တိုင်းတုန်၊ ပြည်တုန် စေတဲ့ နောက်ဆုံးရ ဖျာပုံခရီးစဉ် ဓါတ်ပုံများ

ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ ဧရာဝတိုင်း ဖျာပုံခရီးစဉ်ဟာ သဲကွင်းလို့ ခေါ်တဲ့ လယ်ကွင်းပြင်ကြီးတခုလုံး အနီရောင်လွှမ်းသွားတဲ့ တိုင်းတုန် ၊ ပြည်တုန် ၊ ရင်တုန်စရာမြင်ကွင်းပါ။
ဖျာပုံ ဘော်လုံးကွင်းကို အာဏာပိုင်တွေက ခွင့်မပြုလို့ သဲကွင်းကို လူထုအားနဲ့ ပြင်ဆင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုခဲ့ကြတာပါ။

 ဘောလုံးကွင် ခွင့်ပြုခဲ့ရင်တောင် ယနေ့ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲကို တက်ရောက်လာတဲ့ သောင်းနဲ့ ချီတဲ့ လူထုနေရာမလောက်နိုင်ဘူးလို့  ဖျာပုံမြို့ ခံတဦးက
 Myanmar News Now ကိုပြောပါတယ်။
သတင်း-ဓါတ်ပုံတွေကို ဆက်လက်ကြည့်ရှုကြပါခင်ဗျား။
တိုင်းတုန်၊ ပြည်တုန် စေတဲ့ နောက်ဆုံးရ ဖျာပုံခရီးစဉ် ဓါတ်ပုံများ တိုင်းတုန်၊ ပြည်တုန် စေတဲ့ နောက်ဆုံးရ ဖျာပုံခရီးစဉ် ဓါတ်ပုံများ Reviewed by သစ်ထူးလွင် on 22:40 Rating: 5

15 comments:

kyaw said...

ကလိမ်ကကျစ်အစိုးရက..မတွေ့အောင်လုပ်တာကို...
ကျုပ်တို့က..စိုးရိမ်ပြီးမသွားရင်...
ကျုပ်တို့ဖျာပုံသားတွေက..လူကြောက်တွေလို့သူများတွေက..
ပြောကြမှာပေါ့ဗျာ...
ကောင်းတယ်ဗျာ...
ဘာမှမပြောလိုပါဘူး..လေးစားပါတယ်...

Tri Asian Taste said...

အမေ....အမေ ကတော့ ပြည်သူတွေချစ်တော့ အမြဲတမ်း ပြည်သူတွေက၀ိုင်း ရံနေတာပေါ့။ အမေနဲ့ ပြည်သူတွေကို ကြည့်ရတာ အလွန်မှပီတိဖြစ်မိပါတယ်။ အမေရဲ့ မေတ္တာပြည်သူတွေဆီကပြန်လာတဲ့သဘောပါဘဲ။ တူသောအကျိုးပေးတာပေါ့။
တဖတ်မှာလည်း ခေါင်းမထွက်ရဲတဲ့ လိပ်တွေလိုဖြစ်နေတယ်။ စည်းရုံးရေးလည်မထွက်ရဲဘူး။ ထွက်လို့ အမေလောက် ပြည်သူကမကြိုဆိုဘူးရင် သူတို့.......

bophyu said...

နှစ်ပေါင်းများစွာမွန်းကျပ်နေတဲ့ ပြည်သူတွေ .. လွတ်လပ်မှုကို ငတ်မွတ်နေတဲ့  ပြည်သူတွေအတွက်.. အမေစုက အားဆေး တိုက်ကျွေးလိုက်တာပါ.. တတိုင်းပြည်လုံး ဒီလိုလွတ်လပ်ပြီး တရားမျှတတဲ့  လူ့  အခွင့်ရေးတွေနဲ့ စစ်မှန်တဲ့  တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ထာဝရ ရပ်တည်နိုင်ပါစေ..

မေ said...

အမေစု ခရီးစဉ် တစ်ခု သွားတိုင်း သွားတိုင်း စိတ်ပူနေတယ်..
မေစု ဘေးကင်းစွာနဲ့ ရှိနေနိုင်ပါစေ..
အဝေးရောက်နေသူ တစ်ဦး..

my love said...

ကိုသစ်ထူးလွင်ရေ ဓါတ်ပုံတွေထပ်တင်ပေးလို့ အရမ်းကျေးဇူးတင်တယ်ဗျာ ကျွန်တော်တို့အမေဟာ ပတ္တမြားအစစ်ဆိုတာကို ခေတ်နောက်ဆွဲစစ်အာဏာရှင်တွေ မသေခင် မြင်သွားစေချင်လို့ပါ

Moe Moe said...

ဖျာပုံသူ ဖျာပုံသား အားလုံးကို ကြည့်ပြီး ၀မ်းသာ ကြည်နူး ပီတိဖြစ်ရပါတယ် ကျေးဇူးလဲတင်ပါတယ် အားလုံးကိုလေးစားပါတယ် ဒီလိုစည်းလုံးညီညွှတ်မှု့ ရှိမှ ဒီမိုကေးစီမြန်မြန်ရမှာပါ အားလုံးကျမ္မားပျော်ရွှင်လိုအင် ဆန္ဒပြည့်ဝကြပါစေ။

ရန်နိုင်စိုး said...

ကျတော်..ကြည့်ရင်းကြက်သီးတောင်ထတယ်...ကိုသစ်ထူးလွင်ကိုကျေးဇူးတင်ပါတယ်ဗျာ....ပြောချင်တာကတော့.အမေစုခရီးတွေဆက်တိုက်ထွက်နေတာ...ကျမ်းမာရေး..ကာကွယ်ရေး..အထူးဂရုစိုက်စေချင်ပါတယ်..

Violin Angle said...

ကြည့်ရင်းနဲ့ ကြက်သီးတောင်ထတယ် အမေ့ကိုအားပေးလိုက်ကြတာ အမေရေ ကျန်းမာရေးဂရုစိုက်ပါနော်

ကိုကိုကြီး said...

ကျွန်တော်...ဖျာပုံသားဖြစ်ရတာ...အရမ်းကိုဂုဏ်ယူမိတယ်ဗျာ...။ ဒါပေမဲ့ တချို့ဖျာပုံသားကြံ/ဖွံ့ရေးအသင်းတွေကြောင့်လည်း မျက်နှာငယ်ရ ပါတယ်ဗျာ...။သာစည်ဘုရားကြီးက မဏ္ဍပ်ကိုဘာမမှမဟုတ်ဘဲနဲ့ဗျာ..ဖျက် ခိုင်းတာ...။လှဝင်းဗိုလ်တို့ အရှက်ကွဲမှာကြောက်နေလို့ဗျာ...။ စိတ်မကောင်း ပါဘူး..။လှဝင်းဗိုလ်ဆိုတာကလည်း ဟန်ပြသက်သက်ပါဗျာ..။ ဘာမှကျွန်တော်တို့ ဖျာပုံသားတွေအတွက်ဘာမှ မလုပ်ပေးနိုင်သေးပါဘူး..။ အန်တီစုခရီးစဉ်ကတော့..အရမ်းကိုကြက်သီးမွှေးညှင်းထလောက်အောင် ပျော်ရွှင်..၀မ်းသာမိပါတယ်ဗျာ..။

tharzaw said...

အတိုင်းမသိကျေးဇူးတင်ပါတယ်
ကိုကိုကြီးနှင့်ဖျာပုံသား/သူများအားလုံး။
ကြံဖွတ်ကြောင့်မျက်နှာငယ်ရတာ စိတ်မကောင်းပါဘူး။

puckpuck said...

အရမ်းပျော်ဖို့ကောင်းသလို 1890ကအကြောင်းကိုသတိရမိပါတယ်
အန်တီစုအတွက် လုံခြုံရေးကိုပိုသတိထားသင့်တယ်
ကြံခိုင်ရေးကကောင်တွေက မနိုင်ရင်အကောက်ကြံနိုင်တယ်
နဂိုတည်းက ကြံခိုင်ေ၇းကမကောင်းကြံနေတာ
နိုင်မဲ့အခြေအနေမရှိရင် ဒီပဲယင်းတုန်းကလိုလုပ်မှာကြောက်ရတယ်

ကိုငလင်း said...

ကိုမင်းကိုနိုင်၏စကားအတိုင်း ပြုပြင်ပြောင်းလဲမည့်သူများဘက်က လွန်ဝင်ဆွဲပေကြတဲ့ ဖျာပုံ၊ ပုသိမ်၊ မြောင်းမြ၊ ထားဝယ် အားလုံးကိုလေးစားပါတယ်။ ** ကျွန်တော်တို့အင်အားတွေညီညွတ်ရင် ကမ္ဘာပျက်မယ့်နှစ်(မာယာလူမျိုးတွေရဲ့ပြက္ခဒိန်အရ)မှာနှိင်ငံသစ်တစ်ခုမကဘဲ ကမ္ဘာသစ်တစ်ခုပါ တည်လို့ရမယ်**

ကိုငလင်း said...

ကိုမင်းကိုနိုင်၏စကားအတိုင်း ပြုပြင်ပြောင်းလဲမည့်သူများဘက်က လွန်ဝင်ဆွဲပေကြတဲ့ ဖျာပုံ၊ ပုသိမ်၊ မြောင်းမြ၊ ထားဝယ် အားလုံးကိုလေးစားပါတယ်။ ** ကျွန်တော်တို့အင်အားတွေညီညွတ်ရင် ကမ္ဘာပျက်မယ့်နှစ်(မာယာလူမျိုးတွေရဲ့ပြက္ခဒိန်အရ)မှာနှိင်ငံသစ်တစ်ခုမကဘဲ ကမ္ဘာသစ်တစ်ခုပါ တည်လို့ရမယ်**

Anonymous said...

ဖျာပုံသူ/ဖျာပုံသားတွေ ကျေးဇူးတင်ပါတယ်ဗျာ

အမေစုကို ချစ်တဲ့သား said...

အတိုင်းမသိဝမ်းသာမိတယ် ဖျာပုံသား/သူ အားလုံးကိုကျေးဇူးတင်မိတယ်
ကျွန်တော်တို့ကတော့အဝေးရောက်နေလို့ မြန်မာပြည်မှာသာရှိခဲ့လျှင်
အမေစု သွားတဲ့နေရာတိုင်းကိုအားပေးနေချင်တယ်
ကျွန်တော်တို့ပြည်သူတွေရဲ့ မသိသေးတဲ့နိုင်ငံရေးကိုသိအောင်လုပ်ပေးတဲ့
အမေစုကိုလည်းအထူးကျေးဇူးတင်တယ်
ကျွန်တော်တို့ပြည်သူတွေရဲ့ အားပေးမှုဟာ အမေစုတွက်ဖြစ်သလို
အမေစုရဲ့ ဂရုဏာကလည်း ပြည်သူတွေအားလုံးတွက်ဆိုတာကို ကျွန်တော်ယုံကြည်တယ်

Powered by Blogger.