မြန်မာနိုင်ငံ
ပြန်ကြားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း၏မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်ကာ မူရင်းအတိုင်း ပြည်သူများကို
တင်ပြခွင့်မရကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းရှိ
သတင်းအယ်ဒီတာတစ်ဦးက ပြောကြားသည်။
ဖေဖောဝါရီလ
၂၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သည့်
ပြည်ထောင်စုသမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့်
အထူးကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မရှင်နှင့် အရပ်ဖက်လူများ
တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတင်းထောက်များနှင့်
တွေ့ဆုံရာတွင် “ပြည်သူများအတွက် ရဲရဲဝံ၀ံ သတ္တိရှိရှိ လုပ်ကြရန်
လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း ပြောကြား ခဲ့မှုကို
ရဲရဲဝံဝံလုပ်ကြရန်သာ သတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် ဖော်ပြခဲ့ပြီး
သတ္တိရှိရှိကို ချန်ထားခြင်းခံရကြောင်း ဦးရွှေမန်းက သတင်းထောက်များကို
ဥပမာပေး ရှင်းပြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“သတ္တိမရှိခြင်းမှာ အဂတိတရား လိုက်စားခြင်းဖြစ်တယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။
ပြည်သူခေတ်၏
အယ်ဒီတာ ဦးဖေမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမိန့်ခွန်းကို ယခုကဲ့သို့
အစိုးရဌာနတစ်ခုက ဆင်ဆာ ဖြတ်ခြင်းမှာ ဖြစ်သင့်မဖြစ် သင့်
မေးခွန်းပြန်ထုတ်ခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးထံမှ
သိရှိရသည်။
ယခင်ကလည်း
ပြည်သူလွတ်တော်ကိုယ်စားလှယ်များ၏ လွတ်တော်တွင်းဆွေးနွေးမှုများကို
တိုက်ရိုက်ထုတ်လုပ်လွှင့်ခြင်းမရှိဘဲ သတင်း ကြေငြာသူမှတဆင့်
ပြန်ပြောင်းပြောဆိုခြင်းနှင့်ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ်များ
ဝေဖန်ခဲ့ဘူးသည်။
MP
ပြည်သူလွတ်တော်ဥက္ကဋ္ဌ မိန့်ခွန်း ပြန်ကြားရေး ဆင်ဆာဖြတ်
Reviewed by သစ်ထူးလွင်
on
07:02
Rating:
20 comments:
ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ အကျင့်ဆိုးက မပျောက်ကြသေးဘူး
လုပ်ထားကြ အဆိုးမြင်တို့ရေ....
ပြုပြင်ပြောင်းလဲရေးကို ဘယ်လက်ခံချင်မလဲ
မင်းတို့ အာဏာလေးတွေ မပြရတော့မှာ ကြောက်နေတာ
မျိုနေရတာတွေ ရပ်သွားမှာ ကြောက်နေကြတယ်...
ပြန်ကြားရေး ကိုပြုပြင်ပြောင်း လည်းရတော့မယ်၊၀န်ကြီးကစပြီးတော့ အကျင့်စရိုက် တွေကို အောက်ခြေထိ၊ နောက်ပြီး လူတစ်စု ကချယ်လှယ် နေတာတွေကိုအမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ကြပါစို့။
ဒို့ဗမာတွေ အချင်းချင်း ရန်ဖြစ်နေတာနဲ့ကို ရှေ့ရောက်တော့မှာ မဟုတ်ဘူး။
အော်..အချင်းချင်းမသင့်မြတ်တော့ကောင်းလိုက်တာ..အဖြစ်မှန်ပေါ်တာပေါ့.
ဒီတခါတော့.ဦးရွှေမန်းဘက်ကပါမှဖြစ်မယ်။။ဒီဂျပုကိုကြည့်မရတာကြာနေလို့..အခုဘ၀တောင်ဒီလောက်ပုနေတာ...(အဲဒါဟိုဟာဒီဟာဖြတ်လုပ်လွန်းလို့ပေါ့.ကြည့်လဲလုပ်အုံး.ကိုယ်ဟာကိုယ်(-)မိနေအုံးမယ်)..ဘ၀ဆက်တိုင်းဆက်တိုင်းဒီထက်ပုပြီးရင်းပုပါစေ..
တိုင်းပြည်မှာ ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်ဆိုသူတွေရဲ့ စိတ်နေ စိတ်ထား အခြေအနေမှန်ကို သူတို့ကိုယ်တိုင် ၀န်ခံတဲ့ သဘော သက်ရောက်နေလို့ ဦးရွှေမန်း စကားကို ကြိုဆိုပါတယ်။
ဟားဟားဟား.. ဆိုးလှချည်လား.. ဖြစ်ရလေခြင်း...
ဆင်ဆာဖြတ်ခြင်းဆိုသည်မှာ ပြည်သူတွေကို လိမ်လည်
လှည့်ဖြားခြင်းလို့ဆိုရမှာပါပဲ။ မူရင်းအတိုင်း ပြန်လည်ကြည့်ရှု
နားထောင်ခွင့်မရလို့လေ။
စစ်ထဲဝင်တုန်းက ပေမမီ / ဒေါက်မမီ ကိုယ်အလေးချိန်တောင်မပြည့်တဲ့ 'ပုတို' ကောင်ကများ ရာရာစစ --- ဦးရွှေမန်းက သူရဘွဲ့ရထားတာကွ !!!!!!!!!
ဂျပုက ဟိုဟာဖြတ်.....ဒီဟာဖြတ်နဲ့..နည်းနည်းမှ ကို ကြက်သရေမရှိဘူး....နောက်ဆို ဒီကောင့်ကို ကုလားရှင်ပြုတွေမှာ လိုက်ပြီးဖြတ်ခိုင်းအုံးမယ်....ေ-ာ...
ပုကွကွ....နဲ့ တခါတခါ မျောက်ကလည်းကတတ်တဲ့ အော်စကာ ကျော်ဆန်း..ဆင်ဆာ ဆငိဆာနဲ့ အဖြတ်လွန်ပြီး အောက်က ဖွါးဘက်တော်လေးပါ ပါသွားအုံးမယ်နော်..မိဒိယာကို မိဒိယာနဲ့ ပြန်တိုက်မယ်တဲ့ နေရာတကာမှာ မလီပလာနဲ့.ပြည်သူတွေကို မာယာတွေပြ MR TV ကိုပါသိမ်းလိုက်ပြန်ပြီတဲ့ မင်းလည်း ငတက်ပြား တင့်ဆန်းလို ဘယ်နေ့ ခိုးထားဒါတွေ ပေါ်မှာလည်း မျော်နေကြတယ်လေ..။။
ကောင်းလေစွ ကောင်းလေစွ
ကောင်းလေစွ..ကောင်းလေစွ
ဦးရွှေမန်ကိုလည်း ဇွတ်ယုံလို့ မရဘူး NLD ရှုံးရင် ပြသ၁နာ ရှာလိပ့်မယ်လို့ တရုတ် မသွားခင် ပြောသွားတာနော် လစာတိုး ဘို့ကဆွာပြတာပဲလို့ ထင်တယ် ၊
အင်း ........... သိပ်တော့ မပြောချင်ပါဘူး .. တို့ကွန်မန့်ကို မြင်ရင်လဲ သူများတွေ ၀ိုင်းပြောခံရမှာလဲ ကြောက်တယ်.. :)
မရေးပဲ မပြောပဲလဲ မနေနိုင်လို့ ရေးအုံးမယ်နော်..
ဦးရွှေမန်းကြီး အဖြတ်ခံရတာတာ.. အယ် ဟိုဆင်ဆာ အဖြတ်ခံရတာကလေ သူလဲ ပြည်သူတွေအပေါ်ကို တနည်းနည်းနဲ့ တခုခု ဖြတ်တောက်တာ လုပ်ခဲ့ဘူးလို့ ... ဒါမှမဟုတ်လဲ တို့မေစုကို... တခုခု ပိတ်ပင်တာ ဖြတ်တောက်တာ လုပ်ခဲ့ဘူးလို့... ခုသူဝဋ်လည်တာနေမှာပေါ့..
(အော်......... တခုတော့ ရှိတယ်နော် ခုလိုပြောဆိုခြင်းက ဟို ဂျပုကောင်ကျော်ဆန်းကို အားပေးလို့ သူ့ဘက်ပါလို့ ဒီကွန်မန့်ရေးတာမဟုတ်ဘူးနော်.. အဲ့ဂျပုလဲ မကြာမီလာမည် မျှော်နော်...... တဖြေးဖြေးနဲ့ သူတို့တွေ တယောက်တလှည့်စီ ၀ဋ်လည်တော့မယ်)
ဒီဂျပုကလည်း အကျင့်ကိုမပျောက်ဘူး..ဖားလိုက်တာလည်းလွန်ပါလေရော
ဒီတစ်ခါတော့ အကောင်းမြင်လာပါပြီဗျာ။ စိတ်ကောင်းလားတော့မသိဘူး..စောင့်ကြည့်ရအုံးမယ်...
အော်အဲဒီအခန်းဖြတ် ဇာတ်ကားလေးတောင်
လွတ်တော်ထဲရောက်သွားတယ်နော်
ဟေ့အဲဒီ အခန်းကိုဖြတ်
ပြည်သူ့လွတ်တော်ကိုယ်စာလှယ် စကားမတည်မြဲဘူး
ပြည်သူတွေကိုလိမ်နေပါတယ်
ပြည်သူ့လွတ်တော်ကိုယ်စာလှယ်ဆိုတာ ကိုယ်ပြောသောစကား ပြည်သူပြောသာစကားကို အပြန်အလှန် နားထောင်တင်ဆတ်မှသာလျှင်
ပြည်သူ့လွတ်တော်ကိုယ်စာလှယ်လောင်းဖြစ်ပါတယ်
ပြည်သူ့လွတ်တော်မဟုတ်တော့ဘူး
ပြည်သူ့အလိမ်တော်ဖြစ်နေတယ်....သူရရွှေမန်း သူရဘွဲ့နဲ့မထိုက်သောသူ....ဘယ်သူကပေးခဲ့တာလဲ
pyan kya yay is above U Shwe Man.Someone is above the law.
ဦးရွှေမန်းရေ.....ဂျပု (၂ပေ..၃ပေလောက်ပဲရှိမယ့်သူ)...ကိုမနိုင်တော့ဘူးလား..
အဖေထက်သား ၁ လကြီး လုပ်နေပြီ.......ဒီဂျပုကတော်တော်ကို လူပြောများနေပြီ...သောက်မြင်ကပ်ပုဒ်မနဲ့ ဘယ်တော့ညားမလဲမသိဘူး....သမ္မတကြီးလည်း မနိုင်တော့ဘူးလား...ဒီဂျပုကို...ဖြတ်ပစ်လိုက်ပါတော့..လူတွေတော်တော် သောက်မြင်ကပ်နေပြီ ဒီဂျပုကို........
မဝေဖန်ချင်ပါ....
မင်းသားအတွက်...
ဗီလိန်တွေက တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြခြင်းဖြစ်ကြောင်း မည်သူမျှ ကန့်ကွက်နိုင်လိမ့်မည်မဟုတ်ပါ........
Post a Comment