ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပစ္စည်းအချို့အား အကျဉ်းထောင်အတွင်းယူဆောင်ရန် ကြိုးပမ်းမှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၏ တရားစွဲဆိုခြင်းခံထားရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ်ရန် အင်းစိန်မြို့နယ်တရားရုံးမှ ယနေ့ အမိန့်ချမှတ်လိုက်သည်။

‘’ တရားသူကြီးက ဗိုလ်ချုပ်ပုံကို တရားမ၀င်ပစ္စည်းအဖြစ်အကျဉ်းထောင်ထဲမှာ ပြဋ္ဌာန်းမထားဘူးဆိုပြီး ပြည်ထဲရေးရဲ့ စွဲချက်တွေအားလုံးကို ပယ်ဖျက်ပစ်ခဲ့တယ်။ ကျွန်တော့်ကို အမှုကနေတရားသေလွှတ်ခဲ့တယ်။’’ ဟု ဦးနေမျိုးဇင်က YPI သို့ပြောသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဓါတ်ပုံ-www.pwvb.blogspot.com)
၎င်းအား ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်၊ စတေကာနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တွေ့ဆုံသည့်ပုံပါ ဂျာနယ်တစ်စောင်တို့အား အကျဉ်းထောင်တွင်းယူဆောင်ရန် ကြိုးပမ်းမှုအတွက် အကျဉ်းကျရာမှ ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ပင် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂  (အကျဉ်းထောင်အတွင်းသို့ တရားမ၀င်ပစ္စည်း သွင်းယူမှု) အရ  စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမှုရင်ဆိုင်နေချိန်တွင် ၎င်းအားထောက်ခံသူများက ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်များကို ၀တ်ဆင်၍ တရားရုံးအထိ လိုက်ပါခဲ့ကြကြောင်း ၎င်းကပြောသည်။

ဦးနေမျိုးဇင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်သည်။ ၎င်းအား ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းက အီလက်ထရွန်းနစ်ပုဒ်မဖြင့် ထောင်ဒဏ်၁၀ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့ကမှ ပြန်လည် လွတ်မြောက်လာကာ လွတ်မြောက်လာသည့်နေတွင်ပင် ယခုအမှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။      ။
ဖေဖေါ်ဝါရီ ၁ ၊ ၂၀၁၂ (YPI)
ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ် ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ် Reviewed by သစ်ထူးလွင် on 19:25 Rating: 5

8 comments:

Anonymous said...

good . . .

zzmyoe said...

ဝမ်းသာပါတယ်လို့အရင်ဆုံး ပြောချင်ပါတယ်၊အပြစ်မရှိပါဘူး၊အမှုဆင်ထားတာပါ၊

koko said...

ဝမ်းသာပေးတယ် နော် အာလုံးချမ်းမြေ့တာကိုပဲမြင်ချင်တယ် အားလဲ ကျတယ် ။ကျမ ကိုယ်ချင်းစားတယ် ။

sm said...

ကိုနေမျိုးဇင် သာတီပါ ပြန်လွတ်လာလို့ ၀မ်းသာပီတိဖြစ်ပြီ လုပ်ဆောင်ချက်များကိုလေးစားပါသည် ခုေ၇ာနေကောင်းသွားပြီလား

haymann said...

နေကောင်းကျမ်းမာအောင်နေပြီး နိုင်ငံတော်ကို ဖြူစင်သန့်ရှင်းသါွးအောင်လုပ်ဆောင်ကြပါ ပြည်သူတွေကို ကယ်ပေးပါ ။ ကိုနေမျိုးဇင်က ကံကောင်းတယ် ကျမ လဲအမှု ဆင်ခံရတာကို ခုထိနိုင်ငံခြားကနေမပြန်ရဲသေးဘူး ခုလို့အမှုကိုသရေသေလွှတ်တာ ၀မ်းသာပေးတယ် ကျမကို အယင်တောင်ကြီးတိုင်းမှူး ဦးရာပြည့် အမှုဆင်လိုက်တာ အခုသူက စစ်ဥပဒေချုပ် ဦးရာပြည့်တဲ့ရှင် သူအမှုဆင်တာက လူကို နုတ်ပိတ်ပြီးသေစေချင်တာ တကယ်လဲနှစ်ယောက်သေသွားတယ်။တစ်ယောက်က(ကဒေါ်)နောက်တစ်ယောက်က ကျမအမျိုးသားပါ ။ကျမကိုခုမုဆိုးမဘ၀နဲတောင် လိုက်နုတ်ပိတ်ချင်နေသေးတဲ့ ဦးရာပြည့်လိုလူကို ဘယ်လို့မျိုးပြန်တုန့်ပြန့်ရမလဲ ဆိုတာ ကျမ အမေသင်ထားပေးတဲ့ ယဉ်ကျေးမှုကို ချိုးဖောက်မှရမယ် ။သူ့လုပ်ခဲ့သမျှကို သမ္မတကြီးဆီနှင်နိုင်ငံတော်ကို အချက်အလက်နဲထုပ်ဖော်ပေးလိုက်ဖို့ပဲ ရှိတာ ဒိထက်ပိုသိချင်ယင် google မှာဦးရာပြည့်လို့ ထည့်ရိုက်လိုက်ပါ။ အများကြီးသိရမယ်နော်။ ကျမ အသက်၃၇ မှာ ကျမကို မုဆိုးမ ဖြစ်အောင်လုပ်ပြီးခုထိလိုက်လုပ်နေသေးတယ်လို့ပြောပြယင် မယုံနိုင်စရာတစ်ခုပါ ဒါပေမဲ့ တကယ် ခံနေရတယ်ရှင်

မွန်းငယ် said...

‘’ တရားသူကြီးက ဗိုလ်ချုပ်ပုံကို တရားမ၀င်ပစ္စည်းအဖြစ်အကျဉ်းထောင်ထဲမှာ ပြဋ္ဌာန်းမထားဘူးဆိုပြီး ပြည်ထဲရေးရဲ့ စွဲချက်တွေအားလုံးကို ပယ်ဖျက်ပစ်ခဲ့တယ်။ ကျွန်တော့်ကို အမှုကနေတရားသေလွှတ်ခဲ့တယ်။’’ .... :) ...

Anonymous said...

အစကတည်းက ဗိုလ်ချုပ်ပုံပါ အင်္ကျီနဲ့ အမေစုပုံပါသော့ချိတ် အမေစု နဲ့ ဦးသိန်စိန်ပုံပါ ဂျာနယ်တစ်စောင် ဒါလေးဘဲယူဆောင်ရန် ကြိုးစားတာပဲ
ဒါတောင် ပြည်ထဲရေးဖွန်ကြီးဌာန ငရောင်တွေက ဘာတွေကြောင်နေတာလဲ
မတော်လို့ သွာကြားထိုးတံများ ယူဖို့ကြိုးစားမိရင် သေဒဏ်များချလေမလာပဲ
ခေတ်တွေပြောင်းနေပြီဟဲ့ ငနာတွေရဲ့ မသိသေးဘူးလား၊၊၊။။၊၊။။

နေမျိုးဇင် said...

မျိုးချစ်စစ်သားဟောင်းဖြစ်တဲ့ ကိုနေမျိုးဇင် ကိုဆက်သွယ် အကြံပေးချင်ရင် ဝေဖန်စာပေးပို့ချင်ရင် ဖုန်းနံပတ် ၀၉၄၉၃၂၈၅၅၉ Email. nyitoenyein@gmail.com ကို ပေးပို့ဆက်သွယ်နိုင်ပါတယ်။ တိုင်းရင်းသားလူထုအားလုံး ညီညွတ်ငြိမ်းချမ်းတိုးတက်ရေး အတွက် ပြည်ထောင်စုနိုင်ငံသား အားလုံး လက်တွဲပူးပေါင်း ကြိုးပမ်းသွားရေး အတွက် မည့်သည့် အကြံပြုချက်ကို မဆို လေးစားစွာ ကြိုဆိုပါသည်။

Powered by Blogger.