အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏
မန္တလေးတိုင်းဒေသကြီး လူထုစည်းရုံးရေးခရီးစဉ် ကို ဖျက်သိမ်းလိုက်ကြောင်း
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
ဦးမျိုးလွင်က အတည်ပြုပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး လူထုစည်းရုံးရေးခရီးစဉ် ကို ဖျက်သိမ်းလိုက်ကြောင်း
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
ဦးမျိုးလွင်က အတည်ပြုပြောကြားသည်။
အဆိုပါခရီးစဉ်ဖျက်သိမ်းရခြင်းအကြောင်းအရင်းမှာ မန္တလေးမြို့ရှိ
ဗထူးအားကစားပြိုင်ကွင်းနှင့် မန္တလေးတောင်ခြေရှိ
မြင်းပြိုင်ကွင်းတို့တွင်ပြုလုပ်ရန် ကော်မရှင်မှ ခွင့်ပြုချက်
မရသောကြောင့်ဖြစ်သည်။
“ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗထူးကွင်းကို ငှားခိုင်းပါတယ်။
ဗထူးကွင်းမှာ လုပ်ခွင့်မရတော့ မြင်းပြိုင်ကွင်းမှာ ထပ်ကြိုးစားကြည့်တယ်။
အဲဒီမှာလဲမရဘူး နောက်ဆုံးရှမ်းတိုင်းရင်းသားအသင်းကိုတော့ ကော်မရှင်က
ခွင့်ပြုချက်ပေးတယ်။ ကျွန်တော်တို့အဓိကထားတဲ့ ဗထူးကွင်းနဲ့
မြင်းပြိုင်ကွင်း နှစ်ခုကို ချမပေးလို့ လက်မခံတဲ့အနေနဲ့
ဒီခရီးစဉ်ကိုဖျက်သိမ်းတာဖြစ်နိုင်တယ် ” ဟု ဦးမျိုးလွင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးလူထု စည်းရုံးရေးခရီးစဉ်ဖျက်သိမ်းခြင်းမှာ
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
အတည်ပြုပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
အတည်ပြုပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်တွင် လူထု၏အားပေးကြိုဆိုမှုများကြောင့်
မန္တလေးမြို့သူမြို့သား များမှာလဲ ယခုမန္တလေးခရီးစဉ်တွင်
ကိုယ်ပိုင်အစီအစဉ်များဖြင့် ကြိုဆိုရန်ပြင်ဆင်နေကြချိန်တွင် ခရီးစဉ်ဖျက်သိမ်းကြောင်းသတင်းထွက်လာခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့သူမြို့သား များမှာလဲ ယခုမန္တလေးခရီးစဉ်တွင်
ကိုယ်ပိုင်အစီအစဉ်များဖြင့် ကြိုဆိုရန်ပြင်ဆင်နေကြချိန်တွင် ခရီးစဉ်ဖျက်သိမ်းကြောင်းသတင်းထွက်လာခဲ့ခြင်းဖြစ်သည်။
မင်းမင်းလတ်(ရွှေမြစ်မခ)
ကော်မရှင်မှခွင့်ပြုချက်မရရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးခရီးစဉ်ဖျက်သိမ်း
Reviewed by သစ်ထူးလွင်
on
23:01
Rating:
5 comments:
မန္တလေး က ဗိုလ်ချုပ်ကြီး ဂျပု ရဲမြင့် နယ်လေ။ဝံကြီးချုပ် လုပ်နေတယ်။ စအဖ
ဗိုလ်ချုပ်ကြီး လုပ်ခဲ့တာလေ...မောင်ခင်ညွန့် သွားတော့ စအဖ ကို သူ ကိုင်လာ
တာ။ ဒီလူက ခွေးပစ်တဲ့ ဒုတ်လောက် ရှိတဲ့သူ။ လူပုသလောက် စိတ်ထားဆိုးတဲ့
လူ။ စစ်တပ်ထဲက ဗိုလ်ချုပ်တွေ အချင်းချင်းတောင် သူ့ဆို မကြည်လင်ဘူး။ညစ်
ပတ်လွန်းတယ်။ ဒီလိုလူမျိုးကို ဗိုလ်သန်းရွှေက ၀န်ကြီးချုပ် တင်မြှောက်ထားတယ်။ ဒီတစ်ခေါက် ပွဲပျက်တယ်။နောက် တစ်ခေါက် နောက်
တစ်ပွဲပျက်အောင် ထပ်လုပ်မယ်။ ဒီလူ့မှာ ညစ်ပတ်နည်း မျိုးစုံရှိတယ်။ မန္တလေး
သားများ စစ်ဗိုလ်ချုပ်တွေ ရဲ့ ညစ်ပတ်နည်းတွေကို အွန်လိုင်းကနေဖေါ်ထုတ်ကြပါ
ဘာလဲဟ၊ခွေးပစ်တဲ့ဒုတ်....ဘာလဲလူ့အမှိုက်လား
ငါကွဆိုပြီးမိုကောင်းတုန်းစွတ်ရွာမနေကြနဲ့
နင်တို့အလှည့်ကျရင်မိုးကြိုးပါပစ်မယ်
အမေကသဘောထားကြီးလို့ခွင့်လွတ်နိုင်ပေမယ့်
မင်းတို့ကိုနာကျည်းနေတဲ့လူတွေရှိနေတယ်ဆိုတာနားလည်ထား
အလှည့်ကျရင်မနွဲ့စတမ်းဟေ့
ယောင်္ကျားတွေဆိုရင်
အမေစု.............. စည်းရုံးစရာမလိုပါဘူး.... ကျွန်တော်တို့ ရာနှုန်းပြည့် ထောက်ခံပါတယ်.......... မန္တလေးသားတွေရဲ့သွေထဲမှာလည်း အမေစုရဲ့ မူ/ဝါဒတွေ ရှိပါတယ်.... ကျွန်တော်တို့တတွေ အမေ့ဘက်က ရှိပါတယ်။အမေ့ဘက်က ထောက်ခံပါတယ်.....................
အမေ့ကို ရာနှုန်းပြည့် ယုံကြည်ပါ၏ဆိုသောစကားအပြင် အခြားဆိုဖွယ်ရာ မရှိ။။။။။။။။။။။။။။။။။။။။။။ ပုံ ကျွန်ုပ်
တစ်ချိန်မှာ ခိုးဝှက်ထားတဲ့ ပြည်သူ့ဘဏ္ဌာတွေကို ပြန်သိမ်းမယ်။ သတိထားနေကြပေါ့ကွာ။ ။
Post a Comment