အင်န်အယ်လ်ဒီပါတီဝင်ဟောင်းများ အွန်လိုင်းမှ အဖွဲ့ပြန်ဝင်နိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အသင်းဝင်ဟောင်းများဖြစ်ခဲ့ပြီး ပြည်ပ ရောက်နေသူများအတွက် အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရန် အဖွဲ့ချုပ်က ပြန်လည် ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပြည်ပသို့ရောက်ရှိနေသည့် အသင်း ၀င်ဟောင်းများသည် ပြန်လည်မှတ်ပုံ တင်ရန်လိုအပ်သဖြင့် အွန်လိုင်းမှ မှတ်ပုံ တင်နိုင်ရန် ကြိုးပမ်းမည် ဖြစ်သည်။
"အန်တီအပါအ၀င် ပါတီဝင်ဟောင်း အကုန်လုံး မှတ်ပုံပြန်တင်ရပါတယ်" ဟု ၎င်းက ပြောသည်။
ပါတီဝင်ဖြစ်ရန် အခြေခံလိုအပ်ချက် များမှာ ပါတီမှတ်ပုံတင်ဥပဒေနှင့် သက် ဆိုင်သည့် နိုင်ငံသားဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်းစသည့် အချက် များနှင့် ကိုက်ညီပါက မည်သည့် နေရာမှ ဖြစ်စေ အဖွဲ့ချုပ်သို့ ၀င်ရောက်နိုင်ရန် အွန်လိုင်းမှတစ်ဆင့် စီစဉ်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားသည်။
ကျော်ဆုမွန်  (မြန်မာ့တိုင်းမ်)
အင်န်အယ်လ်ဒီပါတီဝင်ဟောင်းများ အွန်လိုင်းမှ အဖွဲ့ပြန်ဝင်နိုင် အင်န်အယ်လ်ဒီပါတီဝင်ဟောင်းများ အွန်လိုင်းမှ အဖွဲ့ပြန်ဝင်နိုင် Reviewed by သစ်ထူးလွင် on 11:21 Rating: 5

1 comment:

naymin said...

ပါတီအသစ်ဝင်ချင်သောသူ(နိုင်ငံခြားမှ)များလည်း အွန်းလိုင်းမှ apply လုပ်နိုင်ရန် စီစဉ်ပေးစေချင်ပါသည်။

Powered by Blogger.