အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
လာမယ့် မတ်လ ၁ ရက်နေ့၁.၃.၂၀၁၂ (ကြာသပတေးနေ့ မှာ
ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး ၊ ကလော နဲ့ အာင်ပန်းမြို့ တွေကို
မဲဆွယ်စည်းရုံးရေးအဖြစ် လေယာဉ်နဲ့ နေ့ ချင်းပြန်ခရီးသွားရောက်မှာ
ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၁၀ နာရီမှာ
အောင်ပန်းမြို့ရှိ၊ ဟိုက်ဒရိုကွင်း၊ နေ့လယ် ၁၂ နာရီမှာတော့
ကလောမြို့က
အဖွဲ့ချုပ်ရုံးနဲ့ ညနေ ၂ နာရီမှာတော့ ဟဲဟိုးမြို့ ကျောက်တိုင်ကွင်းတွေမှာ
ဟောပြောဖို့ ရှိနေပါတယ်။
ဒီခရီးစဉ်အတွင်းမှာပဲ ဆရာကြီး
ဒဂုံတာရာကိုလည်း သွားရောက်
ဂါရပြုကန်တော့ဖို့ ရှိနေပြီး မန္တလေးခရီးစဉ်ကို
ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်း
စည်းရုံးရေး ခရီးစဉ်မှာတော့ မတ်လ ၃ ရက်နေ့မှာ မန္တလေး အောင်ပင်လယ်ကွင်း၊
မတ်လ ၄ ရက်နေ့မှာတော့ စစ်ကိုင်းမြို့ ကမ်းနားလမ်းက
သဲသောင်ပြင်နဲ့ ၎
ရက်နေ့တွေမှာတော့ တံတားဦးမြို့တွေမှာ ဟောပြောသွားမှာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော် တပ်ကုန်မြို့ ခရီးစဉ်တွေကို
သွားရောက်မှာလဲဖြစ်ပါတယ်။
Myanmar News Now
ဒေါ်စု ရှမ်းပြည်တောင်ပိုင်း ဟဲဟိုး ၊ ကလော နဲ့ အာင်ပန်းမြို့ တွေကို ပါတီစည်းရုံးရေးခရီးသွားမည်
Reviewed by
သစ်ထူးလွင်
on
22:34
Rating:
5
2 comments:
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ် တွေကို စီစဉ်နေသူများကို အကြံပေး လိုပါတယ်။ ဒီပဲယင်း မဖြစ်ခင်ကလေးက ဆိုရင် တိုင်းပြည် တစ်ပြည်လုံး အုံကြွတော့မလောက် တက်ကြွခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီ အရှိန်ကို ပြန်ပြီး မသုံးသပ် နိုင်ခဲ့လို့ ဆိုးဆိုးရွားရွားတွေ ဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်ကို လည်း သတိပေး ခဲ့တဲ့ကြားက သတိလေး တစ်ချက် လွတ်သွားတာ ယနေ့ မြန်မာပြည် ကံဆိုးမိုးမှောင်ကြခဲ့ရတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေကို စီစဉ် နေတဲ့ သူတွေ အနေနဲ့ နောက်ဆုံး တတ်နိုင်ရင် နိုင်ငံခြားက ထောက်လှမ်းရေး ၊ သက်တော်စောင့် စတာတွေနဲ့ အန်တီရဲ့ အသက်ကို လုံခြုံဆုံး ဖြစ်အောင် စီစဉ်စေချင်တယ်။
ဒါဟာ ဦးစားပေး လုပ်ရမဲ့ အချက်ဖြစ်တယ်။ ပြည်သူတွေ မဲထည့်မှာဘဲ။ အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်း ၊ သတိရှိပါ လို့ အကြံပြုလိုပါတယ်။
မြန်မာပြည် ငြိမ်းချမ်းစေသော်
Dear Democracy Friends,
Please consider seriously on the above comment from MG KHWE and prepare a strong and systematic protection plan for Mother Su as necessary.
I received a mail from someone capturing a very rude FACEBOOK comment from "BKO AIRDEFENCE" to Mother Su and Myanmar people before. He came from the MAWLU, SAGAING HIGH SCHOOL and currently an officer of REGIME studying at "Academy of Air Space Defence (BKO)" CLASS of 2009 S-125 PECHORA M-2 in Russia. I sent that screen captures to "MYANMAR NEWS NOW" but they did not release since it related to personal.
My point is not personal attack but we do not know how many such brain-washed persons in our county and thus we should prepare for Mother Su's security before too late. Someone is possibly waiting for an unexpected timing. Always alert!
Post a Comment