အင်္ဂပူမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရံပုံငွေဈေးရောင်းပွဲ နှင့် ဆိုင်းဘုတ်ဖွင့်ပွဲ

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် နေ့ မှာ ဧရာဝတီတိုင်း ဟင်္သာတခရိုင် အင်္ဂပူမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရံပုံငွေဈေးရောင်းပွဲ ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ နံနက်(၇)နာရီကနေ(၁၁)နာရီအထိ ကံကော်လမ်း ဦးကိုကိုမြင့် နေအိမ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို ဦးကိုကိုမြင့် (တိုင်းစည်းရုံးရေးအဖွဲ့ဝင် ၊ တိုင်းအောင်နိုင်ရေးဟောပြောရေးတာဝန်ခံ ၊ ဧရာဝတီတိုင်း ) ဦးလှိုင်မြင့်ထွန်း (တိုင်းစည်းရုံးရေးအဖွဲ့ဝင်၊ ခရိုင်အောင်နိုင်ရေးတာဝန်ခံ ၊ ဟင်္သာတခရိုင် ၊ ဧရာဝတီတိုင်း) အင်္ဂပူဒေသ ၊ ထူးကြီးဒေသ ၊ မဲဇလီကုန်းဒေသ ၊ ကွင်းကောက်ဒေသ ၊ ညောင်ကျိုးဒေသမှ ပါတီတာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ပြည်သူ 500ခန့်တက်ရောက်ခဲ့ပါတယ်။ အင်္ဂပူမြို့မှ သံဃာတော်များ ကြွရောက်ခဲ့ကြပြီး မေတ္တာပို့ ၊ ပရိတ်တရားများချီးမြှင့်ခဲ့ပါတယ်။  အခမ်းအနားမှာအဆို အက ဟောပြောပွဲများပါဝင်ခဲ့ပါတယ်...အိုးစည်ဝိုင်းများ ဦးရွှေရိုးအက များပါဝင်ခဲ့ပြီး အောင်အောင်မြင်မြင်ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း-ဓါတ်ပုံ Myanmar News Now








အင်္ဂပူမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရံပုံငွေဈေးရောင်းပွဲ နှင့် ဆိုင်းဘုတ်ဖွင့်ပွဲ အင်္ဂပူမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရံပုံငွေဈေးရောင်းပွဲ နှင့် ဆိုင်းဘုတ်ဖွင့်ပွဲ Reviewed by သစ်ထူးလွင် on 01:50 Rating: 5

2 comments:

aung2 said...

Good!

We are trying to best!!

aung2 said...

Good!!

We are trying to best!!!

Powered by Blogger.