မြောက်လွှတ်ကုန်းရွှာ အုပ်ချုပ်ရေးမှူးဦးသိန်းအောင် အား ပြောင်းလဲပေးရန် ပန်ကြားစာ


ပဲခူးတိုင်း နောက်ခြမ်း ၊ ဇီးကုန်းမြို့ နယ်၊ နွားတဲကုန်အုပ်စု ၊ မြောက်လွှတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းအောင် အား အနားပေးအသစ်ပြောင်းလဲပေးပါရန် နေပြည်တော်မှ လူကြီးမင်းများ အား လေးစားစွာပန်းကြားအပ်ပါသည်။
mm (1)
မြောက်လွှတ်ကုန်းရွှာ အုပ်ချုပ်ရေးမှူးဦးသိန်းအောင် အား ပြောင်းလဲပေးရန် ပန်ကြားစာ မြောက်လွှတ်ကုန်းရွှာ အုပ်ချုပ်ရေးမှူးဦးသိန်းအောင်  အား ပြောင်းလဲပေးရန် ပန်ကြားစာ Reviewed by သစ်ထူးလွင် on 21:36 Rating: 5

1 comment:

ဒီမိုခရေဇီ said...

ကျုပ်တို့ရွာက ဆယ်အိမ်ခေါင်း

သူကြီးခေါ်၍
ဘာသော်မသိ လာခဲ့မိသည်
သူ၏စိတ်မှာ တထင့်ထင့်။

သူကြီးမင်းက
တောင်ကငါးအိမ် မြောက်ငါးအိမ်ကို
ဆယ်အိမ်ခေါင်းလုပ် မင်းအုပ်ချုပ်လေ
အမိန့်ခြွေသော်
နေမထိနိုင်မသာ ပီတိဖြာသည်
ပြန်လာနှစ်သိမ့် တစိမ့်စိမ့်။

အိမ်ပြန်ရောက်သော်
ပွဲတော်ပြင်စေ သူခိုင်းလေလျှင်
ခိုင်းနေမကျ ဟန်မလှ၍
မိန်းမစိတ်မှာ မသင်္ကာ
မသင်္ကာ၍
ဘာများဖြစ်လာ မေးစမ်းပါလည်း
ဘာတစ်ခုမှ မေးမရ။

သူခိုင်းစေရာ
စားနေကျဟင်း မောင်းထမင်းနှင့်
ကြမ်းခင်းပေါ်တွင် အသင့်ပြင်လည်း
သူဝင်မစား မျက်နှာထားနှင့်
စားဖွယ်ဘောဇဉ် စားပွဲတင်စေ
ခိုင်းပြန်လေလျှင်
ခိုင်းမနေမကျ ဟန်မလှ၍
မိန်းမစိတ်မှာ မသင်္ကာ။

သူခိုင်းစေရာ
ကြံဖန်ရှာလျှက် ကျူဖျာကြွက်ဖောက်
တောင်းကိုမှောက်
တောင်းမှောက်ပေါ်တွင် ဆန်ကောတင်
ဆန်ကောပေါ်တွင် ပုဆိုးတင်
ပုဆိုးပေါ်တွင် ပွဲတော်ပြင်။

ပွဲတော်ဘောဇဉ် သူကြိုက်ပြင်လည်း
ဝင်ရောက်မထိုင် မစားနိုင်ဘဲ
ငေးငိုင်တွေဝေ မျက်ရည်ဝေလျက်
သြော် ... အမေ .... အမေ
အမေစိတ်လော အသေစောသည်
ချစ်သောသူ့သား ကံမြောက်စား၍
ကြီးပွားနေဘိ သူမသိဟု
မချိစိတ်ထဲ အံကိုခဲလျက်
ဝမ်းနည်းဝမ်းသာ အကြောင်းရှာ၍
ဟ၀ှာမဟုတ် ဟ၀ှာလုပ်သည်
ကျုပ်တို့ရွာက ဆယ်အိမ်ခေါင်း။ ။

တက္ကသိုလ်မင်းမော်

Powered by Blogger.