ကန္တာရပန်းဆိုသည့်အတိုင်း မိုးခေါင်ခြောက်သွေ့ဒေသကပန်းခင်းကလေးဖြစ်ရာ
အခက်အခဲ မြောက်မြားစွာတို့ကို ရင်ဆိုင်ပြီးမှ ဖူးပွင့်လာကြရသည့် တောပန်းကလေးများဖြစ်ကြသည်။ယင်းမှာ
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေစကြိုမြို့နယ် ကုက္ကိုစုရွာက အထက်တန်းကျောင်းခွဲမှ ကျောင်းသား
/ကျောင်းသူကလေးများဖြစ်ကြပေသည်။သူတို့လေးတွေကို လှပစွာဖူးပွင့်နိုင်စေဖို့ တတ်အားသမျှ
မြေဆွ၊
ရေလောင်းကူညီပေးနေသည့် ဥယျာဉ်မှူး တစ်ဦးကတော့ ဦးစံလင်းဖောင်ဒေးရှင်းပင်ဖြစ်သည်။
ယင်းဖောင်ဒေးရှင်းကို ၂၀၀၅ခု ဇန္န၀ါရီလကမှ
စတင်ထူထောင်ထားခဲ့သည်။ ထိုရွာဒေသက ပညာရေးအတွက် ဘ၀နှင့်ချီပြီးအနစ်နာခံပေးသွားခဲ့သည့်ဆရာကြီး
ဦးစံလင်းကိုအမှတ်တရ ဂုဏ်ပြုသောအားဖြင့် စာရေးသူကိုယ်တိုင်ဦးဆောင်ကာ ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ကျန်ရစ်သူမိသားစုနှင့်
တပည့်အချို့၏ စေတနာဖြင့် တတ်နိုင်သမျှစုစပ်ပြီးစခဲ့ခြင်းဖြစ်ရာ ပုံအောပြီးငွေထည့် ပေးသည့်
ပုဂ္ဂိုလ်လည်းမရကြသေးပါ။ထူထောင်စက ကျပ်ငွေ ၂၅၇၀၀၀မျှ ဖြင့်မတည်ခဲ့ခြင်းဖြစ်သည်။
ရည်ရွယ်ချက်များ။ ။ဦးစံလင်းဖောင်ဒေးရှင်းကိုအောက်ပါရည်ရွယ်ချက်များဖြင့်
ထူထောင် ခဲ့ကြခြင်း ဖြစ်ပါသည်။ယင်းတို့မှာ-
၁။ ဦးစံလင်းကို နှောင်းလူများသတိရ အတုယူစေသောငှါ ဂုဏ်ပြုသောအားဖြင့်၎င်း။
၂။ဦးစံလင်းကျောင်းနေရာမှာဆက်လက်တည်ရှိနေသည့် ကုက္ကိုစု အထက မှကျောင်းသား
ကျောင်းသူများကို နှစ်စဉ် ပညာရည်ချွန်ဆုပေးခြင်း၊ ပညာသင်ထောက်ပံ့ပေးခြင်းများ ပြုနိုင်ရန်။
၃။ ကျောင်းစာကြည့်တိုက်တစ်ခု ပေါ်ပေါက်လာစေရန်။
၎။ ကျောင်းဆရာ၊ဆရာမများ၏ လူမှုရေးဆိုင်ရာ အကူအညီလိုအပ်ချက်များကို
တတ်စွမ်း သမျှ ပေးရန်။
၁၂.၁.၂၀၀၅နေ့တွင် ပထမအကြိမ်ပညာရည်ချွန်ဆုပေးပွဲကို
ကျင်းပပေးခဲ့သည်။ရရှိရန်ပုံငွေမှ ကျပ်၁၈၀၀၀/မျှကိုသာ သူငယ်တန်းမှ ဆယ်တန်းအထိအတန်းစဉ်
ပထမ ဆုများကိုခွဲဝေ ဆုချပေး
ခဲ့နိုင်သည်။ယင်းနောက်ပူးတွဲပါဇယားအတိုင်း နှစ်စဉ်ဆက်တိုက် ပညာရည်ချွန်ဆုပေးလာခဲ့ကြရာတွင်
ရန်ပုံငွေများလည်းတိုးပွားလာသလိုပေးနိုင်သည့်ဆုငွေများလည်း အထိုက်အလျှောက်များ လာခဲ့ပါသည်။
ကလေးများလည်း ကြိုးစားမှုပိုလာခဲ့ကြရာ ၂၀၀၉-၁၀ခုပညာရေးနှစ်တွင် ဆယ်တန်းစာမေးပွဲတွင်
ထိုကျောင်းမှ ၄ဘာသာဂုဏ်ထူးရှင်တစ်ယောက်(မောင်တိုးအောင်)နှင့်တစ်ဘာသာဂုဏ်ထူးရှင်
၆ ယောက် တို့ထွက်ပေါ်လာခဲ့ သည်။ ယင်းတို့ကိုခမ်းနားစွာဆုပေးနိုင်ခဲ့သလို လေးဘာသာဂုဏ်ထူးရှင်ကလေး၏
ပညာဆက်လက်သင်နိုင် ရေးအတွက်လည်း အလှူရှင်ရှာပေးပြီး တတ်အားသမျှကူညီပေးနိုင်ခဲ့သည်။
မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင်တက်ရောက်နေသော
မောင်တိုးအောင်အားလစဉ် ကျပ်သုံးသောင်း၊ မန္တလေးဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တွင်တက်နေသောမနီလာသင်းကို
လစဉ် အဆောင်ခ ကျပ်၁၅၀၀၀ တို့ကိုထောက်ပံ့ကူညီပေးနိုင်ခဲ့သည်။ ယခုနှစ်(၂၀၁၁-၁၂)ခုပညာသင်နှစ်
တွင်လည်း (၁၁.၂.၂၀၁၂)နေ့ကအဋ္ဌမအကြိမ်မြောက်ဆုပေးပွဲကို
ကျင်းပပေးနိုင်ခဲ့ပြီဖြစ်သည်။ ယင်းတွင်ဆုပေးငွေကျပ်ငွေ၁သိန်းခွဲနှင့်ပညာသင်ထောက်ပံ့ငွေကျပ်၅၉၀၀၀၀(ငါးသိန်းကိုးသောင်း)ထိတိုးချဲ့ပေးနိုင်ခဲ့ကာပဒေသာပင်
လက်ကျန်ငွေသည်ပင် ကျပ်ငွေ ၁၉သိန်းကျော်ဖြစ်လာ ခဲ့ပြီဖြစ်သည်။
ပဒေသာပင်ကိုလည်း မိမိအပါအ၀င် ထိုရွာမှကျောင်းအုပ် ဆရာမနှင့်ဆရာများ၊ ရွာခံတပည့် ဟောင်းကြီးများပါဝင်သော
ကော်မတီဖြင့်ဖွဲ့စည်းထိန်းသိမ်း ထားကြခြင်းဖြစ်သည်။
ဦးစံလင်းကဲ့သို့ တောကျောင်းဆရာတစ်ဦးက
၁၉၆၃-၄ခုခန့်က ရွှေတစ်ဆယ်သားဖိုးခန့်တန်မည့် ကျောင်းဆောင်တစ်လုံးကို သူ့မိသားစုပိုင်ငွေဖြင့်မတည်ဆောက်လုပ်ပြီး
သူ့ရွှာနှင့်ပါတ်ဝန်းကျင်မှ ထန်းသမား၊ တောင်သူတို့၏ သားသမီးများကို ပညာရည်မြင့်မားစေရေး၊သူ့ရွာသူ့ဒေသ၏အနာဂါတ်ကို
ပညာတတ်က လေးများဖြင့် စိုးမိုးနိုင်စေရေးကို ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ယနေ့ မိမိတို့ခေတ်တွင်
သူလိုကျောင်းဆရာက မဆိုထားနှင့်ထိုအရပ်မှမည်သည့်ပုဂ္ဂလိက အလှူရှင်ကမှ မလုပ်နိုင်ကြသေးပါ။
အနည်းငယ်သောငွေကလေးဖြင့်စတင်ခဲ့ရသည့် သည်ဖောင်ဒေးရှင်းငွေပဒေသာပင်ကလေးသည်ပင် ရွှေတစ်ဆယ်သားကာလတန်ဖိုးနှင့်
ညီမျှသည့်ငွေပမာဏ(ကျပ်သိန်း
၇၀ကျော်)ထိ မစုမိနိုင်သေးသည်ကို တွေးကာ ကိုယ့်ဖာသာ အားမရဖြစ်နေမိပါသည်။ (ဆရာဦးစံလင်းအကြောင်းကို
သီးသန့် ရေးထားပြီးဖြစ်ပါသည်။)
ဦးစံလင်းပျိုးခဲ့သည့်သည်ဥယျာဉ်ကလေးထဲမှ
ပန်းပင်ကလေးများသည် ကန္တာရထဲက ပန်းကလေး များသာပါ။
ဝိုင်းကူလို့ ရေလောင်းပေးလှဲ့ကြပါဦးလို့ ဖောင်ဒေးရှင်းတာဝန်ခံ
တစ်ယောက် အနေနှင့်မေတ္တာရပ်ခံ ပန်ကြားလိုက်ရပါကြောင်း။ ။
ဦးစံလင်းဖောင်ဒေးရှင်း ပြုလုပ်ထားရာ ရေစကြိုမြို့နယ် ကုက္ကိုစုရွာ အထက(ခွဲ)ကျောင်မြင်ကွင်း |
၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ဆုရခဲ့ကြသည့် ကျောင်းသားကျောင်းသူများနှင့် ကျောင်းအုပ်ဆရမကြီး |
ဦးစံလင်းဖောင်ဒေးရှင်း၏
လုပ်ငန်းကော်မတီဝင်များ
(2011-12 )
စဉ် အမည် အလုပ်အကိုင် ကော်မတီတာဝန် နေရပ်၊ဖုန်းနံပါတ်
၁။ ဒေါက်တာကျော်ငွေ မေတ္တာမွန်ဆေးတိုက် ဥက္ကဌ စိတ္တသုခရပ်၊ရေစကြို
ဖုန်း-၀၉၆၅၇၀၉၅၇
၂။ ဒေါ်ကြည် ကျောင်းအုပ်ဆရာမကြီး ဒုဥက္ကဌ ကုက္တိုစုရွာ၊ရေစကြို။
၃။ ဦးခင်မောင်မြင့် အ လ ပြ ကျောင်းဆရာ အတွင်းရေးမှူး ကုက္တိုစုရွာ။
၎။ ဦးအောင်ငွေ အထပြ ကျောင်းဆရာ တွဲ/တွင်းရေးမှူး
။
၅။ ဦးနေမျိုးအောင် အထပြ ကျောင်းဆရာ ငွေထိန်း ။
၆။ ဦးသန်းဇော် AGTI (Ep) အဖွဲ့ဝင် မန္တလေးမြို့
ဖုန်း=၀၉၂၀၅၃၃၅၆
၇။ ဒေါ်အေးကြည် ဈေးသည် အဖွဲ့ဝင် ကုက္တိုစုရွာ။
၈။ ဦးသိန်းအောင် သနပ်ခါးတောင်သူ အဖွဲ့ဝင် ။
၉။ ဦးအောင်ချမ်း ကျန်းမာရေးလုပ်သား အဖွဲ့ဝင် ။
မှတ်ချက်။ ။လက်ရှိငွေလက်ကျန်များ ကို ဒေါက်တာကျော်ငွေကပင်
တာဝန်ခံပြီး ထိန်းသိမ်းထားပါသည်။ ရပ်ဝေးမှ စေတနာရှင်များထံမှ အလှူငွေများပေးပို့လိုပါက
အောက်ပါ ဘဏ်အကောင့်ဖြင့် လွှဲပို့နိုင်ပါကြောင်း အသိပေးအစီရင်ခံအပ်ပါသည်။
1. DR. KYAW NGWE NRC.= 8/YASAKA(N)006559
2. DR. Kyaw Ngwe =KBZ BANK PKU (Account
No.- 0101210032716(-)
လေးစားစွာဖြင့်…..
ဒေါက်တာကျော်ငွေ (ငွေရည်ဆန်း-ရေစကြို)
ဦးစံလင်းဖောင်ဒေးရှင်းတာဝန်ခံ။ဖုန်း-၀၆၂၃၀၁၂၇။
၀၉ ၆၅၇၀၉၅၇
Myanmar News Now
ဖြည်းဖြည်းခြင်း ဖူးပွင့်လာသည့် ကန္တာရပန်းခင်းကလေး
Reviewed by သစ်ထူးလွင်
on
21:41
Rating:
2 comments:
ဦးစံလင်းဖောင်ဒေးရှင်ကို အလွန်ပင်အားရကျေနပ်ဝမ်းမြောက်
ဝမ်းသာမိပါတယ်ခင်ဗျာတတ်အားသလောက်ကူညီဖေးမပေးချင်
ပါတယ်အဝေးရောက်မြန်မာပြည်သူတွေအနေနဲ့ ကူညီပန့် ပိုးမှု့ 
များပေးနိုင်အောင်လိပ်စာအပြည့် အစုံ နှင့် ဘဏ်အကောင့် များ
ကိုပြန်လည်ဖော်ပြပေးစေလိုပါတယ်။
ဖောင်ဒေးရှင်းရဲ့ ဖွဲ့ စည်းပုံကိုလည်းသိချင်ပါတယ်အသေးစိတ်
ဖော်ပြပေးနိုင်ရင်ပြန်လည်ဖော်ပြပေးစေလိုပါတယ်။
(တမာတန်းနဲ့ ရေစကြို ကိုလွမ်းမိပါတယ်)
ကျေးဇူးအထူးတင်ပါတယ်ဆရာ။နောင်တချိန်မှာရေစကြိုမြို့နယ်သာမကကျောင်းသားကျောင်းသူအားလုံးရဲ့အားထားရာတခုအထိဖြစ်လာဖို့ကျွန်တော်တို့ကိုယ်တိုင်
ကြိုးစားသွားပါရစေ။
မောင်တိုးအောင်၊ကျန်းမာရေး
Post a Comment