ရဲအာဏာပိုင်များ ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့်အမှုကို မိခင်ဖြစ်သူက နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားထားခဲ့သော်လည်း ယနေ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးပေ။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၇၄) ဧရာလမ်းနေ ဦးမျိုးဇော်ဦးသည် နယ်မြေခံ ရဲဝန်ထမ်းတို့၏ ဖမ်းဆီးရိုက်နှက်စစ်ဆေးရမှုကြော င့် ယခုလ ၇ ရက်နေ့တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ယခုလ ၃ ရက်နေက ဦးမျိုးဇော်ဦး နေအိမ်တွင် ရှိနေစဉ် ရဲတပ်ကြပ် ကျော်ထွန်းသန်း၊ ရဲတပ်သားတဦးနှင့် လမ်းမှူး ဦးစံညွှန့်တို့က အမှတ် (၅) လှိုင်သာသာ ရဲကင်းသို့ ခေါ်ဆောင်သွားပြီး မိသားစုနှင့် တွေ့ခွင့်မရဘဲ ရုံးထုတ်သည့် နေ့ရောက်မှ ရိုက်နှက် ခံထားရသည့်ဒါဏ်ရာများကို တွေ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်ငွေသိမ်းက ပြောသည်။
“ဖမ်းသွားပြီး နောက်တနေ့မှာ စခန်းမှာ သွားတွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးထုတ်မှ တွေ့ရမယ်ဆိုပြီးပြောတယ်၊ (၆) ရက်နေ့ရုံး ထုတ်တော့ တရားရုံးမှာ တွေ့ရတော့ မျက်ခုံးတွေကွဲပြီး မျက်စိလဲ ဖူးယောင်နေတယ်၊ ပါးနှစ်ဖက်စလုံး ရောင်နေတယ်၊ နားထင်တွေကွဲနေတယ်၊ တရားက ရုံးအုပ်ဒေါ်အေးသီက ဆေးရုံချက်ချင်းသွားခိုင်းလို့ သွားပြီး ချုပ်တာ တွေလုပ်ရတာ” ဟု ဆက်ပြောသည်။
ကိုမျိုးဇော်ဦးအား တရားရုံးသို့ ပြန်ခေါ်လာပြီး ညနေပိုင်းတွင် အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်လိုက်ပြီးနောက် (၇) ရက်နေ့တွင် ရပ်ကွက်အာဏာပိုင်များ အကြောင်းကြားမှ သေဆုံးသွားကြောင်း သိရသည်ဟု မိခင်ဖြစ်သူက ပြောသည်။
“မနက် (၉) နာရီလောက်မှာ သူ့သား မျိုးမင်းစိုးကို ရပ်ကွက်ရုံးက ဦးမောင်လတ်က လာခေါ်တယ်၊ ရုံးရောက်တော့ ရဲတပ်ကြပ် ကျော်ထွန်းသန်းက မင်းအဖေ ထောင်ထဲမှာ ဆုံးပြီးလို့ပြောတော့မှ သိရတာ၊ အင်းစိန်ထောင်လိုက်သွားတော့ သေဆုံးကြောင်း အကြောင်းကြားစာကို နေ့လည် ၂ နာရီကျော်လောက်မှရတယ်” ဟု ပြောသည်။
အဆိုပါသေဆုံးကြောင်း ဆေးစာတွင် (၇) ရက်နေ့ နံနက် ၃ နာရီခန့်တွင် သွေးတိုး လေဖြတ်ရောဂါဖြင့် သေဆုံးသွားကြောင်း ရေးသားထားသည်ဟု ဆက်ပြောသည်။
ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ညီဖြစ်သူ ဦးလှမျိုးထွန်းနှင့် ညီမဖြစ်သူတို့က (၁၉၉) သို့ ဖုန်းဆက်တိုင်ကြားခဲ့ပြီး အင်းစိန်ရဲစခန်းတွင် ဆေးစာများ သွားတောင်းယူရာ စခန်းမှူး ဦးအောင်မိုးက တရားရုံးရောက်မှ တောင်းယူရန် ပြောဆိုခဲ့သည်။
“စခန်းမှူးက အခုဖြစ်တဲ့ လှိုင်သာယာရဲစခန်းက နယ်ထိန်း စောနိုင်ဦးဆိုတာ သူ့သူငယ်ချင်းဘဲ၊ စခန်းက တာဝန်ရှိသူတွေက မှားခဲ့ပေမဲ့ မောင်နှမလို သဘောထားပြီး လျော့လျော့ပေါ့ပေါ့လုပ်ကြပါဆြို ပီး ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။ဦးဇော်မျိုးဦး သေဆုံးရခြင်းနှင့်ပတ်သက်၍ မိခင်ဖြစ်သူ ယခုလုပ်ရပ်သည် ရဲလုပ်ပိုင်ခွင့်ထက်ကျော်လွန် သည့် ပြုမူမှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခွင့်အရေးချိုးဖောက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်းတို့ကို ရေးသားဖော်ပြ၍ နိုင်ငံတော်သမ္မတ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ပြည်ထဲရေးဌာအပါအဝင် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ ယခုလ ၁၄ ရက်နေ့တွင် ပူးတွဲပေးပို့ တိုင်ကြားထားသည်။
ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့် အမှုကို မိခင်ဖြစ်သူက သမ္မတထံ တိုင်ကြား
Reviewed by သစ်ထူးလွင်
on
03:31
Rating:
16 comments:
ရဲလက်ထဲအာဏါရောက်ရင်တိုင်ပြည်ပျက်ဖို့နီးလာတဲ့သဘောပဲ
ကိုယ်ချင်းမစာတဲ့ကောင်တွေ....လူတွေကို ...ဒီကောင်တွေ လို တိရစ္ဆာန်တွေများမှတ်နေလားမသိဘူး....
ဟ...ဘယ်လိုတုန်း...ဒါတွေက????
ဟမ်း...ပြောင်းလဲနေပါပီဆို???
ကြုတ်ကျက်လဲလိကျပါဦး....clean government ရေ.....
တရားရုံးက စီရင်ချက်မချသေးရင် တကယ်လူသတ်တောင်မှ တရားခံလိုဆက်ဆံလို့မရဘူးဆိုတာ ရဲအရာရှိများသိမှာပါ။ (မသိဘူးဆိုရင်တော့လုံးလုံးသုံးမရတော့ဘူး)။ အဲဒီတော့ တရားဥပဒေစိုးမိုးရေးအတွက်ကြိုးစားနေတဲ့ အခုလိုကာလမှာ အဲဒီရဲဠာနကို ခေါင်းစဉ်တပ်ပြီးတရားစွဲပါ။
ဘာအမှုနဲ့အဖမ်းခံရတာလဲ။
ရဲတွေရဲ့ လုပ်ပိုင်ခွင့်တွေကို သေသေချာချာပြဌာန်းသင့်ပါတယ်။
ရဲဆိုတာ.ရကောက်နောက်ပြစ်ရဲ.
မတရားတောင်းရတဲ့ငိုစားရီစားပိုက်ဆံတွေကိုကောက်.
ပီးရင်..နောက်ကငိုစားရီစားအကြီးစားတွေပြစ်ပေးရတယ်.
ဒါမှငိုစားရီစားနေရာလေးမြဲမှာ..အဲ့ဒါကြောင့်
ရကောက်နောက်ပြစ်.ရဲ.လိုခေါ်တာ.
ဘာအမှုကြောင့်များ ဒီလောက်အထိ ရက်စက်ရတာလည်းဗျာ။
ဘာအမှုမို့လို့ အဲလောက်ဖြစ်သွားရတာလဲ ဘာအတွက်ကြောင့်ဖြစ်ရတာလဲ သိချင်မိတယ် ဒါပေမယ့် ဘာအမှုကြောင့်ဖြစ်ဖြစ် ဒီလောက်ထိတော့ မဖြစ်သင့်ပါဘူး သေသေချာချာလေးလည်း ကြည့်လုပ်ပေးကြပါဦးဗျာ အားလုံးဟာ လူသားတွေပါ တိရိစ္ဆန်တွေ မဟုတ်ကြပါဘူး
The Clean Government falling asleep????
အထက်က ပြောတာတွေ ဟုတ်တယ် ထောက်ခံတယ်..
ရဲဆိုတဲ့သမိုင်းကြောင်းကိုပြန်လေလလာကြည့်ကြပါလား ဘယ်လိုသမိုင်းကြောင်းကနေဆင်းသက်လာသလဲဆိုတော့ပြည်သူကိုနှိပ်စက်ညင်းပန်းပြီးအမျိုးမျိုးဒုက္ခတွေပေးခဲ့တဲ့နယ်ချဲ့စစ်ပုလိပ်ကနေဆင်းသက်လာတာဆိုတော့ဘယ်လာကောင်းတော့မှာလဲဗျာ.......မြန်မာစကားတခုရှိတယ်လေမျိုါ်စေ့မမှန်ပင်မသန်တဲ့
when n where ? GOOD GOVERNMENT N CLEAN GOVERNMENT ....................
တော်တော်မိုက်ရိုင်းတဲ့ ကောင်တွေဗျာ...ဒီအတိုင်းကြည့်မနေကြပါနဲ့
အော်ရဲတွေ အားရင်လူကိုရိုက်မယ်
ရိုက်စရာမရှိရင် မာဆတ်သွားပြီးအချိန်ကုန်နေတာ
ဘယ်မာဆတ်ကြည့်ကြည့် ရဲတွေနဲ့ပဲပြည့်နေတာ
ကျွန်တော် စင်္ကာပူနေတုန်းက အဲ့ဒီမှာနှစ်သစ်ပျော်ရင်းလမ်းမမှတ်မိလို့ ရဲကိုသွားမေတာ အရမ်းယဉ်ကျေးတယ် မေးတဲ့အချိန်ကည ၂နာရီကျော်နေပြီ၊ သူတို့က တရုတ်စကားပဲတတ်ပေမဲ့ သူတို့သိသလောက် တတ်သလောက် အင်္ဂလိပ်လိုလမ်းညွှန်ကြတယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရဲတွေလို မရိုင်းဘူး၊ မြန်မာပြည်မှာလဲကြုံဖူးပါတယ် မီးမလာတဲ့လျှပ်စစ်မီးတိုင်အောက်သွားထိုင်ရင်း အဖမ်းခံကြရတဲ့သူတွေထုနဲ့ဒေးပါ၊ တတ်တဲ့ပုဒ်မကဘာတဲ့ မှောင်ရိပ်ခိုမှုတဲ့လေ
ကျွန်တော့်သူငယ်ချင်းတစ်ယောက်လဲခံစားဖူးတယ် အင်မတန်ယုတ်မာတဲ့ ရဲတွေပါ..
ဖြစ်ပုံကဒီလို ... နှစ်တစ်နှစ်မှာပေါ့ ကြာတော့ကြာခဲ့ပါပြီ ကျွန်တော်တို့ငယ်တုန်းကလို့ပြောလို့ရတယ်... ကျွန်တော့သူငယ်ချင်းက ၁၀ တန်းကိုသင်ပေးတဲ့ဆရာတစ်ယောက်ပါ စာသင်တာဆိုတော့ ကလေးတွေက ဆရာလို့ခေါ်တာပေါ့၊ အဲ့ကလေးတွေဆိုင်ကယ်ခိုးတဲ့အမှုဖြစ်တယ်လေ၊ အဲ့ဒါဆရာလို့အခေါ်ခံရတဲ့ ကျွန်တော့်သူငယ်ချင်းက ဂိုဏ်ခေါင်းဆောင်တဲ့နောက်ပြီး၊ ဘာလုပ်တယ်ထင်လဲ ကလေးတွေရဲ့မိဘတွေက ပိုက်ဆံတတ်နိုင်တာရယ် အဲ့ဒီနယ်ထိန်းရဲ့အမျိုးတော်နေတာရယ်ကြောင့် ကျွန်တော့သူငယ်ချင်းကိုအောက်ပါအကြောင်းအရာတွေမေးပြီး အဲ့ဒါတွေမှန်တယ်ဆိုရင်လက်မှတ်ထိုးပါ ဆိုလို့ ကျွန်တော့သူငယ်ချင်းကလဲ လက်မှတ်ထိုးပေးလိုက်တယ်
၁. သူကခင်ဗျားတပည့်လား
၂. ခင်ဗျားကသူ့ဆရာလား ဒါပဲမေးပြီး စာရွက်လွတ် ၅ ရွက်မှာလက်မှတ်ထိုးခိုင်းတယ် ကျွန်တော့သူငယ်ချင်းကလဲ တစ်ခါမှမကြုံဖူးတာရယ်၊ အဲ့ဒီရဲဆိုတဲ့ကောင်တွေကိုလူကောင်းတွေလို့ထင်မိတာရယ်ကြောင့် လက်မှတ်ထိုးပေးလိုက်တယ်၊ အဲ့နေ့ကနေစ ၂ လကျော်လောက်အချုပ်ခံရတယ်လေ။
ဆရာတစ်ယောက်အနေနဲ့ ခံရတာကိုကြည့်ဦး၊ နောက်ပြီး အာမခံနဲ့တရားရင်ဆိုင်ဖို့ပြင်ဆင်တော့လည်း တရားသူကြီးကို ၂၀၀၀၀၀ိ/- ပေးရတယ် ခယက ဥက္ကဌကိုလည်း ဒီဇယ် ၄ ပေပါပေးရတယ် နောက်ဆုံးတော့ တရားသူကြီးကို ငွေ ၃ သိန်းပေးမှပြန်လွှတ်ပေးတယ်။ အဲ့ဒီမှုကိုကိုင်တဲ့ ဥပဒေအရာရှိက ဒီအမှုဟာလုပ်ကြံထားတဲ့အမှုဆိုတာသိလို့ ကျွန်တော့သူငယ်ချင်းဖက်ကနေ ပြန်လိုက်ပေးရတယ်လေ ကြားကောင်းရဲ့လားဗျာ ..... ကျွန်တော့်သူငယ်ချင်းလဲ ဘ၀တွေပျက်တော့တာပါပဲ သူတကယ်ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်ကိုဆက်မလုပ်ဖြစ်တော့ဘူးလေ...ဒီဖြစ်စဉ်ကိုခုအားလုံးနားလည်လာတဲ့အခါမှာ လူတစ်ယောက်ဘ၀ပျက်လောက်အောင် ဖန်တီးခဲ့ကြတဲ့ ရဲတွေကို ခုတော့ သူငယ်ချင်းကိုယ်စား စိတ်နာနေမိတယ် ခုတော့သူငယ်ချင်းက အမေရိကားမှာ ဆေးကျောင်းဆက်တက်နေပါပြီ.... စဉ်းစားကြပါသူငယ်ချင်းများ....
Post a Comment