အုန်းဖြန် ဒုက္ခသည်စခန်း မီးလောင်မှုတခု ဖြစ်ပွား



ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ တည်ရှိတဲ့ ကရင် ဒုက္ခသည်စခန်းတခုဖြစ်သည့် အုန်းဖြန် ဒုက္ခသည်စခန်းရှိ ရပ်ကွက် (၆၊၇၊၈၊၉) တွေမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် ၁၁း၃၀ အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ရပ်ကွက်(၈)ရှိ ရပ်ကွက်မှူးအိမ်မှ ဟင်းချက်ရန် မီးမွှေးရာကနေ စတင်လောင်ကျွမ်းတာလို့ ပြောနေကြပြီး ဒုက္ခသည်စခန်းရှိ နေအိမ်တွေက သက်ကယ်မိုးထားတဲ့ အိမ်တွေ အများစုဖြစ်တာကြောင့် မီး ပိုမိုအရှိန်မြှင့်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းအနီးတဝိုက်တွင် မီးသတ်စခန်းမရှိတာကြောင့် မီးသတ်ကားမလာရောက်နိုင်ပဲ မီးသတ်ဆေးဘူးတွေနဲ့ပဲ ငြိမ်းသတ်နေရတယ်လို့ သိရှိရပါတယ်။ နေ့လည် ၂း၀၀ အချိန်ခန့်မှာ မီးညွန့်ကျိုးနေပြီလို့ သတင်းရရှိပါသည်။ 

ဘားမားဗီဂျေ 


မြန်မာပြည်က စစ်ပြေး ဒုက္ခသည် ၂၀၀၀ ကျော်နေထိုင်တဲ့ အုန်းဖျံ ဒုက္ခသည်စခန်းမှာ မနက် ၁၀ နာရီခွဲ ကတည်းက မီးလောင်နေပြီး ရပ်ကွက် ၆၊ ၇၊ ၈၊ ၉နဲ့ ၁၂ (ခ) ရပ်ကွက်တွေအပါအဝင် စုစုပေါင်း ရက်ကွက် ၅ ခုလောင်ကျွမ်းသွားပါပြီ။

အဲဒီလောင်ကျွမ်းမှုမှာ လူအသေအပျောက်မကြားရသေးပေမယ့်။ အိမ်ခြေ ၅၀၀ ကျော် မီးထဲပါသွားပြီး လူဦးရေ ၂၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်သွားပါတယ်။

အသက်လုပြေးရတဲ့ ဒုက္ခသည်တွေဟာ ဘာကိုမှ ယူဆောင်မသွားနိုင်တဲ့အတွက် ချမ်းအေးတဲ့ ရာသီမှာ အဝတ်အထည်၊ အစားအသောက် အရေးပေါ်လိုအပ်နေသည်။
Jade Land - facebook
အုန်းဖြန် ဒုက္ခသည်စခန်း မီးလောင်မှုတခု ဖြစ်ပွား အုန်းဖြန် ဒုက္ခသည်စခန်း မီးလောင်မှုတခု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 13:51 Rating: 5

3 comments:

Unknown said...

သေသေချာချာရေးပေးပါဦးခင်ဗျား ၂၀၀၀ လား ၂၀၀၀၀လား ။

ipstar said...

20000 ပါဗျာ

ipstar said...

၂၀၀၀၀ ပါခင်ဗျာ

Powered by Blogger.