့ပါ...
ဘယ်သူကမှတော့ တမင်တကာ ရည်ရွယ်ပြီး မရှို့ပါဘူး ... စည်းကမ်းမရှိဘူးပြောရအောင်ကလဲ ဒါ မိပေါင်းသားနေတဲ့ ဈေးကွ
(စည်းကမ်းရှိလှပါချည်ရဲ့လို့ပြောနေတဲ့ စစ်တပ်မှာတောင် စည်းမရှိ ကမ်းမရှိ ခိုးနေသေးတာပဲ)

ပုဂံစစ်သည် said...

သူပြောတာလဲမှန်သားပဲဗျ၊ နိုင်ငံတော်မှာငွေမရှိဘူးဆိုတာ၊ နိုင်ငံတော်ကငွေတွေကနအဖနဲ့၊ ကြံ့ဖွတ်လက်ထဲမှာကိုးလို့။ မှန်တယ် မှန်တယ်( နိုင်ငံတော်မှာငွေမရှိဘူး)

ahnyatha said...

နိုင်ငံတော်တွင် ဘတ်ဂျက်မရှိပါ။
သူတို့အိပ်ကပ်ထဲရောက်ကုန်ပြီ။
သူတို့တာဝန်မယူနိုင်ပါ။
သူတို့တာဝန်ယူသည်မှာ ကုလားထိုင်။

Sandi said...

ကမ္ဘာပေါ်မှာဘယ်ရွေးကောက်ခံ ဒုသမတမှဒီစကားမျိုးမပြောဘူး။
ပြည်သူရွေးကောက်ထားတာမဟုတ်တာကို ဒီစကားကသက်သေပဲ။

seazinyaw said...

မီလောင်တိုင်း ပြန်ဆောက်ပေးရ လျှင် ပြည်သူ.ဘဏာကုန်တော.မှာပေါ့၊ အာမခံရှိတယ်လေ၊ အာမခံနဲ့လုပ်ပေါ့

Powered by Blogger.