ဆက်လက်တိုက်ပွဲဝင်နေဆဲ တိုင်ရီဆန္ဒပြ အလုပ်သမားများ (ရုပ်/သံ)

တိုင်ရီစက်ရုံးမှာ အရင်က နေ့ကြေး ၁ နာရီကို ၇၅ ကျပ် ရရှိရာကနေ လုပ်ခ ကျပ် ၁၀၀၊ အချိန်ပို တနာရီ ၁၆၄ ကျပ်နဲ့ တလအတွင်း
ရက်မှန်ကြေး  အရင်အတိုင်း ကျပ် ၆၀၀၀ နဲ့ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမား တချို့တဝက်က အလုပ်ရှင်နဲ့ သဘောတူညီချက် ရရှိခဲ့ပြီ
ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ခလစာ တိုးပေးမှုကို လက်မခံတဲ့ ကျန်တဲ့ ဆန္ဒပြ အလုပ်သမား ထက်ဝက်က လုပ်ခလစာ တစ်ရက်ကို ၁၅၀
ကျပ်နဲ့ ရက်မှန်ကြေး ၈၀၀၀ ကျပ် ရရှိဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ နေ့မှာ ဆက်လက် ဆန္ဒပြ ခဲ့ကြပါတယ်။ သဘောတူ
လိုက်တဲ့ ဆန္ဒပြအလုပ်သမား ထက်ဝက်ဟာ သူတို့ရဲ့စားဝတ်နေရေး အခက်အခဲတွေကြောင့် လက်ခံသဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။
ဆက်လက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့တောင်းဆိုမှုတွေ ရရှိဖို့အတွက် အလုပ်သမားရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ
ကိုဖိုးဖြူက ဦးဆောင်ပြီး တရားစွဲဆိုဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခ လစာ
ပေးရေး အက်ဥပဒေတွေကို တိတိကျကျ မပြဌာန်းနိုင်သေးသ၍တော့ အခုလို အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ပြဿနာတွေဟာ
ဆက်လက် ဖြစ်ပွားနေဦးမှာ ဖြစ်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ် ပြောဆို နေကြပါတယ်။

ဘားမားဗီဂျေ
ဆက်လက်တိုက်ပွဲဝင်နေဆဲ တိုင်ရီဆန္ဒပြ အလုပ်သမားများ (ရုပ်/သံ) ဆက်လက်တိုက်ပွဲဝင်နေဆဲ တိုင်ရီဆန္ဒပြ အလုပ်သမားများ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 00:40 Rating: 5

4 comments:

Anonymous said...

မြေဇာမြက်တို့ရဲ့ငိုရှိုက်သံနဲ့အတူ.....

Unknown said...

it'll be good @least 70000ks per month..
70000ks not so good,, but not so bad either..

ကျော်ထိုက် said...

ဖူးလို့ ပြော နိုင်တာပါ...တခြား သူငယ် ချင်းတွေ လည်း အများကြီး အဲ့ဒီမှာ လုပ်နေတာ၇ှိသေးတယ်...တရုတ်မ ပဲ ဖြစ်ပါစေ ယ ပလက်နဲ့ ယုတ် တဲ့ တယုတ်မ တွေ မဖြစ်ပါစေနဲ့..

soecyclone said...

ဒီလောက်တိုးပေးရင်တော်ရောပေါ့၊အလုပ်သမားဘက်မှာအခက်အခဲဆိုတာရှိသလို!အလုပ်ရှင်ဘက်မှာလည်းအခက်အခဲဆိုတာရှိတာပဲလေ၊သူ့ဘက်မသာ ကိုယ့်ဘက်မသာ ဆိုရင်တော်ရောပေါ့၊လွန်လွန်ကျူးကျူးမတောင်းကြပါနဲ့ဗျာ..

Powered by Blogger.