မြန်မာ့လေကြောင်း (Myanma Airway) ပိုင်
လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန်
မင်္ဂလာဒုံလေဆိပ် လုံခြုံရေးကို ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့မှ စ၍
လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်များကို ဗုံးခွဲ တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်စာကြောင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ
လေကြောင်း ထိန်းသိမ်းရေးဌာန (DCA- Department of Civil Aviation) က မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
“ပြီးခဲ့တဲ့ သောကြာနေ့က MAI လေယာဉ်တွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ရှိတယ်ဆိုပြီး DCA က လေဆိပ်လုံခြုံရေး အဆင့် ၁ တိုးမြင့်ထားတယ်။ သူတို့ဝန်ထမ်းတွေကို လုံခြုံရေး သတိရှိဖို့အတွက် ညွှန်ကြားထားတယ်” ဟု ရန်ကုန်လေဆိပ်မှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။
မွတ်ဆလင် အမျိုးသားတဦးက ဗုံးခွဲတိုက်ခိုက်မည်ဟု သတင်းရရှိထားသဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုကြောင်း ရန်ကုန်ုလေဆိပ်ရှိ MCS (Myanmar Cargo Services) ဂိုဒေါင်များတွင် သတိပေးစာများ ကပ်ထားကြောင်း မျက်မြင် သက်သေများက ပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ယင်းသို့ သတိပေးချက် ထုတ်ပြန်ထားသော်လည်း သာမန် ခရီးသွားလာသူများကမူ ရန်ကုန်လေဆိပ်အတွင်း ထူးခြားလုံခြုံရေး အစီအစဉ်များ မတွေ့ရကြောင်း ပြောသည်။
ရန်ကုန်မင်္ဂလာဒုံလေဆိပ် လုံခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနက်မှ တပ်မတော်(လေ) နှင့် စရဖ (လေ) စသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းမည်ဖြစ်ပြီး
ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ လုံခြုံရေး တပ်ဖွဲ့များနှင့် DCA တို့ကသာ တာဝန်ယူသွားမည် ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ လာရောက် ပြီး DCA ၊ စီအိုင်ဒီ၊ ရဲသတင်းတပ်ဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး စသည့် တာဝန်သူများနှင့် တွေ့ဆုံပြီး
ဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ လုံခြုံရေးတာဝန်များ လွှဲပြောင်းရယူရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ရန်ကုန် (မဇ္ဈိမ) ။ ။

ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား
Reviewed by သစ်ထူးလွင်
on
10:58
Rating:
4 comments:
Myanmar mar A d lo shi kae lo lar...Myanmar Muslim tawe ka yaw A d lo lot buu lo lar....Thinking about it...A mee myae ko Kar kwel dar bae shi par tae....A d lo myol ma lot kya par buu.
ဖခင်၇သေ့ကြီးမှာမကြားလိုပါ...မကြားလိုပါ...လူဖြစ်ခွင့်၇တာလဲမလွယ်ဘူး...သေ၇မဲ့အကြောင်းပါလာ၇င်ေ၇သောက်တာတောင်သေမှာပဲ...အလာလဲမသိဘူးအပြန်လဲမသိဘူး...သေ၇မှာတော့ကြောက်တာဟ...သေနေ့စိ၇င်သေမှာပဲ...သေတတ်အောင်ဘု၇ားကလမ်းပြထားပါတယ်...ကယ်တင်ဒါတော့မဟုတ်ဘူး...ကယ်တင်နည်းတော့ပြထားတယ်ငါတို့ဘု၇ားက...ငါတို့ဗမာလူမျိုးတွေပတ်ပတ်စက်စက်တော့မဖြစ်နိုင်ဘူးထင်တာပဲ...
ဟေ့ဟေ့ ..စရဖ နဲ့ လေ တပ်က ကောင်တွေတော့ ငတ် တော့မယ်..
ဝမ်းသာလိုက်တာ ...အစကတဲက မရှိသင့်တာ ..နေရာတကာမှ အာဏာ
ပါဝါကို သုံးပြီး ဌာနဆိုင်ရာကလူတွေကို အနိုင်ကျင့်ပြီးခေါင်းပုံဖြတ်..ကုမ္မဏီ
ပိုင်ရှင်တွေနဲ့ ပေါင်းပြီး မှောင်ခိုလုပ်စားနေတဲ့ကောင်တွေ..တပ်မတော်..လေ.
စရဖ..လေ.. အဲဒီကောင်တွေက ဂွင်အကြီးကြီးမှ လုပ်တဲ့ကောင်တွေ..
ခရိုနီစီးပွားရေးသမားများနဲ့ ပေါင်းစားလို့ကြိကြိ တက်ချမ်းသာနေပြီ..အဲဒီကောင်တွေကို စစစ က ..BSI ကထပ်စစ်ရင်ပိုကောင်းတယ်..
ကိုသစ်ထူးလွင်ရေး
အမေစုနဲ့ NLD မှ အဖွဲ့သားများကြားအောင် အော်ပေးပါ။
ဒါဟာ သွေးရိုးသားရိုးမှဟုတ်ရဲ့လားလို့ စဉ်စားမိတယ်။ တဦးတယောက် (သို့) အဖွဲ့ တခုခုကို အပြစ်ပုံချမလို့ အခုလိုမျိုး ကြိုတင်ကြံစီနေတာလားမသိဘူး။
အထူးသဖြင့် ..............အမေစု လေယဉ်ဖြင့် ခရီးသွားခြင်းကို ................ ရှောင်ကျဉ်သင့်တယ်။
မလွှဲသာမရှောင်သာအခြေအနေမျိုးမှာဆိုရင်တော့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးမှ သွားသင့်တယ်။ ဥပမာ လေယာဉ်မှူးကို အကဲခတ်တာမျိုးပေါ့။ စိုးရိမ်လို့ပါ။ မဖြစ်နိုင်ဘူးဆိုရင်တော့ အကောင်းဆုံးပေါ့။
Post a Comment