လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏
ပေးစာများမှာမှန်ကန်ပါသည်။
လျှပ်စစ် (၁)ရှိဌာနအချို.တွင် ၀န်ထမ်းများအနေဖြင့် အချိန်ပိုတစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ်ခန့်ဆင်းရခြင်း၊ ပိတ်ရက်များပါ မိသားစုနှင့်အတူနေထိုင် ချိန်မရခြင်း၊ ပတ်သက်ရာပတ်သက်ကြောင်းဝန်ထမ်းများသာရာထူးတိုး၊ နေရာကောင်းများရနေခြင်းစသည့်တို့ ကြုံတွေ့နေရပါတယ်။ အချိန်ပိုပြီးလျှင် အထက်လူကြီးများက ၄င်းတို့ကားကိုယ်စီဖြင့် အိမ်ပြန်ကြပေမယ့် အောက်ခြေ၀န်ထမ်းတွေကတော့ ဘယ်ကားစီးရမှန်းမသိ၊ ကားသမားကလည်း ညနက်မှပြန်ရသဖြင့် ၀န်ထမ်းများကို ဆူငေါက်၊ ဆောင့်အောင့်၊အဆောင်အထိ လိုက်မပို့၊စိတ်ပျက်စရာပါ။ ဒါတွေအပြင်လက်ထပ် ပြီးဝန်ထမ်းများ အိမ်ခန်းနေရာမရဘဲ ၀န်ကြီး၏ ကားသမား၊ ခြံစောင့်များသာချက်ချင်းအိမ်ခန်းနေရာများချထားပေးခြင်း၊ ၀န်ကြီးနှင့်အတူ သမ၀န်ကြီးဌာနမှ အတူပြောင်းလာသော ၀န်ထမ်းများကို အထူးနေရာပေးခြင်း၊ (ဥပမာ- ဒေါ်အေးအေးအောင်၊ ဦးစီးမှူးအားအမှုထမ်းလိုင်းခန်းတွင် နေရာ မပေးဘဲအရာထမ်းလိုင်းခန်းတွင် နေရာပေးခြင်း)၊ ဗိုလ်ကြီးထွန်းဝဏ္ဏ၊ ဗိုလ်ကြီးဇော်လွင်ခိုင်ကဲ့သို့သောအရာထမ်းများမှာ အခြားဝန်ထမ်းများထက် ရာထူးများဆက်တိုက်တိုးနေခြင်းစသည့်တို့ကိုမမြင်ချင်အဆုံး မြင်တွေ့နေရပါတယ်။ ၀န်ထမ်းများအား ယခင်အင်တာနက်သုံးခွင့်ပေးထားပြီးယခုအခါ အင်တာနက်အသုံးပြုခွင့်များဖြတ်တောက်ထားခြင်း၊ သတင်းများအမှောင်ချထားခြင်းစ သည့်တို့ကို ပြုလုပ်ထားပါသည်။
ဝန်ကြီးမှ
ညွှန်ကြားရေးမှူးအထိရာထူးရရှိထားသူများဟာဝန်ထမ်းများအား
မြေကွက်များချထားပေးစဉ်ကလည်းလုပ်သက် (၁၀) နှစ်ပြည့်မှဟုဆိုသော် လည်းလုပ်သက်မပြည့်မီသေးသော ၄င်းတို့၏ ပတ်သက်ရာပတ်သက်ကြောင်း ၀န်ထမ်းများအား လက်မှတ်ထိုးပြီးမြေကွက်ရအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။ မြေကွက်များလုပ်သက်မပြည့်မီဘဲချပေးတာဟာလွန်စွာရုပ်ဆိုးပြီး၊ မြေကွက်ရရှိတဲ့ ၀န်ထမ်းများဟာလည်း မြေကွက်များကို(ကိုယ်စားလှယ်လွှဲပြီး)ရောင်းစားကြပါတယ်။ ရောင်းစားမှာပေါ့ အိမ်မှမဆောက်နိုင်ဘဲ။အစိုးရက ၀န်ထမ်းများမြေကွက်များကိစ္စ ပြန်လည်စိစစ်လျှင် မြေကွက်ပိုင်တဲ့ ၀န်ထမ်းဟာ ၁၀% လောက်တောင်ရှိဘို့ မလွယ်တော့ပါဘူး။
အထက်လူကြီးကအောက်လူကိုဖိ၊အပေါ်ကိုဖားနဲ့
ဝန်ကြီးဌာနတွေကစိတ်ပျက်
စရာကောင်းနေပါပြီ။ သမ္မတကြီးဦးသိန်းစိန်ထံ(သို့)လွှတ်တော်ဥက္ကဌကြီးထံသို့ ယင်းဌာနများအား ထဲထဲဝင်ဝင်လေ့လာစုံစမ်း၍ထိရောက်စွာပြောင်းလဲပြင်ဆင်ပြုပြင်သင့် ပါကြောင်းအကြံပြုတင်ပြအပ်ပါသည်။ |
လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး
လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာများမှာမှန်ကန်ပါသည် (ပေးစာ)
Reviewed by သစ်ထူးလွင်
on
06:49
Rating:
10 comments:
ကိုယ့်အမည်လေးနဲ့လုပ်သက်၁၅နှစ်နဲချပေးမယ့်
ကိုယ်ပိုင့်မြေကွက်ရမလားစောင့်ခဲ့နေပေမယ့်
လုပ်သက်ခဏလေးနဲ့ နံမည်စာရင်းပေးရောင်းစားတဲ့သူတွေသာ..
အဆင်ပြေသွားကြတယ်..
ရိုးသားစွာစောင့်တဲ့သူတွေက...အဆင်မပြေ
လည်သူစားတဲ့ခေတ်ဖြစ်နေတယ်..
ကိုယ့်အမည်လေးနဲ့လုပ်သက်၁၅နှစ်နဲချပေးမယ့်
ကိုယ်ပိုင့်မြေကွက်ရမလားစောင့်ခဲ့နေပေမယ့်
လုပ်သက်ခဏလေးနဲ့ နံမည်စာရင်းပေးရောင်းစားတဲ့သူတွေသာ..
အဆင်ပြေသွားကြတယ်..
ရိုးသားစွာစောင့်တဲ့သူတွေက...အဆင်မပြေ
လည်သူစားတဲ့ခေတ်ဖြစ်နေတယ်..
အခုပြောတဲ့ လျှပ်စစ်(၁)၀န်ကြီးဌာနက အရာထမ်းတစ်ဦးဆိုတဲ့ လူကြီးရေ ခင်ဗျားရော ကိစ္စတွေအားလုံးနဲ့ ကင်းလွတ်ရဲ့လား။ ကင်းလွတ်ပါတယ်လို့ သစ္စာဆိုရဲလား။ ကိုယ်က မှန်နေရင်တော့ သူများကို ပြောလို့ကောင်းပါတယ်။ အကြံလေးတစ်ခုပေးချင်ပါတယ်။ နောင်ကျရင် အရာထမ်းကြီးက မှန်ကန်ပါတယ်လို့ ဘုရားရှေ့မှာ သစ္စာပြုပြီးမှ ရေးရင်ကောင်းမယ်နော်။ ဥပမာ-သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ရှေ့မှာ အရာထမ်းကြီးသည် သီလလုံခြုံပြီး ၀န်ထမ်းများပြုလုပ်နေသော ကိစ္စတွေအားလုံးနဲ့ကင်းလွတ်သောကြောင့် သူများအကြောင်းကို ရေးရခြင်းဖြစ်ပါတယ်။ ယခုရေးသော စာသားများ မမှန်ကန်ပါက ဘ၀ဆက်တိုင်း မွဲတေစုတ်ပြတ်ငတ်ပြီး သေဆုံးရပါစေသား .. လို့။ ကဲ ဘယ်လိုလဲ။ အဲဒီလိုဆိုရင် ခင်ဗျားရေးတာတွေအားလုံး ယုံလိုက်မယ်။ ဖြူစင်ပါတယ်ဆိုတဲ့ခင်ဗျားကို မျက်စိမှိတ်ပြီး ယုံလိုက်မယ်။ လုပ်လိုက်။
ထောက်ခံပါတယ်ကိုပိုင်စိုးသူ......... သူများအကြောင်းပြောချင်ရင် ကိုယ်အကြောင်းကို အရင်ပြောရတယ် ... ကိုကကော ဘယ်လောက်မှန်လို့လဲ ဆိုတာ အရင်တွေးရမှာ ............. ကိုယ်ကတော့ ဘာမှ အသုံးမကျပဲနဲ့ ကြွက်မနိုင် ကျည်မီးနဲ့ရှိ့ မဲ့ လူမျိုးဖြစ်မဲ့ လူစားမျိုးထင်ပါတယ်......
ကြက်ကြက်ချင်းခွပ်ကြပြီဗျို့ ...ဟဟ
paingsoethu and garfield,,,,
အရိုးလေးအရင်းလေးရတယ်ထင်ပါ့....း)
Inquire should be made. All the state authorities and staffs have been awarded appropriate earning and facilities.
Punishment shall deserve If the complaint is correct. No one shall be above the law.
Inquire should be made. All the state authorities and staffs have been awarded appropriate earning and facilities.
Punishment shall deserve If the complaint is correct. No one shall be above the law.
ကျိန်ရဲတာပေါ့။ ၀န်ထမ်းအားလုံးနီးပါကျိန်ရဲတယ်။ ခင်ဗျားတို့ကလွဲရင်ပေါ့။ အသေးစိတ်ရေးစေချင်လို့လား။ ဒီထက်နာချင်သေးလို့လား။ သနားတယ်။
လူထဲက လူတွေပဲ။ မရရင်တော့ တစ်မျိုး၊ ရရင်တော့တစ်မျိုးပေါ့။ မရတဲ့သူက မရတဲ့သူကို အားပေးတယ်။ ရတဲ့သူက ရတဲ့သူကို အားပေးတယ်။ ငါးပါးသီလလုံခြုံတဲ့သူဆိုတာ လောကကြီးထဲမှာ ရှိပါရဲ့လား။ ကိုယ့်လိုတဲ့အရာ မရရင် အပြစ်ပေါ့ဗျာ။ ရရင်တော့ အသာလေးအုပ်ထားကြမှာပေါ့။ ရမလားလို့တော့ လုပ်ကြမှာပဲ။ မရတော့ ပုတ်ပွလာတာပေါ့။ ဒီလိုပါပဲ။ တရားနဲ့ဖြေပါ။
verysorry ရေ စိတ်မဆိုးပါနဲ့ဗျာ။ ကျိန်ရဲတာများ ကျိန်ကြည့်လိုက်ပေါ့။ အခုခေတ်ကြီးမှာ ချက်ချင်းအကျိုးမပေးပါဘူး..နော။
အရာထမ်းကြီးကလည်းဗျာ ဒီမိုကရေစီရနေပြီပဲ သတ္တိရှိရှိလုပ်လိုက်ပါ။ ကိုယ်လဲ နာမည်တတ် သူများကိုလည်း နာမည်တတ်ပြီးရေးလိုက်ပါ။ ပုဆိုးခြုံထဲက လက်သီးပုန်းပြမနေပါနဲ့။ သတ္တိရှိရင် အားပေးနေမယ်။
Post a Comment