လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကြီးများလွှတ်တော်တက်နေစဉ်
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ တစ်လလျှင် ကျပ်သုံးထောင်ထက်မပိုသော ရေအခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းတယ်လီဖုန်း အခမဲ့ခေါ်ဆိုခွင့်၊ နိုင်ငံပိုင်လေကြာင်းလိုင်းများတွင် တစ်နှစ်လျှင် ခရီးစဉ်တစ်ခု အသွားအပြန် မိမိအပါအ၀င် သုံးဦးအတွက် အခမဲ့စီးနင်းခွင့်၊ နိုင်ငံပိုင် မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ်တစ်ကြောင်း အထက်တန်းအဆင့်ဖြင့် မိမိအပါအ၀င် ငါးဦးအတွက် အခမဲ့စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းကော်မီတီက ပြောကြားသည်။
ပေါ်ပြူလာဂျာနယ်
လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့် လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့် Reviewed by သစ်ထူးလွင် on 07:41 Rating: 5

21 comments:

မြန်မာပြည်သား said...

လွတ်တော်အတွင်အိပ်ငိုက်ခွင့်၊ အိပ်ပျော်ခွင့်......စသည်အထူခံစားခွင့်များလည်ရရှိပါသည်။

Shwe Zin said...

Take all the benefits but no output.Like Chicken, drinking water with no urine

nut said...

ဘာမှတောင်နိုင်ငံတော် တိုးတက်အောင်မဆောင်ရွက်ရသေးဘူး။ အခွင့်အရေးတွေ တောင်းနေကြပြီ။ ပြည်သူတွေတောင်းတော့ နိုင်ငံရေးသမားတဲ့၊ဆင်းရဲလို့ တောင်းစားတော့ သူတောင်းစားတဲ့ ၊ သူတို့တွေကတော့ ဘာတွေလဲ၊

Nay Win P M said...

မသူတော်လေးပါးစာရင်းဝင်တွေပါ

အမြင်သစ် said...

အဲဒီ ၂၅ ရာခိုင်နှုန်းက လွှတ်တော်ထဲက အဆိုးရွားဆုံးအမှိုက်တွေဘဲ။သူတို့ရှိနေလို့ လွှတ်တော်ထဲ ဟောက်သံပိုကျယ်မယ် ၊ အီးနံ့ပိုနံမယ် ၊ ဒါထက်မပိုပါဘူး။ ယူထားတဲ့အခွင့်အရေးတွေကျတော့... နည်းတာမဟုတ်ဘူး။ အဲဒီအမှိုက်တွေမြန်မြန်ရှင်းဖို့လိုပါတယ်။

su said...

မင်းတို့ ခံစားခွင့်တွေချည်း လုပ်မနေကြနဲ့အုံး၊ ပြည်သူလူထု ခံစားခွင့်လေးလည်း လုပ်အုံးလေကွာ။

tharzaw said...

စားထားတဲ့ဗိုက်ကြီးတွေပူလို့ အိပ်ငိုက်နေလိုက်ကြတာများ ...
အခွင့်အရေးတွေကလည်းများ ...
အခွင့်ထူးခံလူတန်းစားတွေများ ...
အိုး ... များ .. များ .. များမှများ ...

tdi NLD said...

ခံစားခွင့်တွေများလိုက်တာဗျာ... အဲထဲက နည်းနည်းလောက်ပဲ ပြည်သူလူထုကိုမျှဝေပါလား... သူတို့ခံစားခွင့်ရအောင်ပြည်သူက ရေဖိုးဆို ရင်လည်း သုံးသုံးမသုံးသုံး 2000(နှစ်ထောင်)ဆောင်... မီတာခဆိုလည်း ထိန်းသိမ်းခဆိုပြီး 1000 (တစ်ထောင်)မီးရထားဆိုလည်း အထူးတန်းလိုချင်ရင် အစောကြီးထပြီး တန်းစီရင်စီ၊ မစီရင်မှောင်ခိုနဲ့ဝယ်... လေယာဉ်ကတော့ ဘယ်တော့မှမစီးနိုင်လို့ မသိဘူးပေါ့ဗျာ.... တစ်ခါစီလို့သာရေးထားတာပါဗျာ... သူတို့တကယ်တမ်းမှာ FOC free kick ကြီးကန်နေကြတာလူတိုင်းသိပါတယ်....ပြောချင်တာဒါပါပဲ

မီဒီယာ said...

တယ်လည်းတရားကျဘို့ ကောင်းပါလား..တာဝန်ကျ ထမဖြုံး တမတ်သားများ..အခွင့်ထူးတွေခံစားနေရပြီးနဖူးပေါ်မှာ ဟိုဟာ ပေါက်နေတဲ့အမတ်ချီးတွေ..တာဝန်တွေ ကိုပြည်သူပြည်သားတွေအတွက် ကျေပြနေလိုက် ကြဒါလေ..ကြည့်ကြစမ်းပါအုံး...။

မြကြိုးနွယ် said...

အပြိုင်အဆိုင် အခွင့်အရေးယူလိုက်မှ လူဖြစ်ပြီလို့ ထင်နေကြလား မသိပါဘူး ၊ နေရာတိုင်းမှာပဲ လူတိုင်းနီးပါး အကျင့်ပျက်လာတာ

kyaw said...

သေစရာရှိရင် အရင်ဆုံးသေတာ စစ်သားတွေ ထို့အတူ အခွင့်အရေးရစရာ ရှိရင်လည်း အခွင့်အရေးယူတာ ဘာဖြစ်လဲ စစ်သားလို အခွင့်ရေးလိုချင်ရင် စစ်ထဲဝင်ပေါ့........။

အမေစုကို ချစ်တဲ့သား said...

လွတ်တော်မှာခံစားခွင့် မကြောငြာခင် ခံစားပိုင်ခွင့်အပြည့်ယုံကြည်ထားပုံရတယ်
အိပ်ပျော်သူကအိပ်ပျော် ငိုက်နေသူကငိုက် ခံစားပိုင်ခွင့်များသွားတာသိသာလှပါတယ်
လွတ်တော်မှာလဲအဲသလိုခံစားခွင့်တွေ အပြည့်အ၀ရှိနေတော့
ပြည်သူအကြိုးကိုဘယ်လို တင်ပြကြမှာလဲ
ကိုယ့်အကြိုးကြိးပြောနေကြာတာမကောင်းပါဘူး
ပြည်သူတွေခံစားခွင့်တွေပေးကြပါအုံး...

Anonymous said...

HLUTTAW MEMBERS are VIPs (very important person). People are ordinary, not important,not classic,so have to pay taxes,fees and other charges that we said. Don't complain. VIPs (HLUTTAW)

lusoebo said...

စားပြီးနားမလယ်

aaa said...

တက်တက်ကြွကြွနဲ့ လှုပ်ရှားနေတဲ့ မြန်မာ့ တပ်မတော်က လွှတ်တော် အရာရှိတွေပဲနော်... တော်တော်လေးကို ဇိမ်ကြနေကြတယ်ဗျာ...
ဒီလိုပုံစံမျိုးနဲ့ ပြည်သူတွေရဲ့ မသထာရေစာကို စားသောက်နေကြတယ်နော်
ရှက်ဖို့ကောင်းလိုက်တာနော်....

အမေစုကို ချစ်တဲ့သား said...

အပေါ်က kyaw ဆိုတဲ့ကောင် အခုစစ်ဖြစ်နေတာ မင်းအမေလင်တွေနဲ့ ဖြစ်နေတာမဟုတ်ဘူး ကိုယ့်လူမျိုးကိုကိုယ်ပြန်သက်နေတာ
မင်းတို့ခွေးတစ်ကောင်းလောက်အသိဥာဏ်မရှိဘူးလား
ခွေးတစ်ကောင်းက ထမင်းကျွေးတဲ့ သခင်ကိုပြန်မကိုက်ဘူး
မင်းတို့ထမ်းထားတဲ့သေနပ်ဟာ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးကို ကိုယ်ပြန်ပြစ်နေတယ်ဆိုတဲ့အတွေးကို မင်းတို့ခေါင်းထဲကိုထည့်ဖူးသလား
ဘယ်နိုင်ငံ ဘယ်လူမျိုးတွေနဲ့စစ်ဖြစ်နေတယ်ဆိုတာကိုရောတွေးဖူးသလာ
စစ်ထဲဝင်တိုင်း စစ်သားဖြစ်ပြီ ငါလုပ်ချင်တာလုပ်လို့ရတယ် လူသက်လို့ရတယ်ဆိုတဲ့အတွေးနဲ့မင်းစစ်ထဲကိုမ၀င်နဲ့
အရင်းတုန်ကစစ်သားတွေဟာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုကာကွယ်တာ အခုမင်းတို့လက်ထပ်ကြတော့ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ဖျက်နေပြီး ကိုယ့်လူမျိုးကို ကိုယ်ပြန်ပြစ်နေတာကွ မင်းတို့အဲဒါတွေကိုမတွေးမိဘူလား
မင်းတို့ဘယ်တွေးနိုင်မလဲ မင်းတို့အဲသလိုအတွေးမျိုးသာရှိခဲ့လျှင်
မြန်မာနိုင်ငံဟာ အရာအားလုံးအဆင်ပြေချောမွေ့နေမှာ....
မင်းတို့ ညအိပ်ယာဝင်တိုင်းပြန်စဉ်းစားကြည့်ပါ
ငါပြစ်တော့မယ့် သေနပ်ဟာ ဘယ်သူတွေကို ပြစ်မှာလဲဆိုတာကိုသေသေချာချာ စဉ်းစားပြီးမှ အိပ်ပါ...

nationalism said...

they all serve thamself by using power ,not served people .

သက်မောင် said...

ဖော်ပြသော လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်မှာ လျော်ကန် သင့်မြတ်လှပေသည်...
သို့ပေမင့်
ယင်းထက်ပိုသော အခွင့်အရေး၊ အခွင့်အာဏာကို အကြောင်းအမျိုးမျိုးပြသပြီး မယူသင့်ပါကြောင်း....
အခြင့္အေရးကို တ၀ခံစားၿပီၤး
ပြည်သူကို လိမ်ညာမစားသင့်ပါကြောင်း....
ပြည်သူ့ဆန္ဒနှင့်အညီ လွှတ်တော်တွင် ပြောဆိုတင်ပြရမည်ဖြစ်ကြောင်း....
လွှတ်တော်တွင် ပြောသမျှလိုက်ရေး၊ လိုက်မှတ်၊ ပြောသမျှနားထောင်၊ အများလုပ်သလိုလိုက်လုပ်၊ အိပ်ငိုက်၊ သူများပြောတာ ကိုယ်နဲ့မဆိုင်သလို သဘောထားမှုများ ရှောင်ရှားဖို့လိုအပ်ပါကြောင်း...
ပြည်သူ့အတွက် တာဝန်ကျေပွန်ရမည်ဖြစ်ကြောင်း...

kyawkyawoo said...

Your are right.

kyawkyawoo said...

Your are right.

ကိုဘခက် said...

ဒီနေရာမှာသာ အခွင့်ရေးရတဲ့ သတင်းမဟုတ်ဘဲ.. လွတ်တော်က အမတ်တွေက ပြည်သူလူထုအတွက် ဘာတွေ လုပ်ပေးလိုက်ပြီဆိုတာ တတ်လာရင် အခုလို စစ်သားပုံတွေနဲ့ မသုံးဘဲ အရပ်သားပုံတွေပဲ သုံးမယ်ထင်တယ်..( သစ်ထူးလွင် ဆိုဒ်က အဲ့လို ကောင်းသတင်းဆို တင်မှာလဲ မဟုတ်လောက်ပါဘူး..) ... ကိုယ်ကြိုက်တဲ့သူဆို ချဲ့ကားရေးပြီး ကိုယ်မကြိုက်တဲ့သူဆို ပြည်သူတွေ ဆွမ်းကြီးဝိုင်းလောင်းအောင် အောက်ဆီဂျင်လုပ်ပေးတဲ့ သဘောနဲ့ လုပ်နေတဲ့ ခင်များတို့ စိတ်ဓာတ်တွေ ပြင်သင့်နေပြီ.. တပ်မတော်နဲ့ ပြည်သူ .. အစိုးရနဲ့ ပြည်သူ..ရှင်းရှင်းပြောရရင် တတိုင်းပြည်လုံး စည်းလုံးညီညွတ်အောင် ရန်မတိုက်ပေးဖို့ လိုမယ်..မီဒီယာသမားတွေသာ စိတ်ထားမှန်ပြီး အရည်အချင်း ရှိမယ်ဆိုရင် တတိုင်းပြည်လုံး စည်းလုံးညီညွတ်ဖို့အတွက် မီဒီယာသည်သာ အရေးပါဆုံး ဖြစ်နေမှာ.. သတင်းသမားက သတင်းကို သတင်းနဲ့ တူအောင် တင်ရတယ်... ကိုယ်ကြိုက်ကြုက် မကြိုက်ကြိုက်..ဒီလူကောင်းရင် ကောင်းတယ်..မကောင်းရင် မကောင်းဘူး..ပိုသာစရာလည်းမလိုသလို မြှောက်ပင့်စရာလည်း မလိုဘူး..ထိန်ချန်ထားစရာလည်း မလိုဘူး.. သတင်း သမား စိတ်ဓာတ်မမှန်ရင်တော့ ကံကံရဲ့ အကျိုး အတိုင်းပဲ.. သူယုတ်မာတို့ သွားရာ လမ်းအတိုင်းပဲ သွားမှာကိုတော့ မြင်ယောင်မိပါတယ်...:))

Powered by Blogger.