ရန်ကုန် အော့ခစ်ဟော်တယ်မှာ ပြည့်တန်ဆာခေါ်လာတဲ့ဂျပန်က သူ့အခန်းသော့ မရလို့ ကောင်တာဧည့်ကြို မြန်မာမလေးကို ပါးရိုက်သွားတာပါ။
မြန်မာဟိုတယ်ဝန်ထမ်းကို ဂျပန်တစ်ဦးပါးရိုက်မှု (ရုပ်/သံ)၁
မြန်မာဟိုတယ်ဝန်ထမ်းကို ဂျပန်တစ်ဦးပါးရိုက်မှု (ရုပ်/သံ)၂
ဗွီဒီယို - Minn Kyaw (facebook)
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ ဖြစ်ပွါးခဲ့တဲ့ မြန်မာဟိုတယ်ဝန်ထမ်း အမျိုးသမီးတဦးကို ဂျပန်တစ်ဦးပါးရိုက်မှု (ရုပ်/သံ)
အဆိုပါ (ရုပ်/သံ)သတင်း နဲ့ ပါတ်သတ်လို့ အသေးစိတ်ဖြစ်စဉ်ကို Myanmar News Now မှဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။
မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ်
ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။
Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
Amara News Agency
===============================
ဆက်စပ် Facebook သတင်း
ဂျပန် အမျိုးသားက မြန်မာ အမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်မှု
Posted by William Smith in Feb 09, 2012,
ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်
ရဲ့ ဖြစ်ရပ်မှန် လေးပါ။
28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်
ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။
ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်
စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့
အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်
General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။
ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို
တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက်
ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်
က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။
ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေး
စာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်
ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် သြော် ငါ့တို့
နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလား
လို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ ရင်ထုမနာတွေး
မိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။
ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရ
တယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန်
ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။
===================================

မြန်မာဟိုတယ်ဝန်ထမ်းကို ဂျပန်တစ်ဦးပါးရိုက်မှု (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
06:32
Rating:
15 comments:
ဘယ်သူမှားတယ်..မှန်တယ်ဆိုတာထက်..အဲ့လိုမျိုး..
ဧည့်သည်က..အိမ်ရှင်ကို..လာစော်ကားနေတာမျိုးကိုတော့.
ထိထိရောက်ရောက်အရေးယူရပါမယ်..ကျနော်..တယောက်ထဲ
အမြင်အရတော့..အရေးယူတာ..ပျော့ပါတယ်..စလုံးလိုနေရာ
မျိုးမှာ..အဲ့လိုလုပ်ကြည့်ပါ..ကြိမ်ဒဏ်ကို..လှိမ့်နေအောင်.ခံသွားရမယ်မှတ်..ဗီဇာပိတ်တာလောက်ကတော့ဗျာ..ဘာမှု့မှာတုံး..သူမလာရလဲ..သူ့ကိုယ်စားလှည်..လာနေလို့ရတာပဲ.ဒီထက်.
ပြင်းပြင်းထန်ထန်..အရေးယူသင့်ပါတယ်.နောက်.သတိထားမိတာတခုက..ချက်ချင်းကြီးမူးရူးပီးရိုက်တာ..မဟုတ်ဘူးဗျ..ကိတ်စတခုပြောနေဆိုနေရင်းက..ဖြစ်သွားတာ.အဲ့နောက်ကွယ်က..ဟာတော့..သူတို့ကိုယ်တိုင်ပဲသိမယ်..နောက်ပီး..
ဒီvideoသက်သေရှိနေတာပဲ..ဆေးစာ..လိုသေးတယ်တဲ့လား..ဆိုးပါ့ဗျာ..မြန်မာပြည်..ဥပဒေရေးရာကလဲ..လူသက်သေ..
ပစ္စည်းသက်သေရှိတာတောင်..ဆေးစာလိုသေးတယ်ဆိုတော့ something wrong နေပီ..
Regards,
PoeHarp
Min Aung Hlaing is not a Kar Lon Leader just a member. Kar Lon Leader is President Thein Sein. Don’t be confused Mr. Thit Htoo Lwin and don’t advertise Min Aung Hlaing. kind regards, Pyay Thar Lay @ SG
အဲဒီဗွီဒီယိုဖိုင်ကိုလဲသေချာကြည့်ကြပါ့ဦး။ ဒေါ်အေးအေးကြည်ကကောလုံးဝ သဘောမတူဆန့်ကျင်ပြောနေတဲ့စာရွက်စာတမ်းတွေကိုဘာလို့အတင်းလိုက်ပြနေရတာလဲ ဘာကိစ္စတွေများရှိနေလဲ ဘာလို့ကိုယ့်ကိုအဖက်မလုပ်နေတာကိုသိသိကြီးနဲ့ အတင်းလိုက်ပြောနေရလောက်အောင် ကိစ္စကသေရေးရှင်ရေးလား ဘာဖြစ်လို့ ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုကော မတင်ကြရတာလဲ အဖြစ်မခံချင်ရင်မပတ်သက်ကြနဲ့လေ သေသေချာချာကြည့်ကြပါအဲဒီဖိုင်ကို အရိုက်ခံရပြီးတာတောင်အတင်းလိုက်ပြောနေတုံးဆိုတော့ ဘာကိစ္စများလဲ
ကိုယ်ချင်းစာကြပါ ကိုယ့်မှာသေလောက်အောင်စိတ်ဆင်းရဲစရာကိစ္စမျိုးတွေရှိနေရင်လဲ လူသတ်ဖို့တောင်ဝန်မလေးတတ်ကြပါဘူး ဘယ်လူမျိုးဖြစ်ဖြစ်ပါ ၀န်ထမ်းတွေတောင် အထက်လူကြီးစိတ်ကြည်မကြည်အမြဲသတိထားနေရတဲ့ဘ၀တွေချည်းပါပဲ စိတ်အခန့်မသင့်တာနဲ့တွေ့သွားရင် အမြဲမှားကြတာချည်းပါပဲ အလိုလိုမှလူပုစိတ်တိုလူမျိုးတွေမှန်းသိသိကြီးနဲ့ အခြေအနေကြည့်ပြီးမှ လုပ်သင့်တာပေါ့ အသက်ကလဲရင့်ကျက်နေလောက်ပါပြီ အလုပ်တောင်လုပ်နေတယ်ဆိုတော့လေ ဘယ်သူ့ကိုမှအပြစ်ပြောပြီးမနေကြပါနဲ့ အကြောင်းရင်းကိုစုံစမ်းပြီးမှ တင်ပေးကြပါဦး ကိုယ့်နိုင်ငံကိုယ့်လူမျိုးလုပ်နေတာတွေကိုပဲ ကောင်းတယ်ပြောလိုက် မကောင်းဘူးပြောလိုက်နဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမနေကြပါနဲ့ တဦးချင်းတယောက်ချင်းကောင်းဖို့ပဲကြိုးစားကြပါ မကျေနပ်လွန်းပြီး တရားမမျှတဘူးထင်ရင် ကိုယ့်ဘာသာတကိုယ်တော်သူရဲကောင်းလုပ်ပြီးဖြေရှင်းလိုက်ပေါ့ဟုတ်တယ်မို့လား လုပ်ခွင့်ရှိတဲ့သူကလုပ်ခွင့်ရှိသလို အရေးယူသွားပြီးပြီပဲ တကယ်တမ်းတော့ ဒီဘက်ကလဲဆင်ဆင်ခြင်ခြင်နေကြဖို့ သတိပေးစာတွေရေးကြပါဦး လူဆိုတာယောင်္ကျားရယ်မိန်းမရယ်မဟုတ်ပါဘူး ယောင်္ကျားလေးအရက်သောက်မူးရူးပြီးလုပ်ချင်တာလုပ်တတ်သလို မိန်းကလေးကျအရက်သောက်ပြီးအဲလိုလုပ်လို့မှမရတာ လူဆိုတာအဓိကစိတ်ပါပဲ စိတ်အင်အားကလူသတ်တဲ့အထိတောင်ပြင်းထန်တတ်တာအားလုံးသိကြပါတယ် နဂိုကစရိုက်ကြမ်းတဲ့လူဆိုပိုဆိုးမှာပေါ့ အဲလိုလူမျိုးကိုသိမြင်နိုင်ပြီး ကြိုတင်ရှောင်ရှားနိုင်ကြပါစေ
To
Dear reformists, Date:16.02.12
Before,I've already read this news on facebook.I's also so worried about her unless the government defense and security council coped this affair well.Now,it's very delighted of the new government's reformation,decision,and protection to the civilians.And also,I'd like to urge to change the State Constitution more and more progressively.
With regards,
Khaing Myo Mrat
khaingmyomrat@gmail.com
ဟိုတယ်ပိုင်ရှင်တွေဘာတွေလုပ်နေကြလဲ
ကိုယ်လက်က၀န်းတမ်းဒီလိုတစ်ခြားနိုင်ငံသားက
ကိုယ်ထိလက်ရောက်လုပ်တာကိုကြည့်နေနိုင်တယ်
ဘေးနာကယောက်ကျားလေးဝန်တမ်းတွေကကောဘာတွေလုပ်နေကြတာလဲ...ဘာဖြစ်ဖြစ်ပေါ့ပြန်ရိုက်လိုက်ပါလား..
ပြသနာ တက်တယ်ဆိုတာ ကိုယ့်ဘက်က မှားလား သူမှားလား ဆိုတာ တော့ အသေးစိတ် အချိန်ပေးလေ့လာရမှာဘဲ။ လက်ပါတာကိုတော့ လက္ခံနိုင်ဘူး၊ ကျွန်တော်တို့ ဒီကိစ္စကိုအသေးစိတ်လေ့လာနေပါတယ်။
Mon သို့
နားမလည်လို့ မေးပါရစေ။ ကိုယ့်လူမျိုးဘက်က မနာဘဲ တိုင်းတစ်ပါးသားဘက်က နာနေရတာလဲ။ သူများနိုင်ငံလာပြီး စော်ကားချင်တိုင်းစော်ကားလို့ရမလား။ နောက်ပြီး မိန်းမတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုကတည်းက ဒီလူတော်တော်အောက်တန်းကျတယ်။ အဲဒါလူဘက်က မခံမရက်နိုင်ဖြစ်ရအောင် ..... ????
ကျွန်တော့အမြင်ကတော့ ဟိုတယ်ကဝန်ထမ်းတွေအသုံးမကျဘူးထင်တယ်....ဘာကိစ္စအဆင်မပြေတာလဲဆိုတာမသိပါဘူး....ဟိုတယ်ဆိုတာအစကတည်းကစည်းကမ်းချက်တွေရှိပြီးသားပါ...မိမိရှင်းလို့အဆင်မပြေဘူးဆိုရင်အထက်လူကြီး ကို အကြောင်းကြားသင့်ပါတယ်...ဘယ်အလုပ်မှ ကိုယ်ထိလက်ရောက် လုပ်ခွင့်မရှိပါဘူး...မိမိနိုင်ငံသား အမျိုးသမီးတစ်ယောက်ကို နိုင်ငံခြားသားက ကိုယ်ထိလက်ရောက်စော်ကားနေတာတောင် ဘေးကဝန်ထမ်းတွေ ကြည့်နေတာကိုတော့ အံ့သြမိတယ်ဗျာ....တကယ်သာမျိုးချစ်စိတ်ရှိမယ်ဆိုရင် မှားမှားမှန်မှန် ရင်ဆိုင်ဖြေရှင်းပေးသင့်တာပေါ့....ကျွန်တော်နိုင်ငံခြားရောက်နေပါတယ်..မျက်စိရှေ့မှာ မြန်မာအမျိုးသမီးမပြောနဲ့ အမျိုးသား
ဆိုရင်တောင် ဒီလိုဖြစ်ရပ်မြင်ခဲ့ရင် ဝင်တီးမှာအမှန်ပဲ....မှားတာမှန်တာထက် အမျိုးသားရေးကို ပိုအလေးထားလို့ပါ....အခုတော့ နောက်ကလူတွေက အသက်မဲ့လွန်းပါတယ်...ဒီလူတွေကို မေးလိုက်ချင်ပါတယ်ဗျာ
ဒီနေရာမှာ သူတို့နှမလေးဆိုရင် ဘယ်လိုလုပ်မလဲး.....အမှားအမှန်ကို ဝေဖန်သုံးသပ်နေမလားဆိုတာ သိချင်ပါတယ်...
လုံးဝ သည်း မခံ နိုင်သင့်တဲ့ကိစ္စပါ..ပြည် နှင် ဒဏ်ပေးရုံတင်မက
ဘူး....အဲ့ဒီ့ဂျပန် ကိုထောင်ချရင်ချ မချရင်....လျှော်ကြေးငွေ ပေး ခိုင်းသင့်ပါတယ်...ဒါမှ နောင် လာမည့် နိုင်ငံခြားသားတွေ ကိုယ့် မြန် မာပြည် မိန်းကလေးတွေကို ဒီလိုမျိုး မလုပ်မှာ... အပေါ်က mon လို ကိုယ် ချင်းစာ စိတ်မရှိတဲ့ ပုံစံ မျိုး တွေ ရှိတာ ဆန်ကောင်း ထဲ...နောက် ချီး လုံးတွေ ပါနေသလိုပဲ..သေချာတာ က ကပ်ဖားယပ်ဖါး ထဲက နဲ့ထင်တယ်....
mom >>> နောက်တစ်ခေါက်ကျ၇င် မင်းညီမပါး ငါလာ၇ိုက်ဦးမယ် ... ပြီး၇င် မင်းက အဲဒီလို မှတ်ချက်လေးေ၇းပေးပေါ့ ။ ဟုတ်လား ။ ( Hotel ၀န်ထမ်းဘက်က မှန်တယ်လို့လဲ ထင်ပါတယ် ။ Vedio ဖိုင်အ၇ hotel စည်းမျဉ်း/စဉ်းကမ်း တစ်ခုခု သို့မဟုတ် ငွေပေးချေမှု တစ်ခုခု အငြင်းပွါးတာ ဖြစ်ပုံ၇ပါတယ်) ဘာပဲ ဖြစ်ဖြစ် မှန်တာ မှားတာ နောက်တစ်ပိုင်း ကိုယ်ထိလက်ေ၇ာက် စော်ကားတာကိုတော့ လက်မခံနိုင်ပါ ။ ပြည်နှင်ဒဏ်ပေးတာထက် တ၇ားဥပဒေအ၇ တ၇ားစွဲဆို တာမျိုးက ပိုပြီး ကောင်းတယ် ထင်ပါတယ်။
ဟိုတယ်ဝန်ထမ်းအမကလဲ..အဲဒီနေရာမှာမန်နေဂျာကိုခေါ်ပေးသင့်တယ်။
ဂျပန်လူမျိုးကလဲလက်မပါသင့်ဘူး....ကိုကျော်ထိုက်ပြောသလို..လျှော်ကြေး
ငွေတော့..မပေးစေချင်ဘူး....ဘာလို့ လဲဆိုတော့ပိုက်ဆံရှိတိုင်း...ရိုက်လို့ ရနေမှာပေါ့။
Mon, Htay Oo and ကောင်မလေး အဲဒီ ဂျပန် က ကြက်မ(prostitute) ခေါ် လာ လို့ ၊ ဟော်တယ် regulation အရ ၊ ခေါ်လာ တဲ့ အပြင် ဧည့်သည် ရဲ့ နာမည်၊ မှတ်ပုံတင် ၊ စသည် တို့ကို ဖြည့်ခိုင်းနေ တာ။ စာရွက်စာတန်းတွေ အတင်း လိုက်ပြ နေ တာ မဟုတ်ဘူး၊ ထိုင်း နိုင် ငံ မှာလည်း ဒီ Policy အတိုင်း ကျင့်သုံးတာဘဲ။ အပြင် က Prostitute တွေ ခေါ် ခေါ် လာပြီး ၊ ပစ္စည်းခိုးမှု ၊ တွေ ဖြစ် တတ် လွန်း လို့ အပြင် ဧည့်သည် ရဲ့ အမည် မှတ်ပုံတင်၊ အသက်ပြည့်သူ ဟုတ်မဟုတ် စစ် ဖို့ form ဖြည့် ခိုင်းတာ။ Video ကြည့် ရင်။ ဟော်တော် ဝန်ထမ်း မှာ ဘာ မှ အပြစ် မရှိ ဘူး။ ကောင်းကောင်း မွန်မွန် ရှင်းပြ နေ တာ။ မိမိ ရှင်းပြ တာ အဆင်မပြေ ရင် အထက်လူကြီး ခေါ် ပါ လား လို့ Htay Oo က ရေးထားတယ်။ ကောင်တာ က ဧည့်ကြို မိန်းကလေး က သူ ရှင်းပြ တာ လက်မခံ လို့ ၊ သူအထက် လူကြီး ဖြစ် တဲ့ supervisor မိန်းကလေး ကို ခေါ် ပြီး ရှင်းပြ ခိုင်းတာ။ ပါးရိုက် ခံ ရတဲ့ မိန်းကလေး က ၊ supervisor တာဝန် ခံ အထက်လူ ကြီး ဘဲ။
Mon, Htay Oo and ကောင်မလေး တို့ ကို ပြောချင် တယ်။ ကိုယ်အသေအချာ မသိ တဲ့ အကြောင်းအရာ တခု ကို ဗလာချည် ဝင် comment မလုပ် သင့် ဘူး ။ ခင်ဗျား တို့ ရေး တာ ကြည့် ရင် တခါ မှ ဟော်တယ် မှာ မတည် ဘူး တဲ့ သူ တွေ မှန်း သိသာ ပါ တယ်။
Stay at hotel before, but never bring in chicken, so do not know how to do it...
It is true that both persons have to provide their identifications especially for the hotels in ASEAN countries.
The receptionist returned a red NRIC to someone possibly the lady and it might be belong to her. If that so, this Japanese did not bring any ID for himself?
Monသိစေရန်
ဟုတ်တယ်Avian Buddyပြောတာအကုန်မှန်ပါတယ်..မဟုတ်တဲ့ မိန်းကလေးကို ခေါ်တာကအရင်းခံပါ..အဲဒီလူတွေက ဟိုတယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ guestတွေအပေါ် လိုက်နာရမယ့် အချက်တွေကို နားမလည်ကြပဲ စွပ်ပြောနေကြတာ မရှက်ကြဘူးလားမသိဘူး..နောက်ဆုံးအဆင့် အခြေအနေအရပ်ကိုဘာမှသေချာ မသိဘူးဆိုရင်တောင် အဲဒီအပေါ်မှာပြောနေတဲ့သူတွေက နိုင်ငံခြားသားဘက်က ဘာလို့ပါနေရတာလဲ..အလုပ် မလုပ်ဖူးကြဘူးထင်တယ်..နိုင်ငံခြားသားအလုပ်တွေမှလဲ မလေ့လာဖူးဘူးထင်တယ်.. ကိုယ့်လူမျိုးအချင်းချင်း တခြားလူမျိုးက ကိုယ့်ထိလက်ရောက် စော်ကားတာကြတော့ ခံရတယ်လူကိုတောင် အပြစ်လာဖို့နေကြတယ်..အံ့သြစရာပဲ..ဒါများကိုယ့်နိုင်ငံကိုယ့်လူမျိုးဆိုတာ ထည့်ပြောနေသေးတယ်.. အဲဒီအမ(မအေးအေးကြည်) က ချက်ထရီယမ် ဟိုတယ် ကနေတောင်ပြောင်းလာတယ်လို့ကြားရတယ်..တာဝန်ခံတယောက်ပဲ..တာဝန်ရှိသူတယောက်..လုပ်ပိုင်ခွင့်ရှိသူတယောက်…ဘာစိစိတ်နဲ့မှလဲ မဆိုင်ဘူး..ဒါသူ့တာဝန်ကို ကျေပွန်အောင်လုပ်သွားတာ.. အဲဒီအမ ပါးရိုက်ခံရတာတောင် သူဘာပြန်လုပ်လို့လဲ..ဒါသူ့ရဲ့ လုပ်ငန်းခွင်မှာမို့လို့ပေါ့..guest အပေါ် စောင့်စည့်ရမယ့်စည်းကမ်းကြောင့်ပေါ့..ဟိုတယ်အလုပ်စည်းကမ်းက guest တယောက်မှာ ဘယ်လိုအပြစ်ပဲဖြစ်နေပါစေ ဟိုတယ်ဝန်ထမ်းက ဘာမှလုပ်ပိုင်ခွင့်မရှိဘူး တချို့ကတောင် လုံခြုံရေးတွေ ဘာလုပ်နေလဲဆိုလို့ပါ.. အပြင်မှာဆိုရင်တော့ ထိုးကြိတ်ကုန်မှာပေါ့..အဲဒါဟိုတယ်စည်းကမ်းပဲ..မိမိနိုင်ငံကောင်းစားဖို့ကို သေရေးရှင်ရေးကျမှ ဆွေးနွေးတာထက် အသေးအမွှေးကိစ္စကအစ စည်းကမ်းရှိရှိနဲ့ တတ်ညီလက်ညီရှိကြဖို့က အရေးကြီးဆုံးပဲလေ.. ဒါတောင် လူပုစိတ်တိုတွေကိုအခြေအနေကြည့်ပြီးရှောင်ရှားရအောင်..မဟုတ်တာလုပ်လာတဲ့သူကို..ဟိုတယ်နာမည်ပျက်အောင်လုပ်လာတဲ့သူကို သူလုပ်ချင်သလိုလုပ်ပါဆိုသလိုမျိုး ဘာမှမပြောရင် ဟိုတယ်တောင်နာမည်ပျက်သေးတယ်..လောကမှာ တဦးတယောက်နဲ့ ဘယ်အရာမှမစွမ်းဆောင်နိုင်ကြဘူး..အဲဒါလေးလဲမှတ်ထားကြပါအုံး..အေး ကိုယ့်မိသားစုအရေးဆိုရင်တော့တမျိုးပေါ့..တတိုင်းပြည်လုံးဆိုရင်တော့ အားလုံးညီညွှတ်နေမှ သူတပါးလာမစော်ကားရဲမှာလေ.. မသိသေးရင်လဲထပ်ပြောလိုက်အုံးမယ်..ဂျပန်သံရုံးကတောင် သူ့လူမျိုးဘက်က မှားတာကို ဟိုတယ်ဘက်ပြန်ပီ အမှုဖွင့်ထားတာကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်အသည်းယားဖို့ကောင်းလဲ..သူတို့သံရုံးကိုယ်တိုင်တောင် မှားနေတဲ့သူကို အကာအကွယ်ပေးနေရဲ့နဲ့..ကိုယ့်နိုင်ငံလာပြီးအစော်ကားလဲခံရတဲ့လူကြတော့ အပြစ်ပြောကြတဲ့ လူတွေများ တော်တော်စိတ်ဓာတ်တွေ ကိုယ်ချင်းစာစိတ်တွေ မကောင်းကြတာပဲ..အော် ဒါမြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းကူညီတာလား..ဒါတောင် အဲဒီဂျပန်ကို အပြစ်ပေးတာ နည်းနေသေးတယ်လို့ထင်တယ်….အားလုံးပဲ ကိုယ်ချင်းစာစိတ် တရားလေးများ မွေးနိုင်ကြပါစေ..
Post a Comment